CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 25, 2019
" ပြောင်းလဲဖို့ချိန်တန်ပြီ " တဲ့
အမေ ဒေါ်အောင်ဆန်းစုကြည် လှိုင်သာယာလာမည်။
ဟုတ်ကဲ့
အမြဲတမ်းကားတွေပိတ်ပြီး ပေစုတ်နေတဲ့
လှိုင်သာယာဘက်အခြမ်း အောင်ဇေယျတံတား
တစ်ထိပ်တံတားအဆင်းကတော့ သန့်ပြန့်လှပနေပြီး
ကားတွေ ရှင်းလင်းလျှက်ရှိလို့နေပါတယ်အမေ...။
အောင်ဇေယျအိမ်ယာထိပ် ၊ အင်းစိန်ကမ်းနားထိပ် ၊
တစ်ထိပ်မှတ်တိုင်အနီးတစ်ဝိုက်တွင် နှစ်ပေါင်းများစွာ
ဗြောင်းသတ်နေတဲ့ ကယ်ရီတွေလဲ တစ်စီးမှမရှိတော့ဘူး
အမေ...။
( ဒီနေ့ကျမှ တွေ့သမျှဆိုင်ကယ်တွေကို ဖမ်းနေတဲ့
နယ်မြေခံရဲတွေကိုရော ယာဉ်ထိန်းရဲတပ်ဖွဲ့ကိုပါ
အလေးပြုလိုက်ပါသည်)
တစ်ထိပ်ကနေ အထက ( ၁) ကိုသွားမည့် တပင်ရွှေထီး
လမ်းမကြီးတစ်လျှောက် လမ်းဘေးဆိုင်တွေလဲမရှိ ၊
တစ်သက်လုံးပေါက်ပြဲနေတဲ့ လမ်းမကြီးကလဲ ဖြူးလို့ ၊
အထက ( ၁) ကျောင်းတော်ကြီးဆိုရင် ထင်ရက်စရာ
မရှိအောင် လှပသန့်ပြန့်ပြီး ခန့်ထည်လို့ နေပါတော့တယ်
အမေ.....။
ဟုတ်တယ်အမေ.... မနေ့ကထဲက မအားရတဲ့ ဝန်ထမ်းတွေထဲမှာ လျှပ်စစ်ဝန်ထမ်းတွေလဲ ပါပါတယ်အမေ၊ ဓာတ်တိုင်ပေါ် တစ်ခါတက်ရင် ၃၀၀၀ ပေးရတဲ့ လိုင်းမင်းတွေလဲ မနေ့ကထဲက ခေါ်လို့မရ မအားကြတော့ဘူးအမေ၊ ဒေါ်အောင်ဆန်းစုကြည် လာမှာမိုလို့ ဓာတ်တိုင်တွေရှင်းလင်း အကိုင်းအခက်တွေ ခုတ်ချနေလို့ စည်ပင်ဆိုတာလဲ မအားကြတော့ဘူးအမေ......။
လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်သွားကထဲက
အဖက်လုပ်မခံရတော့တဲ့ ရပ်ကျေး NLD ပါတီဝင်
တွေလဲ ခရိုင်က မြို့နယ်ကဆိုတဲ့အမိန့်နဲ့ ပင်နီလေးတွေ
ဖုန်ခါပြီး ရင်ထိုးတံဆိပ်တပ်လို့ ပျာယာခတ်ရပြန်တယ်
အမေ........။
အလက (၁၅) ရှေ့ ၊ အမက ( ၁၉) ရှေ့ကတော့
မကြုံဖူးတဲ့ မြင်ကွင်းတွေနဲ့ မျက်လှည့်ပြလိုက်သလို
အလား လှပသန့်ရှင်းခန့်ငြားလို့နေပြန်ပါတယ်
အမေ......။
အမေပြောခဲ့ဖူးတဲ့ မိန့်ခွန်းထဲက
စကားလေးတစ်ခွန်း ပြန်ပြောပြချင်ပါတယ်....။ ကျမလာလို့ဆိုပြီး ဘာဝန်ထမ်းမှ ဘယ်ပြည်သူမှ
အလုပ်ပျက်စရာ ၊ အလုပ်ဖျက်စရာမလိုပါဘူးတဲ့။
ဟုတ်တယ်အမေ...
ဘယ်သူကမှ အလုပ်မပျက်ပါဘူး...
အရမ်းကို အလုပ် လုပ်နေကြပါတယ်...။
စိတ်မကောင်းတာကတော့ အမေဘယ်လောက်ပဲ
ရှေ့တိုးပြီး အပင်ပန်းခံလုပ်ပြနေသလောက်
အောက်ခြေမှာ အခုချိန်ထိ ဝိုင်းလိမ်နေကြတဲ့
ဝန်ထမ်းတွေ မနည်းမနောရှိနေသေးတယ်ဆိုတာ
ကိုတော့ အမေ့အတွက် ကျနော်စိတ်မကောင်း
ဖြစ်မိပါတယ် အမေ.........။
ဘယ်လိုပဲဖြစ်ဖြစ် တက္ကစီသမားတောင် ညနေ ၅နာရီ
ကျော်ရင် မလိုက်တော့တဲ့ သားတို့ လှိုင်သာယာကို
ရောက်အောင်လာပေးခဲ့တဲ့ အမေ့ကို အရမ်းကျေးဇူး
တင်သလို ၊ လှိုင်သာယာသားတစ်ယောက်အနေနဲ့လဲ
အရမ်းကို ဝမ်းမြှောက်ဂုဏ်ယူလိုက်ရပါတယ်ခင်ဗျာ..။
အမေကျန်းမာပါစေ
🙏🙏🙏
ချစ်ခြင်း ၊ လေးစားခြင်း ၊
တန်ဖိုးထားခြင်း များစွာဖြင့်
@ ကျော်သူလင်း
၂၀၁၉ ၊ ဇန်နဝါရီ ၊ ၂၅
" ပြောင်းလဲဖို့ချိန်တန်ပြီ " တဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 25, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 25, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment