Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 12, 2019

မည္သည္႔လမဆို ၁ .၂ .၃. ၄ .၅ .၆ .၇ .၈ .၉ .၁၀ ရက္ေမြးသူမ်ားအတြက္ ၂၀၁၉ ခုႏွစ္ အတြင္း ေဟာကိန္းမ်ား


အမ်ားေတာင္းဆိုခ်က္အရ 2019 ခုႏွစ္အတြက္ ဂဏန္းေဗဒင္ ေဟာကိန္းေလးေတြ တင္ေပးလိုက္ပါတယ္။ သိပ္အက်ယ္ႀကီးေတာ့
မဟုတ္ဘူး။ အေကာင္း/အဆိုး အက်ဥ္းခ်ဳပ္ေလာက္ဘဲ ေရးႏိုင္ပါေတာ့တယ္။ ဖတ္ၾကည့္ၾကရေအာင္။

မည္သည့္လမဆို (1)ရက္ေန႕တြင္ ေမြးဖြားသူမ်ားအတြက္ –

(1) ရက္ဖြားမ်ားအတြက္ ၂၀၁၉ ခုႏွစ္ဟာ ပန္းခင္းတဲ့လမ္းေတာ့ မဟုတ္ဘူး။ အေတာ္ေလး သတိထားရမယ့္ ႏွစ္ျဖစ္ႏိုင္တယ္။
ရုတ္ခ်ည္း ျဖစ္ေပၚေျပာင္းလဲမႈေတြ မ်ားတတ္တယ္။ ေပ်ာ္စရာေတြ ေတြ႕ႏိုင္သလို ၀မ္းနည္းစရာေတြလည္း ႀကံဳတတ္တယ္။ ဆံုးျဖတ္ခ်က္
ေတြ မွားယြင္းတတ္တယ္။ ေရြးခ်ယ္မႈေတြ လြဲမွားတတ္တယ္။ အမွားကို အမွန္ထင္တတ္တယ္။ အေပ်ာ္လြန္ၿပီး ဒုကၡေရာက္တာေတြ
ျဖစ္တတ္တယ္။ အေပါင္းအသင္း မွားတတ္တယ္။ အေပါင္းအသင္းေၾကာင့္ ဒုကၡေရာက္တတ္တယ္။

အေကာက္ႀကံ လိမ္လည္လွည့္ျဖားမယ့္ သူေတြနဲ႕ ေတြ႕တတ္တယ္။ ေငြေၾကးအဆံုးအရံႈး ရွိတတ္တယ္။ က်န္းမာေရးညံ့ျခင္း ၊ မေတာ္တဆ ထိခိုက္ဒဏ္ရာရျခင္းမ်ဳိးလည္း ႀကံဳတတ္တယ္။ ေျခေထာက္နဲ႕ မ်က္ေစ႕ကို ဥပဒ္ေပးတတ္တယ္။ ေရာဂါအခံ ေရာဂါအေဟာင္းရွိသူမ်ား ေရာဂါတိုးတတ္တယ္။ ေျပာရရင္ေတာ့ ဒီႏွစ္ဟာ (1) ရက္ဖြားမ်ားအတြက္ အစစအရာရာမွာ အထူးသတိထားေနထိုင္လုပ္ကိုင္ဖို႕ လိုအပ္ပါတယ္ လို႕ ေျပာၾကားလိုပါတယ္။

မည္သည့္လမဆို (2)ရက္ေန႕တြင္ ေမြးဖြားသူမ်ားအတြက္ –

(2) ရက္ဖြားမ်ားအတြက္ ၂၀၁၉ ခုႏွစ္ဟာ ေကာင္းျခင္းမဂၤလာေတြနဲ႕ ျပည့္၀တဲ့ႏွစ္ျဖစ္လိမ့္မယ္။ အစစအရာရာမွာ အဆင္ေျပ ေခ်ာေမြ႕
ျခင္းေတြနဲ႕ ျပည့္စံုတတ္တယ္။ ႀကံတိုင္းေအာင္ ေဆာင္တိုင္းေျမာက္တတ္တယ္။ စီးပြားေရး ၊ လုပ္ငန္းကိုင္ငန္းမ်ား အဆင္ေျပတတ္တယ္။စိတ္ကူးေကာင္း ၊ အႀကံဥာဏ္ေကာင္းမ်ား ေပၚထြက္တတ္ၿပီး လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ေအာင္ ႀကိဳးစားသင့္တယ္။ ဥာဏ္စြမ္းဥာဏ္စမ်ား ထက္ျမက္ေနတတ္တယ္။ လူအမ်ားနဲ႕ ဆက္ဆံလုပ္ကိုင္ရတဲ့ အလုပ္မ်ား ေအာင္ျမင္တတ္တယ္။

နာမည္တစ္လံုးနဲ႕ အသက္ေမြး၀မ္းေက်ာင္းေနသူမ်ား အလြန္နာမည္ႀကီးကိန္း ရွိတယ္။ ရာထူးတက္ဖို႕ အခ်ိန္အခါ သင့္ေနတဲ့သူမ်ား ရာထူးတိုးတက္မယ္။ ဘြဲထူး ဂုဏ္ထူးမ်ား ရရွိတတ္တယ္။ ေျပာရရင္ေတာ့ ဒီႏွစ္ဟာ (2)ရက္ဖြားမ်ားအတြက္ ကံေကာင္းျခင္း အျဖာျဖာေတြႀကံဳေတြ႕ရဖို ႕အလြန္မ်ားတဲ့ႏွစ္တႏွစ္ျဖစ္လိမ့္မည္။ က်န္းမာေရး ခ်ဳခ်ာတာေတြေတာ့ ျဖစ္တတ္ေပမယ့္ စိုးရိမ္စရာ သိပ္မရွိပါ။

မည္သည့္လမဆို (3) ရက္ေန႕တြင္ ေမြးဖြားသူမ်ားအတြက္ –

(3) ရက္ဖြားမ်ားအတြက္ ၂၀၁၉ ခုႏွစ္ဟာ စိတ္အားတက္ၾကြေပ်ာ္ရႊင္စရာေကာင္းမယ့္ ႏွစ္တႏွစ္ျဖစ္ႏုိင္ပါတယ္။ ကိုယ္ပိုင္ စီးပြားေရး သမားမ်ားအတြက္ အလြန္ေကာင္းတဲ့ ႏွစ္ျဖစ္လိမ့္မယ္။ အၿပိဳင္အဆိုင္နဲ႕ လုပ္ကိုင္ေဆာင္ရြက္ေနသူမ်ား အၿပိဳင္အဆိုင္မ်ားကို အႏိုင္ရၿပီး ေအာင္ျမင္ျခင္း သရဖူ ေဆာင္းႏုိင္လိမ့္မယ္။ ဒီႏွစ္ဟာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ အထူးရွိတတ္ၿပီး အေကာင္းျမင္၀ါဒမ်ားလည္း မိမိရဲ႕
စရိုက္သ႑န္မွာ လႊမ္းမိုးေနတတ္တယ္။

