Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 19, 2019

ေၾကြလြင့္ခဲ့ရတဲ႔ ေက်ာင္းသူေလးတစ္ေယာက္ရဲ႕၀မ္းနည္းစရာ ျဖစ္ရပ္


အတၱေၾကာင့္ ေႂကြလြင့္ခဲ့ေသာ ပန္းေလးတစ္ပြင့္ …!

” ဆရာမ သမီး မခိုးပါဘူး ”” သမီး မခိုးရင္ ဒီစာအုပ္က ဘယ္လိုလုပ္ သမီး လြယ္အိတ္ထဲ ေရာက္ေနတာလဲ ”” ဒါေတာ့သမီးလည္း မသိပါဘူး။ ဒါေပမယ့္ ဒီစာအုပ္ကို တစ္ကယ္ မခိုးခဲ့ပါဘူးရွင့္ ။ ဘုရားေပးေပး က်မ္းေပးေပးပါ ဆရာမရယ္ သမီး မခိုးခဲ့ပါဘူး..ဟီး … ဟီး ,.. ဟီး ”

“ခုမွ ငိုျပ မေနနဲ႕ေတာ့။ အခုက လက္ပူးလက္ၾကပ္ သက္ေသနဲ႕တစ္ကြ မိတာ။ ရွင္းျပခ်က္ေပးခ်င္ရင္ မနက္ျဖန္ သမီးရဲ႕ အုပ္ထိန္းသူေခၚၿပီး ေက်ာင္းအုပ္ႀကီးနဲ႕ေတြ႕ၿပီးေျပာေပါ့ ။

ခုေတာ့ ဆရာမ စာသင္ေတာ့မယ္ ။ စာအုပ္ပိုင္ရွင္လည္း ေပ်ာက္တဲ့ စာအုပ္ျပန္ေတြ႕ၿပီဆိုေတာ့ ေက်နပ္လိုက္ေတာ့ ။ အားလုံး မွတ္ထားၾကပါ သူတစ္ပါးပစၥည္း ခိုးရင္ ငရဲေရာက္တာေနာက္မွ လက္ရွိ အခ်ိန္မွာ ခုလို ဖမ္းမိ သြားရင္ အရွက္ကဲြၿပီး ႏွစ္ခါျပန္ေသေနရတာ အတူတူပဲ။အက်င့္ပ်က္တယ္ ဆိုတာ ဆရာမအတန္းထဲမွာ မရွိေစရဘူး။ ကဲ – စာသင္ရေအာင္ စာမ်က္ႏွာ ၅၉ ကိုလွန္ အားလုံးျမန္ျမန္လုပ္ၾက ”

” ဟုတ္ကဲ့ ဆရာမ ”ဒီေန႔ ကြ်န္မ အတန္းတြင္ စိတ္ပ်က္ဖြယ္ရာ ကိစၥမ်ားက ေစာင့္ႀကိဳေနသည္။ တစ္ေန႔တာရဲ႕ စာသင္ခ်ိန္းတစ္ ဝက္ ကုန္ဆုံးၿပီး အားလပ္ခ်ိန္ ဆင္းၿပီးေနာက္ စာသင္ခန္းထဲျပန္ဝင္ခ်ိန္တြင္ ကြ်န္မ အတန္းထဲက ေက်ာင္းသူေလး တစ္ေယာက္ ငိုယိုၿပီး စာအုပ္ေပ်ာက္ လာတိုင္သည္။

ကြ်န္မ ကိုင္တြယ္ေနသည့္ အတန္းသည္ ေျခာက္တန္း ! တန္းခဲြ အားလုံးထဲတြင္ အေတာ္ဆုံး အတန္းျဖစ္ေန ရမည္။ စာရိတၱေကာင္းေသာ ယဥ္ေက်း လိမၼာေသာ စာေတာ္ေသာ စည္းကမ္းရွိေသာ ဟူသည့္ စံနမူနာမ်ားျဖင့္ ျပည့္ေနရမည္။ကြ်န္မလိုခ်င္ေသာ ပုံစံခြက္ အတိုင္း အတန္းထဲက ကေလးအားလုံးကို ပုံသြင္းထား သည္။ဒါေၾကာင့္ ကြ်န္မ အႏုနည္း အၾကမ္းနည္း နည္းေပါင္းမ်ားစြာ သုံးခဲ့ရသည္။ ထိုေၾကာင့္ ေက်ာင္းသူ/ သား မ်ားၾကားတြင္ နာမည္ေက်ာ္ၾကားေလသည္ ။

ဆရာမ ေဒၚဂ်မ္းပုံ သည္ ကြ်န္မ ၏ နာမည္အရင္း မဟုတ္ေသာ္လည္း တိုးတိုးႏွင့္ၾကားေနရေသာ ကြ်န္မ၏ နာမည္ေျပာင္ပင္။ စိတ္ဓာတ္ စည္းကမ္း ပညာအရာတြင္ ထိပ္ဆုံးျဖစ္လိုေသာ ကြ်န္မ အတန္း၏ တိုင္တန္းမႈသည္ ခိုးမႈ။ ကြ်န္မ အတန္းတြင္ ဆိုဆုံးမ၍ မရေသာ ေက်ာင္းသူ/သားမ်ား လုံးဝ မလိုပါ။ ေသခ်ာ ကိုင္တြယ္ေျဖရွင္းရမည္ ။

စာအုပ္ေပ်ာက္ လာတိုင္ေသာ ေက်ာင္းသူေလးသည္ မ်က္ရည္ က်လ်က္ ေပ်ာက္သြားေသာ စာအုပ္ သည္ ႏိူင္ငံျခားေရာက္ေနေသာ အကိုျဖစ္သူက လက္ေဆာင္ေပးထားသည့္ စာအုပ္ျဖစ္ေၾကာင္း ငိုရင္းနဲ႕ေျပာျပ သည္ ။သူမ တန္ဖိုးထားရေသာ စာအုပ္ျဖစ္သည့္အတြက္ ျပန္လိုခ်င္ေၾကာင္း ထပ္ေျပာသည္။ ဒါေၾကာင့္ အက်င့္ ပ်က္ေသာ စာအုပ္ သူခိုးကိုလည္း ကြ်န္မ ဒီအတိုင္း လႊတ္မထားႏိူင္ပါ။ အက်င့္ျပင္တန္ျပင္ မျပင္ပါက အုပ္ထိန္းသူေခၚခိုင္းၿပီး ေက်ာင္းအုပ္ရုံးခန္းသို႔ ပို႔ရမည္ ။

