Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

၅ ဦးေသဆုံးတဲ႔ ပစ္ခတ္မႈ တရားခံကုိ အေသပစ္ခတ္ဖမ္းဆီး

ႏွစ္သစ္တြင္နယ္ျခားေစာင့္အခ်င္းခ်င္းစကားမ်ားရာမွ အခ်င္းခ်င္းပစ္ခတ္မႈျဖစ္ ၅ ဦးေသ ၊ တရားခံအားပစ္ခတ္ဖမ္းဆီးအေသမိ ။ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္ သကၤန္းညီေနာင္အနီးရွိအမွတ္ ( ၉၀၁ ) ဝန္း ၊ BGF အမွတ္ ၁၀၂၁ နယ္ျခားေစာင့္မွလခရေဆာင္ရြက္ေနသည့္ ကုန္သြယ္ေရးကုန္းအေက်ာ္လမ္းမႀကီးေဘး ဂိတ္ဝင္းအတြင္းတြင္ ၂၀၁၉ ခုႏွစ္ဇန္နဝါရီလ ၁ ရက္ေန႕ ၂၁:၀၀ ခ်ိန္ခန္႕တြင္ စစ္သည္အခ်င္းခ်င္းစကားမ်ားရာမွ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ စစ္သည္ ၃ ဦး ၊ အရပ္သား ၁ ဦး ေသဆံုးခဲ့ေၾကာင္းသတင္းရရွိပါသည္ ။

ျဖစ္စဥ္မွာမေန႕ညက အဖြဲ႕လိုက္ကင္းတာဝန္က်ေနစဥ္ ၂၁:၀၀ ခ်ိန္တြင္ တပ္သားအဲ့ဝါး( ခ) ေစာေပေပ ႏွင့္အခ်င္းခ်င္းစကားမ်ားရာမွ ေသနတ္ျဖင့္ပစ္ခတ္ခဲ့သျဖင့္ ေနရာတြင္ တပ္ၾကပ္ႀကီး သာအဲရွဴ ၊ တပ္သားေအာင္ပိုင္ ၊ တပ္သားဦးနငယ္ႏွင့္အရပ္သားတစ္ဦးေပါင္း (၄) ဦးေသဆံုးသြားခဲ့သည္ဟုသိရ ။

တပ္သားအဲ့ဝါး( ခ) ေစာေပေပသည္အခင္းျဖစ္ပြားၿပီးေနာက္ M-16 ေသနတ္ကိုယုေဆာင္ကာ ခ်က္ခ်င္းထြက္ေျပးတိမ္းေရွာင္သြားခဲ့သျဖင့္ ၎ေနာက္သို႕ BGF , DKBA အဖြဲ႕မ်ားမွလိုက္လံရွာေဖြစဥ္ မဲကနယ္ေက်းရြာအနီး၌ ယေန႕ ၁၁:၀၀ ခ်ိန္ခန္႕တြင္ပစ္ခတ္ဖမ္းဆီးခဲ့ရာအေသဖမ္းမိခဲ့သည္ဟု သကၤန္းညီေနာင္မွေဒသခံတစ္ဦးမွယခုလိုေျပာျပခဲ့ပါသည္ –

” ဟုတ္တယ္ ..သူတို႕က အဲ့ဂိတ္နားမွာ ပုခက္ေတြနဲ႕ကင္းေစာင့္ေနၾကတာ ၊ ေဆးေၾကာင္တယ္လို႕လည္းသိရတယ္ ၊ တပ္ၾကပ္ႀကီးသာအဲရွဴက ကေလး ၄ ေယာက္ရွိတယ္ ၊ ဘလိုင္းႀကီးအလကားေသရတာ ၊ အရပ္သားနာမည္ေတာ့မသိေသးဘူးဗ် …ပစ္ၿပီးေျပးတဲ့သူကိုေတာ့ဒီေန႕မနက္က ရြာသားေတြကလွမ္းၿပီးသတင္းေပးၾကတယ္ထ၊ အဲ့ဒါေနာက္ကလိုက္ၿပီးပစ္ဖမ္းတာ အခုနေလးတင္ဘဲမဲကနယ္ဘက္မွာအေသမိသြားၿပီ…” ဟုေျပာျပခဲ့ပါတယ္..

