Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 31, 2019
ထီဆုကြီးပေါက်ပြီး ဇနီးဖြစ်သူအား ကွာရှင်း၍ ၊(၁၈)နှစ်အရွယ် ကောင်မလေးနဲ့ ပျော်ပါးတဲ့ ၇၈ နှစ်အရွယ် အဘိုးအို နေရာတင် ပွဲချင်းပြီး သေဆုံး
Burmese.asia
#Unicode Version#
ဘရားဇီး နိုင်ငံသား ၊ အသက် ၇၄ နှစ် Francinaldo Aparecido အမည်ရှိ အဖိုးအိုဟာ ဒေါ်လာ ၅၈၀၀ တန် Mega ထီဆု ကို ဆွမ်းခူးသွားရှိခဲ့ပါတယ်။သူဟာ ရရှိလာတဲ့ ပိုက်ဆံတွေနဲ့ အသက် ၁၈ နှစ်အရွယ် ခပ်ဖြောင့်ဖြောင့် ကောင်မလေး တစ်ယောက်နဲ့ ပျော်ပါးခဲ့ပြီးနောက် နေရာမှာတင် ချက်ချင်း သေဆုံးခဲ့ပါတယ်။
Francinaldo ဟာ ထီဆုပေါက်ပြီး နောက်ပိုင်း တစ်ပါတ်ခန့်အကြာမှာ အသက် ၆၉ နှစ်အရွယ် သူရဲ့ ဇနီးကို ကို ကွာရှင်းခဲ့ပြီး ၁၈နှစ်အရွယ်ကောင်မလေးနဲ့ ဇာတ်လမ်းစခဲ့ပါတယ်။သူမရဲ့နာမည်ကMayra ပါ။
Mayar ကလည်း Francinaldo အဖိုးအိုကို တကယ်ချစ်တာပါလို့ ဆိုပါတယ်။သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်အချစ်တွေပိုခဲ့ပြီး Francinaldo ဟာ သီးသန့် အခန်ထဲ့မှာ ချောကလက် တွေနဲ့ ၊ ဝိုင်တွေနဲ့ Mayar ကို Surprise လုပ်ခဲ့ပါတယ်။
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နမ်းရှုံခဲ့ကြပြီး ကောင်းမလေးဘက်က နမ်းခမ်းခြင်း အတင်းအကြပ် မရပ်မနား နမ်းခဲ့တာကြောင့် အဖိုးအိုဟာ နေရာမှာပဲ ပွဲချင်းပြီး သေးဆုံးခဲ့ပါတယ်။Mayra လည်းချက်ချင်းဆိုသလို့ အရေးပေါ်ကယ်ဆယ်ရေးခေါ်ခဲ့ပေမဲ့ အသက်ကို မမှီလိုက်ဘူးလို့ သိရပါတယ်။
အဖိုးအိုးဟာ အသက်အရွယ်အရ အသက်ရူကြပ် စိတ်ခံစားမှုများပြီး အရွယ်ရှိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အတင်းအကြပ် နမ်းခြင်းခံခဲ့ရတာကြောင့် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ရဲတပ်ဖွဲရဲ့အဆိုအရ တစ်ယောက်နဲ့တစ်ယောက် ခံစားမှုမထိန်းချုပ်နိုင်တဲ့အခါ Mayra ၏ တင်းကျပ်တဲ့ ပွေ့ဖက်မှုဒဏ်ကို မခံနိုင်တော့ဘဲသေဆုံးမှုဖြစ်သွားတယ်လို့ ဆိုပါတယ်။
Francinaldo ရဲ့ ပိုက်ဆံတွေကိုတော့ ကျန်ရှိနေတဲ့ ဇနီးနဲ့ကလေး ၁၄ယောက်မှ အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပြီး Mayra ကတော့ တရားဝင်လက်ထပ်ထားခြင်းမရှိတာကြောင့် အကျိုးခံစားခွင့်မှမရှိဘူးလို့ ဆိုပါတယ်။
No comments:
Post a Comment