CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, January 5, 2019
လ်ွပ္စစ္ထမင္းေပါင္းအိုး ပ်က္ရင္ ရိုးရွင္းတဲ့ ဒီနည္းလမ္းေလးအတိုင္း ျပင္ၿပီးသံုးပါ
လ်ွပ္စစ္ထမင္းေပါင္းအိုး ပ်က္ရင္ ပစ္မထားနဲ႔ ျပင္ၿပီးသံုးပါ။(မီးဖိုေခ်ာင္ စရိတ္ ေခြၽတာၾကမယ္)
ၿမိဳေပၚေန မိသားစုေတြအတြက္ လ်ွပ္စစ္ထမင္းေပါင္းအိုးဟာ မရိွမျဖစ္ အေရးပါတဲ့ အိမ္သံုးပစၥည္းတခုပါ။ အသံုးမ်ားသလို အပ်က္လည္းမ်ားၾကပါတယ္။
အခုတေခါက္မွာေတာ့သားခ်င္းတေယာက္ရဲ႕ တ႐ုတ္ထမင္းေပါင္အိုး (ေလးဘူးခ်က္)တလံုး ပ်က္ေနၿပီး အမိႈက္ထဲ ေရာက္မဲ့ ေပါင္းအိုးေလး ျပဳျပင္ပံုကို တင္ျပေပးပါမယ္။
ေပါင္းအိုးျပစ္ခ်က္မ်ားကေတာ့
1.Power supply မီးအဝင္ေခါင္း အရည္ေပ်ာ္ေနတယ္။
2.ခလုတ္(check point) မၾကာခန တက္ေနတယ္။
ျပစ္ခ်က္ ၁ အတြက္…
ေအာက္ခံ ေႂကြသားပါတဲ့ မီးအဝင္ေခါင္း ေဆာ့ကက္ အထိုင္ကို လ်ွပ္စစ္အပိုပစၥည္းဆိုင္ေတြမွာ ၅၀၀ိ/-နဲ႔ ဝယ္ၿပီး ပံုမွာျပထားသလို လဲေပးလိုက္ရင္ ေရ႐ွည္ အသံုးခံတဲ့ေခါင္းျဖစ္မယ္။(ယိုးဒယား ဒယ္အိုး အနီ သံုးတဲ့ ေခါင္းႀကိဳး တပ္သံုးလို႔ရသြားၿပီ)။{အထိုင္ေပါက္က အတူတူဘဲ နတ္ၾကပ္ရံုပါ}
ေအာ္ရီဂ်င္နယ္ သံုးေပါက္ေခါင္းႀကိဳးနဲ႔ အထိုင္ ေခါင္း ေတြက အပူဒဏ္မခံႏိုင္ဘဲ မၾကာခန အရည္ေပ်ာ္ shock ျဖစ္ ေနတာကို အခုလို ေႂကြေခါင္းခံေပးရင္ ေရ႐ွည္ စိတ္ခ်သံုးလို႔ရၿပီ။
ျပစ္ခ်က္ ၂ အတြက္က သာမိုစတက္ ခလုတ္ေမာင္းကို ေအာ္တိုျဖဳတ္ေပးတဲ့ အပူကြိဳင္ အလည္က “သံလိုက္ခလုတ္အံု”(check point)ကို လဲေပးရင္ ေပါင္းအိုး မၾကာခန ခလုတ္တက္ေနတာ ေကာင္းသြားမယ္။
ဒီေပါင္းအိုးက သူတို႔ကလိထားေတာ့ ထမင္းက်က္ၿပီး ႏွပ္တဲ့ circuit ႀကိဳးေတြ မပါလာဘူး။ဒါေပမဲ့ ခ်က္လို႔ရေအာင္ ျပင္ေပးလိုက္တယ္။
အိမ္႐ွင္မမ်ားသို႔ အၾကံျပဳခ်က္
တ႐ုတ္ ေပါင္းအိုးမ်ားဟာ ပစၥည္း အရည္အေသြး အလြန္ညံ့ပါတယ္၊ ျဖစ္ႏိုင္ရင္ ယိုးဒယား ကလာတဲ့ ထမင္း ေပါင္းအိုးမ်ားကို သံုးေစျခင္ပါတယ္။Sharp,National,Toshiba,Mitshushita(ယိုးဒယား ျမင္းတံဆိပ္),Hanabishi(ဟာနာဘီရီွ)စသည္ျဖင္ လာပါတယ္ ။ ေရ႐ွည္ အသံုးခံပါတယ္။
