Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 4, 2019

Lamborghini ကားကြီးကို ဘယ်သူစီးချင်လဲ


“Lamborghini ကားကြီးကို ဘယ်သူစီးချင်လဲ”
သ်ငဇာဝင့်ကျော်
..........
ဘယ်သူတွေဘာပဲပြောနေနေသူ့အလုပ်ကိုသူတစိုက်မတ်မတ်လုပ်တဲ့ မတ်မတ်သင်ဇာကိုတော့လေးစားရမှာပါပဲ။
တကယ်တော့လှတယ်လို့ထင်ရတဲ့မိန်းမဆိုတာကလည်း အဖုံးအဖိတွေ၊အကာအကွယ်တွေဖယ်လိုက်ရင် ဟိုနေရာကချောင်ဒီနေရာကပိန်နဲ့  အလှလျော့သွားတတ်တာမျိုးမဟုတ်လား။
အိမ်ထောင်သည်တွေပိုသိတော့မပေါ့။ မြန်မာဆန်ဆန်လေးလှသတဲ့။ဘာတဲ့ညာတဲ့ ဆိုပေမယ့်
ကိုယ့်မိန်းမရဲ့ ကောက်ကြောင်းအလှကိုမရှုစားတဲ့အမောင်သကောင့်သားဘယ်နှစ်ဦးရှိသလဲသိချင်ပါဘိ။
အဲဒီအချိန်ကျမှ ဟိုနေရာကချောင်၊ဒီနေရာက ပေါင်နဲ့၊အလိုလေး ...အခေါက်တွေကဘယ်ကထွက်လာသလဲဟဆိုပြီး  အထင်နဲ့အမြင်လွဲပြီလို့ စိတ်ထဲကြိတ်ကြိတ်ပြီး တွေးနေမိတာကိုလည်းမညာနဲ့နော်။
ရေကူးဝတ်စုံဝတ်ရဲတဲ့မိန်းကလေးရဲ့သတ္တိကနည်းတာမှတ်လို့။
မိန်းမတွေရေကူးဝတ်စုံမ၀တ်ရဲခြင်းဟာအရှက်အကြောက်၊ဟီရိသြတပ္ပကြောင့်ချဉ်းသာမဟုတ်ပဲ မိမိရဲ့အလှကိုယုံကြည်မှုမရှိတာကြောင့်လို့ပြောရင်လွန်တယ်မထင်နဲ့ပရိတ်သတ်။
ဘယ်သူမဆိုကိုယ့်မှာရှိတဲ့အလှကြွားချင်ကြသူချဉ်းမဟုတ်လား။
မိန်းမသားရဲ့အလှအပကောက်ကြောင်းဆိုတာ လောကသဘာဝကြီးမှာ ဂန္တ၀င်မြောက်တဲ့အလှပေါ့။
ကမ္ဘာဦးထဲက လူသားတွေကို ပေးအပ်ထားတဲ့ ဒီအလှအပကောက်ကြောင်းတွေကို မမသင်ဇာကြောင့်
ရှုစားနေကြရတာမို့ မမသင်ဇာကို ကျေးဇူးတင်အပ်လှပေတယ် အမောင်တို့။
ကဲLamborghini ကားကြီးကို ဘယ်သူစီးချင်လဲ တဲ့ ။မတ်မတ်သင်ဇာမေးနေပြီ။ ဖြေလိုက်ကြပါဦး ..









No comments:

Post a Comment