Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 16, 2019

(၁၂)ႏွစ္​အရြယ္​ မိန္းကေလးတစ္ဦး အဓမၼျပဳက်င့္ခံရ


ဧရာဝတီတုိင္​း​၊ ဖ်ာပုံျမဳိ့နယ္​၊ အမာျမဳိ႕ ဘုိးဘကုန္​း​ေက်းရြာအုပ္​စု၊ သုိင္​းကုန္​း​ေက်းရြာ​တြင္ ၁၂အရြယ္မိန္းကေလးတစ္ဦး အဓမၼျပဳက်င့္ခံရသျဖင့္ က်ဴးလြန္ခံရသူ၏ အကိုျဖစ္သူ ကို ××××× က ဇန္​နဝါရီလ (၁၄)ရက္​​ေန႔တြင္​ အမာနယ္​​ေျမရဲစခန္​းတြင္ လတုိင္​တန္​းခဲ့​ေၾကာင္​း သတင္းရသည္​။

အမာျမဳိ့၊ ဘုိးဘကုန္​း​ေက်းရြာအုပ္​စု၊ သုိင္​းကုန္​း​ေက်းရြာ​ေန ကုိ×××× သည္ ဇန္နဝါရီ ၄ရက္ေန႔ မြန္​းတည္​့ ၁၂ နာရီအခ်ိန္​တြင္​ တစ္​ရြာတည္​း​ေန ခင္​မင္​ရင္​းႏွီးသူ ထူး​ေက်ာ္​ အသက္​ (၃၀)ႏွစ္​ ႏွင္​့အတူ ​ေရကန္​အမုိးမုိးရန္​အတြက္​ ထူး​ေက်ာ​္​ေနအိမ္​​ေခါင္​းရင္​းဘက္​ ဓနိျခံအတြင္​းမွ ဓနိလက္​မ်ား ခုတ္​​ေနစဥ္​ ထူး​ေက်ာ္​ က တာလမ္​း​ေပၚတက္​သြားသျဖင္​့ လုိက္​ၾကည္​့ရာ ကုိ×××× ေနအိမ္​ဘက္​သုိ႔ သြားသည္​ကုိ ​ေတြ႔႐ွိရသျဖင္​့ ကုိ×××× သည္​ဓနိဆက္​လက္​ခုတ္​​ေနခဲ့သည္​။

ထို​ေနာက္​ထူး​ေက်ာ္​သည္​ မြန္​းလြဲ ၁၂ နာရီ ခြဲအခ်ိန္​အထိျပန္​မလာသျဖင္​့ ကုိ××× က မိမိ​ေနအိမ္​သုိ႔ လုိက္​သြားၿပီး မိခင္​ျဖစ္​သူ ​ေဒၚ××××ကို ထူ​းေက်ာ္​လာ​ေသးလားဟု​ေမးျမန္​းရာ မလာ​ေၾကာင္​း ​ေျပာသ ျဖင္​့ ထပ္​မံ၍ ညီမျဖစ္​သူ မ ×××× (၁၂)ႏွစ္​ အား ဘယ္​သြားလဲဟု ​ေမးျမန္​ရာ မိခင္​ျဖစ္​သူမက မသိ​ေၾကာင္​း ​ေျပာသျဖင္​့

ညီမျဖစ္​သူကုိလုိက္​လံ႐ွာ​ေဖြရာ ထူး​ေက်ာ္​​ေနအိမ္​ ​ေျခရင္​းဘက္​႐ွိ ဓနိ​ေတာ​ေဘးတြင္​ ငုိယုိထြက္​လာသျဖင္​့ ​ေနအိမ္​သုိ႔ ​ေခၚ​ေဆာင္​သြားၿပီး မိခင္​ျဖစ္​သူႏွင္​့အတူ ​ေမးျမန္​းရာ ထူး​ေက်ာ္​က ညီမျဖစ္​သူ မ×××× ထင္​း​ေခြ​ေနစဥ္​ အဓမၼတစ္​ႀကိမ္​ ျပဳက်င္​့ခဲ့​ေၾကာင္​း ငုိယုိ​ေျပာသျဖင္​့ ရာအိမ္​မွဴး ဦးဝင္​းလတ္​ ထံသုိ႔ ျဖစ္​စဥ္​အား တုိင္​ၾကားခဲ႔ၿပီး

