Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 4, 2019

ပေ၆၀ အမြင့် တံတားပေါ်ကနေသူငယ်ချင်းကို နောက်ပြောင်ပြီးတွန်းချခဲ့သူ


အစအနောက်သန်သူများအတွက် ဒီဖြစ်ရပ်က သင်ခန်းစာယူစရာပါ။
မိတ်ဆွေသူငယ်ချင်းကြားမှာ ခင်မင်ရင်းနှီးမှုကြောင့် စကြနောက်ကြပေမယ့်
လိုအပ်တာထက်ပိုသွားရင် အန္တရာယ်ဖြစ်တတ်တယ်ဆိုတာ ဒီမိန်းကလေးရဲ့အဖြစ်အပျက်ကဖော်ပြနေပါတယ်။
ဝါရှင်တန်ပြည်နယ် လူးဝစ်စ်မြစ်အထက်ဘက်မှာရှိတဲ့ မိုလ်တန်ရေတံခွန်မှာရှိတဲ့ တံတားစွန်းပေါ်ကနေ
 အသက်(၁၆)နှစ်အရွယ် မိန်းမပျိုလေးတစ်ဦးကိုသူငယ်ချင်းတစ်ဦးကတွန်းချခဲ့တာပါ။
တံတားပေါ်ကနေ ဂျော်ဒန်ဟိုဂျာဆန်ဆိုတဲ့မိန်းကလေးက ရေထဲကိုဒိုင်ဗင်ထိုးချဖို့ပြင်ဆင်နေပြီးမှ ကြောက်တာကြောင့်
ခုန်မချတော့ဘူးလို့ ဘေးကသူငယ်ချင်းကိုပြောလိုက်ပါတယ်။ကြောက်ပြီးသူ့လက်ကိုဆုတ်နယ်နေစဉ်မှာ နောက်ကသူငယ်ချင်းဖြစ်သူက တွန်းချလိုက်တာပဲဖြစ်ပါတယ်။
ပေ ၆၀ကျော်ကနေ ရေထဲကျသွားတဲ့အရှိန်ကြောင့်  မိန်းကလေးခမြာ တော်တော်အထိနာသွားခဲ့ပါတယ်။
"ကျမ နံရိုး ငါးချောင်းကျိုးသွားခဲ့ပါတယ်။ရင်ဘတ်ထဲကို လေပူစီပေါင်းတွေလည်းဝင်သွားခဲ့တယ်။ကျမအလွယ်လေးနဲ့သေသွားနိုင်တယ်။""  လို့ ဟိုလ်ဂျာဆန်ကပြောပါတယ်။

သူကအောက်ကိုကျနေတဲ့အချိန်မှာ အကျမနာဖို့အတတ်နိုင်ဆုံးကြိုးစားခဲ့ကြောင်းပြောပါတယ်။
"လေထဲမှာ အောက်ကိုကျနေတုန်း မတ်မတ်ဖြစ်နေအောင်ကျမကြိုးစားခဲ့တယ်။ ဒါမှ ရေထဲကို ခြေထောက်က အရင်ဆုံးကျအောင်လို့။ဒါပေမယ့်ကြိုးစားတာအရာမထင်ခဲ့ဘူး။လေထဲမှာ သတိလစ်လုမတတ်ဖြစ်သွားခဲ့တယ်။ရေပြင်နဲ့ရိုက်မိတော့မှ ပြန်ပြီးသတိဝင်လာတယ်။"

သူမကို ဗန်ကူးပါးက ဆေးရုံကိုခေါ်သွားခဲ့ပါတယ်။ ဒေါက်တာမေရီကလဲက"  တော်တော်ဆိုးဝါးတဲ့အဖြစ်အပျက်ပါ။ဒီလောက်အမြင့်ကနေခုလိုကျတာ သူသေသွားနိုင်တယ်။ လူတွေက ရေထဲကိုကျတာမို့ ဒီလောက်မဆိုးဘူးလို့ပြောကောင်းပြောကြလိမ့်မယ်။ဒါပေမယ့် ဒီလောက်အမြင့်ကနေ ရေထဲကိုကျရင်  ရေက ကွန်ကရိလိုဖြစ်နေမှာ။ ဒီကလေးမ ဒီထက်ဆိုးဆိုးဝါးဝါးမဖြစ်တာ အတော်ကံကောင်းပါတယ်။ကျတဲ့ပုံစံကပြောင်းရင် သူ့ရဲ့လည်ပင်းကျိုးသွားနိုင်တယ်။"လို့ပြောပါတယ်။
ဟိုဂျာဆန်ဟာ သူမရဲ့အဆုတ်နဲ့နံရိုးတွေပြန်လည်ကောင်းမွန်လာဖို့ရက်သတ္တခြောက်ပတ်လောက် ကုသရမယ်ဖြစ်ပါတယ်။
သူက အဲဒီဒေသပတ်ဝန်းကျင်မှာရေကူးနေကျဖြစ်ပြီး လူတွေအဲဒီတံတားပေါ်က ဒိုင်ဗင်ထိုးချနေတာမကြာခဏတွေ့ရပြီး ဘာမှဖြစ်တာမတွေ့ခဲ့ဘူးလို့ဆိုပါတယ်။
တံတားပေါ်ကခုန်မချဖို့သတိပေးစာရေးထားပေမယ့်
အဲဒီလိုဖြစ်ပြီးနောက်တစ်ရက်မှာကိုပဲ အဲဒီတံတားပေါ်ကလူတချို့ဒိုင်ဗင်ထိုးချနေတာတွေ့ရတယ်လို့ ဖောက်စ်သတင်းဌာနမှာဖော်ပြပါတယ်။
လွန်ကဲတဲ့နောက်ပြောင်မှုတွေဟာအန္တရာယ်ဖြစ်နိုင်ပြီး သေဆုံးတဲ့အထိဖြစ်သွားနိုင်တာကြောင့်
အနောက်အပြောင်သန်သူများအတွက် သင်ခန်းစာယူစရာအဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။
သတင်းစုံပျော်ဝင်အိုးကြီး

No comments:

Post a Comment