Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 4, 2019

ေသတဲ့အထိစားသြားမွာဆိုတဲ့ ေပါင္ ၇၀၀ေက်ာ္လူ၀ၾကီး


"ေသတဲ့အထိက်ေနာ္စားသြားမွာ"  လို့ေပါင္ ၇၀၀ေက်ာ္ျဖစ္ေနျပီျဖစ္တဲ့ လူ၀ၾကီးက ေျပာလိုက္ပါတယ္။ အသက္ ၃၄ ႏွစ္ပဲရွိေသးတဲ့ေကစီကင္းဟာအ၀လြန္ေနတာေၾကာင့္ သူ့အခန္းထဲမွာ ေနတဲ့အခါအ၀တ္မကပ္ေတာ့ပါဘူး။
ေရခ်ိဳးတဲ့အခါမွာလည္း အိမ္ျပင္က ေရခ်ိဳးဇလံုၾကီးထဲမွာခ်ိဳးရတဲ့အေနအထားပါ။ေကစီကင္းကသူ့ရဲ့ဇတ္ေၾကာင္းကိုခုလိုေျပာျပပါတယ္။
သူ့အသက္က ၃၄ ႏွစ္ရွိျပီ။အလုပ္မရွိအကိုင္မရွိ။လက္ရွိမွာ ဖခင္ျဖစ္သူ ဒန္နီနဲ့ေနထုိင္ျပီး အေဖက သူ့အတြက္အစစတာ၀န္ယူေနရတဲ့အေနအထားပါ။
"ေသတဲ့အထိက်ေနာ္က အစားေတြစားသြားမွာ။က်ေနာ့္ရဲ့တေန့တာက မနက္ဆိုရင္ ၁၂ နာရီ၀န္းက်င္ေလာက္အိပ္ယာကထတယ္။အစာတစ္ခုခုရွာေဖြစားေသာက္တယ္။ျပီးရင္ တီဗီြၾကည့္တယ္။ဗီဒီယိုဂိမ္းေဆာ့တယ္။ တျခားထူးထူးေထြလွဳပ္ရွားမွဳသိပ္မရွိဘူး။"
  ေကစီကတေန့လံုးဗီဒီယိုဂိမ္းကိုအ၀တ္ဗလာက်င္းျပီးေဆာ့ေနတာပါ။ အေၾကာင္းက အ၀တ္ေတြကသူနဲ့မေတာ္ေတာ့လုိ့ျဖစ္ပါတယ္။
"ေဂ်ာ္ဂ်ီယာကပူတယ္ေလ။ျပီးေတာ့ အ၀တ္ေတြကလည္း က်ေနာ္နဲ့မေတာ္ဘူး။က်ပ္ကုန္ျပီ။အခန္းထဲအ၀တ္ဗလာနဲ့ဂိမ္းေဆာ့။ အခန္းတံခါးကိုပိတ္ထားတာမို့တျခားသူေတြအတြက္လည္းအဆင္ေျပပါတယ္။ "
ဂိမ္းေဆာ့ရတဲ့အသိုင္းအ၀ိုင္းက သူအတြက္လက္ရွိဘ၀ကေနလြတ္ေျမာက္ရာတစ္ခုျဖစ္ျပီး သူ့အတြက္လံုျခံဳတဲ့ေနရာတစ္ခုပါတဲ့။
"ဒီအတုအေယာင္ဂိမ္းကမၻာမွာ ဘယ္သူမွက်ေနာ့္ကိုမျမင္ရဘူး။က်ေနာ္ျဖစ္ခ်င္တဲ့ေကစီကို ဂိမ္းေလာကမွာျဖစ္ခြင့္ရတယ္။ဘယ္သူကမွက်ေနာ့္ခႏၶာကိုယ္အေလးခ်ိန္အေၾကာင္းေျပာမေနဘူး။ "
သူ့ဘ၀ကိုဒီလုိျဖစ္လာမယ္ဘယ္တုန္းကမွမထင္ခဲ့ပါဘူး။ အသက္ ၃၄ ႏွစ္မွာ အလုပ္မရွိအကိုင္မရွိဖခင္ကိုမွီခိုေနရတဲ့ လူ၀ၾကီးတစ္ေယာက္ျဖစ္ေနမယ္လို့သူဘယ္တုန္းကမွ မေတြးမိခဲ့။
လက္ထဲမွာေငြမရွိ။တေနကုန္ဗီဒီယိုဂိမ္းေဆာ့ျပီးအစားေတြစားျပီးအခ်ိန္ကုန္ေနရတဲ့သူ့ဘ၀။
အထက္တန္းေက်ာင္းျပီးေတာ့ ေပါင္ ၃၀၀။ ေနာက္ေတာ့ စားေသာက္ဆိုင္မွာအလုပ္လုပ္တဲ့အခါသူ့အၾကိဳက္စားေသာက္ေနေတာ့တာပါပဲ။အဲဒီမွာ ေပါင္ ၅၀၀ေလာက္ျဖစ္လာျပီး အလုပ္မလုပ္ႏုိင္တဲ့အေနအထားျဖစ္လာခဲ့တယ္။ ဒါနဲ့အလုပ္ကထြက္လိုက္ပါေတာ့တယ္။ အလုပ္မရွိတဲ့သူ့ကို  အေမကအိမ္က ေမာင္းခ်လိုက္တဲ့အခါ သူ့အေဖဆီကိုေရာက္လာခဲ့တာပါပဲ။
သူကိုယ္ခႏၶာနဲ့ေရခ်ိဳးခန္းကမဆန့္တာေၾကာင့္တခါမွာေတာ့ ေရခ်ိဳးခန္းထဲ ၉နာရီေလာက္ညပ္ေနခဲ့ပါတယ္။ဒါကိုသိသြားတဲ့သူ့အေဖက သူအတြက္ သတၱဳနဲ့လုပ္ထားတဲ့ေရခ်ိဳးဇလံုၾကီးကို၀ယ္ေပးခဲ့ရပါတယ္။