ရာအိမ္​အိမ္​မႉးမွ ဘုိးဘာကုန္​း​ေက်းရြာအုပ္​စု၊ အုပ္​ခ်ဳပ္​​ေရးမႉး ဦးသိန္​း​ေဇာ္​ထံ သြား​ေရာက္​တုိင္​ၾကားရန္​ ​ေျပာသျဖင္​့ သြား​ေရာက္​တုိင္​ၾကားရာ ​ေျပလည္​မႈမရ႐ွိသျဖင္​့ ဇန္​နဝါရီလ (၁၄)ရက္​​ေန႔ ည​ေန (၄)နာရီအခ်ိန္​ခန္​႔တြင္​ အမာနယ္​​ေျမရဲစခန္​းသုိ႔ အစ္​ကုိျဖစ္​သူ ကုိ××× က လာ​ေရာက္​တုိင္​တန္​းခဲ့​ေၾကာင္း ရဲမွတ္တမအရ သိရသည္။

အဆုိပါျဖစ္​စဥ္​ႏွင္​့ပတ္​သက္​၍ မ×××× ကို အလုိမတူဘဲ အဓမၼျပဳက်င္​့သူ ထူး​ေက်ာ္​အား ဥပ​ေဒအရ အ​ေရးယူ​ေပးပါရန္​ တုိင္​တန္​းခဲ့သျဖင့္ အမာနယ္​​ေျမရဲစခန္​းမွ (ပ)၈/၂၀၁၉၊ရာဇသတ္​ႀကီးပုဒ္​မ ၃၇၆ ျဖင္​့ အမႈဖြင္​့၍ အေရးယူေဆာင္ရြက္လွ်က္ရွိသည္။By – မ်ိဳးစံစိုး / ဧရာဝတီတိုင္းမ္Ayeyarwaddy Times

Unicode

ဧရာဝတီတိုင်​း​၊ ဖျာပုံမြို့နယ်​၊ အမာမြို့ ဘိုးဘကုန်​း​ကျေးရွာအုပ်​စု၊ သိုင်​းကုန်​း​ကျေးရွာ​တွင် ၁၂အရွယ်မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရသဖြင့် ကျူးလွန်ခံရသူ၏ အကိုဖြစ်သူ ကို ××××× က ဇန်​နဝါရီလ (၁၄)ရက်​​နေ့တွင်​ အမာနယ်​​မြေရဲစခန်​းတွင် လတိုင်​တန်​းခဲ့​ကြောင်​း သတင်းရသည်​။

အမာမြို့၊ ဘိုးဘကုန်​း​ကျေးရွာအုပ်​စု၊ သိုင်​းကုန်​း​ကျေးရွာ​နေ ကို×××× သည် ဇန်နဝါရီ ၄ရက်နေ့ မွန်​းတည်​့ ၁၂ နာရီအချိန်​တွင်​ တစ်​ရွာတည်​း​နေ ခင်​မင်​ရင်​းနှီးသူ ထူး​ကျော်​ အသက်​ (၃၀)နှစ်​ နှင်​့အတူ ​ရေကန်​အမိုးမိုးရန်​အတွက်​ ထူး​ကျော​်​နေအိမ်​​ခေါင်​းရင်​းဘက်​ ဓနိခြံအတွင်​းမှ ဓနိလက်​များ ခုတ်​​နေစဉ်​ ထူး​ကျော်​ က တာလမ်​း​ပေါ်တက်​သွားသဖြင်​့ လိုက်​ကြည်​့ရာ ကို×××× နေအိမ်​ဘက်​သို့ သွားသည်​ကို ​တွေ့ရှိရသဖြင်​့ ကို×××× သည်​ဓနိဆက်​လက်​ခုတ်​​နေခဲ့သည်​။

ထို​နောက်​ထူး​ကျော်​သည်​ မွန်​းလွဲ ၁၂ နာရီ ခွဲအချိန်​အထိပြန်​မလာသဖြင်​့ ကို××× က မိမိ​နေအိမ်​သို့ လိုက်​သွားပြီး မိခင်​ဖြစ်​သူ ​ဒေါ်××××ကို ထူ​းကျော်​လာ​သေးလားဟု​မေးမြန်​းရာ မလာ​ကြောင်​း ​ပြောသ ဖြင်​့ ထပ်​မံ၍ ညီမဖြစ်​သူ မ ×××× (၁၂)နှစ်​ အား ဘယ်​သွားလဲဟု ​မေးမြန်​ရာ မိခင်​ဖြစ်​သူမက မသိ​ကြောင်​း ​ပြောသဖြင်​့

ညီမဖြစ်​သူကိုလိုက်​လံရှာ​ဖွေရာ ထူး​ကျော်​​နေအိမ်​ ​ခြေရင်​းဘက်​ရှိ ဓနိ​တော​ဘေးတွင်​ ငိုယိုထွက်​လာသဖြင်​့ ​နေအိမ်​သို့ ​ခေါ်​ဆောင်​သွားပြီး မိခင်​ဖြစ်​သူနှင်​့အတူ ​မေးမြန်​းရာ ထူး​ကျော်​က ညီမဖြစ်​သူ မ×××× ထင်​း​ခွေ​နေစဉ်​ အဓမ္မတစ်​ကြိမ်​ ပြုကျင်​့ခဲ့​ကြောင်​း ငိုယို​ပြောသဖြင်​့ ရာအိမ်​မှူး ဦးဝင်​းလတ်​ ထံသို့ ဖြစ်​စဉ်​အား တိုင်​ကြားခဲ့ပြီး

ရာအိမ်​အိမ်​မှူးမှ ဘိုးဘာကုန်​း​ကျေးရွာအုပ်​စု၊ အုပ်​ချုပ်​​ရေးမှူး ဦးသိန်​း​ဇော်​ထံ သွား​ရောက်​တိုင်​ကြားရန်​ ​ပြောသဖြင်​့ သွား​ရောက်​တိုင်​ကြားရာ ​ပြေလည်​မှုမရရှိသဖြင်​့ ဇန်​နဝါရီလ (၁၄)ရက်​​နေ့ ည​နေ (၄)နာရီအချိန်​ခန်​့တွင်​ အမာနယ်​​မြေရဲစခန်​းသို့ အစ်​ကိုဖြစ်​သူ ကို××× က လာ​ရောက်​တိုင်​တန်​းခဲ့​ကြောင်း ရဲမှတ်တမအရ သိရသည်။

အဆိုပါဖြစ်​စဉ်​နှင်​့ပတ်​သက်​၍ မ×××× ကို အလိုမတူဘဲ အဓမ္မပြုကျင်​့သူ ထူး​ကျော်​အား ဥပ​ဒေအရ အ​ရေးယူ​ပေးပါရန်​ တိုင်​တန်​းခဲ့သဖြင့် အမာနယ်​​မြေရဲစခန်​းမှ (ပ)၈/၂၀၁၉၊ရာဇသတ်​ကြီးပုဒ်​မ ၃၇၆ ဖြင်​့ အမှုဖွင်​့၍ အရေးယူဆောင်ရွက်လျှက်ရှိသည်။By – မျိုးစံစိုး / ဧရာဝတီတိုင်းမ်Ayeyarwaddy Times

No comments:

Post a Comment