Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 17, 2019

ထိုက်ထိုက်တန်တန်ဂုဏ်ပြု​ပေးသင့်​တဲ့ကိုလှ​ရွှေယာဉ်​​မောင်း​လေး


သူ့နာမည်​က ​တော့ ရဲတပ်​သား မျိုး​ကျော်​လွင်​တဲ့ဗျ

ဖြစ်​စဉ်​ က​တော့၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့
နေ့လည်​ ၁နာရီ ၅မိနစ်​ အချိန်​ခန့်​တွင်ကြိမ်ချောင်း-တမန်းသား-ခမောင်းဆိပ်
ကားလမ်းအတိုင်း ​ရဲတပ်​သား မျိုး​ကျော်​လွင်​ ​မောင်းနှင်​ပီး
ယာယီရဲမှူးကြီး တင့်လွင် ဦးစီး ၂ + ၅ ဦးစီးနှင်းလိုက်​ပါလာတဲ့
မော်​​တော်​ယာဉ်​ ဟာဝက်​ကျိန်း(မြို)ရွာ တံတားအနီး
ခမ အ​ရောက်​ အ​ရှေ့ဝဲဘက်​ ​တောင်​​ကြော​ပေါ်မှ
AA လက်​နက်​ကိုင်​ ၁၀ ဦးမှအသင့်စောင့်ကြိုပစ်ခတ်ရာ
ယာဉ်ပေါ်ပါ ၇ ဦး အနက်​ ၆ ဦး ​​သေနတ်​ ထိမှန်​ ဒဏ်​ရာများရရှိခဲ့ပါတယ်

သေနတ်ထိမှန်သူများအနက်ယာဉ်မောင်း မျိုး​ကျော်​လွင်​ ဟာ
ပါးစပ်ဖောက်ဝင် အောက်မေးရိုးပြုတ်ဒဏ်ရာ
ရရှိခဲ့ပေမယ့်​ ကားကို လုံးဝ မရပ်​ဘဲရန်​သူ ပစ်​ခတ်​​နေသည့်​ကြားမှ
တရကြမ်း ​မောင်းနှင်​ ​ဖောက်​ထွက်​ပီး
ယာဉ်​​ပေါ်ပါ ရဲတပ်ဖွဲ့ဝင် ၇ ဦးလုံး ကို​နေ့လည်​ ၁နာရီ ၂၅ မိနစ်​ အချိန်​ခန့်​တွင်
ကြိမ်ချောင်းနယ်မြေရဲစခန်း သို့ အ​ရောက်​​ဘေးကင်းစွာ မောင်နှင်​ပို့​ဆောင်​နိုင်ခဲ့ပါတယ်
လေးစားပါတယ်​ဗျာ
ဒဏ်​ရာပြင်းထန်​စွာ ရရှိ​နေခဲ့​ပေမယ့်​မိနစ်​ ၂၀ကြာ ကားကို
အာရုံစိုက်​ ဂရုတစိုက်​မောင်းနိုင်​တာကို ​လေးစားမိတယ်​ဗျာ

အခု​တော့ ယာဉ်​​မောင်း မျိုး​ကျော်​လွင်​ အပါ
ဒဏ်​ရာရ ရဲတပ်​ဖွဲ့ဝင်​ ၆ဦးလုံးကိုတပ်​မ​တော်​စစ်​​ဆေးရုံမှာ 
လိုအပ်​​သော ​ဆေးဝါး ကုသ​မှုများ​ဆောင်​ရွက်​​နေပီဖြစ်​​ကြောင်း သိရှိရသည်

နိုင်​ငံ​တော်​လူကြီးများ အ​နေနဲ့ယာဉ်​​မောင်း ရဲတပ်​သား မျိုး​ကျော်​လွင်​ အား
ထိုက်​တန်​စွာ ဂုဏ်​ပြု​ပေးသင့်​ပါ​ကြောင်းတင်​ပြလိုက်​ပါတယ်​ ခင်​ဗျ
ရဲသီဟ

No comments:

Post a Comment