Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 22, 2019

အဆိပ္ပင္ေလာ ေဆးပင္ေလာ ( ကိုယ္ရံႀကီးဂမုန္​းပင္​)


ကထိန္တခုသြားရင္းေတြ႕ခဲ့ရေသာ ကုိယ္ရံႀကီးပင္ အပြင္႔​ကုိ ဓာတ္ပုံ႐ုိက္မိတယ္​၊ စိတ္​ဝင္​စားလုိ႔ ဒီအပင္ အေၾကာင္းကုိ online မွာ ႐ွာၾကည့္မိတယ္၊ တုိင္းရင္းေဆး သမားေတာ္ႀကီး ၾကည္လြင္ျမင့္ ( မုျဒာ ) (သမီးငယ္ ခတၱာျဖဴ -ရုိးရာေဆးပညာ ၏ ဆရာ အရင္းလည္းျဖစ္ပါတယ္) သူ ေရးသား ျပဳစုထားေသာ ေဆာင္းပါးေလးကုိ သစ္ထူးလြင္​ မွာ ​ေ​​တြ႕လုိ႔ ကူးယူၿပီး ပညာဗဟုသုတ အလုိ႔ျငာ မ်ွေဝေပးလုိက္ ပါတယ္၊ လက္​​ေတြ႕တကယ္လည္း ေပ်ာက္ကင္း ပါတယ္၊

ကုိယ္​ရံႀကီး ဂမုန္​းပင္​

Botanical name: Crinum asiaticum L.
Family -Amaryllidaceae (ခတၱာမ်ဳိးရင္း)
Myanmar name -ကိုယ္ရံႀကီး
အဂၤလိပ္အမည္-Lily Poison Bulb
giant crinum lily, grand crinum lily, spider lily
ဟိႏၵီအမည္-Nagdamni

#ကိုယ္ရံၾကီး

မ်ိဳးရင္း - Amaryllidaceae.(ေခတၱာမ်ိဳးရင္း )
ရုကၡေဗဒအမည္ -Crinum asiaticum Linn.
အေခၚအေဝၚ -
( က )ျမန္မာအမည္ -ကိုယ္ရံၾကီး
( ခ )အဂၤလိပ္အမည္ - Poison Bulb.
ပုံသ႑ာန္ -
အပင္ - အရြက္မ်ားေျမမွကပ္ထြက္သည္။ပင္စည္မဲ႔သည္။ဥတက္ အလြန္ၾကီး၍အျဖဴေရာင္ရွိသည္။ အရသာခါးစပ္စပ္ရိွသည္။
အရြက္ - ရြက္ျပားေခ်ာသည္။၁ေပခြဲမွ၄ေပထိ ရွည္သည္။ေျမမွစု၍ထြက္သည္။ရြက္နားညီ၍ ရြက္ထိပ္ခ်ြန္သည္။လိႈင္းတြန္႔အနည္းငယ္ရွိသည္။အသားထူသည္။စိ္မ္းစိုေသာအေရာင္ေပၚတြင္ အဝါေရာင္အစင္းငယ္မ်ားေရာေထြးေနသည္။အရြက္ေထာင္မက္သည္။
အပြင့္ -အျဖဴေရာင္ရွိသည္။အနံ႔ေမႊးသည္။အမ်ားအားျဖင့္ မိုးရာသီတြင္ပြင့္သည္။
အသီး - အနည္းငယ္လုံးဝိုင္းသည္။အေစ့တစ္ေစ့သာပါဝင္သည္။
ေပါက္ေရာက္သည့္ေဒသ -ျမန္မာႏိုင္္ငံအပူပိုင္းေဒသတြင္ေပါက္သည္။
ေပါက္ေရာက္ပုံ -အရိုင္းပင္ႏွင့္စိုက္ပ်ိဳးပင္အျဖစ္ ႏွစ္မ်ိဳးလုံးေတြ႕ရသည္။


အသုံးျပဳသည့္အစိတ္အပိုင္း - အရြက္ / ဥ ။အပြင့္။

အာနိသင္ - ျမန္မာ့ေဆးက်မ္းမ်ားအလိုအရ အပင္သည္ ပူ စပ္ ခါးသည္။အဆိပ္ေျပသည္။ေလ သလိပ္ ဆီးတို႔ကိုေကာင္းေစသည္။

အသုံးျပဳပုံ -
အရြက္ -
( ၁ )အရြက္ကိုျပဳတ္၍ ေရခ်ိဳးျခင္း အရည္ပ်စ္ပ်စ္ေသြး၍ လိမ္းျခင္းျပဳက အေဖာအေရာင္ေရာဂါေပ်ာက္၏။
( ၂ )ခါးနာျခင္း ဒူးေရာင္ျခင္းေရာဂါမ်ားအတြက္ အရြက္ကိုႏြမ္းေအာင္ မီးခဲႏွင့္ကင္၍ အပူဓါတ္မကုန္မွီ နာေသာေနရာႏွင့္ေရာင္ေသာေနရာမ်ားတြင္ တစ္နာရီခန္႕ စည္းေပးကေပ်ာက္၏။

ဥ -
( ၁ )ဥကို ေသြးလိမ္းပါက အနာမီး အနာလ်ွံေပ်ာက္၏ သို႔ေသာ္ယား၏။
( ၂ ) အဆိပ္သင့္ပါက လ်ာကိုပြတ္ရုံႏွင့္ ေပ်ာက္ကင္းေစသည့္ နန္းတြင္းလ်ွာပြတ္ေဆးတြင္ ကိုယ္ရံၾကီး ဂမုန္းကို အထူးထည့္သြင္း အသုံးျပဳသည္။

အပြင့္ -
( ၁ ) အတြင္း အူ ကလီစာ ေက်ာက္ကပ္တို႔တြင္ ျဖစ္ေစတတ္ေသာ ကိုယ္တြင္းနာတို႔ ျဖစ္ပါက အပြငါ့ေျခာက္ ကို ေရေႏြးၾကမ္းရည္ျဖင့္ ေရာခတ္ေသာက္ေစပါက သက္သာေပ်ာက္ကင္းေစသည္။

တစ္ေလာက မိတ္ေဆြအၿငိမ္းစား ေက်ာင္းဆရာမႀကီး တစ္ဦးႏွင့္ေတြ႕ရာ သူ႔လက္ထဲတြင္ကိုင္လာေသာ အရြက္ရွည္ ရွည္ႀကီး တစ္ရြက္ပါလာသျဖင့္ စကားမစပ္ ေမးၾကည့္ရာ ကိုယ္ရံႀကီး ဂမုန္းပင္မွ အရြက္ျဖစ္ေၾကာင္း ေျပာသည္။ သူေျပာ သည္မွာ-''ကြၽန္မအၿငိမ္းစားယူၿပီးကတည္းက ေထြရာေလးပါးေရာဂါေတြဝင္လာေတာ့တာပဲ။ အဆိုးဆံုးကေတာ့ လူက ဝလာတာနဲ႔အမွ် ဒူးနာေရာဂါက စြဲကပ္လာတယ္။ အထူးသျဖင့္ ဘုရားဝတ္မျပဳႏိုင္ေတာ့ဘူး။ ထိုင္ၿပီးရင္ ျပန္မထႏိုင္ ေတာ့ဘူး။ တစ္ေယာက္ေယာက္ကိုေခၚၿပီး ဆြဲထူခိုင္းမွ ထႏိုင္ေတာ့တယ္။ ဒါနဲ႔ တူမဆရာဝန္မေလး နဲ႔တိုင္ပင္ၿပီးေတာ့ အ႐ိုးအဆစ္ အထူးကုနဲ႔ျပတယ္။ ဓာတ္မွန္ေတြ႐ိုက္၊ ေသြးစစ္ေပါ့။ အေျဖကေတာ့ 'OA'ေခၚတဲ့ အ႐ိုးပါးေရာဂါဝင္ေနၿပီ။ ဒူးထဲက အရြတ္ကေလးကလည္း ပါးေနၿပီ။ က်ီးေပါင္းလည္း ရွိေနၿပီေျပာတယ္။

ေဆး႐ံုႀကီးမွာ ေလ့က်င့္ခန္းလည္း လုပ္ခိုင္းတယ္။ စားရမယ့္ေဆးေတြလည္း ေပးပါတယ္။ ေကာင္းမလာဘူး။ ေနာက္ ဆံုးအရြတ္ထဲေဆးထိုးထည့္ရမယ္ထင္တယ္လို႔ တူမ ဆရာဝန္မေလး ကေျပာေတာ့ ေၾကာက္လိုက္တာ။တစ္ေန႔ကံ ေကာင္းခ်င္ေတာ့ ကိုယ္လိုပဲ ဒူးနာလို႔တုတ္ေထာက္ သြားေနရတဲ့ အၿငိမ္းစား ​ေက်ာင္းဆရာႀကီး တစ္ဦးနဲ႔သြားေတြ႕တယ္။ သူ႔ဒူးက အခုအေတာ္ေလး ေကာင္းသြားၿပီ။ သူၫႊန္းတာနဲ႔ ဒီလမ္းေဘးက ေရေျမာင္းစပ္ေတြမွာ ေတြ႕ေတြ႕ေနတဲ့ ကိုယ္ရံႀကီးပင္ကအရြက္ကို မီးကင္၊ ညအိပ္ရာအဝင္ ဒူးမွာပတ္စည္းၿပီး အိပ္၊မနက္က်ေတာ့ ျဖဳတ္ပစ္၊ ေနာက္ညက် ေတာ့ ကိုယ္ရံႀကီး ရြက္မီးကင္ျပန္စည္းနဲ႔ ငါးရက္ေလာက္လုပ္ၿပီးေတာ့ မူလ ေရာင္ေနတာလည္း မရွိေတာ့ဘူး။ အတြင္း ကနာတာလည္း အလွ်င္း မေပ်ာက္ ေသးေပမယ့္ သက္သာၿပီ''လို႔ ေျပာပါတယ္။