တ႐ုတ္ေပါင္အိုးမ်ားက ပစၥည္း ညံလို႔ မီးေဘးအႏၲရယ္ စိုးရိမ္ရပါတယ္။က်ေနာ္သံုးေနတဲ့ Sharp ထမင္းေပါင္းအိုးဟာ ဆန္သားလွသလို မိနစ္ ၂၀ ဝန္က်င္နဲ႔ ထမင္းက်က္ပါတယ္(volt အားျပည့္လို႔ပါ)။တ႐ုတ္အိုးက မိနစ္ ၃၀ ဝန္းက်င္ ပါ။
မီးအား က်ေနရင္ မသံုးသင့္ပါ။ အႏၲရယ္ရိွႏိုင္လို႔ပါ။ေပါင္းအိုးေဆာ့ကက္ေခါင္းမ်ားကို မၾကာခန စစ္ေဆးေပးပါ။ေခ်ာင္ေန/လႈပ္ေနလ်ွင္ စံနစ္တက် ျပန္တပ္ၿပီးမွသံုးပါ။ ေပသံုးပါက အရည္ေပ်ာ္ shock ျဖစ္ၿပီး အႏၲရယ္ရိွႏိုင္လို႔ပါ။ ေပါင္းအိုးတည္လ်ွင္ အိုးေဘးမွ ေရမ်ားကို အဝတ္ျဖင့္ ေျခာက္ေအာင္သုတ္ၿပီးမွ အိုးကို ထည့့္ပါ။
ခလုတ္တက္ေနတာကို (ဒုတ္နဲ႔ထိုးၿပီး/တခုခုနဲ႔ ဖိထားျပီး)မသံုးပါနဲ႔ အရမ္းအႏၲရယ္ႀကီးပါတယ္။(အပူကြိဳင္ အလည္က သံလိုက္ခလုတ္အံု (check point)လဲရင္ ေကာင္းသြားတယ္)။
တည္မဲ့ဆန္ နဲ လို႔=ဥပမာ= (ခလုပ္တက္ရင္ေတာ ့၁ ဘူးဘဲ တည္ရင္) အဖံုးအေပၚက တခုခုတင္လိုက္ရင္ အဆင္ေျပပါတယ္။
တခါတေလ ဒန္အိုး က သိပ္ၾကာေနၿပီး အလည္က ခြက္ေနရင္လည္း ခလုတ္နဲ႔ အထိုင္မက်/fitting မျဖစ္ဘဲ ခလုတ္တက္ေလ့ရိွပါတယ္။ ဒန္အိုး ဖင္ကို မူလအတိုင္း ျပင္ေပးရင္ရပါတယ္။
ဒါကို မလုပ္ပါနဲ႔..
ထမင္းေပါင္းအိုး ထဲမွာ တျခားအိုးထဲ့ၿပီး ေရေႏြးက်ိဳျခင္း၊တျခား fitting မက်တဲ့ အိုးေတြ ထည့္ ၿပီးတည္တာ မလုပ္ရပါဘူးဗ်ာ။ေပါင္းအိုး ပ်က္တတ္လို႔ပါ။
မိတ္ေဆြ မ်ားမိမိတို႔ကိုယ္တိုင္ ျပဳျပင္ ၿပီး အိမ္သံုးစရိတ္ ေခြၽတာႏိုင္ၾကပါေစဗ်ာ။
၁ အလည္ သံလိုက္ ခလုတ္အံု အသစ္တပ္ဆင္ျခင္း။
၂ power supply မီးအဝင္ ေႂကြေခါင္း
၃ မီးအဝင္ ေႂကြေခါင္း စံနစ္တက် တပ္ဆင္ျခင္း။
၄ မီးႀကိဳးမ်ားစံနစ္တက် တပ္ဆင္ၿပီးေနာက္ သာမိုစတက္ ေမာင္းတံႏွင့္ အလည္ခလုတ္အံုအား စံနစ္တက် ခ်ိတ္ဆက္တပ္ဆင္ေပးျခင္း။
၅ ထမင္းခ်က္လို ရသြားတဲ့ေပါင္းအိုး
ေပါင္းအိုး ျပင္ေပးလို႔ သားခ်င္း က လက္ေဖ်ာ္ လၻက္ရည္နဲ႔ ဧည့္ခံ တယ္ခမ်။ (ေပါင္းအိုးေဘးမွာၾကည့္ပါ။)
ဝါသနာအရ ျပဳဳ ျပင္ နည္းမ်ားကိုတင္ျပေပးပါသည္။
ကိုတင္ေလးေဇာ္
A.G.T.I (E.P),E.T.E.C(Civil),B.A(Psychology)
လ်ွပ္စစ္ကြၽမ္းက်င္ အဆင့္ ၂
.................................................
လျှပ်စစ်ထမင်းပေါင်းအိုး ပျက်ရင် ပစ်မထားနဲ့ ပြင်ပြီးသုံးပါ။(မီးဖိုချောင် စရိတ် ချွေတာကြမယ်)
မြိုပေါ်နေ မိသားစုတွေအတွက် လျှပ်စစ်ထမင်းပေါင်းအိုးဟာ မရှိမဖြစ် အရေးပါတဲ့ အိမ်သုံးပစ္စည်းတခုပါ။ အသုံးများသလို အပျက်လည်းများကြပါတယ်။
အခုတခေါက်မှာတော့သားချင်းတယောက်ရဲ့ တရုတ်ထမင်းပေါင်အိုး (လေးဘူးချက်)တလုံး ပျက်နေပြီး အမှိုက်ထဲ ရောက်မဲ့ ပေါင်းအိုးလေး ပြုပြင်ပုံကို တင်ပြပေးပါမယ်။
ပေါင်းအိုးပြစ်ချက်များကတော့
1.Power supply မီးအဝင်ခေါင်း အရည်ပျော်နေတယ်။
2.ခလုတ်(check point) မကြာခန တက်နေတယ်။
ပြစ်ချက် ၁ အတွက်…
အောက်ခံ ကြွေသားပါတဲ့ မီးအဝင်ခေါင်း ဆော့ကက် အထိုင်ကို လျှပ်စစ်အပိုပစ္စည်းဆိုင်တွေမှာ ၅၀၀ိ/-နဲ့ ဝယ်ပြီး ပုံမှာပြထားသလို လဲပေးလိုက်ရင် ရေရှည် အသုံးခံတဲ့ခေါင်းဖြစ်မယ်။(ယိုးဒယား ဒယ်အိုး အနီ သုံးတဲ့ ခေါင်းကြိုး တပ်သုံးလို့ရသွားပြီ)။{အထိုင်ပေါက်က အတူတူဘဲ နတ်ကြပ်ရုံပါ}
အော်ရီဂျင်နယ် သုံးပေါက်ခေါင်းကြိုးနဲ့ အထိုင် ခေါင်း တွေက အပူဒဏ်မခံနိုင်ဘဲ မကြာခန အရည်ပျော် shock ဖြစ် နေတာကို အခုလို ကြွေခေါင်းခံပေးရင် ရေရှည် စိတ်ချသုံးလို့ရပြီ။
ပြစ်ချက် ၂ အတွက်က သာမိုစတက် ခလုတ်မောင်းကို အော်တိုဖြုတ်ပေးတဲ့ အပူကွိုင် အလည်က “သံလိုက်ခလုတ်အုံ”(check point)ကို လဲပေးရင် ပေါင်းအိုး မကြာခန ခလုတ်တက်နေတာ ကောင်းသွားမယ်။
ဒီပေါင်းအိုးက သူတို့ကလိထားတော့ ထမင်းကျက်ပြီး နှပ်တဲ့ circuit ကြိုးတွေ မပါလာဘူး။ဒါပေမဲ့ ချက်လို့ရအောင် ပြင်ပေးလိုက်တယ်။
အိမ်ရှင်မများသို့ အကြံပြုချက်
တရုတ် ပေါင်းအိုးများဟာ ပစ္စည်း အရည်အသွေး အလွန်ညံ့ပါတယ်၊ ဖြစ်နိုင်ရင် ယိုးဒယား ကလာတဲ့ ထမင်း ပေါင်းအိုးများကို သုံးစေခြင်ပါတယ်။Sharp,National,Toshiba,Mitshushita(ယိုးဒယား မြင်းတံဆိပ်),Hanabishi(ဟာနာဘီရှီ)စသည်ဖြင် လာပါတယ် ။ ရေရှည် အသုံးခံပါတယ်။
တရုတ်ပေါင်အိုးများက ပစ္စည်း ညံလို့ မီးဘေးအန္တရယ် စိုးရိမ်ရပါတယ်။ကျနော်သုံးနေတဲ့ Sharp ထမင်းပေါင်းအိုးဟာ ဆန်သားလှသလို မိနစ် ၂၀ ဝန်ကျင်နဲ့ ထမင်းကျက်ပါတယ်(volt အားပြည့်လို့ပါ)။တရုတ်အိုးက မိနစ် ၃၀ ဝန်းကျင် ပါ။
မီးအား ကျနေရင် မသုံးသင့်ပါ။ အန္တရယ်ရှိနိုင်လို့ပါ။ပေါင်းအိုးဆော့ကက်ခေါင်းများကို မကြာခန စစ်ဆေးပေးပါ။ချောင်နေ/လှုပ်နေလျှင် စံနစ်တကျ ပြန်တပ်ပြီးမှသုံးပါ။ ပေသုံးပါက အရည်ပျော် shock ဖြစ်ပြီး အန္တရယ်ရှိနိုင်လို့ပါ။ ပေါင်းအိုးတည်လျှင် အိုးဘေးမှ ရေများကို အဝတ်ဖြင့် ခြောက်အောင်သုတ်ပြီးမှ အိုးကို ထည့့်ပါ။
ခလုတ်တက်နေတာကို (ဒုတ်နဲ့ထိုးပြီး/တခုခုနဲ့ ဖိထားပြီး)မသုံးပါနဲ့ အရမ်းအန္တရယ်ကြီးပါတယ်။(အပူကွိုင် အလည်က သံလိုက်ခလုတ်အုံ (check point)လဲရင် ကောင်းသွားတယ်)။
တည်မဲ့ဆန် နဲ လို့=ဥပမာ= (ခလုပ်တက်ရင်တော ့၁ ဘူးဘဲ တည်ရင်) အဖုံးအပေါ်က တခုခုတင်လိုက်ရင် အဆင်ပြေပါတယ်။
တခါတလေ ဒန်အိုး က သိပ်ကြာနေပြီး အလည်က ခွက်နေရင်လည်း ခလုတ်နဲ့ အထိုင်မကျ/fitting မဖြစ်ဘဲ ခလုတ်တက်လေ့ရှိပါတယ်။ ဒန်အိုး ဖင်ကို မူလအတိုင်း ပြင်ပေးရင်ရပါတယ်။
ဒါကို မလုပ်ပါနဲ့..
ထမင်းပေါင်းအိုး ထဲမှာ တခြားအိုးထဲ့ပြီး ရေနွေးကျိုခြင်း၊တခြား fitting မကျတဲ့ အိုးတွေ ထည့် ပြီးတည်တာ မလုပ်ရပါဘူးဗျာ။ပေါင်းအိုး ပျက်တတ်လို့ပါ။
မိတ်ဆွေ များမိမိတို့ကိုယ်တိုင် ပြုပြင် ပြီး အိမ်သုံးစရိတ် ချွေတာနိုင်ကြပါစေဗျာ။
၁ အလည် သံလိုက် ခလုတ်အုံ အသစ်တပ်ဆင်ခြင်း။
၂ power supply မီးအဝင် ကြွေခေါင်း
၃ မီးအဝင် ကြွေခေါင်း စံနစ်တကျ တပ်ဆင်ခြင်း။
၄ မီးကြိုးများစံနစ်တကျ တပ်ဆင်ပြီးနောက် သာမိုစတက် မောင်းတံနှင့် အလည်ခလုတ်အုံအား စံနစ်တကျ ချိတ်ဆက်တပ်ဆင်ပေးခြင်း။
၅ ထမင်းချက်လို ရသွားတဲ့ပေါင်းအိုး
ပေါင်းအိုး ပြင်ပေးလို့ သားချင်း က လက်ဖျော် လ္ဘက်ရည်နဲ့ ဧည့်ခံ တယ်ခမျ။ (ပေါင်းအိုးဘေးမှာကြည့်ပါ။)
ဝါသနာအရ ပြုု ပြင် နည်းများကိုတင်ပြပေးပါသည်။
ကိုတင်လေးဇော်
A.G.T.I (E.P),E.T.E.C(Civil),B.A(Psychology)
လျှပ်စစ်ကျွမ်းကျင် အဆင့် ၂
လ်ွပ္စစ္ထမင္းေပါင္းအိုး ပ်က္ရင္ ရိုးရွင္းတဲ့ ဒီနည္းလမ္းေလးအတိုင္း ျပင္ၿပီးသံုးပါ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 05, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 05, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment