Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 21, 2019

မင်းသမီးသင်ဇာဝင့်ကျော်ကိုရအောင်ပြင်ပြလိုက်တဲ့ အဆိုတော်မနော


မင်းသမီးချောသင်ဇာဝင့်ကျော်ဆိုရင် ပရိတ်သတ်ရဲ့အမြင်မှာ ဖက်ရှင်ဒီဇိုင်းအဆန်းအပြားတွေနဲ့
ဘော်ဒီအလှကို အမျိုးမျိုးပြတတ်သူ ညှို့အားပြင်းပြင်းမော်ဒယ်တစ်ဦးအဖြစ်သာအတွေးထဲမြင်ကြသူကအများစုပါ။
သူ့ကို ဒီလို အဆန်းအပြား ဖက်ရှင်ဒီဇိုင်းများနဲ့ ပွဲဆူသွားစေတာမျိုးတွေပဲအတွေ့ရများတာကြောင့်
" မြန်မာပြည်မှာ ပြင်မရတာ အခြေခံဥပဒေရယ် မင်းသမီး သင်ဇာဝင့်ကျေ်ရယ်  "လို့  အများက အပျော်သဘောပြောကြပါတယ်။
ဒါပေမယ့် ဒီလိုပြင်မရဘူးလို့ အများကပြောကြတဲ့ မင်းသမီးကို ရအောင်ပြင်ပြလိုက်သူကတော့ အဆိုတော်မနောပဲဖြစ်ပါတယ်။
 မြန်မာသံတွေနဲ့ ပရိတ်သတ်ရဲ့အားပေးမှုအထူးရရှိနေတဲ့ အဆိုတော်မနောက မင်းသမီးကို
မြန်မာဝတ်စုံနဲ့ ကျက်သရေရှိရှိဘယ်လိုပြောင်းလဲပေးလိုက်သလဲဆိုတာ အောက်ပါဗီဒီယိုမှာတွေ့ရမှာပါ။
မြန်မာဆန်ဆန်ဝတ်လိုက်တော့ မင်းသမီးသင်ဇာဝင့်ကျော်ရဲ့ အလှဟာ မြင်နေကျ ညှို့အားပြင်းမော်ဒယ်တစ်ယောက်ရဲ့
အသွင်အပြင်ကနေ အင်မတန်ကျက်သရေရှိတဲ့ ၊နန်းဆန်လှတဲ့ မင်းသမီးတစ်ပါးအလားပြောင်းလဲသွားတာကိုတွေ့ရမှာ။
မြန်မာမလေးတွေအတွက် မြန်မာဝတ်စုံဟာ အင်မတန်ကျက်သရေတိုးစေတဲ့ ဘယ်တော့မှ ရိုးမသွားစေတဲ့ ဖက်ရှင်ပဲဖြစ်ပါတော့တယ်။











No comments:

Post a Comment