Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 26, 2019

သမီးလှကျေးရွာမှ ဒဏ်ရာရ ကလေးငယ်ကို ရသေ့တောင်မှ စစ်တွေဆေးရုံသို့ ယူဆောင်



နိရဉ္စရာ၊ ဇန်န၀ါရီ ၂၆

ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာမှ ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည့် ဦးကျော်ကျော်နိုင်၏သား မောင်နိုင်စိုး (၇) နှစ်ကို ရသေ့တောင်မြို့နယ် ဆေးရုံမှ စစ်တွေဆေးရုံကြီးသို့ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်က ယူဆောင်သွားခဲ့ပြီဟု သိရသည်။

၎င်းကလေးငယ် ရရှိသည့် ဒဏ်ရာမှာ စိတ်မချရသဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခြင်း ဖြစ်သည်ဟု ရသေ့တောင်မြို့နယ် CSO ပေါင်းစုံ စစ်ဘေးရှောင် ကူညီရေး အသင်း ဥက္ကဋ္ဌ ဦးကျော်သာခင်က ပြောသည်။

သူက “ ဒီကနေ့ ညနေ ၅ နာရီ ၁၅ မိနစ်မှာ ဆေးရုံက လူနာတင်ကားနဲ့ စစ်တွေကို ယူဆောင်သွားပါတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ငွေသုံးသောင်း ကူညီလိုက်ပါတယ်” ဟု ပြောကြားသည်။

ဒဏ်ရာရရှိခဲ့သူ မောင်နိုင်စိုးသည် ယနေ့ နံနက် ၉ နာရီကျော်ခန့်က မိခင်ဖြစ်သူ၏ ထမင်းချက်ရာတွင် တစ်ခြား ညီအစ်ကို မောင်နှမ ၂ ဦးနှင့် အတူရှိနေစဉ် ဦးခေါင်း နားထင်ကို သေနတ်ကျည်ဆံ ရှပ်ထိမှန်ခဲ့သည်ဟု သူ၏ ဖခင်က ပြောကြားသည်။

တိုက်ပွဲမှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ယနေ့ နံနက် ၉ နာရီအချိန်ခန့်က သမီးလှ ကျေးရွာ အနောက်ဘက် တံတားအနီးတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206

No comments:

Post a Comment