ဒါေၾကာင္ ဒီႏွစ္မွာ မိမိရည္မွန္းခ်က္ ရည္ရြယ္ခ်က္မ်ားကို ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ရမယ့္ ႏွစ္ျဖစ္တယ္။ ငယ္ရြယ္သူမ်ားအတြက္ အခ်စ္ေရးအခ်စ္ရာေတြမွာ ကံေကာင္းတတ္တယ္။ ေပ်ာ္ရႊင္ရတတ္တယ္။ ခ်စ္သူ မရွိေသးသူမ်ား ခ်စ္သူတစ္ေယာက္ေကာက္ရတတ္တဲ့ ႏွစ္မ်ဳိးျဖစ္လိမ့္မယ္။ တစ္ခုသတိထားရမွာ ဒီႏွစ္မွာ မေတာ္တဆ ထိခိုက္တတ္ျခင္း
ရွိတတ္တယ္။ ဒါေပမယ့္္ စိုးရိမ္ရေလာက္ေအာင္ မျဖစ္တတ္ပါ။ ဒီႏွစ္မွာ ကိုယ့္ကုိယ္ကို ယံုၾကည္မႈ လြန္ကဲတတ္လို႕ မိဘဆရာသမားမ်ားရဲ႕
စကားကို မနာခံတတ္တာလည္း ျဖစ္တတ္လုိ႕ အဲဒါေလးေတာ့ ျပင္ႏုိင္ရင္ အားလံုးေကာင္းၿပီ။

မည္သည့္လမဆို (4) ရက္ေန႕တြင္ ေမြးဖြားသူမ်ားအတြက္ –

(4) ရက္ဖြားမ်ားအတြက္ ၂၀၁၉ ခုႏွစ္ဟာ ထူးျခားဆန္းၾကယ္တဲ့ ကိစၥရပ္မ်ား ရင္ဆိုင္ေတြ႕ႀကံဳရတတ္တဲ့ ႏွစ္ျဖစ္လိမ့္မယ္။ အတိတ္က
ကံၾကမၼာအခြင့္အေကာင္းမ်ား အလွည့္ေပးမယ့္ ႏွစ္ျဖစ္လိမ့္မယ္။ ဘာသာေရးနဲ႕ ပတ္သက္ၿပီး ထူးျခားတဲ့ ကိစၥမ်ား ေဆာင္ရြက္ရတတ္
တယ္။ အလွဴႀကီးအတန္းႀကီးမ်ား ျပဳလုပ္ရတတ္တယ္။ နာမ္ေလာက ၊ ပရေလာက ဆိုင္ရာေတြနဲ႕ပတ္သက္ၿပီး ထူးျခားစြာ ေတြ႕ႀကံဳ
ရတတ္တယ္။ ဒီႏွစ္ထဲမွာ ဂမၻီရဆိုင္ရာ အေဆာင္၊ လက္ဖြဲ႕ ၊ ပုတီး ၊ ရုပ္ထု ၊ ရုပ္ပြားေတာ္ ၊ ဘုရားပံုေတာ္ေလးမ်ား လက္ေဆာင္ရရင္ အလြန္ေကာင္းတဲ့ ကိစၥ ျဖစ္တယ္။

ကံၾကမၼာေကာင္းမ်ား မၾကာခင္ ဆိုက္ေရာက္လာေတာ့မယ့္ နိမိတ္ျဖစ္တယ္။ ဒီႏွစ္ဟာ ႏုိင္ငံရပ္ျခားမ်ား ႏွင့္ ပတ္သက္ၿပီး အလြန္ကံေကာင္းတတ္တဲ့ ႏွစ္ျဖစ္လို႕ ႏိုင္ငံျခားခရီးမ်ား (ရက္တို/ရက္ရွည္) သြားရတတ္တယ္။ ဘုရားဖူးခရီးမ်ား သြားရတတ္တယ္။ ႏိုင္ငံျခားသို႕ အလုပ္ သြားေရာက္လုပ္ကိုင္လိုသူမ်ားအတြက္ေတာ့ အလြန္ေကာင္းေပါ႕။ ႏိုင္ငံျခားသား အက်ဳိးျပဳတတ္တယ္။ ေငြေၾကးအေျမာက္အမ်ားလည္း ၀င္ေရာက္လာတတ္တယ္။ ေျပာရရင္ေတာ့ ဒီႏွစ္ဟာ 4 ဂဏန္းသမားမ်ားအတြက္ ကံေကာင္းျခင္းလက္ေဆာင္ကို ေမွ်ာ္လင့္ႏုိင္တဲ့
ႏွစ္တႏွစ္ျဖစ္ပါလိမ့္မယ္။

မည္သည့္လမဆို (5) ရက္ေန႕တြင္ ေမြးဖြားသူမ်ားအတြက္ –

(5) ရက္ဖြားမ်ားအတြက္ ၂၀၁၉ ခုႏွစ္ဟာ ကံဇာတာ ညိွဳးႏြမ္းသိမ္ငယ္တတ္တဲ့ ႏွစ္မ်ဳိးျဖစ္တတ္တယ္။ အထူးသတိထား ေနထိုင္ လုပ္ကိုင္ရမယ့္ ႏွစ္မ်ဳိးျဖစ္ဖြယ္ ရွိတယ္။ မိမိရဲ႕ စီးပြား လုပ္ငန္းမ်ား တိုးတက္မႈ ေႏွးေကြးသြားတတ္တယ္။ အစစအရာရာမွာ အေႏွာင့္အယွက္ေတြေပၚတတ္တယ္။ ရန္သူေပၚေပါက္တတ္တယ္။ စိတ္ေသာက အလြန္မ်ားရတတ္တဲ့ ႏွစ္ျဖစ္ႏိုင္တယ္။ က်န္းမာေရးကလည္း တမ်ဳိးၿပီးတမ်ဳိး
ခ်ဳိ႕ယြင္းတတ္တယ္။

ခြဲစိတ္ကုသခံရကိန္းမ်ား ႀကံဳတတ္တယ္။ အညံ့မ်ားလို႕ ဘာသာေရးကို အထူးေဆာင္ရြက္ပါ။ ပုတီးစိပ္ျခင္း ၊ တရားထိုင္ျခင္းမ်ဳိးမ်ား ေန႕စဥ္ျပဳလုပ္သြားျခင္းျဖင့္ အခက္အခဲမ်ားကို ေက်ာ္လႊားႏုိင္လိမ့္မယ္။ တရားဥပေဒကိုေတာ့ အထူးလိုက္နာပါ။ တရားဥပေဒ နဲ႕ ညိစြန္းတဲ့ လုပ္ငန္းမ်ား လုပ္ကိုင္သူမ်ား အမႈအခင္းျဖစ္ျခင္း ၊ လက္ထိပ္ႀကိဳးခ်ည္ ခံရျခင္းမ်ား ႀကံဳေတြ႕ရဖြယ္ ရွိေနပါတယ္။ ေျပာရရင္ေတာ့ ဒီႏွစ္ဟာ (5) ရက္ဖြားမ်ားအတြက္ ခက္ခဲစြာ ေက်ာ္ျဖတ္ရမယ့္ ႏွစ္တႏွစ္ျဖစ္ဖြယ္ ရွိေၾကာင္းပါ။

မည္သည့္လမဆို (6) ရက္ေန႕တြင္ ေမြးဖြားသူမ်ားအတြက္ –

(6) ရက္ဖြားမ်ားအတြက္ ၂၀၁၉ ခုႏွစ္ဟာ (ရာဇလွံတံ) လို႕ ဥပမာေပး တင္စားခံရတဲ့ ႏွစ္မ်ဳိးျဖစ္လိမ့္မယ္။ အက်ဳိးကိစၥဟူသမွ် ၿပီးေျမာက္
ေစျခင္း ဆိုတဲ့ အတိတ္နိမိတ္ကို ေဆာင္တယ္။ ႀကံတိုင္းေအာင္ ေဆာင္တိုင္းေျမာက္လိမ့္မယ္။ လူမစြမ္းရင္ေတာင္ နတ္မ လိမ့္မယ္။ မိမိရဲ႕နာမည္ဂုဏ္သတင္း ေမႊးပ်ံ႕တတ္တယ္။ နာမည္တစ္လံုးနဲ႕ အသက္ေမြးသူမ်ား အလြန္ကံေကာင္းလိမ့္မယ္။ ေငြေၾကး အစုအပံု ၀င္ေရာက္ ကိန္းရွိတယ္။ ထီဆုႀကီးေပါက္ျခင္း ၊ အေမြရျခင္းမ်ား ႀကံဳရတတ္တယ္။ အလုပ္သစ္ အကိုင္သစ္ အခြင့္အလမ္းသစ္မ်ား ေပၚေပါက္ တတ္တယ္။

ေပၚလာတဲ့ အလုပ္အကိုင္ အခြင့္အလမ္းမ်ားဟာ လုပ္ရင္လည္း ေအာင္ျမင္တတ္တယ္။ ၉ ဂဏန္းလႊမ္းမိုးတဲ့ ႏွစ္ျဖစ္ျခင္းေၾကာင့္ အတိုက္အခံ နဲ႕ ရန္ကေတာ့ မကင္းတတ္ဘူး။ ဒါေပမယ့္ အတိုက္အခံမ်ားေလေလ ၊ မိမိရဲ႕ အရည္အခ်င္းမ်ား ပိုမိုေတာက္ေျပာင္ေလျဖစ္ပါမယ္။ အတိုက္အခံ ေၾကာက္စရာမလိုပါ။ ခရီးသြားလာရျခင္းမ်ား ေပၚေပါက္တတ္ၿပီး မေရာက္ဘူးေသးေသာ ေနရာေဒသမ်ားကို
ေရာက္ရွိတတ္တယ္။ ေျပာရရင္ေတာ့ ဒီႏွစ္ဟာ (6)ရက္ဖြားမ်ားအတြက္ ေရကန္အသင့္ၾကာအသင့္ ျဖစ္မယ့္ ႏွစ္မ်ဳိးျဖစ္ပါလိမ့္မယ္။

မည္သည့္လမဆို (7) ရက္ေန႕တြင္ ေမြးဖြားသူမ်ားအတြက္ –

(7) ရက္ဖြားမ်ားအတြက္ ၂၀၁၉ ခုႏွစ္ဟာ ကံေကာင္းျခင္းေတြကို သိပ္ေမွ်ာ္လင့္လို႕ မရႏုိင္ပါ။ ေျပာရရင္ေတာ့ စိတ္ေရာကိုယ္ပါ ညွဳိးႏြမ္း
သိမ္ငယ္ရတတ္တဲ့ ႏွစ္မ်ဳိးျဖစ္ႏုိင္တယ္။ ဒီႏွစ္ဟာ (က်ဆင္းျခင္း) တို႕ရဲ႕ အမွတ္သေကၤတျဖစ္လို႕ က်န္းမာေရး ၊ စီးပြားေရး ၊ အလုပ္အကိုင္
၊ နာမည္ဂုဏ္သိကၡမ်ား က်ဆင္းတတ္တယ္။ အေျပာင္းအလဲမ်ား ျဖစ္ေပၚတတ္တယ္။ အလုပ္ေျပာင္း ၊ ေနရာေျပာင္း ၊ အိုးအိမ္ေျပာင္း ျခင္း
မ်ားျဖစ္ေပၚတတ္တယ္။ အေျပာင္းအလဲေၾကာင့္ ေကာင္းတာလည္း ရွိၿပီး မေကာင္းတာလည္း ရွိမယ္။

စိတ္ဓာတ္က်တာ ၊ စိတ္မေပ်ာ္ရြင္ျဖစ္တာမ်ဳိးေတြ ဒီႏွစ္မွာ အမ်ားဆံုးႀကံဳရတယ္။ စိတ္က်ေရာဂါမ်ား ၀င္ေရာက္တတ္တယ္။ ဒီႏွစ္မွာ အထူးသတိထားရမွာက အေကာင္ျမင္၀ါဒလြန္ကဲၿပီး စီးပြားေရးလုပ္ငန္း ၊ ေငြရင္းႏွီးျမဳတ္ႏွံမႈမ်ားမွာ ပံုမေအာလိုက္ဖို႕ လိုတယ္။ မထင္မွတ္ဘဲ ဆံုးရံႈးသြားတတ္တယ္။ ဒီႏွစ္ဟာ အမွန္အားျဖင့္ ၿငိမ္ၿငိမ္ေနရမယ့္ ႏွစ္ပါ။ လႈပ္ေလ ျမဳတ္ေလ ျဖစ္တတ္တယ္။ ဘာသာေရးကို မ်ားမ်ား လုပ္ဖို႕လိုတယ္။ ေျပာရရင္ေတာ့ ၂၀၁၉ ခုႏွစ္ဟာ (7)ရက္ဖြားမ်ားအတြက္ ကံဇာတာ အားနည္းခ်ဳခ်ာေသာ ႏွစ္တႏွစ္ျဖစ္ဖြယ္ ရွိေနပါတယ္။

မည္သည့္လမဆို (8) ရက္ေန႕တြင္ ေမြးဖြားသူမ်ားအတြက္ –

(8) ရက္ဖြားမ်ားအတြက္ ၂၀၁၉ ခုႏွစ္ဟာ ၀မ္းနည္းေၾကကြဲရျခင္း အမွတ္လကၡဏာ ရွိတတ္တယ္။ ဒီႏွစ္မွာ ၀မ္းနည္းေၾကကြဲစရာကိစၥ
ေတြ ျဖစ္ေပၚတတ္တယ္။ အဆံုးအရံႈးမ်ား ျဖစ္ေပၚတတ္တယ္။ က်န္းမာေရးမေကာင္းျခင္း ႏွင့္ မေတာ္တဆ ထိခိုက္ဒဏ္ရာရျခင္းမ်ား
အထူးသတိျပဳဖြယ္ ျဖစ္တယ္။ အခ်စ္ေရးအခ်စ္ရာ ကိစၥေတြမွာ ယံုၾကည္မႈကို အလြဲသံုးစား အလုပ္ခံရတတ္တယ္။ ခ်စ္သူရဲ႕ သစၥာေဖာက္ ျခင္းကို ခံရဖြယ္ ရွိတယ္။ အသည္းကြဲကိန္း ရွိတယ္။

လိင္ကိစၥေတြနဲ႕ ပတ္သက္ၿပီးလည္း နာမည္ပ်က္ကိန္း ရွိတတ္တယ္။ လွ်ဳိ႕၀ွက္ရမယ့္ ကိစၥေတြ လူသိရွင္ၾကား ျဖစ္ကုန္တတ္တယ္။ အခ်စ္ေရးသာမက လူလူခ်င္း ေပါင္းသင္းဆက္ဆံေရး နယ္ပယ္ေတြမွာလည္း ေနာက္ေက်ာဒါးထိုး ခံရကိန္း ရွိတတ္တယ္။ ယံုၾကည္စိတ္ခ်ရေသာ သူမ်ားရဲ႕ သစၥာမဲ့မႈကို ခံရတတ္တယ္။ ေျပာရရင္ေတာ့ ဒီႏွစ္ဟာ အထူး(အထူး) သတိထားရမယ့္ ႏွစ္ျဖစ္တယ္ ဆိုရပါမယ္။ ရုတ္တရက္ ေဘးဥပဒ္ႀကံဳျခင္းမ်ား ျဖစ္ေပၚဖြယ္ ရွိလို႕ ဒီႏွစ္မွာ ဘုရားတရားမေမ႕ဖို႕ ၊ ဘာသာတရား အထူးလုပ္ကိုင္ေဆာင္ရြက္ဖို႕ ၊ မတရားတဲ့ ကိစၥ ဥပေဒမကင္းတဲ့ ကိစၥမ်ား မျပဳလုပ္ၾကဖို႕ အထူးတိုက္တြန္း လိုပါတယ္။

မည္သည့္လမဆို (9) ရက္ေန႕တြင္ ေမြးဖြားသူမ်ားအတြက္ –

(9) ရက္ဖြားမ်ားအတြက္ ၂၀၁၉ ခုႏွစ္ဟာ ကံၾကမၼာအခြင့္ေကာင္းေတြကို မၾကာခဏ ႀကံဳဆံုရတတ္တဲ့ ႏွစ္မ်ဳိး ျဖစ္လိမ့္မယ္။ ဒါေပမယ့္ ျဖစ္တတ္တာက ဟိုဟာလုပ္ရေကာင္းႏိုး ၊ ဒီဟာလုပ္ရေကာင္းႏိုးနဲ႕ အခ်ိန္ေတြ ကုန္သြားတတ္တယ္။ ဘာမွ မယ္မယ္ရရ မလုပ္ျဖစ္ဘဲႏွစ္တႏွစ္ ကုန္သြားတတ္တယ္။ ဒါကို အထူးသတိျပဳရမယ္။ အမွန္က ဒီႏွစ္ဟာ ကိုယ္စြမ္းဥာဏ္စြမ္း ရွိသေလာက္လုပ္ရင္ လုပ္သေလာက္ အက်ဳိးခံစားခြင့္ရမယ့္ ႏွစ္ျဖစ္တယ္။ ဒါေပမယ့္ အမ်ားစုက ေတာ္ရိေရာ္ရိ နဲ႕ အခ်ိန္ေတြ ကုန္ဆံုးသြားတတ္တယ္။ အပ်င္းစိတ္ နည္းနည္းမ်ားတတ္တဲ့ ႏွစ္မ်ဳိးျဖစ္တယ္ဆိုရမယ္။

မေကာင္းတဲ့ ကံၾကမၼာေတြကေတာ့ ေတာ္ေတာ္ကို နည္းပါးတဲ့ (မရွိသေလာက္ျဖစ္မယ့္) ႏွစ္ ျဖစ္ႏုိင္တယ္။ လုပ္ငန္းသစ္တည္ေထာင္မယ့္ သူမ်ား ၊ အလုပ္ကို တိုးတက္ခ်ဲ႕ထြင္မည့္သူမ်ားအတြက္ေတာ့ အလြန္ေကာင္းပါတယ္။ေအာင္ျမင္မယ့္ ႏွစ္ျဖစ္တယ္။ ဘာသာတရား လိုက္စားေနသူမ်ား ၊ တရားက်င့္ႀကံေနသူမ်ား တရားထူး ရတတ္တယ္။ ေျပာရရင္ ဒီႏွစ္ဟာ(9) ရက္ဖြားမ်ားအတြက္ ကံေကာင္းႏုိင္ေပမယ့္ အလုပ္လုပ္ဖို႕ အထူးလိုအပ္တဲ့ ႏွစ္ျဖစ္လိမ့္မယ္။ ကံေကာင္းရံုနဲ႕ မၿပီး ၊ ဥာဏ္ ၀ီရိယပါ
ျပည့္စံုမွ အက်ဳိးေပးမယ့္ ႏွစ္ျဖစ္ေၾကာင္းပါ။

မည္သည့္လမဆို (10) ရက္ေန႕တြင္ ေမြးဖြားသူမ်ားအတြက္ –

(10) ရက္ဖြားမ်ားအတြက္ ၂၀၁၉ ခုႏွစ္ဟာ သိပ္ကံေကာင္းတဲ့ ႏွစ္လို႕ေတာ့ မဆိုႏိုင္ပါဘူး။ အခက္အခဲမ်ားမယ္။ အေႏွာင့္အယွက္ မ်ား
မယ္။ မလိုသူမ်ားမယ္။ ရန္သူေပါမယ္။ ဒီႏွစ္မွာ ကိုယ့္ကို ကူညီမလိုလိုနဲ႕ ဒုကၡေပးမယ့္သူမ်ား အထူးေပါမ်ားတတ္တယ္။ မႏွစ္က
က်န္းမာေရး ညံ့ခဲ့သူမ်ား ဒီႏွစ္လည္း (မႏွစ္ကေလာက္မဆိုးေပမယ့္) ဆက္ညံ့ေနႏိုင္ေသးတယ္။ အခ်စ္ေရး အခ်စ္ရာ ကိစၥေတြ မွာလည္း
ကံသိပ္မေကာင္းႏုိင္ေသးပါ။ ခရီးသြားလာမႈေတာ့ မ်ားတတ္တယ္။ မေရာက္ဘူးေသာ ေနရာေဒသမ်ားကို ေရာက္တတ္တယ္။

ဒီႏွစ္မွုာအလုပ္ေျပာင္း ၊ ေနရာေျပာင္း တာေတြ ႀကံဳရတတ္တယ္။ မ်ားေသာအားျဖင့္ေတာ့ ေကာင္းေသာ အေျပာင္းအလဲမ်ား မျဖစ္တတ္ပါ။ မိမိအေနျဖင့္ ႏွစ္သက္သေဘာက်မႈ မရွိတတ္ပါ။ တခ်ဳိ႕ေသာ သူမ်ားမွာ ယခုႏွစ္အတြင္း အလြန္က်ပ္တည္းေသာ အက်ဥ္းအၾကပ္ မ်ားအတြင္း က်ေရာက္တတ္တယ္။ ကူရာကယ္ရာ မဲ့တတ္တယ္။ ေရွ႕တိုးမရ ေနာက္ဆုတ္မရျဖစ္တတ္တယ္။ ေျပာရရင္ေတာ့ ယခုႏွစ္ဟာ(10) ရက္ဖြားမ်ားအတြက္ ကံဇာတာ မေကာင္းလွေသာ ႏွစ္တႏွစ္ျဖစ္ဖြယ္ ရွိေၾကာင္းပါခင္ဗ်ာ။

ေဒါက္တာတင္ဗိုလ္ဗိုလ္ (ကြန္ပ်ဴေဗဒသုခုမ)

မွတ္ခ်က္။ ။ Copy ကူးယူႏိုင္ပါသည္။ ေက်းဇူးျပဳ၍ Credit ထည့္ေပးပါ။

Unicode Version

မည်သည့်လမဆို (1)ရက်နေ့တွင် မွေးဖွားသူများအတွက် –

(1) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ ပန်းခင်းတဲ့လမ်းတော့ မဟုတ်ဘူး။ အတော်လေး သတိထားရမယ့် နှစ်ဖြစ်နိုင်တယ်။
ရုတ်ချည်း ဖြစ်ပေါ်ပြောင်းလဲမှုတွေ များတတ်တယ်။ ပျော်စရာတွေ တွေ့နိုင်သလို ဝမ်းနည်းစရာတွေလည်း ကြုံတတ်တယ်။ ဆုံးဖြတ်ချက်
တွေ မှားယွင်းတတ်တယ်။ ရွေးချယ်မှုတွေ လွဲမှားတတ်တယ်။ အမှားကို အမှန်ထင်တတ်တယ်။ အပျော်လွန်ပြီး ဒုက္ခရောက်တာတွေ
ဖြစ်တတ်တယ်။ အပေါင်းအသင်း မှားတတ်တယ်။ အပေါင်းအသင်းကြောင့် ဒုက္ခရောက်တတ်တယ်။

အကောက်ကြံ လိမ်လည်လှည့်ဖြားမယ့် သူတွေနဲ့ တွေ့တတ်တယ်။ ငွေကြေးအဆုံးအရှုံး ရှိတတ်တယ်။ ကျန်းမာရေးညံ့ခြင်း ၊ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမျိုးလည်း ကြုံတတ်တယ်။ ခြေထောက်နဲ့ မျက်စေ့ကို ဥပဒ်ပေးတတ်တယ်။ ရောဂါအခံ ရောဂါအဟောင်းရှိသူများ ရောဂါတိုးတတ်တယ်။ ပြောရရင်တော့ ဒီနှစ်ဟာ (1) ရက်ဖွားများအတွက် အစစအရာရာမှာ အထူးသတိထားနေထိုင်လုပ်ကိုင်ဖို့ လိုအပ်ပါတယ် လို့ ပြောကြားလိုပါတယ်။

မည်သည့်လမဆို (2)ရက်နေ့တွင် မွေးဖွားသူများအတွက် –

(2) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်ဝတဲ့နှစ်ဖြစ်လိမ့်မယ်။ အစစအရာရာမှာ အဆင်ပြေ ချောမွေ့
ခြင်းတွေနဲ့ ပြည့်စုံတတ်တယ်။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်တတ်တယ်။ စီးပွားရေး ၊ လုပ်ငန်းကိုင်ငန်းများ အဆင်ပြေတတ်တယ်။စိတ်ကူးကောင်း ၊ အကြံဉာဏ်ကောင်းများ ပေါ်ထွက်တတ်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ကြိုးစားသင့်တယ်။ ဉာဏ်စွမ်းဉာဏ်စများ ထက်မြက်နေတတ်တယ်။ လူအများနဲ့ ဆက်ဆံလုပ်ကိုင်ရတဲ့ အလုပ်များ အောင်မြင်တတ်တယ်။

နာမည်တစ်လုံးနဲ့ အသက်မွေးဝမ်းကျောင်းနေသူများ အလွန်နာမည်ကြီးကိန်း ရှိတယ်။ ရာထူးတက်ဖို့ အချိန်အခါ သင့်နေတဲ့သူများ ရာထူးတိုးတက်မယ်။ ဘွဲထူး ဂုဏ်ထူးများ ရရှိတတ်တယ်။ ပြောရရင်တော့ ဒီနှစ်ဟာ (2)ရက်ဖွားများအတွက် ကံကောင်းခြင်း အဖြာဖြာတွေကြုံတွေ့ရဖို့အလွန်များတဲ့နှစ်တနှစ်ဖြစ်လိမ့်မည်။ ကျန်းမာရေး ချုချာတာတွေတော့ ဖြစ်တတ်ပေမယ့် စိုးရိမ်စရာ သိပ်မရှိပါ။

မည်သည့်လမဆို (3) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(3) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ စိတ်အားတက်ကြွပျော်ရွှင်စရာကောင်းမယ့် နှစ်တနှစ်ဖြစ်နိုင်ပါတယ်။ ကိုယ်ပိုင် စီးပွားရေး သမားများအတွက် အလွန်ကောင်းတဲ့ နှစ်ဖြစ်လိမ့်မယ်။ အပြိုင်အဆိုင်နဲ့ လုပ်ကိုင်ဆောင်ရွက်နေသူများ အပြိုင်အဆိုင်များကို အနိုင်ရပြီး အောင်မြင်ခြင်း သရဖူ ဆောင်းနိုင်လိမ့်မယ်။ ဒီနှစ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အထူးရှိတတ်ပြီး အကောင်းမြင်ဝါဒများလည်း မိမိရဲ့
စရိုက်သဏ္ဍန်မှာ လွှမ်းမိုးနေတတ်တယ်။

ဒါကြောင် ဒီနှစ်မှာ မိမိရည်မှန်းချက် ရည်ရွယ်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ရမယ့် နှစ်ဖြစ်တယ်။ ငယ်ရွယ်သူများအတွက် အချစ်ရေးအချစ်ရာတွေမှာ ကံကောင်းတတ်တယ်။ ပျော်ရွှင်ရတတ်တယ်။ ချစ်သူ မရှိသေးသူများ ချစ်သူတစ်ယောက်ကောက်ရတတ်တဲ့ နှစ်မျိုးဖြစ်လိမ့်မယ်။ တစ်ခုသတိထားရမှာ ဒီနှစ်မှာ မတော်တဆ ထိခိုက်တတ်ခြင်း
ရှိတတ်တယ်။ ဒါပေမယ့်် စိုးရိမ်ရလောက်အောင် မဖြစ်တတ်ပါ။ ဒီနှစ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲတတ်လို့ မိဘဆရာသမားများရဲ့
စကားကို မနာခံတတ်တာလည်း ဖြစ်တတ်လို့ အဲဒါလေးတော့ ပြင်နိုင်ရင် အားလုံးကောင်းပြီ။

မည်သည့်လမဆို (4) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(4) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ ထူးခြားဆန်းကြယ်တဲ့ ကိစ္စရပ်များ ရင်ဆိုင်တွေ့ကြုံရတတ်တဲ့ နှစ်ဖြစ်လိမ့်မယ်။ အတိတ်က
ကံကြမ္မာအခွင့်အကောင်းများ အလှည့်ပေးမယ့် နှစ်ဖြစ်လိမ့်မယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ကိစ္စများ ဆောင်ရွက်ရတတ်
တယ်။ အလှူကြီးအတန်းကြီးများ ပြုလုပ်ရတတ်တယ်။ နာမ်လောက ၊ ပရလောက ဆိုင်ရာတွေနဲ့ပတ်သက်ပြီး ထူးခြားစွာ တွေ့ကြုံ
ရတတ်တယ်။ ဒီနှစ်ထဲမှာ ဂမ္ဘီရဆိုင်ရာ အဆောင်၊ လက်ဖွဲ့ ၊ ပုတီး ၊ ရုပ်ထု ၊ ရုပ်ပွားတော် ၊ ဘုရားပုံတော်လေးများ လက်ဆောင်ရရင် အလွန်ကောင်းတဲ့ ကိစ္စ ဖြစ်တယ်။

ကံကြမ္မာကောင်းများ မကြာခင် ဆိုက်ရောက်လာတော့မယ့် နိမိတ်ဖြစ်တယ်။ ဒီနှစ်ဟာ နိုင်ငံရပ်ခြားများ နှင့် ပတ်သက်ပြီး အလွန်ကံကောင်းတတ်တဲ့ နှစ်ဖြစ်လို့ နိုင်ငံခြားခရီးများ (ရက်တို/ရက်ရှည်) သွားရတတ်တယ်။ ဘုရားဖူးခရီးများ သွားရတတ်တယ်။ နိုင်ငံခြားသို့ အလုပ် သွားရောက်လုပ်ကိုင်လိုသူများအတွက်တော့ အလွန်ကောင်းပေါ့။ နိုင်ငံခြားသား အကျိုးပြုတတ်တယ်။ ငွေကြေးအမြောက်အများလည်း ဝင်ရောက်လာတတ်တယ်။ ပြောရရင်တော့ ဒီနှစ်ဟာ 4 ဂဏန်းသမားများအတွက် ကံကောင်းခြင်းလက်ဆောင်ကို မျှော်လင့်နိုင်တဲ့
နှစ်တနှစ်ဖြစ်ပါလိမ့်မယ်။

မည်သည့်လမဆို (5) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(5) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ ကံဇာတာ ညှိုးနွမ်းသိမ်ငယ်တတ်တဲ့ နှစ်မျိုးဖြစ်တတ်တယ်။ အထူးသတိထား နေထိုင် လုပ်ကိုင်ရမယ့် နှစ်မျိုးဖြစ်ဖွယ် ရှိတယ်။ မိမိရဲ့ စီးပွား လုပ်ငန်းများ တိုးတက်မှု နှေးကွေးသွားတတ်တယ်။ အစစအရာရာမှာ အနှောင့်အယှက်တွေပေါ်တတ်တယ်။ ရန်သူပေါ်ပေါက်တတ်တယ်။ စိတ်သောက အလွန်များရတတ်တဲ့ နှစ်ဖြစ်နိုင်တယ်။ ကျန်းမာရေးကလည်း တမျိုးပြီးတမျိုး
ချို့ယွင်းတတ်တယ်။

ခွဲစိတ်ကုသခံရကိန်းများ ကြုံတတ်တယ်။ အညံ့များလို့ ဘာသာရေးကို အထူးဆောင်ရွက်ပါ။ ပုတီးစိပ်ခြင်း ၊ တရားထိုင်ခြင်းမျိုးများ နေ့စဉ်ပြုလုပ်သွားခြင်းဖြင့် အခက်အခဲများကို ကျော်လွှားနိုင်လိမ့်မယ်။ တရားဥပဒေကိုတော့ အထူးလိုက်နာပါ။ တရားဥပဒေ နဲ့ ညိစွန်းတဲ့ လုပ်ငန်းများ လုပ်ကိုင်သူများ အမှုအခင်းဖြစ်ခြင်း ၊ လက်ထိပ်ကြိုးချည် ခံရခြင်းများ ကြုံတွေ့ရဖွယ် ရှိနေပါတယ်။ ပြောရရင်တော့ ဒီနှစ်ဟာ (5) ရက်ဖွားများအတွက် ခက်ခဲစွာ ကျော်ဖြတ်ရမယ့် နှစ်တနှစ်ဖြစ်ဖွယ် ရှိကြောင်းပါ။

မည်သည့်လမဆို (6) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(6) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ (ရာဇလှံတံ) လို့ ဥပမာပေး တင်စားခံရတဲ့ နှစ်မျိုးဖြစ်လိမ့်မယ်။ အကျိုးကိစ္စဟူသမျှ ပြီးမြောက်
စေခြင်း ဆိုတဲ့ အတိတ်နိမိတ်ကို ဆောင်တယ်။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်လိမ့်မယ်။ လူမစွမ်းရင်တောင် နတ်မ လိမ့်မယ်။ မိမိရဲ့နာမည်ဂုဏ်သတင်း မွှေးပျံ့တတ်တယ်။ နာမည်တစ်လုံးနဲ့ အသက်မွေးသူများ အလွန်ကံကောင်းလိမ့်မယ်။ ငွေကြေး အစုအပုံ ဝင်ရောက် ကိန်းရှိတယ်။ ထီဆုကြီးပေါက်ခြင်း ၊ အမွေရခြင်းများ ကြုံရတတ်တယ်။ အလုပ်သစ် အကိုင်သစ် အခွင့်အလမ်းသစ်များ ပေါ်ပေါက် တတ်တယ်။

ပေါ်လာတဲ့ အလုပ်အကိုင် အခွင့်အလမ်းများဟာ လုပ်ရင်လည်း အောင်မြင်တတ်တယ်။ ၉ ဂဏန်းလွှမ်းမိုးတဲ့ နှစ်ဖြစ်ခြင်းကြောင့် အတိုက်အခံ နဲ့ ရန်ကတော့ မကင်းတတ်ဘူး။ ဒါပေမယ့် အတိုက်အခံများလေလေ ၊ မိမိရဲ့ အရည်အချင်းများ ပိုမိုတောက်ပြောင်လေဖြစ်ပါမယ်။ အတိုက်အခံ ကြောက်စရာမလိုပါ။ ခရီးသွားလာရခြင်းများ ပေါ်ပေါက်တတ်ပြီး မရောက်ဘူးသေးသော နေရာဒေသများကို
ရောက်ရှိတတ်တယ်။ ပြောရရင်တော့ ဒီနှစ်ဟာ (6)ရက်ဖွားများအတွက် ရေကန်အသင့်ကြာအသင့် ဖြစ်မယ့် နှစ်မျိုးဖြစ်ပါလိမ့်မယ်။

မည်သည့်လမဆို (7) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(7) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ ကံကောင်းခြင်းတွေကို သိပ်မျှော်လင့်လို့ မရနိုင်ပါ။ ပြောရရင်တော့ စိတ်ရောကိုယ်ပါ ညှိုးနွမ်း
သိမ်ငယ်ရတတ်တဲ့ နှစ်မျိုးဖြစ်နိုင်တယ်။ ဒီနှစ်ဟာ (ကျဆင်းခြင်း) တို့ရဲ့ အမှတ်သင်္ကေတဖြစ်လို့ ကျန်းမာရေး ၊ စီးပွားရေး ၊ အလုပ်အကိုင်
၊ နာမည်ဂုဏ်သိက္ခများ ကျဆင်းတတ်တယ်။ အပြောင်းအလဲများ ဖြစ်ပေါ်တတ်တယ်။ အလုပ်ပြောင်း ၊ နေရာပြောင်း ၊ အိုးအိမ်ပြောင်း ခြင်း
များဖြစ်ပေါ်တတ်တယ်။ အပြောင်းအလဲကြောင့် ကောင်းတာလည်း ရှိပြီး မကောင်းတာလည်း ရှိမယ်။

စိတ်ဓာတ်ကျတာ ၊ စိတ်မပျော်ရွင်ဖြစ်တာမျိုးတွေ ဒီနှစ်မှာ အများဆုံးကြုံရတယ်။ စိတ်ကျရောဂါများ ဝင်ရောက်တတ်တယ်။ ဒီနှစ်မှာ အထူးသတိထားရမှာက အကောင်မြင်ဝါဒလွန်ကဲပြီး စီးပွားရေးလုပ်ငန်း ၊ ငွေရင်းနှီးမြုတ်နှံမှုများမှာ ပုံမအောလိုက်ဖို့ လိုတယ်။ မထင်မှတ်ဘဲ ဆုံးရှုံးသွားတတ်တယ်။ ဒီနှစ်ဟာ အမှန်အားဖြင့် ငြိမ်ငြိမ်နေရမယ့် နှစ်ပါ။ လှုပ်လေ မြုတ်လေ ဖြစ်တတ်တယ်။ ဘာသာရေးကို များများ လုပ်ဖို့လိုတယ်။ ပြောရရင်တော့ ၂၀၁၉ ခုနှစ်ဟာ (7)ရက်ဖွားများအတွက် ကံဇာတာ အားနည်းချုချာသော နှစ်တနှစ်ဖြစ်ဖွယ် ရှိနေပါတယ်။

မည်သည့်လမဆို (8) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(8) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ ဝမ်းနည်းကြေကွဲရခြင်း အမှတ်လက္ခဏာ ရှိတတ်တယ်။ ဒီနှစ်မှာ ဝမ်းနည်းကြေကွဲစရာကိစ္စ
တွေ ဖြစ်ပေါ်တတ်တယ်။ အဆုံးအရှုံးများ ဖြစ်ပေါ်တတ်တယ်။ ကျန်းမာရေးမကောင်းခြင်း နှင့် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းများ
အထူးသတိပြုဖွယ် ဖြစ်တယ်။ အချစ်ရေးအချစ်ရာ ကိစ္စတွေမှာ ယုံကြည်မှုကို အလွဲသုံးစား အလုပ်ခံရတတ်တယ်။ ချစ်သူရဲ့ သစ္စာဖောက် ခြင်းကို ခံရဖွယ် ရှိတယ်။ အသည်းကွဲကိန်း ရှိတယ်။

လိင်ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း နာမည်ပျက်ကိန်း ရှိတတ်တယ်။ လျှို့ဝှက်ရမယ့် ကိစ္စတွေ လူသိရှင်ကြား ဖြစ်ကုန်တတ်တယ်။ အချစ်ရေးသာမက လူလူချင်း ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွေမှာလည်း နောက်ကျောဒါးထိုး ခံရကိန်း ရှိတတ်တယ်။ ယုံကြည်စိတ်ချရသော သူများရဲ့ သစ္စာမဲ့မှုကို ခံရတတ်တယ်။ ပြောရရင်တော့ ဒီနှစ်ဟာ အထူး(အထူး) သတိထားရမယ့် နှစ်ဖြစ်တယ် ဆိုရပါမယ်။ ရုတ်တရက် ဘေးဥပဒ်ကြုံခြင်းများ ဖြစ်ပေါ်ဖွယ် ရှိလို့ ဒီနှစ်မှာ ဘုရားတရားမမေ့ဖို့ ၊ ဘာသာတရား အထူးလုပ်ကိုင်ဆောင်ရွက်ဖို့ ၊ မတရားတဲ့ ကိစ္စ ဥပဒေမကင်းတဲ့ ကိစ္စများ မပြုလုပ်ကြဖို့ အထူးတိုက်တွန်း လိုပါတယ်။

မည်သည့်လမဆို (9) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(9) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ ကံကြမ္မာအခွင့်ကောင်းတွေကို မကြာခဏ ကြုံဆုံရတတ်တဲ့ နှစ်မျိုး ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဖြစ်တတ်တာက ဟိုဟာလုပ်ရကောင်းနိုး ၊ ဒီဟာလုပ်ရကောင်းနိုးနဲ့ အချိန်တွေ ကုန်သွားတတ်တယ်။ ဘာမှ မယ်မယ်ရရ မလုပ်ဖြစ်ဘဲနှစ်တနှစ် ကုန်သွားတတ်တယ်။ ဒါကို အထူးသတိပြုရမယ်။ အမှန်က ဒီနှစ်ဟာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက်လုပ်ရင် လုပ်သလောက် အကျိုးခံစားခွင့်ရမယ့် နှစ်ဖြစ်တယ်။ ဒါပေမယ့် အများစုက တော်ရိရော်ရိ နဲ့ အချိန်တွေ ကုန်ဆုံးသွားတတ်တယ်။ အပျင်းစိတ် နည်းနည်းများတတ်တဲ့ နှစ်မျိုးဖြစ်တယ်ဆိုရမယ်။

မကောင်းတဲ့ ကံကြမ္မာတွေကတော့ တော်တော်ကို နည်းပါးတဲ့ (မရှိသလောက်ဖြစ်မယ့်) နှစ် ဖြစ်နိုင်တယ်။ လုပ်ငန်းသစ်တည်ထောင်မယ့် သူများ ၊ အလုပ်ကို တိုးတက်ချဲ့ထွင်မည့်သူများအတွက်တော့ အလွန်ကောင်းပါတယ်။အောင်မြင်မယ့် နှစ်ဖြစ်တယ်။ ဘာသာတရား လိုက်စားနေသူများ ၊ တရားကျင့်ကြံနေသူများ တရားထူး ရတတ်တယ်။ ပြောရရင် ဒီနှစ်ဟာ(9) ရက်ဖွားများအတွက် ကံကောင်းနိုင်ပေမယ့် အလုပ်လုပ်ဖို့ အထူးလိုအပ်တဲ့ နှစ်ဖြစ်လိမ့်မယ်။ ကံကောင်းရုံနဲ့ မပြီး ၊ ဉာဏ် ဝီရိယပါ
ပြည့်စုံမှ အကျိုးပေးမယ့် နှစ်ဖြစ်ကြောင်းပါ။

မည်သည့်လမဆို (10) ရက်နေ့တွင် မွေးဖွားသူများအတွက် –

(10) ရက်ဖွားများအတွက် ၂၀၁၉ ခုနှစ်ဟာ သိပ်ကံကောင်းတဲ့ နှစ်လို့တော့ မဆိုနိုင်ပါဘူး။ အခက်အခဲများမယ်။ အနှောင့်အယှက် များ
မယ်။ မလိုသူများမယ်။ ရန်သူပေါမယ်။ ဒီနှစ်မှာ ကိုယ့်ကို ကူညီမလိုလိုနဲ့ ဒုက္ခပေးမယ့်သူများ အထူးပေါများတတ်တယ်။ မနှစ်က
ကျန်းမာရေး ညံ့ခဲ့သူများ ဒီနှစ်လည်း (မနှစ်ကလောက်မဆိုးပေမယ့်) ဆက်ညံ့နေနိုင်သေးတယ်။ အချစ်ရေး အချစ်ရာ ကိစ္စတွေ မှာလည်း
ကံသိပ်မကောင်းနိုင်သေးပါ။ ခရီးသွားလာမှုတော့ များတတ်တယ်။ မရောက်ဘူးသော နေရာဒေသများကို ရောက်တတ်တယ်။

ဒီနှစ်မှုာအလုပ်ပြောင်း ၊ နေရာပြောင်း တာတွေ ကြုံရတတ်တယ်။ များသောအားဖြင့်တော့ ကောင်းသော အပြောင်းအလဲများ မဖြစ်တတ်ပါ။ မိမိအနေဖြင့် နှစ်သက်သဘောကျမှု မရှိတတ်ပါ။ တချို့သော သူများမှာ ယခုနှစ်အတွင်း အလွန်ကျပ်တည်းသော အကျဉ်းအကြပ် များအတွင်း ကျရောက်တတ်တယ်။ ကူရာကယ်ရာ မဲ့တတ်တယ်။ ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်တတ်တယ်။ ပြောရရင်တော့ ယခုနှစ်ဟာ(10) ရက်ဖွားများအတွက် ကံဇာတာ မကောင်းလှသော နှစ်တနှစ်ဖြစ်ဖွယ် ရှိကြောင်းပါခင်ဗျာ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

မှတ်ချက်။ ။ Copy ကူးယူနိုင်ပါသည်။ ကျေးဇူးပြု၍ Credit ထည့်ပေးပါ။

No comments:

Post a Comment