Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 19, 2019

ဘုရားအေလာင္းေတာ္ မဟာဇနကမင္း၏ ျဖစ္စဥ္ခုႏွစ္မ်ိဳး အေျချပဳ၍ ေရွးဆရာႀကီးမ်ားက တီထြင္သြားတဲ့ တြက္ကိန္း


ဇနကေဟာကိန္း
ဘုရားအေလာင္းေတာ္ မဟာဇနကမင္း၏ ျဖစ္စဥ္ခုႏွစ္မ်ိဳး အေျချပဳ၍ ေရွးဆရာႀကီးမ်ားက တီထြင္၍ တြက္ကိန္းဆင္ထားျခင္းျဖစ္သည္။ အလြန္လြယ္ကူရွင္းလင္း၍ ယေန႔ပညာရွင္မ်ားထ္ိ သုံးစြဲေနေသာ တြက္ကိန္းျဖစ္ပါသည္။ တြက္ကိန္းအား ပုံေသကားခ်မယူပဲ မဟာဘုတ္စေသာ အျခားတြက္ကိန္းမ်ားႏွင့္ ညႇိႏွိုင္းေဟာေျပာလွ်င္ အလြန္အစြမ္းထက္ေသာ ေဟာကိန္းျဖစ္သည္။

အေဟာၾကည့္နည္း
ဥပမာ – မိမိက တနဂၤေႏြသားသမီး အခုေရာက္သက္ ၂၅ ႏွစ္ဆိုရင္ တနဂၤေႏြ ဇယားကြက္ထဲတြင္ ၂၅ ကို ရွာပါ။ * နန္း * အကြက္ထဲတြင္ရွိ၍ ထိုအေဟာကိုဖတ္ပါ။
မိမိက တနလၤာသားသမီး အခုေရာက္သက္ ၂၀ႏွစ္ဆိုရင္ တနလာၤဇယားကြက္ထဲတြင္ ၂၀ ကိုရွာပါ။ * ပ်က္* အကြက္ထဲတြင္ရွိေသာေၾကာင့္ ထိုအေဟာကိုဖတ္ပါ။

**တည္​**
တည္​ဆိုတာ သ​ေဘၤာတည္​​ေဆာက္​တာကို ​ေျပာတာပါ။ လုပ္​ငန္​း​ေတြအတြက္​ ၾကံစည္​ဆဲ၊ လုပ္​ငန္​း​ေတြအစျပဳဆဲ အ​ေျခအ​ေနကို​ေရာက္​​ေနတယ္​လို႔ ​ေျပာတာပါ။ လုပ္​ငန္​းအတြက္​ ရင္​းႏွီးျမဳပ္​ႏွံဖို႔ ရန္​႐ွာရာတြင္​လြယ္​ကူလိမ္​့မည္​။ လုပ္​ငန္​းအၾကံအစည္​​ေအာင္​ျမင္​မည္​။ အလုပ္​႐ွာ​ေနလွ်င္​ အလုပ္​ရမည္​။ အလုပ္​​ေလွ်ာက္​ထားလွ်င္​ အလုပ္​ရမည္​။ အမႈကိစၥ​ေတြ၊ အလုပ္​​ေတြမ်ားမည္​။ ​ေငြဝင္​မ်ားသလို ​ေငြထြက္​လဲမ်ားမည္​။

**ထြက္​**
ထြက္​ဆိုတာ ဇမၺနဂိုရ္​ျပည္​က သ​ေဘၤာစထြက္​တာကို​ေျပာတာပါ။ ​ေကာင္​းမြန္​​ေသာမိတ္​​ေဆြသစ္​မ်ား တိုးမည္​။ စပ္​တူ႐ွယ္​ယာလုပ္​ငန္​းမ်ား လုပ္​ရမည္​့အခ်ိန္​​ေကာင္​းပါ။ ျပည္​တြင္​း၊ျပည္​ပခရီးမ်ား သြားရမည္​။ ႏိုင္​ငံျခားကုန္​လုပ္​ငန္​းမ်ား ​ေအာင္​ျမင္​မည္​။

**ပ်က္​**
ပ်က္​ဆိုတာ သ​ေဘၤာပ်က္​သြားတာကို ​ေျပာတာပါ။ ကံဇာတာညံ့ခ်ိန္​ပါ။ စီးပြား​ေရးက်ဆင္​းမယ္​။ သူမ်ားမ​ေကာင္​းၾကံတာခံရတတ္​သည္​။ မ​ေတာ္​တဆထိခိုက္​မႈ အ​ေသးအဖြဲမ်ား ၾကဳံတတ္​သလို ​ေသ​ေကာင္​​ေပါင္​းလဲ​ေဝဒနာမ်ား ျဖစ္​တတ္​သည္​။ ရာထူးလုပ္​ငန္​းကို​ေႏွာင္​့ယွက္​မည္​့သူ ​ေပၚလာလိမ္​့မည္​။ အိမ္​​ေထာင္​​ေရးကို အထူးသတိထားပါ။

**​ေက်ာက္​**
ေက်ာက္​ဆိုတာ ​ေမခလာနတ္​သမီးက ​ေက်ာက္​ဖ်ာထက္​မွာတင္​​ေပးထားတဲ့ ကိန္​းဆိုက္​ၿပီဆို​ေတာ့ ကံ​ေကာင္​းၿပီလို႔မွတ္​ပါ။ မ​ေမွ်ာ္​လင္​့ပဲကူညီမယ္​့သူ​ေတြ​ေပၚမယ္​။ ​ေအာင္​ပါ​ေလသိန္​းထီဆုႀကီးမ်ား ​ေပါက္​မယ္​။ မက်န္​းမမာျဖစ္​​ေနရင္​​ေတာ့ ျပန္​ၿပီးက်န္​းမာလာမယ္​။ ဆရာ​ေကာင္​းနဲ႔​ေတြ႔ၿပီလို႔​ေဟာပါ။ အမႈ႐ွိရင္​႐ွိႏိုင္​မည္​။ အခ်ဳပ္​​ေႏွာင္​ခံ​ေနရရင္​ လြတ္​မည္​။ က်ဆင္​း​ေန​ေသာစီးပြား​ေရးမ်ား ျပန္​တက္​လာမည္​။ ပညာ​ေရးလဲ​ေကာင္​းမည္​။ အိမ္​​ေထာင္​က်လွ်င္​ အိမ္​​ေထာင္​ဖက္​​ေကာင္​းႏွင္​့​ေတြ႔ၿပီလို႔​ေဟာပါ။ အၾကံအစည္​မ်ား ​ေအာင္​ျမင္​မည္​။

**ထီး**
ထီးဆိုတာ ထီးျဖဴ​ေဆာင္​းတဲ့ကိန္​းပါ။ နာမည္​​ေက်ာ္​ၾကားထင္​႐ွားမည္​။ ​ေကာင္​းသတင္​းႏွင္​့ ​ေက်ာ္​ၾကားျခင္​းပါ။ ဆုလာဘ္​​ေတြရမည္​။ ဘြဲ႔ထူးဂုဏ္​ထူးမ်ား ရမည္​။ စာ​ေမးပြဲ​ေျဖထားရင္​ စာ​ေမးပြဲ​ေအာင္​မည္​။ ရာထူးတိုးမည္​။ စီးပြား​ေရးလုပ္​ငန္​းမ်ား တိုးခ်ဲ့ရမည္​။ အိမ္​သစ္​​ေဆာက္​ကိန္​း၊ အိမ္​သစ္​ရကိန္​း​ေပၚမည္​။

**နန္​း**
နန္​းဆိုတာ နန္​းအပ္​ခံရတဲ့ကိန္​းပါ။ ကံဇာတာ​ေကာင္​းၿပီလို႔​ေဟာပါ။ ရာထူးတိုးမည္​။ စီးပြားျဖစ္​ထြန္​းမည္​။ အ​ေမြအႏွစ္​​ေတြရမည္​။ အၿပိဳင္​အဆိုင္​​ေတြမွာ အႏိုင္​ရမည္​။ ​ေရြး​ေကာက္​ပြဲ​ေတြမွာ ဝင္​​ေရာက္​ယွဥ္​ၿပိဳင္​ရင္​ႏိုင္​မည္​။ အိမ္​​ေထာင္​က်ကိန္​း႐ွိသည္​။ အိမ္​​ေထာင္​က်လွ်င္​လဲ ကံ​ေကာင္​းမည္​။ အလွဴျပဳလုပ္​ရမည္​။ မင္​းစိုးရာဇာ အႀကီးအကဲျဖစ္​မည္​။

**စံ**
စံဆိုတာ မင္​းစည္​းစိမ္​ကိုခံယူရတဲ့ကိန္​းပါ။ ​ေဘးအနၱာရာယ္​ကင္​းၿပီး စုတ္​ႀကီး၊လာဘ္​ႀကီး​ေတြဝင္​မည္​။ လုပ္​ငန္​း​ေတြတိုးတက္​မည္​။ ႀကီးမားတဲ့ရာထူး​ေတြရမည္​။ သို​ေလွာင္​ပစၥည္​း​ေတြက အက်ိဳးအျမတ္​ရမည္​။ အ​ေႁခြအရံမိတ္​​ေဆြအ​ေပါင္​းအသင္​း တိုးမည္​။ ​ေငြ​ေၾကးစု​ေဆာင္​းမိမည္​။
ယခု အေဟာတမ်ိဳးထဲႏွင့္ ပုံေသယူ၍မရပါ။ မသိေသးသူမ်ား သိေစရန္ ရည္ရြယ္၍ ကူးယူ ေရးသားပါသည္။

written by ေဗဒင္ လကၡဏာ







==========================

ဇနကဟောကိန်း
ဘုရားအလောင်းတော် မဟာဇနကမင်း၏ ဖြစ်စဉ်ခုနှစ်မျိုး အခြေပြု၍ ရှေးဆရာကြီးများက တီထွင်၍ တွက်ကိန်းဆင်ထားခြင်းဖြစ်သည်။ အလွန်လွယ်ကူရှင်းလင်း၍ ယနေ့ပညာရှင်များထ်ိ သုံးစွဲနေသော တွက်ကိန်းဖြစ်ပါသည်။ တွက်ကိန်းအား ပုံသေကားချမယူပဲ မဟာဘုတ်စသော အခြားတွက်ကိန်းများနှင့် ညှိနှိုင်းဟောပြောလျှင် အလွန်အစွမ်းထက်သော ဟောကိန်းဖြစ်သည်။

အဟောကြည့်နည်း

ဥပမာ – မိမိက တနင်္ဂနွေသားသမီး အခုရောက်သက် ၂၅ နှစ်ဆိုရင် တနင်္ဂနွေ ဇယားကွက်ထဲတွင် ၂၅ ကို ရှာပါ။ * နန်း * အကွက်ထဲတွင်ရှိ၍ ထိုအဟောကိုဖတ်ပါ။

မိမိက တနင်္လာသားသမီး အခုရောက်သက် ၂ဝနှစ်ဆိုရင် တနလာင်္ဇယားကွက်ထဲတွင် ၂၀ ကိုရှာပါ။ * ပျက်* အကွက်ထဲတွင်ရှိသောကြောင့် ထိုအဟောကိုဖတ်ပါ။

**တည်​**

တည်​ဆိုတာ သ​င်္ဘောတည်​​ဆောက်​တာကို ​ပြောတာပါ။ လုပ်​ငန်​း​တွေအတွက်​ ကြံစည်​ဆဲ၊ လုပ်​ငန်​း​တွေအစပြုဆဲ အ​ခြေအ​နေကို​ရောက်​​နေတယ်​လို့ ​ပြောတာပါ။ လုပ်​ငန်​းအတွက်​ ရင်​းနှီးမြုပ်​နှံဖို့ ရန်​ရှာရာတွင်​

လွယ်​ကူလိမ်​့မည်​။ လုပ်​ငန်​းအကြံအစည်​​အောင်​မြင်​မည်​။ အလုပ်​ရှာ​နေလျှင်​ အလုပ်​ရမည်​။ အလုပ်​​လျှောက်​ထားလျှင်​ အလုပ်​ရမည်​။ အမှုကိစ္စ​တွေ၊ အလုပ်​​တွေများမည်​။ ​ငွေဝင်​များသလို ​ငွေထွက်​လဲများမည်​။

**ထွက်​**

ထွက်​ဆိုတာ ဇမ္ဗနဂိုရ်​ပြည်​က သ​င်္ဘောစထွက်​တာကို​ပြောတာပါ။ ​ကောင်​းမွန်​​သောမိတ်​​ဆွေသစ်​များ တိုးမည်​။ စပ်​တူရှယ်​ယာလုပ်​ငန်​းများ လုပ်​ရမည်​့အချိန်​​ကောင်​းပါ။ ပြည်​တွင်​း၊ပြည်​ပခရီးများ သွားရမည်​။ နိုင်​ငံခြားကုန်​လုပ်​ငန်​းများ ​အောင်​မြင်​မည်​။

**ပျက်​**

ပျက်​ဆိုတာ သ​င်္ဘောပျက်​သွားတာကို ​ပြောတာပါ။ ကံဇာတာညံ့ချိန်​ပါ။ စီးပွား​ရေးကျဆင်​းမယ်​။ သူများမ​ကောင်​းကြံတာခံရတတ်​သည်​။ မ​တော်​တဆထိခိုက်​မှု အ​သေးအဖွဲများ ကြုံတတ်​သလို ​သေ​ကောင်​​ပေါင်​းလဲ​ဝေဒနာများ ဖြစ်​တတ်​သည်​။ ရာထူးလုပ်​ငန်​းကို​နှောင်​့ယှက်​မည်​့သူ ​ပေါ်လာလိမ်​့မည်​။ အိမ်​​ထောင်​​ရေးကို အထူးသတိထားပါ။

**​ကျောက်​**
ကျောက်​ဆိုတာ ​မေခလာနတ်​သမီးက ​ကျောက်​ဖျာထက်​မှာတင်​​ပေးထားတဲ့ ကိန်​းဆိုက်​ပြီဆို​တော့ ကံ​ကောင်​းပြီလို့မှတ်​ပါ။ မ​မျှော်​လင်​့ပဲကူညီမယ်​့သူ​တွေ​ပေါ်မယ်​။ ​အောင်​ပါ​လေသိန်​းထီဆုကြီးများ ​ပေါက်​မယ်​။ မ

ကျန်​းမမာဖြစ်​​နေရင်​​တော့ ပြန်​ပြီးကျန်​းမာလာမယ်​။ ဆရာ​ကောင်​းနဲ့​တွေ့ပြီလို့​ဟောပါ။ အမှုရှိရင်​ရှိနိုင်​မည်​။ အချုပ်​​နှောင်​ခံ​နေရရင်​ လွတ်​မည်​။ ကျဆင်​း​နေ​သောစီးပွား​ရေးများ ပြန်​တက်​လာမည်​။ ပညာ​ရေးလဲ​ကောင်​းမည်​။ အိမ်​​ထောင်​ကျလျှင်​ အိမ်​​ထောင်​ဖက်​​ကောင်​းနှင်​့​တွေ့ပြီလို့​ဟောပါ။ အကြံအစည်​များ ​အောင်​မြင်​မည်​။

**ထီး**
ထီးဆိုတာ ထီးဖြူ​ဆောင်​းတဲ့ကိန်​းပါ။ နာမည်​​ကျော်​ကြားထင်​ရှားမည်​။ ​ကောင်​းသတင်​းနှင်​့ ​ကျော်​ကြားခြင်​းပါ။ ဆုလာဘ်​​တွေရမည်​။ ဘွဲ့ထူးဂုဏ်​ထူးများ ရမည်​။ စာ​မေးပွဲ​ဖြေထားရင်​ စာ​မေးပွဲ​အောင်​မည်​။ ရာထူးတိုးမည်​။ စီးပွား​ရေးလုပ်​ငန်​းများ တိုးချဲ့ရမည်​။ အိမ်​သစ်​​ဆောက်​ကိန်​း၊ အိမ်​သစ်​ရကိန်​း​ပေါ်မည်​။

**နန်​း**

နန်​းဆိုတာ နန်​းအပ်​ခံရတဲ့ကိန်​းပါ။ ကံဇာတာ​ကောင်​းပြီလို့​ဟောပါ။ ရာထူးတိုးမည်​။ စီးပွားဖြစ်​ထွန်​းမည်​။ အ​မွေအနှစ်​​တွေရမည်​။ အပြိုင်​အဆိုင်​​တွေမှာ အနိုင်​ရမည်​။ ​ရွေး​ကောက်​ပွဲ​တွေမှာ ဝင်​​ရောက်​ယှဉ်​ပြိုင်​ရင်​နိုင်​မည်​။ အိမ်​​ထောင်​ကျကိန်​းရှိသည်​။ အိမ်​​ထောင်​ကျလျှင်​လဲ ကံ​ကောင်​းမည်​။ အလှူပြုလုပ်​ရမည်​။ မင်​းစိုးရာဇာ အကြီးအကဲဖြစ်​မည်​။

**စံ**

စံဆိုတာ မင်​းစည်​းစိမ်​ကိုခံယူရတဲ့ကိန်​းပါ။ ​ဘေးအန္တာရာယ်​ကင်​းပြီး စုတ်​ကြီး၊လာဘ်​ကြီး​တွေဝင်​မည်​။ လုပ်​ငန်​း​တွေတိုးတက်​မည်​။ ကြီးမားတဲ့ရာထူး​တွေရမည်​။ သို​လှောင်​ပစ္စည်​း​တွေက အကျိုးအမြတ်​ရမည်​။ အ​ခြွေအရံမိတ်​​ဆွေအ​ပေါင်​းအသင်​း တိုးမည်​။ ​ငွေ​ကြေးစု​ဆောင်​းမိမည်​။

ယခု အဟောတမျိုးထဲနှင့် ပုံသေယူ၍မရပါ။ မသိသေးသူများ သိစေရန် ရည်ရွယ်၍ ကူးယူ ရေးသားပါသည်။

written by ဗေဒင် လက္ခဏာ

No comments:

Post a Comment