တစ္ခန္းလုံး လြယ္အိတ္ေတြကို စာေရးခုံေပၚတြင္ တင္ခိုင္းလိုက္ေလသည္။ စာအုပ္ေပ်ာက္ေသာ ေက်ာင္းသူအား တစ္ေယာက္ခ်င္း၏ လြယ္အိတ္ေတြကို လိုက္လံ စစ္ေဆးခိုင္းေလသည္ ။ေက်ာင္းသူေလးသည္ လြယ္အိတ္ တစ္လုံးၿပီး တစ္လုံး စစ္ေဆးၿပီးေနာက္ အေရွ႕တန္း ၅ ခုံေျမာက္တြင္ စာအုပ္ေပ်ာက္ရွာေဖြျခင္း ရပ္ဆိုင္းလိုက္သည္။ ပန္းႏုေရာင္ စာအုပ္ေလးကို ကိုင္တြယ္ၿပီး ထြက္လာသည္။ ၾကား ရသည့္ ကိုယ့္နားကိုပင္ မယုံႏိူင္ပါ။ ဒီ စာအုပ္အား ” ႏွင္းႏြယ္ေအာင္ ” လြယ္အိတ္မွ ေတြ႕ခဲ့သည္လို႔ ေျပာပါသည္ ။

ထိုေက်ာင္းသူသည္ ကြ်န္မ အတန္းထဲတြင္ အေတာ္ဆုံး အေအးဆုံး အလိမၼာဆုံး ေက်ာင္းသူျဖစ္သည္ ။ သူမတြင္ မိဘမ်ား မရွိေတာ့ဟု မိဘမဲ့ မိန္းခေလး သီးသန္႔ေက်ာင္းက ဆရာမႀကီးက ေက်ာင္းလာအပ္ကတည္းက ေျပာျပခဲ့သည္ ။ထို မိဘမဲ့ေက်ာင္းက ဆရာမႀကီး ကိုယ္တိုင္ကလည္း စည္းကမ္း ထိန္းသိမ္းေရးဝါဒ ကို လက္ကိုင္စဲြထားသူတစ္ဦးပင္။ ဘာအတြက္ေၾကာင့္ ဒီကေလးမ အက်င့္ပ်က္ရသည့္ကို မေတြးတတ္ပါ ။

ကြ်န္မေမးတိုင္း ” ဒီစာအုပ္ သမီးမခိုးပါဘူး ” အႀကိမ္ႀကိမ္ ထြက္ဆိုေနသျဖင့္ စိတ္လည္းတိုလာသည္။ ခိုး သည့္ အျပင္ ဝန္မခံတတ္ေသာ လူမ်ိဳးသည္ အက်င့္မေကာင္းေသာ သူမ်ားျဖစ္သည္။ ကြ်န္မေနာက္ဆုံး Warning အေနျဖင့္ သူမ အုပ္ထိန္းသူကို ေက်ာင္းအုပ္ႀကီးဆီ ေခၚလာခိုင္းပါသည္ ။

” ဆရာႀကီး ။ ေက်ာင္းသူတစ္ေယာက္ ေက်ာင္းေပၚက ခုန္ခ်လို႔။ အလံတိုင္နားေလးမွာ ေသြးေတြလည္း အိုင္လို႔ဗ် ”ေက်ာင္းေစာင့္ႀကီးရဲ႕အသံသည္ အစည္းေဝး လုပ္ေနေသာ ခန္းမႀကီးကို လႊမ္းသြားသည္ ။မနက္ပိုင္းေက်ာင္းလြတ္ခ်ိန္ၿပီး၍ ေက်ာင္းအုပ္ႀကီးက အစည္းေဝးေခၚတာေၾကာင့္ ဆရာ/မ အားလုံးလည္းစုံေနေသာ အစည္းေဝးခန္းထဲတြင္ အာေမဋိတ္မ်ား သံၿပိဳင္ ကိုယ္စီႏွင့္ ဝရုန္းသုန္းကား အျပင္ေျပးထြက္ေတာ့သည္။ ကြ်န္မလည္း ရင္ ထိတ္ထိတ္ပ်ာပ်ာျဖင့္ ဆရာအုပ္ႀကီးၾကား တိုးေဝွ႕ၾကည့္လိုက္သည္ ။

ေသြးအိုင္ထဲတြင္ ေက်ာင္းဝတ္စုံတို႕ အေရာင္ေျပာင္းကုန္ၿပီးျဖစ္ေသာ ကြ်န္မ အတန္းထဲကေက်ာင္းသူေလးသည္ ေသြးစြန္းေနေသာ စကၠဴေလးကို လက္ထဲတြင္ က်စ္က်စ္ ပါေအာင္ ဆုပ္ကိုင္ၿပီး ေသဆုံးေနသည္ကို ေတြ႕လိုက္ရေတာ့ ကြ်န္မေသြးမ်ား ေျပာင္းျပန္စီးသလို ခံစားရၿပီး မိုက္ခနဲျဖစ္သြားသည္။ ကြ်န္မယူႀကံဳးမရျဖစ္ခါ ေအာ္ငိုခ်မိသည္ ။

ကြ်န္မ စိုက္ပ်ိဳးခဲ့ေသာ ပန္းေလးတစ္ပြင့္ ရုတ္တရက္ ေၾကြလႊင့္သြားပါလား။ ကြ်န္မ ဆိုေသာ အတၱ ဒီဆရာမသည္ စည္းကမ္းေသသပ္သည္ ဟူေသာ ကြ်န္မ သတ္မွတ္ထားသည့္ေခါင္းစဥ္မ်ားေအာက္တြင္ ရိုးသားျဖဴ စင္ေသာ ေက်ာင္းသူေလး တစ္ေယာက္၏ ဘဝ တစ္ခု ပ်က္သုဥ္းသြားေစခဲ့သည္ ။

ေက်ာင္းသူေလး၏ ေနာက္ဆုံးစာဟု ထင္ရေသာ ညာဘက္လက္ထဲက စာရြက္ ညစ္ညစ္ေလးကို အသာအယာ ယူၿပီး ေျဖထုတ္ ဖတ္ၾကည့္လိုက္သည္။ မ်က္ရည္ေပါင္းမ်ားစြာက တစိမ့္စိမ့္ ယိုစီးလာသည္။ အခ်ိန္မတန္ဘဲ မရင့္က်က္ေသးဘဲ ေသဆုံးသြားေသာ ေက်ာင္းသူေလး လက္ထဲက စာသည္ ကြ်န္မအတြက္ ယူႀကံဳးမရေသာ ႏႈတ္ဆက္စာျဖစ္လာခဲ့သည္ ။

” ဆရာမရွင့္ ”

” တပည့္မိုက္ တစ္ေယာက္ကို ခြင့္မလႊတ္ပါနဲ႕ ။ ဆရာမႏွင့္ ေက်ာင္းရွိ ဆရာ/ မ မ်ားအားလုံးအေပၚ သမီးကံငါးပါးႏွင့္ ျပစ္မွားမိခဲ့တာရွိေသာ္ သမီးကို အားလုံး ခြင့္လႊတ္ေပးၾကပါ။သမီး ေနာက္ဆုံးအႀကိမ္ထိ ရိုးသားခဲ့တာေၾကာင့္ ဒီစာအုပ္ေလးကို လုံးဝ မခိုးပါဘူးလို႕ ဝန္ခံပါရေစ ။

သမီး ငယ္ငယ္ ကတည္းက မိဘ မရွိခဲ့တာေၾကာင့္ ဆရာမက သမီးကို အက်င့္ပ်က္သူလို႕ ထင္ေကာင္းထင္ပါလိမ့္မယ္။ သမီးဟာ မိဘမဲ့ေဂဟာ စေရာက္ကတည္းက ဆရာမႀကီးရဲ႕ လမ္းညႊန္မႈေအာက္မွာ နာခံခဲ့ၿပီး စာရိတၱလည္း လုံးဝမေဖာက္ျပားခဲ့ပါဘူး။ ေက်ာင္းတက္ေနတဲ့ ကာလ တစ္ေလွ်ာက္လုံးလည္း သူမ်ားရဲ႕ ခဲတံတိုေလး တစ္ေခ်ာင္းေတာင္မွ မခိုးခဲ့ဖူးပါဘူး ။

ဒီေန႔ ဆရာမ စြပ္စဲြခံရတာ အရမ္း နာက်င္ ခံစားရပါတယ္။ ဆရာမ အတန္းထဲက ထြက္သြားေတာ့ တစ္ခန္းလုံးက သမီးကို ( Stolen student ) လို႔ ေလွာင္ၾကတယ္။ သမီး အရမ္းရွက္တာပဲ ဆရာမရယ္။ သမီးေလ ဒီလို စြပ္စဲြရတာလည္း အတိတ္ဘဝက ဝဋ္ေႂကြးေၾကာင့္ထင္ပါတယ္ ။

သူတို႔ကိုလည္း ေျပာေပးပါ သမီးလုံးဝ မခိုးခဲ့ဘူးဆိုတာကို သမီးအသက္နဲ႕ရင္းၿပီး သက္ေသျပခဲ့ပါတယ္လို႔။ သမီးရဲ႕ မိဘမဲ့ေဂဟာက ဆရာမႀကီးကိုလည္းေျပာေပးပါ သမီးေၾကာင့္ ဆရာမႀကီး ခုလို အရွက္ကဲြ မခံေစ ခ်င္လို႔ စိတ္မပူေစခ်င္လို႔ သမီးရဲ႕ကိစၥကို သမီးရွင္းေအာင္ လုပ္သြားခဲ့ပါတယ္ ။

ဆရာမရဲ႕ ျပ႒ာန္းထားတဲ့ စည္းကမ္းေတြေအာက္မွာ အမည္းစက္ ထင္ခဲ့တဲ့ သမီးရဲ႕ အျပစ္ ကိုလည္း ဖ်က္ေပး ပါေနာ္။ သမီးရဲ႕ ျဖဴစင္ရိုးသားမႈကို ေနာက္ဆုံး အေနနဲ႕ သက္ေသျပလိုက္ပါတယ္။ သမီး ဒီီလို မလုပ္ သင့္ေပမယ့္ ႀကံမိ ႀကံရာ လုပ္ခဲ့လို႔ ဒီစာကို ဖတ္ေနတဲ့ ဆရာမကိုလည္း ခြင့္လႊတ္ပါလို႔ သမီးမေတာင္းဆိုေတာ့ပါဘူး ။

သမီးေလ အရမ္းေၾကာက္တယ္ ဆရာမရယ္။ ဒီစာကိုေရးေနတဲ့အခ်ိန္မွာေရာ ခုန္ခ်ေတာ့မယ့္ အခ်ိန္မွာေရာ သမီး ကို တားမယ့္သူ သမီးနားမွာ တစ္ေယာက္မွ မရွိၾကဘူး။ သမီး မေသခ်င္ေသးဘူး ဆရာမရယ္ … ”

တပည့္မိုက္ (ႏွင္းႏြယ္ေအာင္)

စာဖတ္ၿပီး က်မရဲ႕ ႏွလုံးအိမ္တို႔ အရည္ေပ်ာ္ကုန္ခဲ့ရသည္။ ႏွလုံးသား မရွိေသာ က်မ စည္းကမ္းကို ေရွ႕တန္းတင္ခဲ့ေသာ က်မ ဂုဏ္ပုဒ္ သိကၡာေတြ ရေစဖို႔အတြက္ ျပႆနာေျဖရွင္းမႈ ညံ႕ဖ်င္းခဲ့ေသာ က်မ စာေလး တစ္ေစာင္ေၾကာင့္ ႏွလုံးသားကဲြေၾကရပါၿပီ ။

ျဖဴစင္ရိုးသားေသာ ကေလးကိုမွ သူခိုးျဖစ္ေစခဲ့သည္။ ဒဏ္ရာမ်ားနဲ႕ အေတာင္က်ိဳးေနေသာ ငွက္ကေလးကိုမွ ရိုက္သတ္မိခဲ့သည္။ ကြ်န္မအား ဆရာမလို႔ေခၚထိုက္စရာ တစ္ကြက္မွ မရွိေတာ့ပါ။

ေသြးစြန္းေနေသာ စာရြက္ေလးကို တင္းတင္းဆုတ္ကိုင္ထားေနစဥ္ ကြ်န္မေဘးနားကို တိုးတုိးေလးကပ္ လာေျပာသေယာင္ ” သမီးကို ခြင့္မလႊတ္ပါနဲ႕ သမီးမေသခ်င္ေသးဘူး ဆရာမရယ္ ” ဟူေသာ အသံေတြက ဆူညံပြတ္ေလာက္ရိုက္ေနၿပီး ေက်ာင္းသူေလးကို မ်က္လုံးထဲ ျမင္ေယာင္ကာ ကတၱရားလမ္းေပၚတြင္ ကြ်န္မလဲက်သြားေလသည္။

” ဆရာမ သမီးမေသခ်င္ေသးဘူး ဆရာမရယ္ ။ သမီးစာအုပ္ကို လုံးဝ မခိုးပါဘူး ။ သမီးေၾကာက္တယ္။ သမီးဘယ္ေနရာေရာက္ေနမွန္းမသိဘူး ေမွာင္မဲေနတာဘဲ။ ”” သမီးေရ ဆရာမကို ခြင့္မလႊတ္ပါနဲ႕ကြယ္။ ဆရာမ စည္းကမ္းခ်က္ေတြကို ေရွ႕တန္း တင္ခဲ့မိတဲ့ အမွားေၾကာင့္ သမီးကို ဘဝျခားသြားေစခဲ့ၿပီ။ ဆရာမ မွားပါၿပီကြယ္ ။ ေနာက္ဘဝဆိုတာ ရွိခဲ့ရင္ ဆရာမဆီျပန္လာခဲ့ပါ သမီးေက်နပ္ေလာက္တဲ့အထိ ဒူးေထာက္ၿပီး ေတာင္းပန္ပါ့မယ္။”

” ဆရာမ -သမီးကို ကတိတစ္ခု ေပးပါ ။ ဆရာမ စာဆက္သင္ပါအုံးမယ္လို႔ ။ ပန္းကေလးေတြကို သမီးလို အေလအလႊင့္မရွိပဲ ျပဳစုပ်ိဳးေထာင္ပါ့မယ္လို႔ ကတိေပးပါ။ ဆရာမ ကတိေပးရင္ သမီးလြတ္လြတ္လပ္လပ္နဲ႕ ခရီးဆက္ေတာ့မယ္။ ဆရာမ သမီးကို ကတိေပးမယ္မလား ”” ေပးပါတယ္ သမီးရယ္ ”

“သမီးသြားေတာ့မယ္ ႏႈတ္ဆက္ခဲ့ပါတယ္ ဆရာမရယ္ ”” သမီး… သမီး … သမီးေလး ”ကြ်န္မေအာ္ရင္း လန္႔ႏိူးလာခဲ့သည္။ အိမ္မက္ထဲတြင္ ေသသြားေသာေက်ာင္းသူေလးသည္ ေက်ာင္းဝတ္စုံေလးႏွင့္ေနာက္ဆုံး အခ်ိန္ထိ ကြ်န္မ ကို ခြန္အား သတၱိေတြ လာေပးသြားသည္ ။

ေမာဟိုက္စြာ တစ္ဒိတ္ဒိတ္ ခုန္ေနေသာ ႏွလုံးတို႔သည္ အေမေပးေသာ ေရတစ္ခြက္ကို ေသာက္ၿပီး ခဏၿငိမ္ေနေတာ့သည္။ အခုေတာ့ ဘဝသစ္ကို ျပန္စမည္ ေျခလွမ္းသစ္တိုင္းတြင္ လက္ထဲက ေသြးစြန္းေနတဲ့စာရြက္ေလးက အားအင္ ျပဳေပးေနေတာ့သည္ ။

” ဒို႔ေက်ာင္း ”

ပန္းကေလးမ်ား ပြင့္ေတာ့မည္

ဖူးတံဝင့္လို႔ခ်ီ

ေနျခည္မွာ ေရႊရည္ေလာင္း

ငါတို႕ စာသင္ေက်ာင္း ”

ကေလးမ်ား သံၿပိဳင္ရြတ္ဆိုေသာ ကဗ်ာေလးသည္ နံနက္ခင္းတြင္ ပီျပင္စြာေတးဆိုေနေသာ ငွက္ကေလးမ်ားႏွယ္။ ကြ်န္မ ၿပံဳးေပ်ာ္ေနသည္ ။ ရြာတစ္ရြာ၏ မူလတန္းစာသင္တန္းေက်ာင္းတြင္ ေျပာင္းေရြ႕ တာဝန္ခ်ခံရေသာ္လည္း ကြ်န္မ ထူးၿပီး ေစာဒက တတ္မေနေတာ့ပါ။

အခုဆို ကြ်န္မေဘာင္မေခတ္ပဲ ပန္းကေလးေတြ ပ်ိဳးတတ္လာၿပီ။ ကေလးေတြရဲ႕ အၿပံဳးကို စားသုံးရင္း တစ္ႏွစ္ၿပီး တစ္ႏွစ္ေက်ာ္လြန္ လာခဲ့သည္မွာ သုံးႏွစ္တိုင္ျပည့္ေတာ့မည္။ စိတ္ေတြလည္း အေတာ္ပင္တည္ၿငိမ္ခဲ့သည္။သုံံးႏွစ္ၾကာခဲ့ၿပီ ဆိုေသာ္လည္း အတိတ္က ေၾကြလႊင့္ခဲ့ေသာ ပန္းေလးအေၾကာင္းေတြးမိတိုင္း တစ္ဖန္ပူေႏြးလာစၿမဲ ။

ေက်ာင္းမေျပာင္းေရြ႕ရခင္ ေနာက္ဆုံးသင္ခဲ့ရသည့္ေန႕တြင္ စာအုပ္ေပ်ာက္လာတိုင္ေသာ ေက်ာင္းသူေလးက သူ႔အျပစ္ကို လာဝန္ခံခဲ့သည္။ သူမရဲ႕ မနာလိုစိတ္ေၾကာင့္ ေသခဲ့ရသည္ဟု ရႈိက္ငိုရင္း ေျပာရွာပါသည္။အတန္းထဲတြင္ လတိုင္း အဆင့္ ၁ ရေသာ ႏွင္းႏြယ္ေအာင္ ကိုၾကည့္မရလို႔ မုန္႔စားဆင္းခ်ိန္တြင္ ႏွင္းႏြယ္ေအာင္ လြယ္အိတ္ထဲတြင္ သူမကိုယ္တိုင္ သြာထည့္ထားၿပီး လုပ္ႀကံခဲ့တာဟု ဝန္ခံခဲ့သည္။

ေထာင္းထာင္း ေၾကေနေသာစိတ္ႏွင့္သာ အျပစ္လုပ္ေသာ ကေလးမကို ေက်ာင္းစည္းမ်ဥ္း အရ ေက်ာင္းထုတ္ လိုက္ပါသည္။ ကြ်န္မလည္း ထိုေက်ာင္းႏွင့္ေဝးရာကို ဇာတ္ျမွုဳပ္ေနထိုင္ခဲ့ပါသည္။ အခုဆို ကြ်န္မပ်ိဳးထားေသာ ပန္းပြင့္ငုံေလးမ်ား လန္းဆန္းလွ်က္ ရွင္သန္ေနပါတယ္။ ကြ်န္မ ရဲ ႕အေတြးေတြ ျဖန္႔က်က္ေနစဥ္တြင္…

” ဆရာမ ”

” သားကို ဘုန္းဘုန္းေပးထားတဲ့ စာအုပ္ သာဂိ ခိုးထားတယ္။ ”ကြ်န္မ အာရုံေတြ စုစည္းလိုက္သည္။ ကြ်န္မ ဒီတစ္ခါ ကိုင္တြယ္မႈ မမွားခ်င္ေတာ့ပါ။ လြန္ခဲ့ေသာ ႏွစ္ႏွစ္ေက်ာ္ေလာက္က ေသဆုံးသြားေသာေက်ာင္းသူေလးအား ဖ်တ္ခနဲ သတိရလိုက္သည္။

ဒိုင္ယာရီ စာအုပ္ၾကားက ေသြးစြန္းေနေသာ စာရြက္ေလးကို ဖြင့္ၾကည့္ရင္း..။
ပ်ဴမခ (ေကာ့ေသာင္း)

Unicode

အတ္တကြောင့် ကြွေလွင့်ခဲ့သော ပန်းလေးတစ်ပွင့် …!

” ဆရာမ သမီး မခိုးပါဘူး ”” သမီး မခိုးရင် ဒီစာအုပ်က ဘယ်လိုလုပ် သမီး လွယ်အိတ်ထဲ ရောက်နေတာလဲ ”” ဒါတော့သမီးလည်း မသိပါဘူး။ ဒါပေမယ့် ဒီစာအုပ်ကို တစ်ကယ် မခိုးခဲ့ပါဘူးရှင့် ။ ဘုရားပေးပေး ကျမ်းပေးပေးပါ ဆရာမရယ် သမီး မခိုးခဲ့ပါဘူး..ဟီး … ဟီး ,.. ဟီး ”

“ခုမှ ငိုပြ မနေနဲ့တော့။ အခုက လက်ပူးလက်ကြပ် သက်သေနဲ့တစ်ကွ မိတာ။ ရှင်းပြချက်ပေးချင်ရင် မနက်ဖြန် သမီးရဲ့ အုပ်ထိန်းသူခေါ်ပြီး ကျောင်းအုပ်ကြီးနဲ့တွေ့ပြီးပြောပေါ့ ။

ခုတော့ ဆရာမ စာသင်တော့မယ် ။ စာအုပ်ပိုင်ရှင်လည်း ပျောက်တဲ့ စာအုပ်ပြန်တွေ့ပြီဆိုတော့ ကျေနပ်လိုက်တော့ ။ အားလုံး မှတ်ထားကြပါ သူတစ်ပါးပစ္စည်း ခိုးရင် ငရဲရောက်တာနောက်မှ လက်ရှိ အချိန်မှာ ခုလို ဖမ်းမိ သွားရင် အရှက်ကွဲပြီး နှစ်ခါပြန်သေနေရတာ အတူတူပဲ။အကျင့်ပျက်တယ် ဆိုတာ ဆရာမအတန်းထဲမှာ မရှိစေရဘူး။ ကဲ – စာသင်ရအောင် စာမျက်နှာ ၅၉ ကိုလှန် အားလုံးမြန်မြန်လုပ်ကြ ”

” ဟုတ်ကဲ့ ဆရာမ ”ဒီနေ့ ကျွန်မ အတန်းတွင် စိတ်ပျက်ဖွယ်ရာ ကိစ္စများက စောင့်ကြိုနေသည်။ တစ်နေ့တာရဲ့ စာသင်ချိန်းတစ် ဝက် ကုန်ဆုံးပြီး အားလပ်ချိန် ဆင်းပြီးနောက် စာသင်ခန်းထဲပြန်ဝင်ချိန်တွင် ကျွန်မ အတန်းထဲက ကျောင်းသူလေး တစ်ယောက် ငိုယိုပြီး စာအုပ်ပျောက် လာတိုင်သည်။

ကျွန်မ ကိုင်တွယ်နေသည့် အတန်းသည် ခြောက်တန်း ! တန်းခွဲ အားလုံးထဲတွင် အတော်ဆုံး အတန်းဖြစ်နေ ရမည်။ စာရိတ္တကောင်းသော ယဉ်ကျေး လိမ္မာသော စာတော်သော စည်းကမ်းရှိသော ဟူသည့် စံနမူနာများဖြင့် ပြည့်နေရမည်။ကျွန်မလိုချင်သော ပုံစံခွက် အတိုင်း အတန်းထဲက ကလေးအားလုံးကို ပုံသွင်းထား သည်။ဒါကြောင့် ကျွန်မ အနုနည်း အကြမ်းနည်း နည်းပေါင်းများစွာ သုံးခဲ့ရသည်။ ထိုကြောင့် ကျောင်းသူ/ သား များကြားတွင် နာမည်ကျော်ကြားလေသည် ။

ဆရာမ ဒေါ်ဂျမ်းပုံ သည် ကျွန်မ ၏ နာမည်အရင်း မဟုတ်သော်လည်း တိုးတိုးနှင့်ကြားနေရသော ကျွန်မ၏ နာမည်ပြောင်ပင်။ စိတ်ဓာတ် စည်းကမ်း ပညာအရာတွင် ထိပ်ဆုံးဖြစ်လိုသော ကျွန်မ အတန်း၏ တိုင်တန်းမှုသည် ခိုးမှု။ ကျွန်မ အတန်းတွင် ဆိုဆုံးမ၍ မရသော ကျောင်းသူ/သားများ လုံးဝ မလိုပါ။ သေချာ ကိုင်တွယ်ဖြေရှင်းရမည် ။

စာအုပ်ပျောက် လာတိုင်သော ကျောင်းသူလေးသည် မျက်ရည် ကျလျက် ပျောက်သွားသော စာအုပ် သည် နိူင်ငံခြားရောက်နေသော အကိုဖြစ်သူက လက်ဆောင်ပေးထားသည့် စာအုပ်ဖြစ်ကြောင်း ငိုရင်းနဲ့ပြောပြ သည် ။သူမ တန်ဖိုးထားရသော စာအုပ်ဖြစ်သည့်အတွက် ပြန်လိုချင်ကြောင်း ထပ်ပြောသည်။ ဒါကြောင့် အကျင့် ပျက်သော စာအုပ် သူခိုးကိုလည်း ကျွန်မ ဒီအတိုင်း လွှတ်မထားနိူင်ပါ။ အကျင့်ပြင်တန်ပြင် မပြင်ပါက အုပ်ထိန်းသူခေါ်ခိုင်းပြီး ကျောင်းအုပ်ရုံးခန်းသို့ ပို့ရမည် ။

တစ်ခန်းလုံး လွယ်အိတ်တွေကို စာရေးခုံပေါ်တွင် တင်ခိုင်းလိုက်လေသည်။ စာအုပ်ပျောက်သော ကျောင်းသူအား တစ်ယောက်ချင်း၏ လွယ်အိတ်တွေကို လိုက်လံ စစ်ဆေးခိုင်းလေသည် ။ကျောင်းသူလေးသည် လွယ်အိတ် တစ်လုံးပြီး တစ်လုံး စစ်ဆေးပြီးနောက် အရှေ့တန်း ၅ ခုံမြောက်တွင် စာအုပ်ပျောက်ရှာဖွေခြင်း ရပ်ဆိုင်းလိုက်သည်။ ပန်းနုရောင် စာအုပ်လေးကို ကိုင်တွယ်ပြီး ထွက်လာသည်။ ကြား ရသည့် ကိုယ့်နားကိုပင် မယုံနိူင်ပါ။ ဒီ စာအုပ်အား ” နှင်းနွယ်အောင် ” လွယ်အိတ်မှ တွေ့ခဲ့သည်လို့ ပြောပါသည် ။

ထိုကျောင်းသူသည် ကျွန်မ အတန်းထဲတွင် အတော်ဆုံး အအေးဆုံး အလိမ္မာဆုံး ကျောင်းသူဖြစ်သည် ။ သူမတွင် မိဘများ မရှိတော့ဟု မိဘမဲ့ မိန်းခလေး သီးသန့်ကျောင်းက ဆရာမကြီးက ကျောင်းလာအပ်ကတည်းက ပြောပြခဲ့သည် ။ထို မိဘမဲ့ကျောင်းက ဆရာမကြီး ကိုယ်တိုင်ကလည်း စည်းကမ်း ထိန်းသိမ်းရေးဝါဒ ကို လက်ကိုင်စွဲထားသူတစ်ဦးပင်။ ဘာအတွက်ကြောင့် ဒီကလေးမ အကျင့်ပျက်ရသည့်ကို မတွေးတတ်ပါ ။

ကျွန်မမေးတိုင်း ” ဒီစာအုပ် သမီးမခိုးပါဘူး ” အကြိမ်ကြိမ် ထွက်ဆိုနေသဖြင့် စိတ်လည်းတိုလာသည်။ ခိုး သည့် အပြင် ဝန်မခံတတ်သော လူမျိုးသည် အကျင့်မကောင်းသော သူများဖြစ်သည်။ ကျွန်မနောက်ဆုံး Warning အနေဖြင့် သူမ အုပ်ထိန်းသူကို ကျောင်းအုပ်ကြီးဆီ ခေါ်လာခိုင်းပါသည် ။

” ဆရာကြီး ။ ကျောင်းသူတစ်ယောက် ကျောင်းပေါ်က ခုန်ချလို့။ အလံတိုင်နားလေးမှာ သွေးတွေလည်း အိုင်လို့ဗျ ”ကျောင်းစောင့်ကြီးရဲ့အသံသည် အစည်းဝေး လုပ်နေသော ခန်းမကြီးကို လွှမ်းသွားသည် ။မနက်ပိုင်းကျောင်းလွတ်ချိန်ပြီး၍ ကျောင်းအုပ်ကြီးက အစည်းဝေးခေါ်တာကြောင့် ဆရာ/မ အားလုံးလည်းစုံနေသော အစည်းဝေးခန်းထဲတွင် အာမေဋိတ်များ သံပြိုင် ကိုယ်စီနှင့် ဝရုန်းသုန်းကား အပြင်ပြေးထွက်တော့သည်။ ကျွန်မလည်း ရင် ထိတ်ထိတ်ပျာပျာဖြင့် ဆရာအုပ်ကြီးကြား တိုးဝှေ့ကြည့်လိုက်သည် ။

သွေးအိုင်ထဲတွင် ကျောင်းဝတ်စုံတို့ အရောင်ပြောင်းကုန်ပြီးဖြစ်သော ကျွန်မ အတန်းထဲကကျောင်းသူလေးသည် သွေးစွန်းနေသော စက္ကူလေးကို လက်ထဲတွင် ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ပြီး သေဆုံးနေသည်ကို တွေ့လိုက်ရတော့ ကျွန်မသွေးများ ပြောင်းပြန်စီးသလို ခံစားရပြီး မိုက်ခနဲဖြစ်သွားသည်။ ကျွန်မယူကြုံးမရဖြစ်ခါ အော်ငိုချမိသည် ။

ကျွန်မ စိုက်ပျိုးခဲ့သော ပန်းလေးတစ်ပွင့် ရုတ်တရက် ကြွေလွှင့်သွားပါလား။ ကျွန်မ ဆိုသော အတ္တ ဒီဆရာမသည် စည်းကမ်းသေသပ်သည် ဟူသော ကျွန်မ သတ်မှတ်ထားသည့်ခေါင်းစဉ်များအောက်တွင် ရိုးသားဖြူ စင်သော ကျောင်းသူလေး တစ်ယောက်၏ ဘဝ တစ်ခု ပျက်သုဉ်းသွားစေခဲ့သည် ။

ကျောင်းသူလေး၏ နောက်ဆုံးစာဟု ထင်ရသော ညာဘက်လက်ထဲက စာရွက် ညစ်ညစ်လေးကို အသာအယာ ယူပြီး ဖြေထုတ် ဖတ်ကြည့်လိုက်သည်။ မျက်ရည်ပေါင်းများစွာက တစိမ့်စိမ့် ယိုစီးလာသည်။ အချိန်မတန်ဘဲ မရင့်ကျက်သေးဘဲ သေဆုံးသွားသော ကျောင်းသူလေး လက်ထဲက စာသည် ကျွန်မအတွက် ယူကြုံးမရသော နှုတ်ဆက်စာဖြစ်လာခဲ့သည် ။