ဖခင္ဒန္နီက သူ့သားေကစီကို ခ်စ္ခင္ေပမယ့္ အရြယ္ေရာက္ေနျပီးျဖစ္တဲ့သူ့သားလူ၀ၾကီးကို ေစာင့္ေရွာက္ရတာစိတ္ပ်က္မိေၾကာင္း  ၀န္ခံပါတယ္။
"သူကအရြယ္ေရာက္ေနျပီ။က်ေနာ္လည္းသူ့ၾကည့္ရတာပင္ပန္းေနပါျပီ။ သူကဒီထက္ပိုျပီးလွဳပ္လွဳပ္ရွားရွားလုပ္သင့္တယ္ဗ်ာ။ဒါေပမယ့္ သူကအဲဒီမွာ ဒီအတိုင္းပဲထိုင္ေနတာပဲ။ဒီလုိပဲသူ့ကို ေစာင့္ေရွာက္ေနရတာေပါ့။သူကက်ေနာ္သားကိုး။
ေသတဲ့အထိသူ့ကိုခ်စ္သြားမွာေပါ့။အေဖတစ္ေယာက္အေနနဲ့ သူ့ကိုၾကည့္ဖို့ က်ေနာ့္မွာတာ၀န္လည္းရွိတယ္ေလ။" လို့ေျပာပါတယ္။
အရမ္း၀တဲ့အတြက္ အညစ္အေၾကးသုတ္သင္ဖို့အတြက္ လက္ကမမွီေတာ့ပါဘူး။
အညစ္အေၾကးစြန့္တဲ့အခါသူ့ကိုယ္သူ့ျပန္မသုတ္သင္ႏိုင္ေတာ့တဲ့အတြက္ အေဖျဖစ္သူက ကူညီရပါတယ္။
ေကစီရဲ့ ေမာင္ႏွမ၀မ္းကြဲေတြျဖစ္တဲ့ အမန္ဒါဂြ်န္ဆင္၊အက္ဒ္နဲ့ ေအမီတို့ဟာလည္းပဲ သူ့လိုအ၀လြန္တဲ့ေရာဂါကိုခံစားေနၾကရတာပဲျဖစ္ပါတယ္။
သူ့အမ အမန္ဒါဆိုရင္ အသက္ ၃၇ ႏွစ္ရွိျပီျဖစ္ျပီး ေပါင္က ၆၅၀ ရွိပါတယ္။လြန္ခဲ့တဲ့ႏွစ္ႏွစ္ကတည္းက ကင္ဆာေရာဂါကိုခံစားေနရေပမယ့္ ခႏၶာကိုယ္အေလးခ်ိန္မက်တာေၾကာင့္
ကင္ဆာေရာဂါကို ကုသျခင္းကို မစတင္ႏုိ္င္တဲ့အေျခအေနပါပဲ။
သတင္းစံုေပ်ာ္၀င္အိုးၾကီး
ref: Daily Mail
....................

"သေတဲ့အထိကျနော်စားသွားမှာ"  လို့ပေါင် ရ၀၀ကျော်ဖြစ်နေပြီဖြစ်တဲ့ လူဝကြီးက ပြောလိုက်ပါတယ်။ အသက် ၃၄ နှစ်ပဲရှိသေးတဲ့ကေစီကင်းဟာအဝလွန်နေတာကြောင့် သူ့အခန်းထဲမှာ နေတဲ့အခါအဝတ်မကပ်တော့ပါဘူး။
ရေချိုးတဲ့အခါမှာလည်း အိမ်ပြင်က ရေချိုးဇလုံကြီးထဲမှာချိုးရတဲ့အနေအထားပါ။ကေစီကင်းကသူ့ရဲ့ဇတ်ကြောင်းကိုခုလိုပြောပြပါတယ်။
သူ့အသက်က ၃၄ နှစ်ရှိပြီ။အလုပ်မရှိအကိုင်မရှိ။လက်ရှိမှာ ဖခင်ဖြစ်သူ ဒန်နီနဲ့နေထိုင်ပြီး အဖေက သူ့အတွက်အစစတာဝန်ယူနေရတဲ့အနေအထားပါ။

"သေတဲ့အထိကျနော်က အစားတွေစားသွားမှာ။ကျနော့်ရဲ့တနေ့တာက မနက်ဆိုရင် ၁၂ နာရီဝန်းကျင်လောက်အိပ်ယာကထတယ်။အစာတစ်ခုခုရှာဖွေစားသောက်တယ်။ပြီးရင် တီဗွီကြည့်တယ်။ဗီဒီယိုဂိမ်းဆော့တယ်။ တခြားထူးထူးထွေလှုပ်ရှားမှုသိပ်မရှိဘူး။"

  ကေစီကတနေ့လုံးဗီဒီယိုဂိမ်းကိုအဝတ်ဗလာကျင်းပြီးဆော့နေတာပါ။ အကြောင်းက အဝတ်တွေကသူနဲ့မတော်တော့လို့ဖြစ်ပါတယ်။

"ဂျော်ဂျီယာကပူတယ်လေ။ပြီးတော့ အဝတ်တွေကလည်း ကျနော်နဲ့မတော်ဘူး။ကျပ်ကုန်ပြီ။အခန်းထဲအဝတ်ဗလာနဲ့ဂိမ်းဆော့။ အခန်းတံခါးကိုပိတ်ထားတာမို့တခြားသူတွေအတွက်လည်းအဆင်ပြေပါတယ်။ "
ဂိမ်းဆော့ရတဲ့အသိုင်းအဝိုင်းက သူအတွက်လက်ရှိဘဝကနေလွတ်မြောက်ရာတစ်ခုဖြစ်ပြီး သူ့အတွက်လုံခြုံတဲ့နေရာတစ်ခုပါတဲ့။
"ဒီအတုအယောင်ဂိမ်းကမ္ဘာမှာ ဘယ်သူမှကျနော့်ကိုမမြင်ရဘူး။ကျနော်ဖြစ်ချင်တဲ့ကေစီကို ဂိမ်းလောကမှာဖြစ်ခွင့်ရတယ်။ဘယ်သူကမှကျနော့်ခန္ဓာကိုယ်အလေးချိန်အကြောင်းပြောမနေဘူး။ "

သူ့ဘဝကိုဒီလိုဖြစ်လာမယ်ဘယ်တုန်းကမှမထင်ခဲ့ပါဘူး။ အသက် ၃၄ နှစ်မှာ အလုပ်မရှိအကိုင်မရှိဖခင်ကိုမှီခိုနေရတဲ့ လူဝကြီးတစ်ယောက်ဖြစ်နေမယ်လို့သူဘယ်တုန်းကမှ မတွေးမိခဲ့။

