Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 17, 2019

ရသေ့တောင်မြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၃၀ ဦး နုတ်ထွက်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ၃၀ ဦးတို့က တာဝန်မှနုတ်ထွက်ရန် ဇန်နဝါရီ ၁၅ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားတင်ပြထားကြောင်း သိရသည်။ နုတ်ထွက်စာတင်ရန် သွားရောက်သည့် အုပ်ချုပ်ရေးမှူးများမှာ ကျောက်တန်းနယ်မြေမှ ၁၈ ဦးနှင့် မြို့မနယ် မြေမှ ၁၂ ဦးတို့ဖြစ်ကာ လက်ရှိဖြစ်ပွားနေ သည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ကို ဖမ်းဆီးတရားစွဲဆို ခြင်းများရှိခြင်း၊ တစ်ဖက်မှခေါ်ယူကာ စစ်ဆေး မေးမြန်းခြင်း၊ လမ်းခရီးများ၌ လမ်းပြခေါ် ယူခြင်းများရှိနေသည့်အတွက် အသက် အန္တရာယ်စိုးရိမ်လာရ၍ နုတ်ထွက်ရခြင်းဖြစ် ကြောင်း အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောဆိုသည်။

"မနေ့ကတင်တယ်။ မြို့နယ်အုပ်ချုပ်ရေး မှူးက နေဦး၊ အထက်ကို တင်ပြပေးမယ်လို့ပြော တယ်။ ဘယ်သူမှ ကျွန်တော်တို့ကို တာဝန်ယူမှု မရှိဘူး။ တပ်ကခေါ်တယ်၊ အမျိုးမျိုး သတင်း တွေမေးတယ်၊ သူတို့နဲ့ ရောအိပ်ခိုင်းတယ်၊ သွားတဲ့လမ်းတွေမှာ လမ်းပြအဖြစ်ခေါ်တယ်။ ဒါတွေဟာ ကျွန်တော်တို့အတွက် အသက် အန္တရာယ်စိုးရိမ်ရတဲ့အတွက် မလုပ်တော့ဘူး ဆိုပြီး ထွက်ဖို့ပြောတော့ မြို့နယ်အုပ်ချုပ်ရေး မှူးက မထွက်နဲ့ဦး၊ အထက်ကိုတင်ပြပေးမယ် ဆိုပြီး ပြောတယ်" ဟု ၎င်းကပြောဆိုသည်။

နုတ်ထွက်စာတင်ရန် အကြောင်းကြားထား သော ကျေးရွာအုပ်ချုပ်ရေးမှူး ၃၀ မှာ ရသေ့ တောင်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာ နှင့် နီးစပ်ကြောင်းလည်း သိရသည်။

နုတ်ထွက်ကြ

၎င်းတို့ နုတ်ထွက်စာတင်သည့်ကိစ္စနှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က "ဘာကြောင့်လဲဆိုရင် သူတို့ အခက်အခဲကြောင့် လည်းဖြစ်နိုင်တယ်။ စစ်တပ်ကလာရင်လည်း မေးတယ်၊ မြန်းတယ်၊ ဆဲတယ်၊ ဆိုတယ်။ တစ်ဖက်ကနေပြီးတော့ AA တွေရောက်လား၊ ရောက်တာကို မင်းတို့မသိဘူးလား။ အဲဒီလို မျိုးတွေက သူတို့ ဘေးကျပ်နံကျပ်ဖြစ်တာပေါ့။ ရေကြောင်းချောင်းက အုပ်ချုပ်ရေးမှူးဆိုရင် ဖြစ်တဲ့နေ့ကလည်း ရသေ့တောင်မြို့ထက်မှာ အုပ်ချုပ်ရေးမှူးဆီလာနေတာ။ မြို့နယ်အုပ်ချုပ် ရေးမှူးက ခင်ဗျားဘာမှမဖြစ်ဘူး၊ ကျွန်တော် အာမခံတယ်၊ ပြန်သွားဆိုပြီးတော့ ပြန်သွားတဲ့ နေ့မှာ အဖမ်းခံရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က အခက်အခဲကို ဖြေရှင်းမပေးဘူး ပေါ့။ အဲဒီလိုဆိုရင် ဘာလုပ်တော့မှာလဲ၊ နှစ်ဖက်ညပ်တယ်ဆိုပြီးတော့ နုတ်ထွက်ကြ တာဖြစ်မယ်"ဟု ပြောဆိုသည်။

Myanmar Time

No comments:

Post a Comment