ကိုယ္ရံႀကီးဂမုန္းပင္ကို အခ်ဳိ႕အရပ္မ်ားတြင္ ''ေတာခတၱာပင္'' ဟုေခၚၾကၿပီး အခ်ဳိ႕အရပ္တြင္ ''ျပည္လံုးခ်မ္းသာ''ပင္ဟု ေခၚၾကသည္။ ရခိုင္ျပည္နယ္တြင္ ''ေရထုပ္ပင္''ဟုေခၚသည္ဟုလည္း ေျပာၾကသည္။ ကိုယ္ရံႀကီးဂမုန္းပင္သည္ အဆိပ္ပင္ျဖစ္သည္။ အဆိပ္ပင္ျဖစ္ေၾကာင္း သိရန္မွာ တိရစၧာန္မ်ား စားမစားၾကည့္ရန္ ပင္ျဖစ္သည္။ ကြၽဲ၊ ႏြား၊ ဆိတ္တို႔ကို လႊတ္ေက်ာင္းထားေသာအခါ ကိုယ္ရံႀကီးပင္အနားေ ရာက္လွ်င္ ေရွာင္ကြင္းသြားၾကေၾကာင္း ေတြ႕ရသည္။ ထို႔ေၾကာင့္ ပင္ အဂၤလိပ္လို ေပးထားေသာ နာမည္မွာ (Poison Bulb) ''အဆိပ္မီးသီးပင္''ဟုေခၚျခင္းျဖစ္သည္။

ကိုယ္ရံႀကီးပင္မွ အျဖဴေရာင္ သို႔မဟုတ္ အညိဳေရာင္ပန္းပြင့္မ်ား ပြင့္ၿပီးလွ်င္ အသီးထြက္လာသည္။ ၎အသီးသည္ မီးသီး(ဘတ္သီး)ႏွင့္အလြန္တူသည္။ ခူးဆိတ္ၾကည့္လွ်င္ အေစးျဖဴမ်ား ထြက္လာသည္။ ၎အေစးမ်ားႏွင့္ ထိလွ်င္ ယားသည္။ အခန္႔မသင့္လွ်င္ ထိမိသည္ႏွင့္ တစ္ကိုယ္လံုးတြင္ ယားဖု၊ ယားပိမ့္မ်ား ထြက္လာတတ္သည္။ ထို႔ေၾကာင့္ပင္ အဆိပ္မီးသီးပင္ဟု ေခၚျခင္းျဖစ္မည္။ တိုင္းရင္းေ ဆးပညာဦးစီးဌာနမွ ထုတ္ေသာ လက္ေတြ႕အသံုးခ် ေဆးဖက္ဝင္ အပင္မ်ား အတြဲ(၉) တြင္ ကိုယ္ရံႀကီးပင္တြင္ပါဝင္ေသာ ျဒပ္ေပါင္းမွာ Alkaloid and Glueopyramoside and tannic acid ျဖစ္ေၾကာင္း ေတြ႕ရသည္။ ကိုယ္ရံႀကီးပင္၏ ထူးျခားခ်က္မွာ မိမိကိုယ္တိုင္က အဆိပ္ပင္ျဖစ္ရေသာ္လည္း အဆိပ္ေျဖေဆး အျဖစ္အသံုးျပဳႏိုင္ျခင္းျဖစ္သည္။ အဆိပ္သင့္ေရာဂါမ်ားတြင္ နာမည္ေက်ာ္လွ သည့္ တိုင္းရင္းေဆးခန္း သံုးေဆး နံပါတ္(၃၂) နန္းတြင္းလွ်ာပြတ္ေဆး ေဖာ္စပ္ရာတြင္ ကိုယ္ရံႀကီး ဂမုန္းပင္ဥ ကိုလည္း ထည့္သြင္းေဖာ္စပ္ထား သည္ကိုေတြ႕ရသည္။ ၎နန္းတြင္း လွ်ာပြတ္ေဆးႀကီးသည္ သတိေမ့ေလ်ာ့ ေနသူကိုပင္ လွ်ာပြတ္ေပးျခင္းျဖင့္ သတိ ျပန္လည္ေစႏိုင္သည္။ ဆီးခ်ဳိ၊ ေသြးခ်ဳိက်ေစႏိုင္သည္။

ကင္းဆိပ္၊ ေျမြဆိပ္စေသာ အဆိပ္ရွိေသာ သတၱဝါမ်ားကိုက္လွ်င္ ကိုက္ေသာေနရာတြင္ ၎ေဆးမႈန္႔သိပ္ေပးျခင္း၊ ဝမ္းတြင္းသို႔ အနည္းငယ္စားေစျခင္းျဖင့္ အဆိပ္ေျပေစ ႏိုင္သည္ ဟု ေရွးကသမားစဥ္ေဆး က်မ္းမ်ားတြင္ေဖာ္ျပသည္။ ၁၉၇၂ ခုႏွစ္ ေျမယာေက်းလက္ႀကီးပြားတိုးတက္ေရး ေကာ္ပိုေရးရွင္းက ထုတ္ေဝသည့္ ''ပံုျပျမန္မာေဆးပင္မ်ား အဘိ ဓာန္ၫြန္႔ေပါင္း ပထမတြဲ''တြင္ ေဖာ္ျပထားသည္မွာ ကိုယ္ရံႀကီးအရြက္မ်ားကို ၾကက္ဆူဆီ သုတ္ၿပီး အပူေပး၍ ႏူနာ၊ ခူနာႏွင့္ လက္ဖ်ား ေျခဖ်ားေရာင္နာမ်ား ကိုအံုေပးရသည္။

ဖိလစ္ပိုင္ႏိုင္ငံတြင္ အရြက္ျပဳတ္ရည္ကို သလိပ္ရႊင္ေဆး အျဖစ္အသံုးျပဳသည္။ အျမစ္မႈန္႔သည္ အမ်ားသံုးေသာ အဆိပ္ ေျဖေဆးျဖစ္သည္ဟု ေဖာ္ျပထားသည္။ ရွင္နာဂသိန္၏ ပံုျပေဆးအဘိဓာန္ တြင္ကား အရြက္ျပဳတ္ရည္ျဖင့္ ေရခ်ဳိးခဲ့ ေသာ္ အေဖာအေရာင္က်၏။ အရြက္ကိုမီးကင္စည္း ေပးခဲ့ေသာ္ ခါးနာ၊ ဒူးေရာင္ျခင္းတို႔အတြက ္အက်ဳိးရွိ၏။ ထို႔ျပင္ ေရွး လူႀကီးတို႔သည္ မိမိအိမ္ေဆာက္ရာ၌ အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ေျမၾကမ္း သည္ဟုယူဆလွ်င္ ကာကြယ္ရန္ ကိုယ္ရံ ႀကီး ဂမုန္းပင္ကို အိမ္ေရွ႕ေထာင့္တစ္ေထာင့္တြင္ စိုက္ပ်ဳိးၾက၏ဟု ေရးသားထားသည္။

အစြမ္းထက္ေသာ နန္းတြင္းလွ်ာပြတ္ေဆး ႀကီးကို ပရေဆးဆိုင္မ်ား၊ အိမ္တြင္းသံုးစြဲရန္ အလို႔ငွာ ေဖာ္စပ္လိုပါက ေဆး နည္းႏွင့္ ပါဝင္ရမည့္တိုင္းရင္းေဆးပစၥည္း မ်ားမွာ-

၁။ ႏွင္းပန္းဥ တစ္က်ပ္သား
၂။ ေၾကြဥ တစ္က်ပ္သား
၃။ ျမက္မုန္ညင္းဥ တစ္က်ပ္သား
၄။ နႏြင္းဥ တစ္က်ပ္သား
၅။ ကန္႔ပလူဥ တစ္က်ပ္သား
၆။ ပန္းဥ တစ္က်ပ္သား
၇။ ၾကက္သြန္နီဥ တစ္က်ပ္သား
၈။ ၾကက္သြန္ျဖဴဥ တစ္က်ပ္သား
၉။ ပိန္းမေဟာ္ရာဥ တစ္က်ပ္သား
၁ဝ။ ေတာခတၱာဥ တစ္က်ပ္သား
၁၁။ ဆီမီးေတာက္ဥ တစ္က်ပ္သား
၁၂။ ဝဥ တစ္က်ပ္သား
၁၃။ ကိုယ္ရံႀကီးဥ တစ္က်ပ္သား
၁၄။ ကင္ပလင္းျမစ္ တစ္က်ပ္သား
၁၅။ ပဒိုင္းနက္ျမစ္ တစ္က်ပ္သား
၁၆။ ဂ်ပ္နက္ျမစ္ တစ္က်ပ္သား
၁၇။ နန္းလံုးႀကိဳင္ျမစ္ တစ္က်ပ္သား
၁၈။ ဆီးျဖဴျမစ္ တစ္က်ပ္သား
၁၉။ ပန္းညိဳရြက္ တစ္က်ပ္သား
၂ဝ။ သနပ္ပစၥည္းရြက္တစ္က်ပ္သား
၂၁။ ေရာင္ျဖဴေဆးရြက္ တစ္က်ပ္သား
၂၂။ မေဖာက္ထံုးတစ္က်ပ္သား
၂၃။ ျမားဆိပ္ တစ္က်ပ္သား
စုစုေပါင္း ၂၃က်ပ္သား

ေဆးတစ္ခြက္စာပမာဏ

လူႀကီးႏွစ္ပဲသား၊ ကေလးႏွစ္ေရြးသား။ တစ္ေန႔သံုးႀကိမ္။

ေဆးဝါး၏အက်ဳိးသြားႏွင့္ အသံုးျပဳရမည့္ ေရလဲမ်ား

၁။ အစားမွားေသာ္၊ ေခြၽးငုပ္ေသာ္ ေရေႏြးျဖင့္လည္းေကာင္း၊
၂။ ဆီးခ်ဳိေသြးခ်ဳိေရာဂါတြင္ ေရေႏြးျဖင့္လည္းေကာင္း၊
၃။ အနာဝင္အေညႇာ္မိေသာ္ ေလးညႇင္းျပဳတ္ရည္ျဖင့္လည္းေကာင္း၊
၄။ လွ်ာနာေသာ္ ပြတ္ေပးျခင္းျဖင့္လည္းေကာင္း၊
၅။ ငန္းမန္းဖမ္း၍ လူမွန္းမသိေသာ္ အုန္းဆီျဖင့္ေဖ်ာ္၍နားကိုက်ပ္ေပးျခင္းျဖင့္လည္းေကာင္း၊
၆။ အဖ်ားအမ်ဳိးမ်ဳိးတို႔ကို ေရေႏြး သို႔မဟုတ္ ကြမ္းရြက္ျပဳတ္ရည္ျဖင့္ လည္းေကာင္း သံုးစြဲႏိုင္သည္။

ေဆးဝါးမွီဝဲစဥ္ျဖစ္ေပၚႏိုင္ေသာ ဆိုးက်ဳိးအာနိသင္မ်ားမရွိပါ။ တိုင္းရင္းေဆးခန္းသံုးေဆးနည္းမ်ားကို မည္သူမဆိုမိမိ အိမ္တြင္ သံုးစြဲရန္အတြက္ ေဖာ္စပ္သံုးစြဲခြင့္ရွိပါသည္။ ။

ၾကည္လြင္ျမင့္ (မုျဒာ)

ကုိယ္ရံျကီးအ​​ေၾကာင္း ျပည္​့ျပည္​့စုံစုံ ​သိခြင္​့ရလုိ႔ ဆရာ့ကုိ အထူး ​ေက်းဇူးတင္​မိပါတယ္​ ...
Dr.Thet naing Oo,botanist,
Pro.ractor,Monywa University.
Kyi Lwin Myint - Mudra' /  Pe Aung

# Unicode Version ျဖင့္ ဖတ္ပါ #

ကထိန်တခုသွားရင်းတွေ့ခဲ့ရသော ကိုယ်ရံကြီးပင် အပွင့်ကို ဓာတ်ပုံရိုက်မိတယ်၊ စိတ်ဝင်စားလို့ ဒီအပင် အကြောင်းကို online မှာ ရှာကြည့်မိတယ်၊ တိုင်းရင်းဆေး သမားတော်ကြီး ကြည်လွင်မြင့် ( မုဒြာ ) (သမီးငယ် ခတ္တာဖြူ -ရိုးရာဆေးပညာ ၏ ဆရာ အရင်းလည်းဖြစ်ပါတယ်) သူ ရေးသား ပြုစုထားသော ဆောင်းပါးလေးကို သစ်ထူးလွင် မှာ တွေ့လို့
ကူးယူပြီး ပညာဗဟုသုတ အလို့ငြာ မျှဝေပေးလိုက် ပါတယ်၊ လက်တွေ့တကယ်လည်း ပျောက်ကင်း ပါတယ်၊

ကိုယ်ရံကြီး ဂမုန်းပင်

Botanical name: Crinum asiaticum L.
Family -Amaryllidaceae (ခတ္တာမျိုးရင်း)
Myanmar name -ကိုယ်ရံကြီး
အင်္ဂလိပ်အမည်-Lily Poison Bulb
giant crinum lily, grand crinum lily, spider lily
ဟိန္ဒီအမည်-Nagdamni

#ကိုယ်ရံကြီး

မျိုးရင်း - Amaryllidaceae.(ခေတ္တာမျိုးရင်း )
ရုက္ခဗေဒအမည် -Crinum asiaticum Linn.
အခေါ်အဝေါ် -
( က )မြန်မာအမည် -ကိုယ်ရံကြီး
( ခ )အင်္ဂလိပ်အမည် - Poison Bulb.
ပုံသဏ္ဍာန် -
အပင် - အရွက်များမြေမှကပ်ထွက်သည်။ပင်စည်မဲ့သည်။ဥတက် အလွန်ကြီး၍အဖြူရောင်ရှိသည်။ အရသာခါးစပ်စပ်ရှိသည်။
အရွက် - ရွက်ပြားချောသည်။၁ပေခွဲမှ၄ပေထိ ရှည်သည်။မြေမှစု၍ထွက်သည်။ရွက်နားညီ၍ ရွက်ထိပ်ချွန်သည်။လှိုင်းတွန့်အနည်းငယ်ရှိသည်။အသားထူသည်။စိမ်းစိုသောအရောင်ပေါ်တွင် အဝါရောင်အစင်းငယ်များရောထွေးနေသည်။အရွက်ထောင်မက်သည်။
အပွင့် -အဖြူရောင်ရှိသည်။အနံ့မွှေးသည်။အများအားဖြင့် မိုးရာသီတွင်ပွင့်သည်။
အသီး - အနည်းငယ်လုံးဝိုင်းသည်။အစေ့တစ်စေ့သာပါဝင်သည်။
ပေါက်ရောက်သည့်ဒေသ -မြန်မာနိုင်ငံအပူပိုင်းဒေသတွင်ပေါက်သည်။
ပေါက်ရောက်ပုံ -အရိုင်းပင်နှင့်စိုက်ပျိုးပင်အဖြစ် နှစ်မျိုးလုံးတွေ့ရသည်။

အသုံးပြုသည့်အစိတ်အပိုင်း - အရွက် / ဥ ။အပွင့်။

အာနိသင် - မြန်မာ့ဆေးကျမ်းများအလိုအရ အပင်သည် ပူ စပ် ခါးသည်။အဆိပ်ပြေသည်။လေ သလိပ် ဆီးတို့ကိုကောင်းစေသည်။

အသုံးပြုပုံ -
အရွက် -
( ၁ )အရွက်ကိုပြုတ်၍ ရေချိုးခြင်း အရည်ပျစ်ပျစ်သွေး၍ လိမ်းခြင်းပြုက အဖောအရောင်ရောဂါပျောက်၏။
( ၂ )ခါးနာခြင်း ဒူးရောင်ခြင်းရောဂါများအတွက် အရွက်ကိုနွမ်းအောင် မီးခဲနှင့်ကင်၍ အပူဓါတ်မကုန်မှီ နာသောနေရာနှင့်ရောင်သောနေရာများတွင် တစ်နာရီခန့် စည်းပေးကပျောက်၏။

ဥ -
( ၁ )ဥကို သွေးလိမ်းပါက အနာမီး အနာလျှံပျောက်၏ သို့သော်ယား၏။
( ၂ ) အဆိပ်သင့်ပါက လျာကိုပွတ်ရုံနှင့် ပျောက်ကင်းစေသည့် နန်းတွင်းလျှာပွတ်ဆေးတွင် ကိုယ်ရံကြီး ဂမုန်းကို အထူးထည့်သွင်း အသုံးပြုသည်။

အပွင့် -
( ၁ ) အတွင်း အူ ကလီစာ ကျောက်ကပ်တို့တွင် ဖြစ်စေတတ်သော ကိုယ်တွင်းနာတို့ ဖြစ်ပါက အပွငါ့ခြောက် ကို ရေနွေးကြမ်းရည်ဖြင့် ရောခတ်သောက်စေပါက သက်သာပျောက်ကင်းစေသည်။

တစ်လောက မိတ်ဆွေအငြိမ်းစား ကျောင်းဆရာမကြီး တစ်ဦးနှင့်တွေ့ရာ သူ့လက်ထဲတွင်ကိုင်လာသော အရွက်ရှည် ရှည်ကြီး တစ်ရွက်ပါလာသဖြင့် စကားမစပ် မေးကြည့်ရာ ကိုယ်ရံကြီး ဂမုန်းပင်မှ အရွက်ဖြစ်ကြောင်း ပြောသည်။ သူပြော သည်မှာ-''ကျွန်မအငြိမ်းစားယူပြီးကတည်းက ထွေရာလေးပါးရောဂါတွေဝင်လာတော့တာပဲ။ အဆိုးဆုံးကတော့ လူက ဝလာတာနဲ့အမျှ ဒူးနာရောဂါက စွဲကပ်လာတယ်။ အထူးသဖြင့် ဘုရားဝတ်မပြုနိုင်တော့ဘူး။ ထိုင်ပြီးရင် ပြန်မထနိုင် တော့ဘူး။ တစ်ယောက်ယောက်ကိုခေါ်ပြီး ဆွဲထူခိုင်းမှ ထနိုင်တော့တယ်။ ဒါနဲ့ တူမဆရာဝန်မလေး နဲ့တိုင်ပင်ပြီးတော့ အရိုးအဆစ် အထူးကုနဲ့ပြတယ်။ ဓာတ်မှန်တွေရိုက်၊ သွေးစစ်ပေါ့။ အဖြေကတော့ 'OA'ခေါ်တဲ့ အရိုးပါးရောဂါဝင်နေပြီ။ ဒူးထဲက အရွတ်ကလေးကလည်း ပါးနေပြီ။ ကျီးပေါင်းလည်း ရှိနေပြီပြောတယ်။

ဆေးရုံကြီးမှာ လေ့ကျင့်ခန်းလည်း လုပ်ခိုင်းတယ်။ စားရမယ့်ဆေးတွေလည်း ပေးပါတယ်။ ကောင်းမလာဘူး။ နောက် ဆုံးအရွတ်ထဲဆေးထိုးထည့်ရမယ်ထင်တယ်လို့ တူမ ဆရာဝန်မလေး ကပြောတော့ ကြောက်လိုက်တာ။တစ်နေ့ကံ ကောင်းချင်တော့ ကိုယ်လိုပဲ ဒူးနာလို့တုတ်ထောက် သွားနေရတဲ့ အငြိမ်းစား ကျောင်းဆရာကြီး တစ်ဦးနဲ့သွားတွေ့တယ်။ သူ့ဒူးက အခုအတော်လေး ကောင်းသွားပြီ။ သူညွှန်းတာနဲ့ ဒီလမ်းဘေးက ရေမြောင်းစပ်တွေမှာ တွေ့တွေ့နေတဲ့ ကိုယ်ရံကြီးပင်ကအရွက်ကို မီးကင်၊ ညအိပ်ရာအဝင် ဒူးမှာပတ်စည်းပြီး အိပ်၊မနက်ကျတော့ ဖြုတ်ပစ်၊ နောက်ညကျ တော့ ကိုယ်ရံကြီး ရွက်မီးကင်ပြန်စည်းနဲ့ ငါးရက်လောက်လုပ်ပြီးတော့ မူလ ရောင်နေတာလည်း မရှိတော့ဘူး။ အတွင်း ကနာတာလည်း အလျှင်း မပျောက် သေးပေမယ့် သက်သာပြီ''လို့ ပြောပါတယ်။

ကိုယ်ရံကြီးဂမုန်းပင်ကို အချို့အရပ်များတွင် ''တောခတ္တာပင်'' ဟုခေါ်ကြပြီး အချို့အရပ်တွင် ''ပြည်လုံးချမ်းသာ''ပင်ဟု ခေါ်ကြသည်။ ရခိုင်ပြည်နယ်တွင် ''ရေထုပ်ပင်''ဟုခေါ်သည်ဟုလည်း ပြောကြသည်။ ကိုယ်ရံကြီးဂမုန်းပင်သည် အဆိပ်ပင်ဖြစ်သည်။ အဆိပ်ပင်ဖြစ်ကြောင်း သိရန်မှာ တိရစ္ဆာန်များ စားမစားကြည့်ရန် ပင်ဖြစ်သည်။ ကျွဲ၊ နွား၊ ဆိတ်တို့ကို လွှတ်ကျောင်းထားသောအခါ ကိုယ်ရံကြီးပင်အနားေ ရာက်လျှင် ရှောင်ကွင်းသွားကြကြောင်း တွေ့ရသည်။ ထို့ကြောင့် ပင် အင်္ဂလိပ်လို ပေးထားသော နာမည်မှာ (Poison Bulb) ''အဆိပ်မီးသီးပင်''ဟုခေါ်ခြင်းဖြစ်သည်။

ကိုယ်ရံကြီးပင်မှ အဖြူရောင် သို့မဟုတ် အညိုရောင်ပန်းပွင့်များ ပွင့်ပြီးလျှင် အသီးထွက်လာသည်။ ၎င်းအသီးသည် မီးသီး(ဘတ်သီး)နှင့်အလွန်တူသည်။ ခူးဆိတ်ကြည့်လျှင် အစေးဖြူများ ထွက်လာသည်။ ၎င်းအစေးများနှင့် ထိလျှင် ယားသည်။ အခန့်မသင့်လျှင် ထိမိသည်နှင့် တစ်ကိုယ်လုံးတွင် ယားဖု၊ ယားပိမ့်များ ထွက်လာတတ်သည်။ ထို့ကြောင့်ပင် အဆိပ်မီးသီးပင်ဟု ခေါ်ခြင်းဖြစ်မည်။ တိုင်းရင်းေ ဆးပညာဦးစီးဌာနမှ ထုတ်သော လက်တွေ့အသုံးချ ဆေးဖက်ဝင် အပင်များ အတွဲ(၉) တွင် ကိုယ်ရံကြီးပင်တွင်ပါဝင်သော ဒြပ်ပေါင်းမှာ Alkaloid and Glueopyramoside and tannic acid ဖြစ်ကြောင်း တွေ့ရသည်။ ကိုယ်ရံကြီးပင်၏ ထူးခြားချက်မှာ မိမိကိုယ်တိုင်က အဆိပ်ပင်ဖြစ်ရသော်လည်း အဆိပ်ဖြေဆေး အဖြစ်အသုံးပြုနိုင်ခြင်းဖြစ်သည်။ အဆိပ်သင့်ရောဂါများတွင် နာမည်ကျော်လှ သည့် တိုင်းရင်းဆေးခန်း သုံးဆေး နံပါတ်(၃၂) နန်းတွင်းလျှာပွတ်ဆေး ဖော်စပ်ရာတွင် ကိုယ်ရံကြီး ဂမုန်းပင်ဥ ကိုလည်း ထည့်သွင်းဖော်စပ်ထား သည်ကိုတွေ့ရသည်။ ၎င်းနန်းတွင်း လျှာပွတ်ဆေးကြီးသည် သတိမေ့လျော့ နေသူကိုပင် လျှာပွတ်ပေးခြင်းဖြင့် သတိ ပြန်လည်စေနိုင်သည်။ ဆီးချို၊ သွေးချိုကျစေနိုင်သည်။

ကင်းဆိပ်၊ မြွေဆိပ်စသော အဆိပ်ရှိသော သတ္တဝါများကိုက်လျှင် ကိုက်သောနေရာတွင် ၎င်းဆေးမှုန့်သိပ်ပေးခြင်း၊ ဝမ်းတွင်းသို့ အနည်းငယ်စားစေခြင်းဖြင့် အဆိပ်ပြေစေ နိုင်သည် ဟု ရှေးကသမားစဉ်ဆေး ကျမ်းများတွင်ဖော်ပြသည်။ ၁၉၇၂ ခုနှစ် မြေယာကျေးလက်ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်းက ထုတ်ဝေသည့် ''ပုံပြမြန်မာဆေးပင်များ အဘိ ဓာန်ညွန့်ပေါင်း ပထမတွဲ''တွင် ဖော်ပြထားသည်မှာ ကိုယ်ရံကြီးအရွက်များကို ကြက်ဆူဆီ သုတ်ပြီး အပူပေး၍ နူနာ၊ ခူနာနှင့် လက်ဖျား ခြေဖျားရောင်နာများ ကိုအုံပေးရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် အရွက်ပြုတ်ရည်ကို သလိပ်ရွှင်ဆေး အဖြစ်အသုံးပြုသည်။ အမြစ်မှုန့်သည် အများသုံးသော အဆိပ် ဖြေဆေးဖြစ်သည်ဟု ဖော်ပြထားသည်။ ရှင်နာဂသိန်၏ ပုံပြဆေးအဘိဓာန် တွင်ကား အရွက်ပြုတ်ရည်ဖြင့် ရေချိုးခဲ့ သော် အဖောအရောင်ကျ၏။ အရွက်ကိုမီးကင်စည်း ပေးခဲ့သော် ခါးနာ၊ ဒူးရောင်ခြင်းတို့အတွက ်အကျိုးရှိ၏။ ထို့ပြင် ရှေး လူကြီးတို့သည် မိမိအိမ်ဆောက်ရာ၌ အကြောင်း အမျိုးမျိုးကြောင့် မြေကြမ်း သည်ဟုယူဆလျှင် ကာကွယ်ရန် ကိုယ်ရံ ကြီး ဂမုန်းပင်ကို အိမ်ရှေ့ထောင့်တစ်ထောင့်တွင် စိုက်ပျိုးကြ၏ဟု ရေးသားထားသည်။

အစွမ်းထက်သော နန်းတွင်းလျှာပွတ်ဆေး ကြီးကို ပရဆေးဆိုင်များ၊ အိမ်တွင်းသုံးစွဲရန် အလို့ငှာ ဖော်စပ်လိုပါက ဆေး နည်းနှင့် ပါဝင်ရမည့်တိုင်းရင်းဆေးပစ္စည်း များမှာ-

၁။ နှင်းပန်းဥ တစ်ကျပ်သား
၂။ ကြွေဥ တစ်ကျပ်သား
၃။ မြက်မုန်ညင်းဥ တစ်ကျပ်သား
၄။ နနွင်းဥ တစ်ကျပ်သား
၅။ ကန့်ပလူဥ တစ်ကျပ်သား
၆။ ပန်းဥ တစ်ကျပ်သား
၇။ ကြက်သွန်နီဥ တစ်ကျပ်သား
၈။ ကြက်သွန်ဖြူဥ တစ်ကျပ်သား
၉။ ပိန်းမဟော်ရာဥ တစ်ကျပ်သား
၁ဝ။ တောခတ္တာဥ တစ်ကျပ်သား
၁၁။ ဆီမီးတောက်ဥ တစ်ကျပ်သား
၁၂။ ဝဥ တစ်ကျပ်သား
၁၃။ ကိုယ်ရံကြီးဥ တစ်ကျပ်သား
၁၄။ ကင်ပလင်းမြစ် တစ်ကျပ်သား
၁၅။ ပဒိုင်းနက်မြစ် တစ်ကျပ်သား
၁၆။ ဂျပ်နက်မြစ် တစ်ကျပ်သား
၁၇။ နန်းလုံးကြိုင်မြစ် တစ်ကျပ်သား
၁၈။ ဆီးဖြူမြစ် တစ်ကျပ်သား
၁၉။ ပန်းညိုရွက် တစ်ကျပ်သား
၂ဝ။ သနပ်ပစ္စည်းရွက်တစ်ကျပ်သား
၂၁။ ရောင်ဖြူဆေးရွက် တစ်ကျပ်သား
၂၂။ မဖောက်ထုံးတစ်ကျပ်သား
၂၃။ မြားဆိပ် တစ်ကျပ်သား
စုစုပေါင်း ၂၃ကျပ်သား

ဆေးတစ်ခွက်စာပမာဏ

လူကြီးနှစ်ပဲသား၊ ကလေးနှစ်ရွေးသား။ တစ်နေ့သုံးကြိမ်။

ဆေးဝါး၏အကျိုးသွားနှင့် အသုံးပြုရမည့် ရေလဲများ

၁။ အစားမှားသော်၊ ချွေးငုပ်သော် ရေနွေးဖြင့်လည်းကောင်း၊
၂။ ဆီးချိုသွေးချိုရောဂါတွင် ရေနွေးဖြင့်လည်းကောင်း၊
၃။ အနာဝင်အညှော်မိသော် လေးညှင်းပြုတ်ရည်ဖြင့်လည်းကောင်း၊
၄။ လျှာနာသော် ပွတ်ပေးခြင်းဖြင့်လည်းကောင်း၊
၅။ ငန်းမန်းဖမ်း၍ လူမှန်းမသိသော် အုန်းဆီဖြင့်ဖျော်၍နားကိုကျပ်ပေးခြင်းဖြင့်လည်းကောင်း၊
၆။ အဖျားအမျိုးမျိုးတို့ကို ရေနွေး သို့မဟုတ် ကွမ်းရွက်ပြုတ်ရည်ဖြင့် လည်းကောင်း သုံးစွဲနိုင်သည်။

ဆေးဝါးမှီဝဲစဉ်ဖြစ်ပေါ်နိုင်သော ဆိုးကျိုးအာနိသင်များမရှိပါ။ တိုင်းရင်းဆေးခန်းသုံးဆေးနည်းများကို မည်သူမဆိုမိမိ အိမ်တွင် သုံးစွဲရန်အတွက် ဖော်စပ်သုံးစွဲခွင့်ရှိပါသည်။ ။

ကြည်လွင်မြင့် (မုဒြာ)

ကိုယ်ရံကြီးအကြောင်း ပြည့်ပြည့်စုံစုံ သိခွင့်ရလို့ ဆရာ့ကို အထူး ကျေးဇူးတင်မိပါတယ် ...
Dr.Thet naing Oo,botanist,
Pro.ractor,Monywa University.
Kyi Lwin Myint - Mudra' /  Pe Aung

No comments:

Post a Comment