လက်ထဲမှာငွေမရှိ။တနေကုန်ဗီဒီယိုဂိမ်းဆော့ပြီးအစားတွေစားပြီးအချိန်ကုန်နေရတဲ့သူ့ဘဝ။

အထက်တန်းကျောင်းပြီးတော့ ပေါင် ၃၀၀။ နောက်တော့ စားသောက်ဆိုင်မှာအလုပ်လုပ်တဲ့အခါသူ့အကြိုက်စားသောက်နေတော့တာပါပဲ။အဲဒီမှာ ပေါင် ၅၀၀လောက်ဖြစ်လာပြီး အလုပ်မလုပ်နိုင်တဲ့အနေအထားဖြစ်လာခဲ့တယ်။ ဒါနဲ့အလုပ်ကထွက်လိုက်ပါတော့တယ်။ အလုပ်မရှိတဲ့သူ့ကို  အမေကအိမ်က မောင်းချလိုက်တဲ့အခါ သူ့အဖေဆီကိုရောက်လာခဲ့တာပါပဲ။

သူကိုယ်ခန္ဓာနဲ့ရေချိုးခန်းကမဆန့်တာကြောင့်တခါမှာတော့ ရေချိုးခန်းထဲ ၉နာရီလောက်ညပ်နေခဲ့ပါတယ်။ဒါကိုသိသွားတဲ့သူ့အဖေက သူအတွက် သတ္တုနဲ့လုပ်ထားတဲ့ရေချိုးဇလုံကြီးကိုဝယ်ပေးခဲ့ရပါတယ်။

ဖခင်ဒန်နီက သူ့သားကေစီကို ချစ်ခင်ပေမယ့် အရွယ်ရောက်နေပြီးဖြစ်တဲ့သူ့သားလူဝကြီးကို စောင့်ရှောက်ရတာစိတ်ပျက်မိကြောင်း  ၀န်ခံပါတယ်။
"သူကအရွယ်ရောက်နေပြီ။ကျနော်လည်းသူ့ကြည့်ရတာပင်ပန်းနေပါပြီ။ သူကဒီထက်ပိုပြီးလှုပ်လှုပ်ရှားရှားလုပ်သင့်တယ်ဗျာ။ဒါပေမယ့် သူကအဲဒီမှာ ဒီအတိုင်းပဲထိုင်နေတာပဲ။ဒီလိုပဲသူ့ကို စောင့်ရှောက်နေရတာပေါ့။သူကကျနော်သားကိုး။
သေတဲ့အထိသူ့ကိုချစ်သွားမှာပေါ့။အဖေတစ်ယောက်အနေနဲ့ သူ့ကိုကြည့်ဖို့ ကျနော့်မှာတာဝန်လည်းရှိတယ်လေ။" လို့ပြောပါတယ်။
အရမ်းဝတဲ့အတွက် အညစ်အကြေးသုတ်သင်ဖို့အတွက် လက်ကမမှီတော့ပါဘူး။
အညစ်အကြေးစွန့်တဲ့အခါသူ့ကိုယ်သူ့ပြန်မသုတ်သင်နိုင်တော့တဲ့အတွက် အဖေဖြစ်သူက ကူညီရပါတယ်။
ကေစီရဲ့ မောင်နှမဝမ်းကွဲတွေဖြစ်တဲ့ အမန်ဒါဂျွန်ဆင်၊အက်ဒ်နဲ့ အေမီတို့ဟာလည်းပဲ သူ့လိုအဝလွန်တဲ့ရောဂါကိုခံစားနေကြရတာပဲဖြစ်ပါတယ်။
သူ့အမ အမန်ဒါဆိုရင် အသက် ၃၇ နှစ်ရှိပြီဖြစ်ပြီး ပေါင်က ၆၅၀ ရှိပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ကင်ဆာရောဂါကိုခံစားနေရပေမယ့် ခန္ဓာကိုယ်အလေးချိန်မကျတာကြောင့်
ကင်ဆာရောဂါကို ကုသခြင်းကို မစတင်နို်င်တဲ့အခြေအနေပါပဲ။
သတင်းစုံပျော်ဝင်အိုးကြီး

ref: Daily Mail

No comments:

Post a Comment