CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 19, 2019
ဆရာမဂျူးရဲ့ နာမည်ကျော်ဝတ္တု ကြာတော့သည်လည်းမောင့်စကား ကိုပိတ်ကားထက်တွင်ကြည့်ရတော့မည်
💓အချစ်ဇာတ်လမ်းတစ်ပုဒ်စီတိုင်းမှာ
ပျော်ရွှင်စရာ သို့မဟုတ် ဝမ်းနည်းကြေကွဲစရာ
အဆုံးသတ်တွေရှိလိမ့်မယ်လို့ ပုံသေမျှော်လင့်မထားပါနဲ့
တစ်ချို့အချစ်တွေက ဘယ်တော့မှ အဆုံးမသတ်လို့ပါ💓
စာရေးဆရာမ ဂျူးရဲ့ နာမည်ကျော်ဝတ္တုဇတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ "ကြာသည်သော်လည်း မောင့်စကား"
ကို ဒါရိုက်တာမီးပွားက ရုပ်ရှင်အဖြစ်ဖန်တီးရိုက်ကူးထားပါတယ်။
စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး နဲ့ ထွန်းထွန်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး
နန္ဒ အဖြစ် စိုင်းစိုင်း၊ တင်တင်ဇော် အဖြစ် ဖွေးဖွေး၊ ဖြိုးကျော်အဖြစ် ထွန်းထွန်းက
သရုပ်ဆောင်မှာဖြစ်ပါတယ်။
ဇတ်လမ်းက ငယ်သူငယ်ချင်း(၃)ယောက်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း
လိုချင်တာကို မရရအောင်ယူတတ်တဲ့ နန္ဒ နဲ့
ဘာကိုလိုချင်နေမှန်းမသိတဲ့ တင်တင်ဇော်...
"ကြာသည်သော်လည်း မောင့်စကား" ရုပ်ရှင်ကို
ရန်အောင်၊ စိုးမြတ်နန္ဒာ နဲ့ ရဲအောင်တို့နဲ့လည်းရိုက်ကူးခဲ့ဖူးပါတယ်။
နန္ဒ .. ဖြိုးကျော်.. တင်တင်ဇော် သူတို့ သုံးယောက်ရဲ့ကြားက
ချစ်ခြင်းမေတ္တာတွေကို ဖော်ကျူးထားတဲ့ 💓ကြာတော့သည်လည်း မောင့်စကား
💓 ရုပ်ရှင်ဇာတ်ကားကြီးကို 🎬🎬🎬
ဖော်ဖော်ဝါရီ (၁) ရက်💥နေ့မှာ ပရိတ်သတ်ကြီး တွေ့မြင်ခံစားရပါတော့မယ်နော်....
ကိုယ်လိုချင်တဲ့ အရာကို တိကျစွာ သိ၍ လိုချင်တာကို ရအောင်ယူလေ့ရှိသော...နန္ဒ
ကိုယ်လိုချင်တဲ့အရာကို သိပေမယ့် လိုချင်တာကို ရအောင်ယူဖို့ တွန့်ဆုတ်နှောင့်နှေးတတ်တဲ့ ဖြိုးကျော်
ဆရာမဂျူးရဲ့ နာမည်ကျော်ဝတ္တု ကြာတော့သည်လည်းမောင့်စကား ကိုပိတ်ကားထက်တွင်ကြည့်ရတော့မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 19, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 19, 2019
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment