Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 11, 2019

အသက္၆၈ႏွစ္နဲ႔၆၂အရႊယ္ လႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦး၏မဂၤလာေဆာင္သတင္း


ပဲခူးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦးျဖစ္ေသာ ဦးဆန္းျမင့္(ခ)စန္းျမင့္ႏွင့္ ေဒၚမူမူခင္တို႔သည္ ပဲခူးၿမိဳ႕တရားရံုး၌ ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထိုး၍ ထိမ္းျမားလက္ထပ္ျခင္းကို ယေန႔ဇန္နဝါရီ ၁၀ ရက္ေန႔တြင္ ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးဆန္းျမင့္(ခ)စန္းျမင့္မွာ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ အမွတ္(၂)လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္ကာ အသက္ ၆၈ ႏွစ္ရွိၿပီျဖစ္ၿပီး ေဒၚမူမူခင္မွာ သာယာဝတီၿမိဳ႕ နယ္ အမွတ္(၁)လႊတ္ေတာ္ကိုယ္စားျဖစ္၍ အသက္ ၆၂ ႏွစ္ရွိၿပီ ျဖစ္ေၾကာင္း သိရသည္။

အထက္ပါကိုယ္စားလွယ္ႏွစ္ဦး၏ မဂၤလာဦးညစာစားပြဲကို တိုင္းေဒသႀကီးလႊတ္ေတာ္အေဆာက္အအုံေရွ႕ရွိ စားေသာက္ဆိုင္၌ ယေန႔ညျပဳလုပ္သြားမည္လည္း ျဖစ္သည္။

Bago Weekly Journal

UNICODE

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သော ဦးဆန်းမြင့်(ခ)စန်းမြင့်နှင့် ဒေါ်မူမူခင်တို့သည် ပဲခူးမြို့တရားရုံး၌ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး၍ ထိမ်းမြားလက်ထပ်ခြင်းကို ယနေ့ဇန်နဝါရီ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဆန်းမြင့်(ခ)စန်းမြင့်မှာ ကြို့ပင်ကောက်မြို့နယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး ဒေါ်မူမူခင်မှာ သာယာဝတီမြို့ နယ် အမှတ်(၁)လွှတ်တော်ကိုယ်စားဖြစ်၍ အသက် ၆၂ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

အထက်ပါကိုယ်စားလှယ်နှစ်ဦး၏ မင်္ဂလာဦးညစာစားပွဲကို တိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံရှေ့ရှိ စားသောက်ဆိုင်၌ ယနေ့ညပြုလုပ်သွားမည်လည်း ဖြစ်သည်။

No comments:

Post a Comment