Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 12, 2019

Huawei ဝန်ထမ်းကို သူလျှိုမှုနဲ့ ပိုလန် ဖမ်းဆီး


Photo: Nicolas ASFOURI / AFP
ပိုလန်အစိုးရက တရုတ်နိုင်ငံ Huawei ဟွာဝေး ဆက်သွယ်ရေးပစ္စည်းကုမ္ပဏီက ဝန်ထမ်းတစ်ဦးနဲ့ သူတို့နိုင်ငံသား ကွန်ပြူတာဆိုက်ဘာကျွမ်းကျင်သူတစ်ဦးကို သူလျှိုလုပ်မှုနဲ့ ဖမ်းဆီးလိုက်ကြောင်း ဒီကနေ့ ကြေညာပါတယ်။

ဒေသခံ ဟွာဝေးကုမ္ပဏီ ရုံးခန်းနဲ့ ပိုလန်ဆက်သွယ်ရေး ကုမ္ပဏီရုံးခန်းတွေကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက ဝင်ရောက်ရှာဖွေနေပုံတွေကို ပိုလန်ရုပ်မြင်သံကြားက ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း ဟွာဝေးကုမ္ပဏီ အမှုဆောင်အရာရှိတစ်ဦးကို အမေရိကန်ပြည်ထောင်စုရဲ့ မေတ္တာရပ်ခံချက်အရ ကနေဒါနိုင်ငံက ဖမ်းဆီးခဲ့ပြီးပါပြီ။ အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေက ဟွာဝေးကုမ္ပဏီဟာ တရုတ်အစိုးရအတွက် ထောက်လှမ်ရေး လုပ်ပေးနေတယ်လို့ ပြောပါတယ်။ ဟွာဝေးကုမ္ပဏီကတော့ အဲဒီပြောဆိုချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

No comments:

Post a Comment