” ဆရာမရှင့် ”

” တပည့်မိုက် တစ်ယောက်ကို ခွင့်မလွှတ်ပါနဲ့ ။ ဆရာမနှင့် ကျောင်းရှိ ဆရာ/ မ များအားလုံးအပေါ် သမီးကံငါးပါးနှင့် ပြစ်မှားမိခဲ့တာရှိသော် သမီးကို အားလုံး ခွင့်လွှတ်ပေးကြပါ။သမီး နောက်ဆုံးအကြိမ်ထိ ရိုးသားခဲ့တာကြောင့် ဒီစာအုပ်လေးကို လုံးဝ မခိုးပါဘူးလို့ ဝန်ခံပါရစေ ။

သမီး ငယ်ငယ် ကတည်းက မိဘ မရှိခဲ့တာကြောင့် ဆရာမက သမီးကို အကျင့်ပျက်သူလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သမီးဟာ မိဘမဲ့ဂေဟာ စရောက်ကတည်းက ဆရာမကြီးရဲ့ လမ်းညွှန်မှုအောက်မှာ နာခံခဲ့ပြီး စာရိတ္တလည်း လုံးဝမဖောက်ပြားခဲ့ပါဘူး။ ကျောင်းတက်နေတဲ့ ကာလ တစ်လျှောက်လုံးလည်း သူများရဲ့ ခဲတံတိုလေး တစ်ချောင်းတောင်မှ မခိုးခဲ့ဖူးပါဘူး ။

ဒီနေ့ ဆရာမ စွပ်စွဲခံရတာ အရမ်း နာကျင် ခံစားရပါတယ်။ ဆရာမ အတန်းထဲက ထွက်သွားတော့ တစ်ခန်းလုံးက သမီးကို ( Stolen student ) လို့ လှောင်ကြတယ်။ သမီး အရမ်းရှက်တာပဲ ဆရာမရယ်။ သမီးလေ ဒီလို စွပ်စွဲရတာလည်း အတိတ်ဘဝက ဝဋ်ကြွေးကြောင့်ထင်ပါတယ် ။

သူတို့ကိုလည်း ပြောပေးပါ သမီးလုံးဝ မခိုးခဲ့ဘူးဆိုတာကို သမီးအသက်နဲ့ရင်းပြီး သက်သေပြခဲ့ပါတယ်လို့။ သမီးရဲ့ မိဘမဲ့ဂေဟာက ဆရာမကြီးကိုလည်းပြောပေးပါ သမီးကြောင့် ဆရာမကြီး ခုလို အရှက်ကွဲ မခံစေ ချင်လို့ စိတ်မပူစေချင်လို့ သမီးရဲ့ကိစ္စကို သမီးရှင်းအောင် လုပ်သွားခဲ့ပါတယ် ။

ဆရာမရဲ့ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းတွေအောက်မှာ အမည်းစက် ထင်ခဲ့တဲ့ သမီးရဲ့ အပြစ် ကိုလည်း ဖျက်ပေး ပါနော်။ သမီးရဲ့ ဖြူစင်ရိုးသားမှုကို နောက်ဆုံး အနေနဲ့ သက်သေပြလိုက်ပါတယ်။ သမီး ဒီလို မလုပ် သင့်ပေမယ့် ကြံမိ ကြံရာ လုပ်ခဲ့လို့ ဒီစာကို ဖတ်နေတဲ့ ဆရာမကိုလည်း ခွင့်လွှတ်ပါလို့ သမီးမတောင်းဆိုတော့ပါဘူး ။

သမီးလေ အရမ်းကြောက်တယ် ဆရာမရယ်။ ဒီစာကိုရေးနေတဲ့အချိန်မှာရော ခုန်ချတော့မယ့် အချိန်မှာရော သမီး ကို တားမယ့်သူ သမီးနားမှာ တစ်ယောက်မှ မရှိကြဘူး။ သမီး မသေချင်သေးဘူး ဆရာမရယ် … ”

တပည့်မိုက် (နှင်းနွယ်အောင်)

စာဖတ်ပြီး ကျမရဲ့ နှလုံးအိမ်တို့ အရည်ပျော်ကုန်ခဲ့ရသည်။ နှလုံးသား မရှိသော ကျမ စည်းကမ်းကို ရှေ့တန်းတင်ခဲ့သော ကျမ ဂုဏ်ပုဒ် သိက္ခာတွေ ရစေဖို့အတွက် ပြဿနာဖြေရှင်းမှု ညံ့ဖျင်းခဲ့သော ကျမ စာလေး တစ်စောင်ကြောင့် နှလုံးသားကွဲကြေရပါပြီ ။

ဖြူစင်ရိုးသားသော ကလေးကိုမှ သူခိုးဖြစ်စေခဲ့သည်။ ဒဏ်ရာများနဲ့ အတောင်ကျိုးနေသော ငှက်ကလေးကိုမှ ရိုက်သတ်မိခဲ့သည်။ ကျွန်မအား ဆရာမလို့ခေါ်ထိုက်စရာ တစ်ကွက်မှ မရှိတော့ပါ။

သွေးစွန်းနေသော စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ထားနေစဉ် ကျွန်မဘေးနားကို တိုးတိုးလေးကပ် လာပြောသယောင် ” သမီးကို ခွင့်မလွှတ်ပါနဲ့ သမီးမသေချင်သေးဘူး ဆရာမရယ် ” ဟူသော အသံတွေက ဆူညံပွတ်လောက်ရိုက်နေပြီး ကျောင်းသူလေးကို မျက်လုံးထဲ မြင်ယောင်ကာ ကတ္တရားလမ်းပေါ်တွင် ကျွန်မလဲကျသွားလေသည်။

