Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 9, 2019

ျပည္ႀကီးငါး၊ ေရဘဝဲ၊ ကင္းမြန္တုိ႔ကို မသဲကြဲတဲ့ လူေတြအတြက္


 ျပည္ႀကီးငါး၊ ေရဘဝဲ၊ ကင္းမြန္တုိ႔ကို မသဲကြဲတဲ့ လူေတြအတြက္

စားေသာက္ဆုိင္ေတြ ေပါမ်ားလာတဲ့ ယေန႔ေခတ္မွာ ပင္လယ္စာကုိ စားသံုးတဲ့သူေတြလည္း မ်ားျပား လာပါတယ္။ ပင္လယ္နဲ႔ နီးစပ္တဲ့ ေဒသမွာ ေနထုိင္တဲ့သူေတြကေတာ့ ျပည္ႀကီးငါး၊ ေရဘဝဲ၊ ကင္းမြန္တို႔ကုိ ေကာင္းေကာင္းမြန္မြန္ ခြဲျခား တတ္ေပမယ့္ ကုန္းတြင္းပိုင္းေဒသက လူေတြအတြက္ကေတာ့ ရုတ္တရက္ဆုိ ခြဲျခားရ နည္းနည္း ခက္ပါလိမ့္မယ္။ အဲဒါေၾကာင့္ ျပည္ႀကီးငါး၊ ေရဘဝဲနဲ႔ ကင္းမြန္တုိ႔ရဲ႕ ေစ်းမွာေရာင္းတဲ့ ေစ်းႏႈန္းေတြနဲ႔ အတူ ပံုကုိပါ တပါထဲ ေဖာ္ျပ လုိက္ပါတယ္ ခင္ဗ်ာ။

ျပည္ႀကီးငါး


အသားက ႏူးညံ့ၿပီး ရန္ကုန္မွာ ေစ်းတိုင္းမွာ မရဘူး။ သံေစ်းမွာေတာ့ ေပါတယ္။ လတ္တေလာ ေပါက္ေစ်းအရ အေကာင္ အႀကီးအေသးအလိုက္ တစ္ပိႆာ ၁၂၀၀၀ ကေန ၁၈၀၀၀ ထိ ရွိတယ္။ ပိစိေလးေတြကေတာ့ ေပါပါတယ္။

အေကာင္ႀကီးေလ အသားထူေလ ပါးပါးလွီးၿပီး သုပ္စားလို႔ကေတာ့ ရွယ္ပဲ။ MSK မွာ ပင္လယ္စာထမင္းေၾကာ္၊ ပင္လယ္စာဟင္းကအစ ျပည္ႀကီးငါးပဲ သံုးေပးတယ္။ သန္လ်င္ေစ်းထဲမွာေတာ့ အလတ္ဆိုဒ္ေလာက္ေတာင္ ၂၀၀၀၀ ေစ်းေလာက္ ေရာင္းၾကတယ္။

ေရဘဝဲ

hwya ကေတာ့ ေရဘဝဲ အႀကိဳက္ဆံုးပဲ။ ျပည္ႀကီးငါး ကင္းမြန္တို႔လို ကိုက္ရင္ ထုတ္ကနဲ မျပတ္သြားပဲ နည္းနည္း ပ်င္းတြဲတြဲ နဲ႔ ဝါးရတာ ႀကိဳက္တဲ့သူေတြအတြက္ အဆင္ေျပတယ္။ ေစ်းလဲ သက္သာတယ္။ တစ္ပိႆာ ၉၀၀၀ ကေန ၁၀၀၀၀ ဝန္းက်င္မွာပဲ ရွိတယ္။

ကင္းမြန္


ကင္းမြန္နဲ႔ ျပည္ႀကီးငါးကို ေတာ္ေတာ္ႀကီး မကြဲၾကဘူး။ MSK မွာက ျပည္ႀကီးငါးပဲေရာင္းေတာ့ အဲ့ ကင္းမြန္ ျပည္ႀကီးငါး ျပသနာ အၿမဲရွင္းရတယ္။ ျပည္ႀကီးငါးခြက္ႀကီး ကိုင္ၿပီး ဒီကင္းမြန္ေတြ ေစ်းထဲ ဒီေလာက္ေပါတာ ဆိုၿပီး ရန္ေတြ႕တာလဲ ၾကံဳဖူးပါတယ္။ ကင္းမြန္က ၫွီတယ္။ အေကာင္ ေတာ္ေတာ္ႀကီးထိ အသားက အရမ္းႀကီး မထူဘူး။ ကင္းမြန္က ေစ်းေပါ တယ္။ တစ္ပိႆာ သံုးေလးေထာင္ပဲ ရွိတယ္။ ဆိုဒ္အရမ္းႀကီးမွ ေစ်းနည္းနည္းေကာင္းယံုပဲ။ အေသးေလးေတြမ်ားဆို တခါတေလ ၃၀ သား ေလာက္ပါတဲ့ တစ္ဘန္းလံုးမွ တစ္ဘန္း ၅၀၀ ဆိုၿပီး ေရာင္းၾကတယ္။

ျပည္ႀကီးငါးသည္ ျပည္ႀကီးငါး ျဖစ္ၿပီး ကင္းမြန္သည္ ကင္းမြန္ျဖစ္ပါသည္။ သို႔ပါေသာေၾကာင့္ ျပည္ႀကီးငါးကို ကင္းမြန္ ေစ်းႏွင့္ မေရာင္းႏိုင္ပါ။ ျပည္ႀကီးငါးႏွင့္ ကင္းမြန္ သဲကြဲႏိုင္ၾကပါေစ

ထပ္ျဖည့္ – (၀၉.၀၁.၂၀၁၉)

ဒီရက္ထဲမွာ ပင္လယ္စာေတြ ပိုးစိုးပက္စက္ ေစ်းတက္ပါတယ္။ ကင္းမြန္ေတာင္ ရွစ္ေထာင္ တစ္ေသာင္းေတြ ျဖစ္ေနၿပီ။ ဒီသံုးမ်ိဳးလံုးကို သံေစ်းမွာ အလြယ္တကူရႏိုင္ပါတယ္ အေနာက္လမ္းၾကားထဲက ဆိုင္ေတြမွာ မဝယ္ပါနဲ႔။ ရႊံ႕ေပခံၿပီး Basement ထဲထိ ဆင္းဝယ္ပါ။ ေစ်းေတာ္ေတာ္ကြာပါတယ္။

Hlwan Wint Yee Aung

Unicode Version

ပြည်ကြီးငါး၊ ရေဘဝဲ၊ ကင်းမွန်တို့ကို မသဲကွဲတဲ့ လူတွေအတွက်

စားသောက်ဆိုင်တွေ ပေါများလာတဲ့ ယနေ့ခေတ်မှာ ပင်လယ်စာကို စားသုံးတဲ့သူတွေလည်း များပြား လာပါတယ်။ ပင်လယ်နဲ့ နီးစပ်တဲ့ ဒေသမှာ နေထိုင်တဲ့သူတွေကတော့ ပြည်ကြီးငါး၊ ရေဘဝဲ၊ ကင်းမွန်တို့ကို ကောင်းကောင်းမွန်မွန် ခွဲခြား တတ်ပေမယ့် ကုန်းတွင်းပိုင်းဒေသက လူတွေအတွက်ကတော့ ရုတ်တရက်ဆို ခွဲခြားရ နည်းနည်း ခက်ပါလိမ့်မယ်။ အဲဒါကြောင့် ပြည်ကြီးငါး၊ ရေဘဝဲနဲ့ ကင်းမွန်တို့ရဲ့ ဈေးမှာရောင်းတဲ့ ဈေးနှုန်းတွေနဲ့ အတူ ပုံကိုပါ တပါထဲ ဖော်ပြ လိုက်ပါတယ် ခင်ဗျာ။

ပြည်ကြီးငါး

အသားက နူးညံ့ပြီး ရန်ကုန်မှာ ဈေးတိုင်းမှာ မရဘူး။ သံဈေးမှာတော့ ပေါတယ်။ လတ်တလော ပေါက်ဈေးအရ အကောင် အကြီးအသေးအလိုက် တစ်ပိဿာ ၁၂၀၀၀ ကနေ ၁၈၀၀၀ ထိ ရှိတယ်။ ပိစိလေးတွေကတော့ ပေါပါတယ်။

အကောင်ကြီးလေ အသားထူလေ ပါးပါးလှီးပြီး သုပ်စားလို့ကတော့ ရှယ်ပဲ။ MSK မှာ ပင်လယ်စာထမင်းကြော်၊ ပင်လယ်စာဟင်းကအစ ပြည်ကြီးငါးပဲ သုံးပေးတယ်။ သန်လျင်ဈေးထဲမှာတော့ အလတ်ဆိုဒ်လောက်တောင် ၂၀၀၀၀ ဈေးလောက် ရောင်းကြတယ်။

ရေဘဝဲ

hwya ကတော့ ရေဘဝဲ အကြိုက်ဆုံးပဲ။ ပြည်ကြီးငါး ကင်းမွန်တို့လို ကိုက်ရင် ထုတ်ကနဲ မပြတ်သွားပဲ နည်းနည်း ပျင်းတွဲတွဲ နဲ့ ဝါးရတာ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေတယ်။ ဈေးလဲ သက်သာတယ်။ တစ်ပိဿာ ၉၀၀၀ ကနေ ၁၀၀၀၀ ဝန်းကျင်မှာပဲ ရှိတယ်။

ကင်းမွန်

ကင်းမွန်နဲ့ ပြည်ကြီးငါးကို တော်တော်ကြီး မကွဲကြဘူး။ MSK မှာက ပြည်ကြီးငါးပဲရောင်းတော့ အဲ့ ကင်းမွန် ပြည်ကြီးငါး ပြသနာ အမြဲရှင်းရတယ်။ ပြည်ကြီးငါးခွက်ကြီး ကိုင်ပြီး ဒီကင်းမွန်တွေ ဈေးထဲ ဒီလောက်ပေါတာ ဆိုပြီး ရန်တွေ့တာလဲ ကြုံဖူးပါတယ်။ ကင်းမွန်က ညှီတယ်။ အကောင် တော်တော်ကြီးထိ အသားက အရမ်းကြီး မထူဘူး။ ကင်းမွန်က ဈေးပေါ တယ်။ တစ်ပိဿာ သုံးလေးထောင်ပဲ ရှိတယ်။ ဆိုဒ်အရမ်းကြီးမှ ဈေးနည်းနည်းကောင်းယုံပဲ။ အသေးလေးတွေများဆို တခါတလေ ၃၀ သား လောက်ပါတဲ့ တစ်ဘန်းလုံးမှ တစ်ဘန်း ၅၀၀ ဆိုပြီး ရောင်းကြတယ်။

ပြည်ကြီးငါးသည် ပြည်ကြီးငါး ဖြစ်ပြီး ကင်းမွန်သည် ကင်းမွန်ဖြစ်ပါသည်။ သို့ပါသောကြောင့် ပြည်ကြီးငါးကို ကင်းမွန် ဈေးနှင့် မရောင်းနိုင်ပါ။ ပြည်ကြီးငါးနှင့် ကင်းမွန် သဲကွဲနိုင်ကြပါစေ

ထပ်ဖြည့် – (၀၉.၀၁.၂၀၁၉)

ဒီရက်ထဲမှာ ပင်လယ်စာတွေ ပိုးစိုးပက်စက် ဈေးတက်ပါတယ်။ ကင်းမွန်တောင် ရှစ်ထောင် တစ်သောင်းတွေ ဖြစ်နေပြီ။ ဒီသုံးမျိုးလုံးကို သံဈေးမှာ အလွယ်တကူရနိုင်ပါတယ် အနောက်လမ်းကြားထဲက ဆိုင်တွေမှာ မဝယ်ပါနဲ့။ ရွှံ့ပေခံပြီး Basement ထဲထိ ဆင်းဝယ်ပါ။ ဈေးတော်တော်ကွာပါတယ်။

Hlwan Wint Yee

No comments:

Post a Comment