Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 11, 2019

နာမည္ေက်ာ္ ကရင္ရေသ့ ဖုုိးတေခတ္ ရြာကုုိ သြားေရာက္လည္ပတ္ခဲ့တဲ့ ဆရာေတာ္တပါးရဲ႕ “ဖိုုးတေခတ္” အေၾကာင္း သုုံးသပ္ခ်က္


ဖိုးတေခတ္ဆိုသည္မွာ

ဖိုးတေခတ္ရြာကို သြားၿပီးေလ့လာခဲ့ရသေလာက္ကေတာ့ ဖိုးတေခတ္ ကို သူ႔ရြာသားေတြက သူတို႔ကရင္နတ္တစ္ပါးေသလို႔ဝင္စားတယ္လို႔ယူဆၾကပါတယ္

ပညာေရး
ပညာေရးအေနနဲ႔ စာသင္ေက်ာင္းတစ္ေက်ာင္းေဆာက္လုပ္ထားၿပီး ဆရာမ ၃ ေယာက္၊ ၄ ေယာက္နဲ႔ သင္ေပးပါတယ္ တဲ့ ၁ တန္း၊ ၂ တန္း၊ ၃ တန္းအထိ စာသင္ေနတဲ့ကေလးေတြရွိပါတယ္။ ၿပီးေတာ့ ဖိုးတေခတ္ေက်ာင္းေပၚမွာလဲ ေက်ာက္သင္ပုန္း ေျမျဖဴနဲ႔ ကရင္စာေတြကိုသင္ထားတာေတြကိုလည္းေတြ႕ျမင္ခဲ့ရပါတယ္ ဘယ္သူေတြကိုသင္ေပးတယ္ဆိုတာေတာ့ ေသခ်ာမသိခဲ့ရပါဘူး။ သို႔ေသာ္ လက္ရွိေနေနၾကတဲ့ လူႀကီးေတြဟာ စာမတတ္ၾကပါဘူး ရိုးလြန္းလို႔ အ သြားၾကပါတယ္။

က်န္းမာေရး
က်န္းမာေရးအေနနဲ႔ကေတာ့ သူ႔ရြာထဲက က်န္းမာေရးမေကာင္းတဲ့သူေတြ ရွိရင္ သူကိုယ္တိုင္ရြတ္ဖတ္ေပးေလ့ရွိၿပီး အရမ္းႀကီးဆိုးရြားလာရင္ေတာ့ ေဆးရံုေဆးခန္း ျပေပးတယ္လို႔ ေျပာၾကပါတယ္။

စီးပြားေရး
စီးပြားေရးအေနနဲ႔ေတာ့ သူ႔ေက်ာင္းမွာ ေနၾကတဲ့ သူ႔တပည့္ေတြက အလႉခံထြက္ၾကရၿပီး ရတာအားလံုးကို ဖိုးတေခတ္ကို အကုန္ျပန္ေပးၾကပါတယ္။ သူတို႔ေျပာတာကေတာ့ ဒါက အဖိုးကို လႉတာျဖစ္တဲ့အတြက္ အဖိုးကိုအကုန္ျပန္ေပးရတယ္တဲ့။ ၿပီးေတာ့ ဖိုးတေခတ္က သူတို႔ေတြကို ျပန္ၿပီး စားဝတ္ေနေရးတာဝန္ယူေပးပါတယ္ ဧည့္သည္ေတြလာရင္လည္း ခ်က္ျပဳတ္ေကၽြးေမြးေလ့ရွိပါတယ္ တဲ့။

လူေနမွဳဘဝ
လူေနမႈဘဝအေနနဲ႔ကေတာ့ အင္မတန္နိမ့္က်လြန္းပါတယ္ ၿပီးေတာ့ သူတပည့္မွန္ရင္ ဖိနပ္မစီး၊ ဆံပင္မညႇပ္၊ သူတို႔ရိုးရာဝတ္စံုသို႔မဟုတ္ အဝတ္ျဖဴကို ဝတ္ၾကရပါတယ္။ ဖိုးတေခတ္ ေက်ာင္းကို မိမိတို႔ေရာက္သြားတဲ့အခ်ိန္မွာ ဖုိးတေခတ္စီးသြားတဲ့ ကားမပါ ကား ၁၀ စီးရွိပါတယ္ အဲ့ဒါေတြကေတာ့ ဝယ္ထားတာပါသလို လႉထားတာေတြလည္းပါပါတယ္တဲ့အဲ့ဒီကားေတြကေတာ့ သူတို႔ အလႉခံထြက္ရာမွာသံုးေလ့ရွိပါတယ္။ၿပီးေတာ့ ဖိုးတေခတ္က သူ႔စီးတဲ့ကားေပၚ မိန္းကေလးမတင္ပါဘူးတဲ့။ ေယာက်ာ္းေလးပဲ စီးခြင့္ရွိပါတယ္ တဲ့။

