Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 20, 2019

ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္တြင္ သားအဖႏွစ္ဦး အသတ္ခံရ


ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္၊ အမွတ္ ၁၅၆ ရပ္ကြက္တြင္ ဇန္နဝါရီ ၁၈ ရက္ ညေန ၅ နာရီခန္႔က အ သက္ ၄၀ ခန္႔အ႐ြယ္အမ်ိဳးသမီးႏွင့္ ၎၏ဖခင္ျဖစ္သူတို႔ ႏွစ္ဦး ႏွစ္ေလာင္းၿပိဳင္အသတ္ခံခဲ့ရေၾကာင္း ရန္ကုန္အေရွ႕ ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ အမွတ္ ၁၅၆ ရပ္ကြက္ သလႅာလမ္းတြင္ေနထိုင္သည့္အသက္ ၄၃ ႏွစ္ခန္႔အ႐ြယ္ ဦးရဲလင္းထြန္းသည္ အရက္ ေသာက္စားၿပီး လမ္းမေပၚထြက္ကာ ဇနီးျဖစ္သူကိုေအာ္ဟစ္ဆဲဆိုေနေသာေၾကာင့္ အိမ္နီးခ်င္းျဖစ္သူ ေဒၚေမသဇင္ရွိန္က ဝင္ေရာက္ တားျမစ္ရာမွ စကားမ်ားခဲ့ၾကသည္။

ထို႔ေနာက္ ထပ္မံဝင္ေရာက္တားဆီးခဲ့သည့္ ေဒၚေမသဇင္ရွိန္၏မိဘႏွစ္ပါးႏွင့္ပါ စကားမ်ားခဲ့ၾကၿပီး ဦးရဲလင္းထြန္းက အ႐ိုး၊ အသြား ၂၈ လက္မခန္႔ရွိသည့္ ကိုင္းခုတ္ဓားျဖင့္ ခုတ္ေသာေၾကာင့္ ေဒၚေမသဇင္ရွိန္ႏွင့္ ၎၏ဖခင္ျဖစ္သူ ဦးတင္ရွိန္တို႔ ေသဆုံးသြားခဲ့သည္။

ေဒၚေမသဇင္ရွိန္၏မိခင္ျဖစ္သူေဒၚတင္တင္တြင္လည္း ဒဏ္ရာမ်ားရရွိကာ ေျမာက္ဥကၠလာပေဆး႐ုံတြင္ အတြင္းလူနာအျဖစ္ တက္ေရာက္ေဆးကုသမႈ ခံယူေနရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဦးရဲလင္းထြန္းကို ဒဂုံၿမိဳ႕ သစ္အေရွ႕ပိုင္းၿမိဳ႕မရဲစခန္းက(ပ) ၅၉/၂၀၁၉ ရာဇ သတ္ႀကီးပုဒ္မ ၃၀၂/၃၂၆ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိသည္။
The Myanmar Times

#Unicode Version#

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၅၆ ရပ်ကွက်တွင် ဇန်နဝါရီ ၁၈ ရက် ညနေ ၅ နာရီခန့်က အ သက် ၄၀ ခန့်အရွယ်အမျိုးသမီးနှင့် ၎င်း၏ဖခင်ဖြစ်သူတို့ နှစ်ဦး နှစ်လောင်းပြိုင်အသတ်ခံခဲ့ရကြောင်း ရန်ကုန်အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ အမှတ် ၁၅၆ ရပ်ကွက် သလ္လာလမ်းတွင်နေထိုင်သည့်အသက် ၄၃ နှစ်ခန့်အရွယ် ဦးရဲလင်းထွန်းသည် အရက် သောက်စားပြီး လမ်းမပေါ်ထွက်ကာ ဇနီးဖြစ်သူကိုအော်ဟစ်ဆဲဆိုနေသောကြောင့် အိမ်နီးချင်းဖြစ်သူ ဒေါ်မေသဇင်ရှိန်က ဝင်ရောက် တားမြစ်ရာမှ စကားများခဲ့ကြသည်။

ထို့နောက် ထပ်မံဝင်ရောက်တားဆီးခဲ့သည့် ဒေါ်မေသဇင်ရှိန်၏မိဘနှစ်ပါးနှင့်ပါ စကားများခဲ့ကြပြီး ဦးရဲလင်းထွန်းက အရိုး၊ အသွား ၂၈ လက်မခန့်ရှိသည့် ကိုင်းခုတ်ဓားဖြင့် ခုတ်သောကြောင့် ဒေါ်မေသဇင်ရှိန်နှင့် ၎င်း၏ဖခင်ဖြစ်သူ ဦးတင်ရှိန်တို့ သေဆုံးသွားခဲ့သည်။

ဒေါ်မေသဇင်ရှိန်၏မိခင်ဖြစ်သူဒေါ်တင်တင်တွင်လည်း ဒဏ်ရာများရရှိကာ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှု ခံယူနေရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးရဲလင်းထွန်းကို ဒဂုံမြို့ သစ်အရှေ့ပိုင်းမြို့မရဲစခန်းက(ပ) ၅၉/၂၀၁၉ ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

No comments:

Post a Comment