Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 6, 2019

၁၆ရက္ႀကာ ေပ်ာက္ဆုံးေနသည့္ ကေလးငယ္ကုိ ေခါင္းျပတ္လွ်က္ ျပန္ေတြ႔


ရပ္ေစာက္၊ဇန္နဝါရီ ၆
ရွမ္းျပည္နယ္(ေတာင္ပုိင္း) ရပ္ေစာက္ၿမိဳ႕နယ္ ယမ္းတြင္းငါးေၾကာင္ေက်းရြာအုပ္စု ေျမမဲေက်းရြာရွိ ေနအိမ္ေျပာင္းခင္းအနီး ဒီဇင္ဘာ ၂၂ရက္က ေပ်ာက္ဆုံးသြားသည့္ အသက္ ႏွစ္ႏွစ္ ႏွစ္လ အရြယ္ ေယာက်ၤားေလးကုိ ယေန႔ ညေနပုိင္းတြင္ ဦးေခါင္းျပတ္လွ်က္ ျပန္လည္ေတြ႔ရွိခဲ့ေႀကာင္း ရပ္ေစာက္ျမိဳ႕နယ္ အမွတ္၁ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးခုိင္ညီညီေက်ာ္ထံမွ သိရသည္။

” ျဖစ္စဥ္က ၂၂ရက္ေန႔ မြန္းလြဲ ၂နာရီမွာ မိဘမ်ားျဖစ္တဲ့ ကိုစံခမ္း မခမ္းဆင္ တို႔ဟာ သူတို႔ရဲ႕ ေတာင္ယာ ထဲမွာေဆာက္ထားတဲ့ ေျခတံ႐ွည္တဲအနီးမွာ သား၂ေယာက္ကို ထားခဲ့ၿပီး ေျပာင္းခ်ိဳးေနခဲ့ၾကပါတယ္။ အႀကီး ေလးက ၆ႏွစ္ အငယ္ေလးက ႏွစ္ႏွစ္ႏွစ္လသာ ႐ွိပါေသးတယ္။ သူတို႔ေျပာင္းခ်ိဳးအလုပ္လုပ္ရင္း သားႏွစ္ေယာက္ေဆာ့ကစားေနတဲ့ အသံကို မြန္းလြဲ၂နာရီေက်ာ္အထိၾကားေနရပါတယ္။ ၃နာရီေက်ာ္ေလာက္ ေျပာင္းသိမ္းၿပီးယာတဲအနားျပန္လာခ်ိန္မွာေတာ့ သားအႀကီးက တဲအေပၚထပ္မွာအိပ္ေပ်ာ္ေနၿပီး သားအငယ္က ေပ်ာက္ေနပါတယ္။

သူတုိ႔ရဲ႕ ယာခင္းက ဟိုပံုးၿမိဳ႕နယ္ထဲမွာ႐ွိတဲ့အတြက္
ေတာင္ႀကီးခ႐ိုင္ရဲတပ္ဖြဲ႔ ၊ရပ္ေစာက္၊ ဟိုပံုး ရဲတပ္ဖြဲ႔တို႔ ရြာသူရြာသားေတြနဲ႕ပူးေပါင္း႐ွာေဖြခဲ့တာျဖစ္ပါတယ္။
ေပ်ာက္သြားတဲ့ ေနရာနဲ႕ ၃ဖာလုံ အကြာမွာအခုလုိ ျပန္ ေတြ႔တာပါ။ အသက္႐ွင္လွ်က္ ျပန္မေတြ႔ရတဲ့ ကေလးေလးအတြက္ ဘယ္လိုမွစိတ္မေကာင္းပါဘူး။ အမႈမွန္ေပၚေပါက္ေရးအတြက္ႀကိဳးစားၿပီးအစြမ္းကုန္ ေဆာင္ရြက္သြားပါ့မယ္။”ဟု ၄င္းကေျပာသည္။

The Speaker
Photo – Khaing Nyi Nyi Kyaw FB

Unicode Version

၁၆ရက်ကြာ ပျောက်ဆုံးနေသည့် ကလေးငယ်ကို
ခေါင်းပြတ်လျှက် ပြန်တွေ့

ရပ်စောက်၊ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု မြေမဲကျေးရွာရှိ နေအိမ်ပြောင်းခင်းအနီး ဒီဇင်ဘာ ၂၂ရက်က ပျောက်ဆုံးသွားသည့် အသက် နှစ်နှစ် နှစ်လ အရွယ် ယောကျၤားလေးကို ယနေ့ ညနေပိုင်းတွင် ဦးခေါင်းပြတ်လျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရပ်စောက်မြို့နယ် အမှတ်၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်ထံမှ သိရသည်။

” ဖြစ်စဉ်က ၂၂ရက်နေ့ မွန်းလွဲ ၂နာရီမှာ မိဘများဖြစ်တဲ့ ကိုစံခမ်း မခမ်းဆင် တို့ဟာ သူတို့ရဲ့ တောင်ယာ ထဲမှာဆောက်ထားတဲ့ ခြေတံရှည်တဲအနီးမှာ သား၂ယောက်ကို ထားခဲ့ပြီး ပြောင်းချိုးနေခဲ့ကြပါတယ်။ အကြီး လေးက ၆နှစ် အငယ်လေးက နှစ်နှစ်နှစ်လသာ ရှိပါသေးတယ်။ သူတို့ပြောင်းချိုးအလုပ်လုပ်ရင်း သားနှစ်ယောက်ဆော့ကစားနေတဲ့ အသံကို မွန်းလွဲ၂နာရီကျော်အထိကြားနေရပါတယ်။ ၃နာရီကျော်လောက် ပြောင်းသိမ်းပြီးယာတဲအနားပြန်လာချိန်မှာတော့ သားအကြီးက တဲအပေါ်ထပ်မှာအိပ်ပျော်နေပြီး သားအငယ်က ပျောက်နေပါတယ်။

သူတို့ရဲ့ ယာခင်းက ဟိုပုံးမြို့နယ်ထဲမှာရှိတဲ့အတွက်
တောင်ကြီးခရိုင်ရဲတပ်ဖွဲ့ ၊ရပ်စောက်၊ ဟိုပုံး ရဲတပ်ဖွဲ့တို့ ရွာသူရွာသားတွေနဲ့ပူးပေါင်းရှာဖွေခဲ့တာဖြစ်ပါတယ်။
ပျောက်သွားတဲ့ နေရာနဲ့ ၃ဖာလုံ အကွာမှာအခုလို ပြန် တွေ့တာပါ။ အသက်ရှင်လျှက် ပြန်မတွေ့ရတဲ့ ကလေးလေးအတွက် ဘယ်လိုမှစိတ်မကောင်းပါဘူး။ အမှုမှန်ပေါ်ပေါက်ရေးအတွက်ကြိုးစားပြီးအစွမ်းကုန် ဆောင်ရွက်သွားပါ့မယ်။”ဟု ၎င်းကပြောသည်။

The Speaker
Photo – Khaing Nyi Nyi Kyaw FB

No comments:

Post a Comment