Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 12, 2019

ကမာၻမွာ ကိုရီးယားနဲ႔ ျမန္မာႏိုင္ငံမွာသာရွိတဲ့ တစ္ႏွစ္မွာ တစ္ရက္သာေပၚလာတဲ့ နတ္ေတြခင္းတဲ့လမ္း


ဒီလမ္းကို ဒီလိုသြားခဲ့ၾကတာ ဒီလမ္းေလးက တစ္ႏွစ္မွာ တစ္ရက္ ၊ တစ္ရက္မွာ တစ္ႀကိမ္ ၊ တစ္ႀကိမ္မွာ ေလးနာရီေလာက္သာ ေပၚေသာလမ္း ။ ေဒသခံေတြရဲ႕ ေျပာၾကားခ်က္အရ – ဒီလမ္းဟာ နတ္ေတြခင္းတဲ့လမ္း ဟုလည္း သိခဲ့ရ ၊ ကမ႓ာမွာ ကိုရီးယားႏွင့္ ျမန္မာႏိုင္ငံမွာသာရွိေသာ လမ္း ။ႏွစ္စဥ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၃)ရက္မွာ လမ္းအျပည့္ေပၚလာေသာလမ္း ။
ကမ႓ာမွာ ကိုရီးယားႏွင့္ ျမန္မာႏွစ္ႏိုင္ငံသာ ရွိေသာပင္လယ္တြင္းလမ္း ။ (ကိုရီးယားမွာလည္း တစ္ရက္သာေပၚသည္ ။ သို႔ေသာ္ . . . ေပၚသည့္ရက္ခ်င္း မတူပါ ။ )စာေရးသူတို႔ ဒီလမ္းကိုေလွ်ာက္ရဖို႔အတြက္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၂)ရက္ေန႔ ည (၁ဝ:ဝဝ) နာရီအခ်ိန္တြင္ ေမာ္လၿမိဳင္မွထြက္ခဲ့ၿပီး ဒီလမ္းတည္ရွိရာ ပင္လယ္ကမ္းေျခသို႔ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၃)ရက္ေန႔မနက္ (၁၂:၂ဝ) အခ်ိန္ဝန္းက်င္ခန္႔ ေရာက္ရွိခဲ့ပါသည္ ။

(၂)ရက္ေန႔ည တစ္ညလုံး မအိပ္ဘဲ ကမ္းေျခတြင္လမ္းေလွ်ာက္ , ထိုင္နားကာ ဒီေရအက်ကို တစ္ညလုံးေစာင့္လို႔ (၃)ရက္ေန႔ မနက္ (၄:ဝဝ) အခ်ိန္တြင္ ဒီေရ စ က်ပါသည္ ။ ထိုအခ်ိန္မွစ၍ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးေရာက္လာၾကကုန္ေသာ တစ္သိန္းေက်ာ္ေသာ ဘုရားဖူးတို႔သည္ နတ္တို႔ခင္းထားသည္ဆိုေသာ ထိုလမ္းကိုစ၍ ကူးၾကပါသည္ ။လမ္းအားလုံးေပၚခ်ိန္ကေတာ့ နံနက္ (၆:ဝဝ)နာရီ ဝန္းက်င္ျဖစ္ၿပီး ထိုအခ်ိန္မွာ လမ္းအလုံးစုံ ေပၚပါသည္

ထူးျခားခ်က္မွာ – ထိုလမ္းသည္ ကြန္ကရစ္ခင္းထားျခင္းမ်ိဳးလည္းမဟုတ္၊ တံတားထိုးထားျခင္းလည္း မဟုတ္ ၊ ပင္လယ္ကမ္းေျခမွ (၃)ဖာလုံခန္႔ ေဝးေသာေနရာမွစ၍ ေစတီတည္ရွိရာကြ်န္းအထိ အလုံးစုံ ေက်ာက္စရစ္ခဲ အရြယ္စုံတို႔ျဖင့္ခင္းထားျခင္းျဖစ္ၿပီး ဒီေရ အတက္အက်ျဖစ္တိုင္း ထိုေက်ာက္စရစ္ခဲမ်ားမွာ ပင္လယ္ၾကမ္းျပင္သို႔ ေမ်ာပါသြားျခင္းမရွိဘဲ ကမ္းေျခႏွင့္ သုံးဖာလုံခန္႔အကြာအေဝးမွ စ၍ ေရလယ္ကြ်န္း ဘုရားရွိရာထိတည္ရွိေနျခင္းပင္ျဖစ္ပါသည္ ။
ေန႔စဥ္ , လစဥ္ , ရက္စဥ္ ဒီေရအတက္အက်ရွိေသာ္လည္း ထိုလမ္းသည္ ယခုကဲ့သို႔ မေပၚပါ ။ ႏွစ္စဥ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၃)ရက္ေန႔မွသာ တစ္လမ္းလုံး အျပည့္ေပၚလာျခင္းပင္ျဖစ္ပါသည္ ။ ေပၚသည့္အခ်ိန္မွာလည္း ေလးနာရီခန္႔သာ ျဖစ္ၿပီးထိုေန႔ (တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၃)ရက္) ေန႔တစ္ေန႔သာ ေပၚျခင္းျဖစ္ပါသည္ ။ ထိုေန႔တြင္ ျမန္မာႏိုင္ငံ အႏွံ႔အျပားမွ ဘုရားဖူးမ်ား , လာေရာက္ေလ့လာသူ သုေတသီမ်ား တစ္သိန္းခြဲေက်ာ္ခန္႔ျဖင့္ အလြန္ပင္စည္းကားလွပါသည္။

လမ္းၫႊန္း = ေမာ္လၿမိဳင္မွ သံျဖဴဇရပ္သို႔ ေမာ္လၿမိဳင္ <> က်ိဳကၡမီလမ္းမႀကီးအတိုင္း ကားစီးၿပီး သံျဖဴဇရပ္ေရာက္သည့္အခါ ၿမိဳ႕လယ္အဝိုင္းကိုပတ္၍ ကမ႓ာေက်ာ္ သမိုင္းဝင္ ေသမင္းတမန္ မီးရထားလမ္း လမ္းခြဲေရာက္သည့္အခါ ‘ ပငေက်းရြာ ‘ ဘက္သို႔ ခ်ိဳးေကြ႕ဝင္သြားရၿပီး ‘ ပငေက်းရြာ ‘ လြန္လွ်င္ ‘ က႐ုပၸိ စံျပေက်းရြာ ‘ သို႔ ေရာက္ရွိပါမည္

ထုိ ‘ က႐ုပၸိ စံျပေက်းရြာ ‘ ရြာလမ္းအတိုင္း ဝင္ၿပီး ထိုရြာမွထြက္လွ်င္ ဆားလုပ္ငန္း (ဆားကြင္း) မ်ား ေတြ႕ရွိရမည္ ျဖစ္ပါသည္ ။ ထို (ဆားကြင္း) မ်ားကို အနည္းငယ္ေက်ာ္ျဖတ္ၿပီးလွ်င္ ပင္လယ္ကမ္းေျခသို႔ ေရာက္ရွိပါမည္ ။ ကမ္းေျခသို႔ ေရာက္သည့္အခါ ဒီေရအက်ကို ေစာင့္ဆိုင္းၿပီး ကားမ်ားကို ကမ္းေျခမွာ ေခတၱ ရပ္နားထားရမွာျဖစ္ပါတယ္ ။

လမ္းေလွ်ာက္လိုပါကလည္း ကားရပ္နားထားရာမွ လမ္းေပၚရာေနရာသို႔ ကမ္းေျခအစပ္အတိုင္း (၃)မိုင္ေက်ာ္ခန္႔ လမ္းေလွ်ာက္ရမွာ ျဖစ္ပါတယ္ ။ လမ္းေပၚလာခ်ိန္မွာ ထိုေက်ာက္စရစ္ခဲလမ္းေပၚရာ အစမွ ေရလယ္ဘုရားေရာက္သည္အထိ (၃) မိုင္ခြဲခန္႔ လမ္းေလွ်ာက္ရမွာျဖစ္ၿပီး နံနက္ (၁ဝ:ဝဝ)နာရီအခ်ိန္တြင္ ဒီေရျပန္တက္သည့္အတြက္ ေရလည္ဘုရားမွ ဘုရားအားဖူးေျမာ္ၿပီး (၁ဝ:ဝဝ) နာရီမထိုးခင္ ကမ္းေျခအေရာက္ျပန္ရမွာ ျဖစ္ပါတယ္ ။

ေက်ာက္စရစ္ခဲမ်ားအရြယ္စုံျဖင့္ ခင္းထားေသာ ဤနတ္လမ္းတည္ရွိရာသည္ မြန္ျပည္နယ္ ၊ သံျဖဴဇရပ္ၿမိဳ႕နယ္ဝဲကေလာင္ေက်းရြာႏွင့္ အံခဲေက်းရြာတို႔၏ အလယ္တြင္ တည္ရွိပါသည္ ။

ေမတၱာျဖင့္ = ဟံသာသူရ { ရတုႏြယ္ }

ဒီလမ်းကို ဒီလိုသွားခဲ့ကြတာ ဒီလမ်းလေးက တစ်နှစ်မှာ တစ်ရက် ၊ တစ်ရက်မှာ တစ်ကြိမ် ၊ တစ်ကြိမ်မှာ လေးနာရီလောက်သာ ပေါ်သောလမ်း ။ ဒေသခံတွေရဲ့ ပြောကြားချက်အရ – ဒီလမ်းဟာ နတ်တွေခင်းတဲ့လမ်း ဟုလည်း သိခဲ့ရ ၊ ကမ္ဘာမှာ ကိုရီးယားနှင့် မြန်မာနိုင်ငံမှာသာရှိသော လမ်း ။နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်မှာ လမ်းအပြည့်ပေါ်လာသောလမ်း ။

ကမ္ဘာမှာ ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံသာ ရှိသောပင်လယ်တွင်းလမ်း ။ (ကိုရီးယားမှာလည်း တစ်ရက်သာပေါ်သည် ။ သို့သော် . . . ပေါ်သည့်ရက်ချင်း မတူပါ ။ )စာရေးသူတို့ ဒီလမ်းကိုလျှောက်ရဖို့အတွက် တန်ဆောင်မုန်းလပြည့်ကျော် (၂)ရက်နေ့ ည (၁ဝ:ဝဝ) နာရီအချိန်တွင် မော်လမြိုင်မှထွက်ခဲ့ပြီး ဒီလမ်းတည်ရှိရာ ပင်လယ်ကမ်းခြေသို့ တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်နေ့မနက် (၁၂:၂ဝ) အချိန်ဝန်းကျင်ခန့် ရောက်ရှိခဲ့ပါသည် ။

(၂)ရက်နေ့ည တစ်ညလုံး မအိပ်ဘဲ ကမ်းခြေတွင်လမ်းလျှောက် , ထိုင်နားကာ ဒီရေအကျကို တစ်ညလုံးစောင့်လို့ (၃)ရက်နေ့ မနက် (၄:ဝဝ) အချိန်တွင် ဒီရေ စ ကျပါသည် ။ ထိုအချိန်မှစ၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရောက်လာကြကုန်သော တစ်သိန်းကျော်သော ဘုရားဖူးတို့သည် နတ်တို့ခင်းထားသည်ဆိုသော ထိုလမ်းကိုစ၍ ကူးကြပါသည် ။လမ်းအားလုံးပေါ်ချိန်ကတော့ နံနက် (၆:ဝဝ)နာရီ ဝန်းကျင်ဖြစ်ပြီး ထိုအချိန်မှာ လမ်းအလုံးစုံ ပေါ်ပါသည်

ထူးခြားချက်မှာ – ထိုလမ်းသည် ကွန်ကရစ်ခင်းထားခြင်းမျိုးလည်းမဟုတ်၊ တံတားထိုးထားခြင်းလည်း မဟုတ် ၊ ပင်လယ်ကမ်းခြေမှ (၃)ဖာလုံခန့် ဝေးသောနေရာမှစ၍ စေတီတည်ရှိရာကျွန်းအထိ အလုံးစုံ ကျောက်စရစ်ခဲ အရွယ်စုံတို့ဖြင့်ခင်းထားခြင်းဖြစ်ပြီး ဒီရေ အတက်အကျဖြစ်တိုင်း ထိုကျောက်စရစ်ခဲများမှာ ပင်လယ်ကြမ်းပြင်သို့ မျောပါသွားခြင်းမရှိဘဲ ကမ်းခြေနှင့် သုံးဖာလုံခန့်အကွာအဝေးမှ စ၍ ရေလယ်ကျွန်း ဘုရားရှိရာထိတည်ရှိနေခြင်းပင်ဖြစ်ပါသည် ။

နေ့စဉ် , လစဉ် , ရက်စဉ် ဒီရေအတက်အကျရှိသော်လည်း ထိုလမ်းသည် ယခုကဲ့သို့ မပေါ်ပါ ။ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်နေ့မှသာ တစ်လမ်းလုံး အပြည့်ပေါ်လာခြင်းပင်ဖြစ်ပါသည် ။ ပေါ်သည့်အချိန်မှာလည်း လေးနာရီခန့်သာ ဖြစ်ပြီးထိုနေ့ (တန်ဆောင်မုန်းလပြည့်ကျော် (၃)ရက်) နေ့တစ်နေ့သာ ပေါ်ခြင်းဖြစ်ပါသည် ။ ထိုနေ့တွင် မြန်မာနိုင်ငံ အနှံ့အပြားမှ ဘုရားဖူးများ , လာရောက်လေ့လာသူ သုတေသီများ တစ်သိန်းခွဲကျော်ခန့်ဖြင့် အလွန်ပင်စည်းကားလှပါသည်။

လမ်းညွှန်း = မော်လမြိုင်မှ သံဖြူဇရပ်သို့ မော်လမြိုင် <> ကျိုက္ခမီလမ်းမကြီးအတိုင်း ကားစီးပြီး သံဖြူဇရပ်ရောက်သည့်အခါ မြို့လယ်အဝိုင်းကိုပတ်၍ ကမ္ဘာကျော် သမိုင်းဝင် သေမင်းတမန် မီးရထားလမ်း လမ်းခွဲရောက်သည့်အခါ ‘ ပငကျေးရွာ ‘ ဘက်သို့ ချိုးကွေ့ဝင်သွားရပြီး ‘ ပငကျေးရွာ ‘ လွန်လျှင် ‘ ကရုပ္ပိ စံပြကျေးရွာ ‘ သို့ ရောက်ရှိပါမည်

ထို ‘ ကရုပ္ပိ စံပြကျေးရွာ ‘ ရွာလမ်းအတိုင်း ဝင်ပြီး ထိုရွာမှထွက်လျှင် ဆားလုပ်ငန်း (ဆားကွင်း) များ တွေ့ရှိရမည် ဖြစ်ပါသည် ။ ထို (ဆားကွင်း) များကို အနည်းငယ်ကျော်ဖြတ်ပြီးလျှင် ပင်လယ်ကမ်းခြေသို့ ရောက်ရှိပါမည် ။ ကမ်းခြေသို့ ရောက်သည့်အခါ ဒီရေအကျကို စောင့်ဆိုင်းပြီး ကားများကို ကမ်းခြေမှာ ခေတ္တ ရပ်နားထားရမှာဖြစ်ပါတယ် ။

လမ်းလျှောက်လိုပါကလည်း ကားရပ်နားထားရာမှ လမ်းပေါ်ရာနေရာသို့ ကမ်းခြေအစပ်အတိုင်း (၃)မိုင်ကျော်ခန့် လမ်းလျှောက်ရမှာ ဖြစ်ပါတယ် ။ လမ်းပေါ်လာချိန်မှာ ထိုကျောက်စရစ်ခဲလမ်းပေါ်ရာ အစမှ ရေလယ်ဘုရားရောက်သည်အထိ (၃) မိုင်ခွဲခန့် လမ်းလျှောက်ရမှာဖြစ်ပြီး နံနက် (၁ဝ:ဝဝ)နာရီအချိန်တွင် ဒီရေပြန်တက်သည့်အတွက် ရေလည်ဘုရားမှ ဘုရားအားဖူးမြော်ပြီး (၁ဝ:ဝဝ) နာရီမထိုးခင် ကမ်းခြေအရောက်ပြန်ရမှာ ဖြစ်ပါတယ် ။

ကျောက်စရစ်ခဲများအရွယ်စုံဖြင့် ခင်းထားသော ဤနတ်လမ်းတည်ရှိရာသည် မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်ဝဲကလောင်ကျေးရွာနှင့် အံခဲကျေးရွာတို့၏ အလယ်တွင် တည်ရှိပါသည် ။

မေတ္တာဖြင့် = ဟံသာသူရ { ရတုနွယ် }

No comments:

Post a Comment