Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 12, 2019

သတၱိရွိတဲ႕ အမ်ဳိးသမီးေတြ အတြက္ပါ


တစ္ခါက ရွင္ဘုရင္တစ္ပါးႏွင္႔ သူ၏မိဖုရားႀကီးတို႔ အတူစံျမန္းေနၾကစဥ္ လမ္းေပၚတြင္ ပင္ပန္းႀကီးစြာ ထင္းထမ္းျပီး လွည္႔လည္ေရာင္းခ်ေနေသာ အဖိုးတစ္ေယာက္ကို ျမင္သည္။
ရွင္ဘုရင္က ကရုဏာသက္လွသည္႔ျပင္ စိတ္၀င္စားေသာေၾကာင္႔ ေခၚငင္ေမးျမန္းေလသည္ ။
ပင္ပန္းလြန္းေသာေၾကာင္႔ အိုစာလွသည္ မွန္ေသာ္လည္း အသက္မွာ ..ရွင္ဘုရင္ႏွင္႔ သက္တူျဖစ္ေၾကာင္း သိလိုက္ရသည္ ။

ဆက္လက္ ေမးျမန္းလိုက္ေသာအခါ အသက္တူရံုမွ်သာမက ေမြးေန႔ေမြးရက္မွစ၍ အားလံုး တူေနေၾကာင္း သိလိုက္ရသျဖင္႔ အံ႔အားသင္႔မိ၏။
ေမြးေန႔ ၊ ခုႏွစ္ ၊ သကၠရာဇ္ပါတူေနပါလ်က္ တစ္ဦးက ရွင္ဘုရင္..တစ္ဦးမွာ ဘာေၾကာင္႔ ဤမွ်ဆင္းရဲေနရသည္ကို အံ႔ၾသမိေၾကာင္း ရွင္ဘုရင္ကေျပာလိုက္ေသာအခါ ….
မိဖုရားႀကီးက အသက္အရြယ္ ငယ္ေသးသည္႔ အားေလ်ာ္စြာ ဇနီးျဖစ္သူ လိ္မ္လိမ္မာမာမရွိေသာေၾကာင္႔ျဖစ္မည္ဟုမဆင္မျခင္ေျပာဆိုလိုက္မိသည္။
ထိုအခါရွင္ဘုရင္သည္ျပင္းစြာ အမ်က္ထြက္ သြားျပီး ဤကဲ႔သို႔ မင္းစည္းစိမ္ခံစားေနႏိုင္ျခင္း သည္ပင္လွ်င္ မိဖုရားလိမၼာေသာေၾကာင္႔ဟု ယူလိုကယူႏိုင္သည္္႔ စကားျဖစ္ေနေသာေျကာင့္ျဖစ္သည္။
ထို႔ေၾကာင္႔ မယားေကာင္းေၾကာင္႔ လင္ျဖစ္သူက ခ်မ္းသာႀကီးပြါးႏိုင္ပါသည္ဆိုလွ်င္ သင္မိဖုရားအား ယခုပင္ ထင္းထမ္းအဖိုးအိုႏွင္႔ ေပးစားလိုက္ျပီး အဖိုးအိုႏွင္႔ လိုက္သြားေပေရာ႔ဟု နန္းေတာ္မွႏွင္ထုတ္လိုက္ေလသည္။
မိဖုရားလည္း မေနသာေတာ႔ပဲ ထင္းထမ္းအဖိုးအို ေနာက္ကလိုက္သြားရသည္ ။
ထင္းသည္အဖိုးအို၏ အိမ္သို႔ ေရာက္ေသာ္အခါ ဇနီးသည္ အဖြားအိုကပါ မိဖုရားႀကီးအား သနားလွေသာေၾကာင္႔ သူတို႔မွာလည္း သားသမီးမရွိၾကသည္လည္း ျဖစ္၍ သမီးအျဖစ္သေဘာထားေၾကာင္း ၊ စိတ္ခ်မ္းသာစြာေနဖို႔ကိုအားေပးစကား ေျပာၾကသည္ ။

မိဖုရားလည္း အဖိုးအိုႏွင္႔ အဖြားအိုကို မိအိုဖအိုသဖြယ္ သေဘာထားလိုက္သည္ ။အသိညဏ္ျကြယ္ေသာမိဖုရားကသူတို႔ေမာင္ႏွံေနထိုင္စားေသာက္ပံုတို႔ကို ေသခ်ာေလ႔လာၾကည္႔လိုက္ေသာအခါ ဟင္းသီး ဟင္းရြက္ကအစ ၀ယ္ယူစားေသာက္ေနၾကေၾကာင္းကိုေတြ႔လာရသည္၊

ထို႔ေၾကာင္႔ မိဖုရားက အိမ္ေနာက္ေဖးေစ်းဆိုင္တည္ဆိုသည့္ အတိုင္း ျခံထဲတြင္ ဗူး ၊ဖရံု ၊သခြား ၊ စသည္တို႔အားျဖင္႔ ဟင္းသီး ဟင္းရြက္တို႔ကို အဖိုးအို၏ အကူအညီႏွင္႔ စိုက္ပိ်ဳးသည္ ။
အနီးနား၀န္းက်င္တြင္ရွိေသာ ကေလးငယ္မ်ားအား ေခၚငင္ျပီး စာသင္ေပးသည္ ။ ဤသို႔အားျဖင္႔ ကေလးငယ္မ်ားက စိုက္ခင္းကိုေရေလာင္းေပါင္းသင္လုပ္ေပးၾကသည္ ။
အိမ္အတြက္စားရန္ လံုေလာက္သည္႔ျပင္ပိုမိုလာေသာ ဟင္းသီးဟင္းရြက္မ်ားကို ေသခ်ာျပင္ဆင္၍အဖြားအိုအား ေစ်းသို႔သြားျပီးေရာင္းေစသည္ ။

ထို႔ေၾကာင္႔ရရွိလာေသာ ေငြေၾကးေလးမ်ားကို က်စ္က်စ္ပါေအာင္စုေဆာင္းေစသည္ ။အစစတြင္ စနစ္တက် စီမံခန္႔ခြဲ လုပ္ေဆာင္ေလရာ အတန္ၾကာေသာ္ လွည္းႏြားတို႔ကို ၀ယ္ယူႏိုင္လာသည္ ။
ထိုအခါတြင္မူကား ထင္းကိုပိုမိုမ်ားျပားစြာေရာင္းႏိုင္ေသာေၾကာင္႔ ပိုျပီး စီးပြါးျဖစ္လာသည္။ထင္းကို ေရာင္းျခင္းထက္ မီးေသြးဖုတ္ျပီးေရာင္းႏိုင္လွ်င္ ပိုျပီးအက်ိဳးအျမတ္ထြန္းေၾကာင္းကို သိလာေသာအခါ အဖိုးအိုအား မီးေသြးဖုတ္ျပီးေရာင္းျပန္ေစသည္ ။

ဤသို႔ႏွင္႔ပင္ တစ္ေန႔ေသာ္ ေတာင္ေစာင္းတစ္ခု၌ထင္းမ်ားကို မီးေသြးဖုတ္ျပီး မီးေသြးေကာက္ေသာအခါ ေျပာင္ေျပာင္လက္လက္ အတံုးအခဲေလးမ်ားကိုေတြ႔ရသည္ႏွင္႔ အဖိုးအိုကယူလာျပီးသမီးျဖစ္သူ မိဖုရားအားျပသည္။

မိဖုရားကေရႊျဖစ္ေၾကာင္းကို သိသည္ႏွင္႔ ထိုေတာင္ေစာင္းကို အထပ္ထပ္ မီးတိုက္ေစသည္။ဤသို႔အားျဖင္႔ ေရႊတံုးအေတာ္မ်ားလာသည္႔အခါ လွည္းႏွင္႔တိုက္ျပီး ဘုရင္မင္းျမတ္အားသြားေရာက္ ဆက္သေစသည္ ။
အဖိုးအို၏ ေလွ်ာက္ထားခ်က္အရ အေၾကာင္းစံုကို သိရေသာအခါ ဘုရင္မင္းျမတ္လည္း မိဖုရား၏ အလိမၼာတရားကို ႏွစ္သက္မိသည္ျဖစ္၍ မိဖုရားႀကီး အျဖစ္ေရွးကအတိုင္းေျမွာက္စားေတာ္ မူသည္ ။
ဤပံုျပင္ကိုေလးကငယ္ငယ္ကမၾကာခဏဖတ္ခ့ဲရသည့္အေျကာင္းအရာေလးျဖစ္ပါတယ္။ ငယ္ငယ္ကဒီပုံျပင္ကိုရိုးရိုးပဲအျမင္ရွိခဲ့ေပမဲ႕အသက္အရြယ္ရလာတဲ႕အခိ်န္မွာဒီပုံျပင္ထဲကမိဖုရားရဲ႕သတၱိကိုအလြန္သေဘာက်မိပါတယ္။

သူမႀကံဳလိုက္ရသည္႔ေလာကဓံႀကီးမွာေၾကာက္ခမမ္းလိလိျဖစ္ပါသည္ ။အေတာ္အတန္မိန္းမမ်ိဳးဆိုလွ်င္ ရူးသြားေလာက္သည္႔ အေျပာင္းအလဲျဖစ္ပါသည္။
သို႕ေသာ္…ျဖစ္လာသည္႔ အေျခအေနကိုမတုန္မလႈပ္လက္ခံျပီး ရင္ဆိုင္လိုက္ႏိုင္သည္။တိမ္းေရွာင္လို႔ မရႏိုင္သည္႔ ေလာကဓံကို ေသြးေအးေအးႏွင္႔ လက္ခံတတ္ဖို႔ သတၱိမွာ လြယ္လွသည္ေတာ႔မဟုတ္ ၊
သို႔ေသာ္ မိမိစိတ္ကို ကိုးစား အားတင္းရမည္သာ ျဖစ္ပါသည္ ။ဒါ့ေျကာင့္ေလာကအလယ္မွာလူရယ္လို႕ျဖစ္လာရင္ေလာကဓံတရားဆိုတာကို တေန႕မဟုတ္ ေတြ႕ၾကရပါတယ္။
အ့ဲဒီျကံဳလာတဲ႕ေလာကဓံတရားကိုမိဖုရာလိုသတၱိရွိရွိ ရဲရဲဝံဝံယွဥ္ဆိုင္နိုင္ျခင္းသည္ ေလာကဓံတရားကို ေအာင္ျမင္နိုင္ျခင္း ျဖစ္ေလသည္။မ်ွေဝပါ၏… JWN.

Original uploader

mmlivenews.com

=============

သတ္တိရှိတဲ့မိဖုရား အမျိုးသမီးတွေ အတွက်ပါ

တစ်ခါက ရှင်ဘုရင်တစ်ပါးနှင့် သူ၏မိဖုရားကြီးတို့ အတူစံမြန်းနေကြစဉ် လမ်းပေါ်တွင် ပင်ပန်းကြီးစွာ ထင်းထမ်းပြီး လှည့်လည်ရောင်းချနေသော အဖိုးတစ်ယောက်ကို မြင်သည်။

ရှင်ဘုရင်က ကရုဏာသက်လှသည့်ပြင် စိတ်ဝင်စားသောကြောင့် ခေါ်ငင်မေးမြန်းလေသည် ။

ပင်ပန်းလွန်းသောကြောင့် အိုစာလှသည် မှန်သော်လည်း အသက်မှာ ..ရှင်ဘုရင်နှင့် သက်တူဖြစ်ကြောင်း သိလိုက်ရသည် ။

ဆက်လက် မေးမြန်းလိုက်သောအခါ အသက်တူရုံမျှသာမက မွေးနေ့မွေးရက်မှစ၍ အားလုံး တူနေကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်မိ၏။

မွေးနေ့ ၊ ခုနှစ် ၊ သက္ကရာဇ်ပါတူနေပါလျက် တစ်ဦးက ရှင်ဘုရင်..တစ်ဦးမှာ ဘာကြောင့် ဤမျှဆင်းရဲနေရသည်ကို အံ့သြမိကြောင်း ရှင်ဘုရင်ကပြောလိုက်သောအခါ ….

မိဖုရားကြီးက အသက်အရွယ် ငယ်သေးသည့် အားလျော်စွာ ဇနီးဖြစ်သူ လိ်မ်လိမ်မာမာမရှိသောကြောင့်ဖြစ်မည်ဟုမဆင်မခြင်ပြောဆိုလိုက်မိသည်။

ထိုအခါရှင်ဘုရင်သည်ပြင်းစွာ အမျက်ထွက် သွားပြီး ဤကဲ့သို့ မင်းစည်းစိမ်ခံစားနေနိုင်ခြင်း သည်ပင်လျှင် မိဖုရားလိမ္မာသောကြောင့်ဟု ယူလိုကယူနိုင်သည့်် စကားဖြစ်နေသောကြောင့်ဖြစ်သည်။

ထို့ကြောင့် မယားကောင်းကြောင့် လင်ဖြစ်သူက ချမ်းသာကြီးပွါးနိုင်ပါသည်ဆိုလျှင် သင်မိဖုရားအား ယခုပင် ထင်းထမ်းအဖိုးအိုနှင့် ပေးစားလိုက်ပြီး အဖိုးအိုနှင့် လိုက်သွားပေရော့ဟု နန်းတော်မှနှင်ထုတ်လိုက်လေသည်။

မိဖုရားလည်း မနေသာတော့ပဲ ထင်းထမ်းအဖိုးအို နောက်ကလိုက်သွားရသည် ။

ထင်းသည်အဖိုးအို၏ အိမ်သို့ ရောက်သော်အခါ ဇနီးသည် အဖွားအိုကပါ မိဖုရားကြီးအား သနားလှသောကြောင့် သူတို့မှာလည်း သားသမီးမရှိကြသည်လည်း ဖြစ်၍ သမီးအဖြစ်သဘောထားကြောင်း ၊ စိတ်ချမ်းသာစွာနေဖို့ကိုအားပေးစကား ပြောကြသည် ။

မိဖုရားလည်း အဖိုးအိုနှင့် အဖွားအိုကို မိအိုဖအိုသဖွယ် သဘောထားလိုက်သည် ။အသိညဏ်ကြွယ်သောမိဖုရားကသူတို့မောင်နှံနေထိုင်စားသောက်ပုံတို့ကို သေချာလေ့လာကြည့်လိုက်သောအခါ ဟင်းသီး ဟင်းရွက်ကအစ ဝယ်ယူစားသောက်နေကြကြောင်းကိုတွေ့လာရသည်၊

ထို့ကြောင့် မိဖုရားက အိမ်နောက်ဖေးစျေးဆိုင်တည်ဆိုသည့် အတိုင်း ခြံထဲတွင် ဗူး ၊ဖရုံ ၊သခွား ၊ စသည်တို့အားဖြင့် ဟင်းသီး ဟင်းရွက်တို့ကို အဖိုးအို၏ အကူအညီနှင့် စိုက်ပျိုးသည် ။

အနီးနားဝန်းကျင်တွင်ရှိသော ကလေးငယ်များအား ခေါ်ငင်ပြီး စာသင်ပေးသည် ။ ဤသို့အားဖြင့် ကလေးငယ်များက စိုက်ခင်းကိုရေလောင်းပေါင်းသင်လုပ်ပေးကြသည် ။

အိမ်အတွက်စားရန် လုံလောက်သည့်ပြင်ပိုမိုလာသော ဟင်းသီးဟင်းရွက်များကို သေချာပြင်ဆင်၍အဖွားအိုအား စျေးသို့သွားပြီးရောင်းစေသည် ။

ထို့ကြောင့်ရရှိလာသော ငွေကြေးလေးများကို ကျစ်ကျစ်ပါအောင်စုဆောင်းစေသည် ။အစစတွင် စနစ်တကျ စီမံခန့်ခွဲ လုပ်ဆောင်လေရာ အတန်ကြာသော် လှည်းနွားတို့ကို ဝယ်ယူနိုင်လာသည် ။

