Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 25, 2019

လူသတ္မုဒိမ္းက်င့္သူတရားခံႏွစ္ေယာက္ကို ထိေရာက္တဲ႔ျပစ္ဒဏ္ေပးမွေက်နပ္မယ္လို႔ ကာယကံရွင္ မိသားစုေျပာ


လူသတ္မုဒိမ္းက်င့္သည္ဆိုေသာ ျဖစ္စဥ္၌ပါဝင္သူ ၂ ဦးကိုထိေရာက္ေသာ ျပစ္ဒဏ္ေပးမွသာ ေက်နပ္ႏိုင္မည္ဟု ကာယကံရွင္ မိသားစုဝင္မ်ားေျပာ ။ ပဲခူး၊ ဇန္နဝါရီ ၂၅။ဒိုက္ဦးၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေသာ မုဒိမ္းက်င့္ၿပီးလူသတ္သည္ဆိုသည့္ျဖစ္ပါ လူပုဂၢိဳလ္မ်ားကို အမႈမွန္ေပၚေပါက္ေရးစစ္ေဆးေပးရန္ႏွင့္ ထိေရာက္ေသာျပစ္ဒဏ္မ်ား ခ်မွတ္ေပးေစလိုေၾကာင္း ကာယကံရွင္ မိသားစုဝင္မ်ားက ေျပာၾကားသည္။

ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီးဒိုက္ဦးၿမိဳ႕နယ္ ဒိုးတန္းေက်းရြာေနထိုင္မပိုင္မိုးႏွင္း(အသက္ ၁၇ ႏွစ္)ဆိုသူအား ဒိုက္ဦးျမိဳ႕နယ္သေျပတန္းေက်းရြာအုပ္စုေရႊႀကိဳ႕ပင္ေက်းရြာ၌ ေနထိုင္သူ ေက်ာ္မင္းစိုး(ခ)စိုးႀကီး (၂၃ ႏွစ္)ႏွင့္ ေက်ာ္မင္းထြန္း(၂၆ ႏွစ္)ညီအကိုႏွစ္ဦးတို႔က ကုကၠိဳင္း
ေက်းရြာရွိ လြင္ႏွင့္စြမ္း ေရာ္ဘာျခံအတြင္း၂၀၁၈ ေအာက္တိုဘာ၂၃ရက္ည ၉ နာရီခန္႔က မုဒိမ္းက်င့္ကာ လူသတ္မႈက်ဴးလြန္ခဲ့သည္ဟုရဲမွတမ္းမ်ားအရ သိရသည္။

ထို႔ေၾကာင့္ ယင္းအမႈကို ဒိုက္ဦးၿမိဳ႕နယ္ ေဖာင္ေတာ္သီရဲစခန္းမွ (ပ)၂၂၃/၂၀၁၈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆/၃၀၂ ျဖင့္ေက်ာ္မင္းစိုး(ခ)စိုးႀကီးႏွင့္ ေက်ာ္မင္းထြန္းတို႔အား အမႈဖြင့္ဖမ္းဆီးခဲ့ၿပီးပဲခူးခရိုင္တရားရုံး၌ တရားဆြဲတင္၍ အမႈရင္ဆိုင္ေနရေႀကာင္း သိရသည္။

“က်ြန္မတူမေလး ပိုင္မိုးႏွင္းအေလာင္းကိုေတြ႕ေတာ့ေဆးရုံပို႕တယ္ေဆးရုံေရာက္ေတာ့ဆရာဝန္ႀကီးကမအဂၤ ါမွာလတ္တေလာကိုထိုးသြင္းဒဏ္ရာရွိတယ္လို႕ေျပာတယ္။ဒါေပမယ့္အေလာင္းေတြ႕ျပီးနာရီဝက္ေလာက္အႀကာမွာဖမ္းမိတဲ႕ေက်ာ္မင္းစိုးကိုက်ေတာ့ခ်က္ခ်င္းေဆးစစ္ခ်က္မယူပဲဖမ္းျပီးလို႕၉ရက္အႀကာ၁ရက္၁၁လ၂၀၁၈ရက္ေန႕သူ႕အကိုေက်ာ္မင္းထြန္းကိုဖမ္းျပီးေက်ာ္မင္းထြန္းနဲ႕မွအတူစစ္ေတာ့ဆရာဝန္ႀကီးကမွ ုခင္းျဖစ္တဲ႕အခ်ိန္ေတြတအားႀကာသြားေတာ့တိက်တဲ႕အေျဖမေပးႏိုင္ပါဘူးလို႕ထြက္တယ္။

ဒါေတြကရဲအုပ္ေနလင္းနဲ႕ဒုရဲအုပ္ထင္လင္းေအာင္တို႕ကအဂတိလိုက္စားျပီးလုပ္ေဆာင္ခဲ႕လို႕ျဖစ္ခဲ႕တာသူတို႕ကိုအေရးယူေပးဖို႕တိုင္ႀကားထားျပီးရွင္းလင္းပြဲလုပ္ရတာပါ´´ဟုမပိုင္မိုးႏွင္း၏အေဒၚေတာ္စပ္သူေဒၚနီနီခိုင္မွ ေျပာႀကားသည္။အမႈတည္ေဆာက္ရာတြင္ ေဖာင္ေတာ္သီနယ္ေျမရဲစခန္းတာဝန္ရွိသူမ်ားက၂၄ ရက္ ၁၀ လ ၂၀၁၈ နံနက္ ၇ နာရီခြခန္႔တြင္ ေလာင္းကိုေတြ႔ရွိျပီးေနာက္ နာရီဝက္ခန္႔ၾကာတြင္မွ ျပစ္မႈက်ဴးလြန္သည္ဆိုေသာေက်ာ္မင္းစိုး(ခ)စိုးႀကီးကိုဖမ္းမိခဲ့ေသာ္လည္း ၂၀၁၈ ႏိုဝင္ဘာ ၁ရက္ေန႔ အကိုျဖစ္သူေက်ာ္မင္းထြန္းကိုဖမ္းမိခ်ိန္ေရာက္မွ ေဆးရုံပို႕၍လိင္ဆက္ဆံထားျခင္းရွိမရွိ ေဆးပညာထင္ျမင္ခ်က္ရယူျခင္းျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

“ထိေရာက္တဲ့ျပစ္ဒဏ္ေပးမေပးဆိုတာကေတာ့ တရားရံုးနဲ႔ပဲဆိုင္တယ္။ ဘာလို႔လဲဆိုေတာ့ ကြ်န္ေတာ္တို႔ရဲလုပ္ငန္းပိုင္းကေတာ့ အမႈတည္ေဆာက္ၿပီး စစ္ေဆးတယ္၊ စစ္ေဆးတဲ့အခါမွာလည္း မုဒိမ္းမႈက်ဴးလြန္ေၾကာင္းနဲ႔ သတ္ျဖတ္မႈေပၚေပါက္တဲ့အတြက္ သက္ဆိုင္တဲ့ပုဒ္မေတြတပ္ၿပီး အမႈဖြင့္ေပးထားတဲ့အတိုင္း တရားရံုးကိုတင္ထားၿပီ။ က်န္တာ တရားရံုးကပဲ ဆုံးျဖတ္ရမွာ”ဟု အထက္ပါအမႈတိုင္ၾကားစာအားစစ္ေဆးေနသည့္ ပဲခူးခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

အဆိုပါအမႈႏွင့္ ပတ္သက္၍ ပဲခူးခရိုင္တရားရုံး ဒုခရိုင္တရားခြင္ ၃ ၌ ရာဇဝတ္ႀကီးအမႈအမွတ္ ၁၅၇/၂၀၁၈ ျဖင့္ တရားလိုဦးေဇာ္ေအာင္ႏွင့္ တရားခံေက်ာ္မင္းစိုး(ခ)စိုးႀကီးပါ(၂ )အမႈ ျဖင့္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။
BagoWeeklyJournal

Unicode

လူသတ်မုဒိမ်းကျင့်သည်ဆိုသော ဖြစ်စဉ်၌ပါဝင်သူ ၂ ဦးကိုထိရောက်သော ပြစ်ဒဏ်ပေးမှသာ ကျေနပ်နိုင်မည်ဟု ကာယကံရှင် မိသားစုဝင်များပြော ။ ပဲခူး၊ ဇန်နဝါရီ ၂၅။ဒိုက်ဦးမြို့နယ်တွင်ဖြစ်ပွားခဲ့သော မုဒိမ်းကျင့်ပြီးလူသတ်သည်ဆိုသည့်ဖြစ်ပါ လူပုဂ္ဂိုလ်များကို အမှုမှန်ပေါ်ပေါက်ရေးစစ်ဆေးပေးရန်နှင့် ထိရောက်သောပြစ်ဒဏ်များ ချမှတ်ပေးစေလိုကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောကြားသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီးဒိုက်ဦးမြို့နယ် ဒိုးတန်းကျေးရွာနေထိုင်မပိုင်မိုးနှင်း(အသက် ၁၇ နှစ်)ဆိုသူအား ဒိုက်ဦးမြို့နယ်သပြေတန်း
ကျေးရွာအုပ်စုရွှေကြို့ပင်ကျေးရွာ၌ နေထိုင်သူ ကျော်မင်းစိုး(ခ)စိုးကြီး (၂၃ နှစ်)နှင့် ကျော်မင်းထွန်း(၂၆ နှစ်)ညီအကိုနှစ်ဦးတို့က ကုက္ကိုင်း
ကျေးရွာရှိ လွင်နှင့်စွမ်း ရော်ဘာခြံအတွင်း၂၀၁၈ အောက်တိုဘာ၂၃ရက်ည ၉ နာရီခန့်က မုဒိမ်းကျင့်ကာ လူသတ်မှုကျူးလွန်ခဲ့သည်ဟု
ရဲမှတမ်းများအရ သိရသည်။

ထို့ကြောင့် ယင်းအမှုကို ဒိုက်ဦးမြို့နယ် ဖောင်တော်သီရဲစခန်းမှ (ပ)၂၂၃/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၀၂ ဖြင့်ကျော်မင်းစိုး(ခ)စိုးကြီးနှင့် ကျော်မင်းထွန်းတို့အား အမှုဖွင့်ဖမ်းဆီးခဲ့ပြီးပဲခူးခရိုင်တရားရုံး၌ တရားဆွဲတင်၍ အမှုရင်ဆိုင်နေရကြောင်း သိရသည်။

“ကျွန်မတူမလေး ပိုင်မိုးနှင်းအလောင်းကိုတွေ့တော့ဆေးရုံပို့တယ်ဆေးရုံရောက်တော့ဆရာဝန်ကြီးကမအင်္ဂ ါမှာလတ်တလောကိုထိုးသွင်းဒဏ်ရာရှိတယ်လို့ပြောတယ်။ဒါပေမယ့်အလောင်းတွေ့ပြီးနာရီဝက်လောက်အကြာမှာဖမ်းမိတဲ့ကျော်မင်းစိုးကိုကျတော့ချက်ချင်းဆေးစစ်ချက်မယူပဲဖမ်းပြီးလို့၉ရက်အကြာ၁ရက်၁၁လ၂၀၁၈ရက်နေ့သူ့အကိုကျော်မင်းထွန်းကိုဖမ်းပြီးကျော်မင်းထွန်းနဲ့မှအတူစစ်တော့ဆရာဝန်ကြီးကမှ ုခင်းဖြစ်တဲ့အချိန်တွေတအားကြာသွားတော့တိကျတဲ့အဖြေမပေးနိုင်ပါဘူးလို့ထွက်တယ်။

ဒါတွေကရဲအုပ်နေလင်းနဲ့ဒုရဲအုပ်ထင်လင်းအောင်တို့ကအဂတိလိုက်စားပြီးလုပ်ဆောင်ခဲ့လို့ဖြစ်ခဲ့တာသူတို့ကိုအရေးယူပေးဖို့တိုင်ကြားထားပြီးရှင်းလင်းပွဲလုပ်ရတာပါ´´ဟုမပိုင်မိုးနှင်း၏အဒေါ်တော်စပ်သူဒေါ်နီနီခိုင်မှ ပြောကြားသည်။အမှုတည်ဆောက်ရာတွင် ဖောင်တော်သီနယ်မြေရဲစခန်းတာဝန်ရှိသူများက

၂၄ ရက် ၁၀ လ ၂၀၁၈ နံနက် ၇ နာရီခွခန့်တွင် လောင်းကိုတွေ့ရှိပြီးနောက် နာရီဝက်ခန့်ကြာတွင်မှ ပြစ်မှုကျူးလွန်သည်ဆိုသောကျော်မင်းစိုး(ခ)စိုးကြီးကိုဖမ်းမိခဲ့သော်လည်း ၂၀၁၈ နိုဝင်ဘာ ၁ရက်နေ့ အကိုဖြစ်သူကျော်မင်းထွန်းကိုဖမ်းမိချိန်ရောက်မှ ဆေးရုံပို့၍လိင်ဆက်ဆံထားခြင်းရှိမရှိ ဆေးပညာထင်မြင်ချက်ရယူခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ထိရောက်တဲ့ပြစ်ဒဏ်ပေးမပေးဆိုတာကတော့ တရားရုံးနဲ့ပဲဆိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲလုပ်ငန်းပိုင်းကတော့ အမှုတည်ဆောက်ပြီး စစ်ဆေးတယ်၊ စစ်ဆေးတဲ့အခါမှာလည်း မုဒိမ်းမှုကျူးလွန်ကြောင်းနဲ့ သတ်ဖြတ်မှုပေါ်ပေါက်တဲ့အတွက် သက်ဆိုင်တဲ့ပုဒ်မတွေတပ်ပြီး အမှုဖွင့်ပေးထားတဲ့အတိုင်း တရားရုံးကိုတင်ထားပြီ။ ကျန်တာ တရားရုံးကပဲ ဆုံးဖြတ်ရမှာ”ဟု အထက်ပါအမှုတိုင်ကြားစာအားစစ်ဆေးနေ
သည့် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ပဲခူးခရိုင်တရားရုံး ဒုခရိုင်တရားခွင် ၃ ၌ ရာဇဝတ်ကြီးအမှုအမှတ် ၁၅၇/၂၀၁၈ ဖြင့် တရားလိုဦးဇော်အောင်
နှင့် တရားခံကျော်မင်းစိုး(ခ)စိုးကြီးပါ(၂ )အမှု ဖြင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။BagoWeeklyJournal

No comments:

Post a Comment