ကိုးကြယ္မႈ
ကိုးကြယ္မႈအေနနဲ႔ကေတာ့ ဗုဒၶဘာသာကို ကိုးကြယ္ၾကပါတဲ့ သို႔ေသာ္ အိမ္တိုင္း ဘုရားစင္မွာ ဘုရားပံုေတာ္မ်ား သာမညေတာင္ဆရာေတာ္ႀကီးပံုေတာ္မ်ားရွိသလို ဖိုးတေခတ္ပံုကိုလည္း ကိုးကြယ္ၾကပါတယ္။ ဖိုးတေခတ္ဘြဲ႕ဓာတ္ပံုကိုလည္း အျမတ္တႏိုးကိုးကြယ္ၾကပါတယ္။ ဖိုးတေခတ္ကို ဘာလို႔ကန္ေတာ့ၾကလည္းေမးေတာ့ ဘုန္းႀကီး လို႔ကန္ေတာ့တာတဲ့။

ဘုန္းႀကီးနဲ႔ ဖိုးတေခတ္ ဘယ္သူက ႀကီးတယ္ထင္လဲဆိုေတာ့ နင္တို႔ကို ငါတို႔အဖိုးကကန္႔ေတာ့တယ္ေလ အဲ့ေတာ့ နင္တို႔က ႀကီးတာေပါ့တဲ့။ ဒါဆိုရင္ ကိုယ့္အိမ္ကို ဘုန္းႀကီးတစ္ပါးနဲ႔ ဖိုးတေခတ္ တူတူလာရင္ ဘယ္သူ႔ကို အျမင့္မွာထားမလဲဆိုေတာ့ နင္တို႔က ႀကီးေတာ့ နင္တို႔ကို အျမင့္မွာ ထားမွာေပါ့ အဖိုးကေအာက္မွာေနမွာေပါ့ တဲ့။ ဖိုးတေခတ္ ေက်ာင္းေပၚမွာ ပုတီးစိတ္ေနတဲ့ အမ်ိဳးသား အမ်ိဳးသမီးအခ်ိဳ႕ကိုလည္းေတြ႕ခဲ့ရပါတယ္။

ဘုန္းႀကီးျမင္ေတာ့လည္း ဘာမွ မေျပာခင္ ဦးခ်တာကိုလည္းေတြ႕ရပါတယ္။ ဆိတ္ဆြဲတဲ့လွည္း၊ ဆက္ဆြဲတဲ့လွည္း ေတြကိုေတာ့ ပြဲလမ္းသဘင္ေတြရွိတဲ့အခ်ိန္မွာ စီးေလ့ရွိပါတယ္တဲ့ ဘာေၾကာင့္စီးတယ္ေတာ့မသိပါဘူး တဲ့။ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ကစၿပီးေတာ့ ဖိုးတေခတ္ ေျမျပင္မွာ လမ္းေလၽွာက္ပါတယ္တဲ့ အရင္ကေတာ့ ေျမႀကီးနဲမထိပါဘူး ဘာေၾကာင့္လဲေတာ့မသိဘူး တဲ့။ ဖိုးတေခတ္က သစ္သီးဆြမ္းကိုပဲ စားပါတယ္ တဲ့။

မိမိေမးသမၽွ ေျဖေပးတဲ့အဖြားကေတာ့ အသက္အားျဖင့္ ၉၅ ရွိပါၿပီ ဖိုးတေခတ္ကို ဟိုးငယ္ငယ္ ကိုရင္ေလးဘဝကတည္းက ကိုးကြယ္တာပါတဲ့။ ဖိုးတေခတ္ဟာ ေတာင္ငူတကၠသိုလ္က ဥပေဒအထူးျပဳျဖင့္ ဘြဲ႕ရရွိထားပါတယ္။ တကၠသိုလ္တက္စဥ္ကလည္း ဦးဇင္းနဲ႔ ႏွစ္တူတူပါ ေမဂ်ာပဲမတူတာပါ။ အဓိက တရားခံကေတာ့ ရိုးသားလြန္းအားႀကီးၿပီး အ သြားတဲ့ သူ႔တပည့္ေတြပါပဲ။

video file တင္ခ်င္ေပမယ့္ ေလာေလာဆယ္ အေျခေနမေပးေသးတာေၾကာင့္ မတင္ႏိုင္ေသးျခင္းျဖစ္ပါတယ္ ၿပီးေတာ့ ေနာက္တစ္ေခါက္ ဖိုးတေခတ္နဲ႔ ေတြ႕ျဖစ္ေအာင္ေတြ႕ၿပီး သိလိုသမၽွေမးျမန္းဖို႔ စီစဥ္ထားပါတယ္။

လြတ္လပ္စြာ share ႏိုင္ၾကပါတယ္

အ႐ွင္သုမိတၱ – ျမစ္က်ိဳး

Unicode

ဖိုးတခေတ်ဆိုသည်မှာ

ဖိုးတခေတ်ရွာကို သွားပြီးလေ့လာခဲ့ရသလောက်ကတော့ ဖိုးတခေတ် ကို သူ့ရွာသားတွေက သူတို့ကရင်နတ်တစ်ပါးသေလို့ဝင်စားတယ်လို့ယူဆကြပါတယ်

ပညာရေး

ပညာရေးအနေနဲ့ စာသင်ကျောင်းတစ်ကျောင်းဆောက်လုပ်ထားပြီး ဆရာမ ၃ ယောက်၊ ၄ ယောက်နဲ့ သင်ပေးပါတယ် တဲ့ ၁ တန်း၊ ၂ တန်း၊ ၃ တန်းအထိ စာသင်နေတဲ့ကလေးတွေရှိပါတယ်။ ပြီးတော့ ဖိုးတခေတ်ကျောင်းပေါ်မှာလဲ ကျောက်သင်ပုန်း မြေဖြူနဲ့ ကရင်စာတွေကိုသင်ထားတာတွေကိုလည်းတွေ့မြင်ခဲ့ရပါတယ် ဘယ်သူတွေကိုသင်ပေးတယ်ဆိုတာတော့ သေချာမသိခဲ့ရပါဘူး။ သို့သော် လက်ရှိနေနေကြတဲ့ လူကြီးတွေဟာ စာမတတ်ကြပါဘူး ရိုးလွန်းလို့ အ သွားကြပါတယ်။

ကျန်းမာရေး

ကျန်းမာရေးအနေနဲ့ကတော့ သူ့ရွာထဲက ကျန်းမာရေးမကောင်းတဲ့သူတွေ ရှိရင် သူကိုယ်တိုင်ရွတ်ဖတ်ပေးလေ့ရှိပြီး အရမ်းကြီးဆိုးရွားလာရင်တော့ ဆေးရုံဆေးခန်း ပြပေးတယ်လို့ ပြောကြပါတယ်။

စီးပွားရေး

စီးပွားရေးအနေနဲ့တော့ သူ့ကျောင်းမှာ နေကြတဲ့ သူ့တပည့်တွေက အလှူခံထွက်ကြရပြီး ရတာအားလုံးကို ဖိုးတခေတ်ကို အကုန်ပြန်ပေးကြပါတယ်။ သူတို့ပြောတာကတော့ ဒါက အဖိုးကို လှူတာဖြစ်တဲ့အတွက် အဖိုးကိုအကုန်ပြန်ပေးရတယ်တဲ့။ ပြီးတော့ ဖိုးတခေတ်က သူတို့တွေကို ပြန်ပြီး စားဝတ်နေရေးတာဝန်ယူပေးပါတယ် ဧည့်သည်တွေလာရင်လည်း ချက်ပြုတ်ကျွေးမွေးလေ့ရှိပါတယ် တဲ့။

လူနေမှုဘဝ

လူနေမှုဘဝအနေနဲ့ကတော့ အင်မတန်နိမ့်ကျလွန်းပါတယ် ပြီးတော့ သူတပည့်မှန်ရင် ဖိနပ်မစီး၊ ဆံပင်မညှပ်၊ သူတို့ရိုးရာဝတ်စုံသို့မဟုတ် အဝတ်ဖြူကို ဝတ်ကြရပါတယ်။ ဖိုးတခေတ် ကျောင်းကို မိမိတို့ရောက်သွားတဲ့အချိန်မှာ ဖိုးတခေတ်စီးသွားတဲ့ ကားမပါ ကား ၁၀ စီးရှိပါတယ် အဲ့ဒါတွေကတော့ ဝယ်ထားတာပါသလို လှူထားတာတွေလည်းပါပါတယ်တဲ့အဲ့ဒီကားတွေကတော့ သူတို့ အလှူခံထွက်ရာမှာသုံးလေ့ရှိပါတယ်။ပြီးတော့ ဖိုးတခေတ်က သူ့စီးတဲ့ကားပေါ် မိန်းကလေးမတင်ပါဘူးတဲ့။ ယောကျာ်းလေးပဲ စီးခွင့်ရှိပါတယ် တဲ့။

ကိုးကွယ်မှု

ကိုးကွယ်မှုအနေနဲ့ကတော့ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတဲ့ သို့သော် အိမ်တိုင်း ဘုရားစင်မှာ ဘုရားပုံတော်များ သာမညတောင်ဆရာတော်ကြီးပုံတော်များရှိသလို ဖိုးတခေတ်ပုံကိုလည်း ကိုးကွယ်ကြပါတယ်။ ဖိုးတခေတ်ဘွဲ့ဓာတ်ပုံကိုလည်း အမြတ်တနိုးကိုးကွယ်ကြပါတယ်။ ဖိုးတခေတ်ကို ဘာလို့ကန်တော့ကြလည်းမေးတော့ ဘုန်းကြီး လို့ကန်တော့တာတဲ့။

ဘုန်းကြီးနဲ့ ဖိုးတခေတ် ဘယ်သူက ကြီးတယ်ထင်လဲဆိုတော့ နင်တို့ကို ငါတို့အဖိုးကကန့်တော့တယ်လေ အဲ့တော့ နင်တို့က ကြီးတာပေါ့တဲ့။ ဒါဆိုရင် ကိုယ့်အိမ်ကို ဘုန်းကြီးတစ်ပါးနဲ့ ဖိုးတခေတ် တူတူလာရင် ဘယ်သူ့ကို အမြင့်မှာထားမလဲဆိုတော့ နင်တို့က ကြီးတော့ နင်တို့ကို အမြင့်မှာ ထားမှာပေါ့ အဖိုးကအောက်မှာနေမှာပေါ့ တဲ့။ ဖိုးတခေတ် ကျောင်းပေါ်မှာ ပုတီးစိတ်နေတဲ့ အမျိုးသား အမျိုးသမီးအချို့ကိုလည်းတွေ့ခဲ့ရပါတယ်။

ဘုန်းကြီးမြင်တော့လည်း ဘာမှ မပြောခင် ဦးချတာကိုလည်းတွေ့ရပါတယ်။ ဆိတ်ဆွဲတဲ့လှည်း၊ ဆက်ဆွဲတဲ့လှည်း တွေကိုတော့ ပွဲလမ်းသဘင်တွေရှိတဲ့အချိန်မှာ စီးလေ့ရှိပါတယ်တဲ့ ဘာကြောင့်စီးတယ်တော့မသိပါဘူး တဲ့။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကစပြီးတော့ ဖိုးတခေတ် မြေပြင်မှာ လမ်းလျှောက်ပါတယ်တဲ့ အရင်ကတော့ မြေကြီးနဲမထိပါဘူး ဘာကြောင့်လဲတော့မသိဘူး တဲ့။ ဖိုးတခေတ်က သစ်သီးဆွမ်းကိုပဲ စားပါတယ် တဲ့။

မိမိမေးသမျှ ဖြေပေးတဲ့အဖွားကတော့ အသက်အားဖြင့် ၉၅ ရှိပါပြီ ဖိုးတခေတ်ကို ဟိုးငယ်ငယ် ကိုရင်လေးဘဝကတည်းက ကိုးကွယ်တာပါတဲ့။ ဖိုးတခေတ်ဟာ တောင်ငူတက္ကသိုလ်က ဥပဒေအထူးပြုဖြင့် ဘွဲ့ရရှိထားပါတယ်။ တက္ကသိုလ်တက်စဉ်ကလည်း ဦးဇင်းနဲ့ နှစ်တူတူပါ မေဂျာပဲမတူတာပါ။ အဓိက တရားခံကတော့ ရိုးသားလွန်းအားကြီးပြီး အ သွားတဲ့ သူ့တပည့်တွေပါပဲ။

video file တင်ချင်ပေမယ့် လောလောဆယ် အခြေနေမပေးသေးတာကြောင့် မတင်နိုင်သေးခြင်းဖြစ်ပါတယ် ပြီးတော့ နောက်တစ်ခေါက် ဖိုးတခေတ်နဲ့ တွေ့ဖြစ်အောင်တွေ့ပြီး သိလိုသမျှမေးမြန်းဖို့ စီစဉ်ထားပါတယ်။

လွတ်လပ်စွာ share နိုင်ကြပါတယ်

အရှင်သုမိတ္တ – မြစ်ကျိုး

No comments:

Post a Comment