ထိုအခါတွင်မူကား ထင်းကိုပိုမိုများပြားစွာရောင်းနိုင်သောကြောင့် ပိုပြီး စီးပွါးဖြစ်လာသည်။ထင်းကို ရောင်းခြင်းထက် မီးသွေးဖုတ်ပြီးရောင်းနိုင်လျှင် ပိုပြီးအကျိုးအမြတ်ထွန်းကြောင်းကို သိလာသောအခါ အဖိုးအိုအား မီးသွေးဖုတ်ပြီးရောင်းပြန်စေသည် ။

ဤသို့နှင့်ပင် တစ်နေ့သော် တောင်စောင်းတစ်ခု၌ထင်းများကို မီးသွေးဖုတ်ပြီး မီးသွေးကောက်သောအခါ ပြောင်ပြောင်လက်လက် အတုံးအခဲလေးများကိုတွေ့ရသည်နှင့် အဖိုးအိုကယူလာပြီးသမီးဖြစ်သူ မိဖုရားအားပြသည်။

မိဖုရားကရွှေဖြစ်ကြောင်းကို သိသည်နှင့် ထိုတောင်စောင်းကို အထပ်ထပ် မီးတိုက်စေသည်။ဤသို့အားဖြင့် ရွှေတုံးအတော်များလာသည့်အခါ လှည်းနှင့်တိုက်ပြီး ဘုရင်မင်းမြတ်အားသွားရောက် ဆက်သစေသည် ။

အဖိုးအို၏ လျှောက်ထားချက်အရ အကြောင်းစုံကို သိရသောအခါ ဘုရင်မင်းမြတ်လည်း မိဖုရား၏ အလိမ္မာတရားကို နှစ်သက်မိသည်ဖြစ်၍ မိဖုရားကြီး အဖြစ်ရှေးကအတိုင်းမြှောက်စားတော် မူသည် ။

ဤပုံပြင်ကိုလေးကငယ်ငယ်ကမကြာခဏဖတ်ခဲ့ရသည့်အကြောင်းအရာလေးဖြစ်ပါတယ်။ ငယ်ငယ်ကဒီပုံပြင်ကိုရိုးရိုးပဲအမြင်ရှိခဲ့ပေမဲ့အသက်အရွယ်ရလာတဲ့အချိန်မှာဒီပုံပြင်ထဲကမိဖုရားရဲ့သတ္တိကိုအလွန်သဘောကျမိပါတယ်။

သူမကြုံလိုက်ရသည့်လောကဓံကြီးမှာကြောက်ခမမ်းလိလိဖြစ်ပါသည် ။အတော်အတန်မိန်းမမျိုးဆိုလျှင် ရူးသွားလောက်သည့် အပြောင်းအလဲဖြစ်ပါသည်။

သို့သော်…ဖြစ်လာသည့် အခြေအနေကိုမတုန်မလှုပ်လက်ခံပြီး ရင်ဆိုင်လိုက်နိုင်သည်။တိမ်းရှောင်လို့ မရနိုင်သည့် လောကဓံကို သွေးအေးအေးနှင့် လက်ခံတတ်ဖို့ သတ္တိမှာ လွယ်လှသည်တော့မဟုတ် ၊

သို့သော် မိမိစိတ်ကို ကိုးစား အားတင်းရမည်သာ ဖြစ်ပါသည် ။ဒါ့ကြောင့်လောကအလယ်မှာလူရယ်လို့ဖြစ်လာရင်လောကဓံတရားဆိုတာကို တနေ့မဟုတ် တွေ့ကြရပါတယ်။

အဲ့ဒီကြုံလာတဲ့လောကဓံတရားကိုမိဖုရာလိုသတ္တိရှိရှိ ရဲရဲဝံဝံယှဉ်ဆိုင်နိုင်ခြင်းသည် လောကဓံတရားကို အောင်မြင်နိုင်ခြင်း ဖြစ်လေသည်။မျှဝေပါ၏… JWN.

Original uploader

No comments:

Post a Comment