Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 23, 2019

လာဘ္အစားဆုံး နိုင္ငံမ်ားစာရင္းတြင္ အဆင့္ (၅) ခ်ိတ္တဲ့ ျမန္မာ


အာရွႏုိင္ငံအမ်ားၾကီးရွိတဲ့ အထဲမွာမွ အက်င့္ပ်က္ဆံုးႏွင့္ လာဘ္စားမႈအမ်ားဆံုးႏုိင္ငံစာရင္းကို Transparency International မွ ၁၈ လအခ်ိန္ေပးျပီး စာရင္းျပဳစု ထုတ္ျပန္လုိက္ပါတယ္။ အာရွ ၁၆ ႏုိင္ငံမွ လူေပါင္း ၂ေသာင္းေက်ာ္အား စံုစမ္းေမးျမန္းခဲ့ျပီး ရလဒ္မ်ားကို တြက္ခ်က္၍ ထုတ္ျပန္ခဲ့ရာ အာရွအက်င့္ပ်က္ဆံုးႏွင့္ လာဘ္အစားဆံုး ႏုိင္ငံတြင္ ျမန္မာႏိုင္ငံ အဆင့္ ၅ ခ်ိတ္ေၾကာင္း Forbes ၏ တရား၀င္ ၀က္ဘ္ဆိုဒ္ စာမ်က္ႏွာတြင္ ထုတ္ျပန္ခဲ့သည္။

ထုတ္ျပန္ခ်က္မ်ားအရ လူ ၄ ေယာက္တြင္ ၁ ေယာက္ႏႈန္းျဖင့္ လာဘ္ထိုးေနရေၾကာင္း သိရွိရသည္။ အက်င့္ ပ်က္ႏုိင္ငံ စာရင္းမ်ားကို Transparency International မွ အမွတ္စဥ္ ၁ မွ ၅ ထိ စီရင္ ထုတ္ျပန္ ထားသည္။

၁။ အိႏိၵယ
အိႏိၵယႏိုင္ငံဟာ အေပၚယံအားျဖင့္ ၾကည့္လိုက္ရင္ တိုးတက္ေနတဲ့ ႏုိင္ငံတစ္ခုျဖစ္ေပမယ့္ ႏုိင္ငံေရးကိစၥမ်ား အရမ္းရႈပ္ေထြးေသာ ႏုိင္ငံတစ္ခုျဖစ္သည္။ အစိုးရ၀န္ထမ္းအျပင္ ပုဂၢလိက ၀န္ထမ္းမ်ား၏ လာလ္စားမႈႏႈန္းသည္ ၆၉ ရာခိုင္ႏႈန္းရွိျပီး အာရွတြင္ အက်င့္ပ်က္ဆံုးႏွင့္ လာဘ္အစားဆံုး ႏိုင္ငံတစ္ခုျဖစ္သည္။

ေက်ာင္း၊ေဆးရံု၊ မွတ္ပံုတင္ဌာန၊ ရဲ ႏွင့္ ျပည္သူ႕ေရးရာ၀န္ေဆာင္မႈ တို႕သည္ လာဘ္အစားဆံုးေနရာျဖစ္သည္ဟု ထုတ္ျပန္ထားသည္။ အိႏိၵယ၀န္ၾကီးခ်ဳပ္ မိုဒီ၏ ဦးေဆာင္မႈမ်ားေအာက္တြင္ လာဘ္စားမႈ အနည္းငယ္ ေလ်ာ့က်လာေသာ္လည္း အာရွႏုိင္ငံအေနျဖင့္ၾကည့္လွ်င္ အိႏိၵယသည္ လာဘ္အစားဆံုးႏုိင္ငံအျဖစ္ ဦးေဆာင္လ်က္ပင္ရွိသည္။

၂။ ဗီယက္နမ္
လာဘ္အစားဆုံး နိုင္ငံမ်ားစာရင္း

ဗီယက္နမ္ ႏုိင္ငံကိုေတာ့ အုပ္စုလိုက္အက်င့္ပ်က္ ျခစားသည္ဟု သတ္မွတ္ၾကသည္။ လာဘ္စားမႈ ရာခိုင္ႏႈန္း ၆၅ ရာခိုင္ႏႈန္းရွိျပီး ျပည္သူမ်ားကို အလုပ္အကိုင္အခြင့္အလမ္း မဖန္တီးေပးႏုိင္ဘဲ လာဘ္ထိုးေငြရမွသာလွ်င္ အလုပ္လုပ္သည့္ ႏုိင္ငံအျဖစ္ Transparency International မွ ေဖာ္ျပထားသည္။

၃။ ထိုင္းႏုိင္ငံ

အာရွတြင္ တိုးတက္ေသာ ႏုိင္ငံတစ္ခုအျဖစ္ ထင္ရွားေသာ္လည္း လာဘ္စားမႈ ရာခိုင္ႏႈန္းျမင့္မားဆဲရွိသည့္ ႏုိင္ငံတစ္ႏုိင္ငံလည္း ျဖစ္သည္။ လာဘ္စားမႈ ရာခိုင္ႏႈန္း ၄၁ ရွိေသာ္လည္း ထိုင္းျပည္သူမ်ားမွာ ႏုိင္ငံေရးတြင္ အျခားႏုိင္ငံမ်ားေလာက္ တက္ၾကြမႈမရွိသျဖင့္ ျပႆနာ နည္းပါးသည္။

၄။ ပါကစ္စတန္

ပါကစ္စတန္ႏိုင္ငံသည္ ၄၀ ရာခိုင္ႏႈန္း လာဘ္စားမႈ ရွိသည့္ႏုိင္ငံအျဖစ္ သတ္မွတ္ေဖာ္ျပျခင္းခံရျပီး ရဲမ်ား လာဘ္စားသည္ဟု နာမည္ၾကီးသည္။ စံုစမ္းေမးျမန္းမႈမ်ားအရ လူ ၄ ေယာက္တြင္ ၃ ေယာက္က ရဲမ်ားလာဘ္စားသည္ဟု ေျဖခဲ့ၾကသည္။ ေအာက္ေၾကးေငြ အျဖစ္ရလိုသူမ်ား ရဲ၀န္ထမ္းအျဖစ္ လုပ္ကိုင္လိုၾကျပီး ရဲ ၁၀ ေယာက္တြင္ ၇ ေယာက္ လာဘ္စားသည္ဟု ထုတ္ျပန္ခဲ့သည္။

၅။ ျမန္မာႏိုင္ငံ

၂၀၁၃ခုႏွစ္တြင္ လာဘ္စားမႈ တိုက္ဖ်က္ေရးစတင္ခဲ့ေသာ္လည္း ေျဖဆိုသူမ်ား၏ မွတ္တမ္းမ်ားအရ ရဲမ်ားႏွင့္ တရားစီရင္ေရးဆိုင္ရာ အက်င့္ပ်က္လာဘ္စားမႈ ပိုမိုမ်ားျပားတယ္လို႕ ထုတ္ျပန္ထားပါတယ္။ လာဘ္စားမႈ ၄၀ ရာခိုင္ႏႈန္းရွိျပီး ယခင္ႏွစ္မ်ားကထက္ လာဘ္စားမႈ ေလ်ာ့က်လာပါတယ္လို႕ ထုတ္ျပန္ထားပါတယ္။
TheLifestyleMyanmar
#Unicode Version#
အာရှနိုင်ငံအများကြီးရှိတဲ့ အထဲမှာမှ အကျင့်ပျက်ဆုံးနှင့် လာဘ်စားမှုအများဆုံးနိုင်ငံစာရင်းကို Transparency International မှ ၁၈ လအချိန်ပေးပြီး စာရင်းပြုစု ထုတ်ပြန်လိုက်ပါတယ်။ အာရှ ၁၆ နိုင်ငံမှ လူပေါင်း ၂သောင်းကျော်အား စုံစမ်းမေးမြန်းခဲ့ပြီး ရလဒ်များကို တွက်ချက်၍ ထုတ်ပြန်ခဲ့ရာ အာရှအကျင့်ပျက်ဆုံးနှင့် လာဘ်အစားဆုံး နိုင်ငံတွင် မြန်မာနိုင်ငံ အဆင့် ၅ ချိတ်ကြောင်း Forbes ၏ တရားဝင် ဝက်ဘ်ဆိုဒ် စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်များအရ လူ ၄ ယောက်တွင် ၁ ယောက်နှုန်းဖြင့် လာဘ်ထိုးနေရကြောင်း သိရှိရသည်။ အကျင့် ပျက်နိုင်ငံ စာရင်းများကို Transparency International မှ အမှတ်စဉ် ၁ မှ ၅ ထိ စီရင် ထုတ်ပြန် ထားသည်။

၁။ အိန္ဒိယ

အိန္ဒိယနိုင်ငံဟာ အပေါ်ယံအားဖြင့် ကြည့်လိုက်ရင် တိုးတက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပေမယ့် နိုင်ငံရေးကိစ္စများ အရမ်းရှုပ်ထွေးသော နိုင်ငံတစ်ခုဖြစ်သည်။ အစိုးရဝန်ထမ်းအပြင် ပုဂ္ဂလိက ဝန်ထမ်းများ၏ လာလ်စားမှုနှုန်းသည် ၆၉ ရာခိုင်နှုန်းရှိပြီး အာရှတွင် အကျင့်ပျက်ဆုံးနှင့် လာဘ်အစားဆုံး နိုင်ငံတစ်ခုဖြစ်သည်။

ကျောင်း၊ဆေးရုံ၊ မှတ်ပုံတင်ဌာန၊ ရဲ နှင့် ပြည်သူ့ရေးရာဝန်ဆောင်မှု တို့သည် လာဘ်အစားဆုံးနေရာဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဦးဆောင်မှုများအောက်တွင် လာဘ်စားမှု အနည်းငယ် လျော့ကျလာသော်လည်း အာရှနိုင်ငံအနေဖြင့်ကြည့်လျှင် အိန္ဒိယသည် လာဘ်အစားဆုံးနိုင်ငံအဖြစ် ဦးဆောင်လျက်ပင်ရှိသည်။

၂။ ဗီယက်နမ်
လာဘ်အစားဆုံး နိုင်ငံများစာရင်း

ဗီယက်နမ် နိုင်ငံကိုတော့ အုပ်စုလိုက်အကျင့်ပျက် ခြစားသည်ဟု သတ်မှတ်ကြသည်။ လာဘ်စားမှု ရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်းရှိပြီး ပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်း မဖန်တီးပေးနိုင်ဘဲ လာဘ်ထိုးငွေရမှသာလျှင် အလုပ်လုပ်သည့် နိုင်ငံအဖြစ် Transparency International မှ ဖော်ပြထားသည်။

၃။ ထိုင်းနိုင်ငံ

အာရှတွင် တိုးတက်သော နိုင်ငံတစ်ခုအဖြစ် ထင်ရှားသော်လည်း လာဘ်စားမှု ရာခိုင်နှုန်းမြင့်မားဆဲရှိသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ လာဘ်စားမှု ရာခိုင်နှုန်း ၄၁ ရှိသော်လည်း ထိုင်းပြည်သူများမှာ နိုင်ငံရေးတွင် အခြားနိုင်ငံများလောက် တက်ကြွမှုမရှိသဖြင့် ပြဿနာ နည်းပါးသည်။

၄။ ပါကစ်စတန်

ပါကစ်စတန်နိုင်ငံသည် ၄၀ ရာခိုင်နှုန်း လာဘ်စားမှု ရှိသည့်နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခြင်းခံရပြီး ရဲများ လာဘ်စားသည်ဟု နာမည်ကြီးသည်။ စုံစမ်းမေးမြန်းမှုများအရ လူ ၄ ယောက်တွင် ၃ ယောက်က ရဲများလာဘ်စားသည်ဟု ဖြေခဲ့ကြသည်။ အောက်ကြေးငွေ အဖြစ်ရလိုသူများ ရဲဝန်ထမ်းအဖြစ် လုပ်ကိုင်လိုကြပြီး ရဲ ၁၀ ယောက်တွင် ၇ ယောက် လာဘ်စားသည်ဟု ထုတ်ပြန်ခဲ့သည်။

၅။ မြန်မာနိုင်ငံ

၂၀၁၃ခုနှစ်တွင် လာဘ်စားမှု တိုက်ဖျက်ရေးစတင်ခဲ့သော်လည်း ဖြေဆိုသူများ၏ မှတ်တမ်းများအရ ရဲများနှင့် တရားစီရင်ရေးဆိုင်ရာ အကျင့်ပျက်လာဘ်စားမှု ပိုမိုများပြားတယ်လို့ ထုတ်ပြန်ထားပါတယ်။ လာဘ်စားမှု ၄၀ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်များကထက် လာဘ်စားမှု လျော့ကျလာပါတယ်လို့ ထုတ်ပြန်ထားပါတယ်။
TheLifestyleMyanmar

No comments:

Post a Comment