တပ္နယ္မွတာဝန္ရွိသူအဆင့္ဆင့္မွလိုအပ္သလိုအေရးယူေဆာင္ရြက္ႏိုင္ရန္ စံုခံုဖြဲ႕စစ္ေဆးသြားမည္ဟုသတင္းရရွိပါသည္ ။SiThu Maung






Unicode

နှစ်သစ်တွင်နယ်ခြားစောင့်အချင်းချင်းစကားများရာမှ အချင်းချင်းပစ်ခတ်မှုဖြစ် ၅ ဦးသေ ၊ တရားခံအားပစ်ခတ်ဖမ်းဆီးအသေမိ ။ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်အနီးရှိအမှတ် ( ၉၀၁ ) ဝန်း ၊ BGF အမှတ် ၁၀၂၁ နယ်ခြားစောင့်မှလခရဆောင်ရွက်နေသည့် ကုန်သွယ်ရေးကုန်းအကျော်လမ်းမကြီးဘေး ဂိတ်ဝင်းအတွင်းတွင် ၂၀၁၉ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ ၂၁:ဝ၀ ချိန်ခန့်တွင် စစ်သည်အချင်းချင်းစကားများရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်သည် ၃ ဦး ၊ အရပ်သား ၁ ဦး သေဆုံးခဲ့ကြောင်းသတင်းရရှိပါသည် ။

ဖြစ်စဉ်မှာမနေ့ညက အဖွဲ့လိုက်ကင်းတာဝန်ကျနေစဉ် ၂၁:ဝ၀ ချိန်တွင် တပ်သားအဲ့ဝါး( ခ) စောပေပေ နှင့်အချင်းချင်းစကားများရာမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် နေရာတွင် တပ်ကြပ်ကြီး သာအဲရှူ ၊ တပ်သားအောင်ပိုင် ၊ တပ်သားဦးနငယ်နှင့်အရပ်သားတစ်ဦးပေါင်း (၄) ဦးသေဆုံးသွားခဲ့သည်ဟုသိရ ။



တပ်သားအဲ့ဝါး( ခ) စောပေပေသည်အခင်းဖြစ်ပွားပြီးနောက် M-16 သေနတ်ကိုယုဆောင်ကာ ချက်ချင်းထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ၎င်းနောက်သို့ BGF , DKBA အဖွဲ့များမှလိုက်လံရှာဖွေစဉ် မဲကနယ်ကျေးရွာအနီး၌ ယနေ့ ၁၁:ဝ၀ ချိန်ခန့်တွင်ပစ်ခတ်ဖမ်းဆီးခဲ့ရာအသေဖမ်းမိခဲ့သည်ဟု သင်္ကန်းညီနောင်မှဒေသခံတစ်ဦးမှယခုလိုပြောပြခဲ့ပါသည် –

” ဟုတ်တယ် ..သူတို့က အဲ့ဂိတ်နားမှာ ပုခက်တွေနဲ့ကင်းစောင့်နေကြတာ ၊ ဆေးကြောင်တယ်လို့လည်းသိရတယ် ၊ တပ်ကြပ်ကြီးသာအဲရှူက ကလေး ၄ ယောက်ရှိတယ် ၊ ဘလိုင်းကြီးအလကားသေရတာ ၊ အရပ်သားနာမည်တော့မသိသေးဘူးဗျ …ပစ်ပြီးပြေးတဲ့သူကိုတော့ဒီနေ့မနက်က ရွာသားတွေကလှမ်းပြီးသတင်းပေးကြတယ်ထ၊ အဲ့ဒါနောက်ကလိုက်ပြီးပစ်ဖမ်းတာ အခုနလေးတင်ဘဲမဲကနယ်ဘက်မှာအသေမိသွားပြီ…” ဟုပြောပြခဲ့ပါတယ်..

တပ်နယ်မှတာဝန်ရှိသူအဆင့်ဆင့်မှလိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရန် စုံခုံဖွဲ့စစ်ဆေးသွားမည်ဟုသတင်းရရှိပါသည် ။SiThu Maung

No comments:

Post a Comment