” ဆရာမ သမီးမသေချင်သေးဘူး ဆရာမရယ် ။ သမီးစာအုပ်ကို လုံးဝ မခိုးပါဘူး ။ သမီးကြောက်တယ်။ သမီးဘယ်နေရာရောက်နေမှန်းမသိဘူး မှောင်မဲနေတာဘဲ။ ”” သမီးရေ ဆရာမကို ခွင့်မလွှတ်ပါနဲ့ကွယ်။ ဆရာမ စည်းကမ်းချက်တွေကို ရှေ့တန်း တင်ခဲ့မိတဲ့ အမှားကြောင့် သမီးကို ဘဝခြားသွားစေခဲ့ပြီ။ ဆရာမ မှားပါပြီကွယ် ။ နောက်ဘဝဆိုတာ ရှိခဲ့ရင် ဆရာမဆီပြန်လာခဲ့ပါ သမီးကျေနပ်လောက်တဲ့အထိ ဒူးထောက်ပြီး တောင်းပန်ပါ့မယ်။”

” ဆရာမ -သမီးကို ကတိတစ်ခု ပေးပါ ။ ဆရာမ စာဆက်သင်ပါအုံးမယ်လို့ ။ ပန်းကလေးတွေကို သမီးလို အလေအလွှင့်မရှိပဲ ပြုစုပျိုးထောင်ပါ့မယ်လို့ ကတိပေးပါ။ ဆရာမ ကတိပေးရင် သမီးလွတ်လွတ်လပ်လပ်နဲ့ ခရီးဆက်တော့မယ်။ ဆရာမ သမီးကို ကတိပေးမယ်မလား ”” ပေးပါတယ် သမီးရယ် ”

“သမီးသွားတော့မယ် နှုတ်ဆက်ခဲ့ပါတယ် ဆရာမရယ် ”” သမီး… သမီး … သမီးလေး ”ကျွန်မအော်ရင်း လန့်နိူးလာခဲ့သည်။ အိမ်မက်ထဲတွင် သေသွားသောကျောင်းသူလေးသည် ကျောင်းဝတ်စုံလေးနှင့်နောက်ဆုံး အချိန်ထိ ကျွန်မ ကို ခွန်အား သတ္တိတွေ လာပေးသွားသည် ။

မောဟိုက်စွာ တစ်ဒိတ်ဒိတ် ခုန်နေသော နှလုံးတို့သည် အမေပေးသော ရေတစ်ခွက်ကို သောက်ပြီး ခဏငြိမ်နေတော့သည်။ အခုတော့ ဘဝသစ်ကို ပြန်စမည် ခြေလှမ်းသစ်တိုင်းတွင် လက်ထဲက သွေးစွန်းနေတဲ့စာရွက်လေးက အားအင် ပြုပေးနေတော့သည် ။

” ဒို့ကျောင်း ”

ပန်းကလေးများ ပွင့်တော့မည်

ဖူးတံဝင့်လို့ချီ

နေခြည်မှာ ရွှေရည်လောင်း

ငါတို့ စာသင်ကျောင်း ”

ကလေးများ သံပြိုင်ရွတ်ဆိုသော ကဗျာလေးသည် နံနက်ခင်းတွင် ပီပြင်စွာတေးဆိုနေသော ငှက်ကလေးများနှယ်။ ကျွန်မ ပြုံးပျော်နေသည် ။ ရွာတစ်ရွာ၏ မူလတန်းစာသင်တန်းကျောင်းတွင် ပြောင်းရွေ့ တာဝန်ချခံရသော်လည်း ကျွန်မ ထူးပြီး စောဒက တတ်မနေတော့ပါ။

အခုဆို ကျွန်မဘောင်မခေတ်ပဲ ပန်းကလေးတွေ ပျိုးတတ်လာပြီ။ ကလေးတွေရဲ့ အပြုံးကို စားသုံးရင်း တစ်နှစ်ပြီး တစ်နှစ်ကျော်လွန် လာခဲ့သည်မှာ သုံးနှစ်တိုင်ပြည့်တော့မည်။ စိတ်တွေလည်း အတော်ပင်တည်ငြိမ်ခဲ့သည်။သုံးနှစ်ကြာခဲ့ပြီ ဆိုသော်လည်း အတိတ်က ကြွေလွှင့်ခဲ့သော ပန်းလေးအကြောင်းတွေးမိတိုင်း တစ်ဖန်ပူနွေးလာစမြဲ ။

ကျောင်းမပြောင်းရွေ့ရခင် နောက်ဆုံးသင်ခဲ့ရသည့်နေ့တွင် စာအုပ်ပျောက်လာတိုင်သော ကျောင်းသူလေးက သူ့အပြစ်ကို လာဝန်ခံခဲ့သည်။ သူမရဲ့ မနာလိုစိတ်ကြောင့် သေခဲ့ရသည်ဟု ရှိုက်ငိုရင်း ပြောရှာပါသည်။အတန်းထဲတွင် လတိုင်း အဆင့် ၁ ရသော နှင်းနွယ်အောင် ကိုကြည့်မရလို့ မုန့်စားဆင်းချိန်တွင် နှင်းနွယ်အောင် လွယ်အိတ်ထဲတွင် သူမကိုယ်တိုင် သွာထည့်ထားပြီး လုပ်ကြံခဲ့တာဟု ဝန်ခံခဲ့သည်။

ထောင်းထာင်း ကြေနေသောစိတ်နှင့်သာ အပြစ်လုပ်သော ကလေးမကို ကျောင်းစည်းမျဉ်း အရ ကျောင်းထုတ် လိုက်ပါသည်။ ကျွန်မလည်း ထိုကျောင်းနှင့်ဝေးရာကို ဇာတ်မြှုပ်နေထိုင်ခဲ့ပါသည်။ အခုဆို ကျွန်မပျိုးထားသော ပန်းပွင့်ငုံလေးများ လန်းဆန်းလျှက် ရှင်သန်နေပါတယ်။ ကျွန်မ ရဲ ့အတွေးတွေ ဖြန့်ကျက်နေစဉ်တွင်…

” ဆရာမ ”

” သားကို ဘုန်းဘုန်းပေးထားတဲ့ စာအုပ် သာဂိ ခိုးထားတယ်။ ”ကျွန်မ အာရုံတွေ စုစည်းလိုက်သည်။ ကျွန်မ ဒီတစ်ခါ ကိုင်တွယ်မှု မမှားချင်တော့ပါ။ လွန်ခဲ့သော နှစ်နှစ်ကျော်လောက်က သေဆုံးသွားသောကျောင်းသူလေးအား ဖျတ်ခနဲ သတိရလိုက်သည်။

ဒိုင်ယာရီ စာအုပ်ကြားက သွေးစွန်းနေသော စာရွက်လေးကို ဖွင့်ကြည့်ရင်း..။
ပျူမခ (ကော့သောင်း)

No comments:

Post a Comment