Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 5, 2019

အပတ္စဥ္ ေဗဒင္ေဟာစာတမ္းက႑ (၆-၁-၂၀၁၉ မွ ၁၂-၁-၂၀၁၉ ရက္ေန႔အထိ)

တနဂၤေႏြ

ယခုအပတ္အတြက္ တနဂၤေႏြသားသမီးတို႔ကေတာ့ စီးပြားေရးအေျခအေနမွာ ေနၾကတ္ျခင္းကဲ့သို႔ မထင္မွတ္ေသာ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ရပါလိမ့္မယ္။ လုပ္လက္စစီးပြားေရးလုပ္ငန္းမ်ားတြင္ ျပႆနာမ်ား စတင္ေပၚေပါက္ႏိုင္ၿပီး စပ္တူလုပ္ငန္းမ်ားမွာလည္း တစ္ေယာက္ႏွင့္တစ္ေယာက္မယံုၾကည္ဘဲ သံသယမ်ားျဖစ္လာပါမယ္။ အစုရွယ္ယာမ်ား ျပန္လည္ထုတ္ယူျခင္းမ်ားရိွလိမ့္မယ္။

က်န္းမာေရးအေနနဲ႔ ဦးေခါင္းေရာဂါျဖစ္တတ္ၿပီး မ်က္လံုးေရာဂါ အေျခအေနဆိုးေနတတ္ပါတယ္။ က်န္းမာေရးအထူးသတိထားရမည့္အခ်ိန္ျဖစ္တယ္။ အခ်စ္ေရးမွာေတာ့ အခ်စ္စစ္ကို ေတြ႕ရိွၿပီး အ႐ူးအမူးခံစားရမယ့္အခ်ိန္ပါ။ ေပ်ာ္ေနရပါလိမ့္မယ္။ အိမ္ေထာင္ရွင္ေတြအေနနဲ႔လည္း မိဘေတြရဲ႕ ဝင္ေႏွာက္ယွက္ တာေတြျဖစ္တတ္ပါတယ္။ ဒီအတြက္ အဆင္မေျပျဖစ္ရတတ္တယ္။ ပညာေရးကိုလိုက္စားတဲ့သူေတြကေတာ့ သင္တန္းမွား တက္မိလို႔ စိတ္ညစ္ေနရပါလိမ့္မယ္္။ အစိုးရဝန္ထမ္းမ်ား ကံေကာင္းေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္းမွာ - ၁။၅။၃ ယၾတာ - ကေလးမ်ားကို အုန္းသီးပါေသာမုန္႔ဝယ္ေကၽြးပါ။

တနလၤာ

ယခုအပတ္အတြင္း တနလၤာသားသမီးတို႔ကေတာ့ စီးပြားေရးလုပ္ငန္းမ်ား ယာယီဆိုင္းထားသင့္သည့္အခ်ိန္ျဖစ္သည္။ မိမိလုပ္ငန္းမ်ားကို ေသခ်ာကိုင္တြယ္ရမည့္အခ်ိန္ျဖစ္ၿပီး စီးပြားေရးဥာဏ္ကစားႏိုင္မွ ေတာ္ကာက်မည့္အခ်ိန္ျဖစ္သည္။ အျခားၿပိဳလဲသြားေသာ စီးပြားေရးလုပ္ငန္းမ်ား အက်ိဳးသက္ေရာက္မွဳမ်ား မိမိထံေရာက္လာတတ္သည္။ က်န္းမာေရးအေနႏွင့္အသည္းေရာဂါ ေဝဒနာရွင္မ်ား ဒီတစ္ပတ္မွာ သတိထားရမည့္အခ်ိန္ျဖစ္တယ္။ အခ်စ္ေရး ကံေကာင္းေနၿပီး ခ်စ္သူႏွင့္ ဘုရားဖူးခရီးသြားရတတ္ပါတယ္။

အိမ္ေထာင္ရွင္မ်ားကေတာ့ ႏွစ္ဘက္ေဆြမ်ိဳးမ်ားကို အထူး စိတ္ရွည္သိခံဖို႔လိုပါတယ္၊ မိမိေနထိုင္ရာ အေဆာက္အဦးကို အေၾကာင္းျပဳၿပီး စိတ္ေသာကေရာက္ရတတ္ပါတယ္။ ပညာေရးသမားမ်ားကေတာ့ သင္တန္းေတြဆက္တက္ပါ။ ကား၊စက္ ၊ေျမယာ၊ ေရနံႏွင့္ဆက္စပ္ေသာလုပ္ငန္းလုပ္ကိုင္သူမ်ား ပိုသတိထားပါ။ အစိုးရဝန္ထမ္းလုပ္သူမ်ားကေတာ့ ဒီတစ္ပတ္အနည္းငယ္ ညံ့ပါတယ္။

အက်ိဳးေပးဂဏန္း – ၂ ၊ ၀ ၊ ၅။ ယၾတာ – ငွက္ကေလးမ်ားကို တတ္ႏိုင္သေလာက္အစာေကၽြးပါ။

အဂၤါ

ယခုအပတ္အတြင္း အဂၤါသားသမီးေတြကေတာ့ စီးပြားေရးလုပ္ငန္းတြင္ ဆရာသမား၊ အထက္လူႀကီး၊ ျပည္ပမွ မိတ္ေဆြ စသည္တို႔၏ အကူအညီျဖင့္ တိုးတက္ျခင္းမ်ားစတင္ႏိုင္ပါလိမ့္မည္။ မိမိလုပ္ငန္းတူအခ်ိဳ႕ လုပ္ငန္းမ်ား နားသြားၾကမည္ျဖစ္ၿပီး ထိုသူတို႔၏ စီးပြားေရးေစ်းကြက္ကို မိမိရရိွမည့္အခ်ိန္ျဖစ္သည္။ လုပ္ငန္းတြင္ အတိုက္အခိုက္ေတာ့ ရင္ဆိုင္ရပါလိမ့္မယ္။ သတိနဲ႔လုပ္ကိုင္ရမည္။

သတၱဳႏွင့္ဆိုင္ေသာ စီးပြားေရးသမားမ်ား ကံေကာင္းၿပီး ေဆာက္လုပ္ေရးႏွင့္ဆိုင္ေသာ စီးပြားေရးလုပ္ငန္း လုပ္ကိုင္သူမ်ား အခက္အခဲရိွပါလိမ့္မယ္။ က်န္းမာေရးအေနႏွင့္ကေတာ့ ခါးကိုက္တတ္ၿပီး၊ အာရံုေၾကာညပ္တတ္သည္၊ အစာအိမ္ေရာဂါခံစားေနရသူမ်ား အထူးသတိထားသင့္ပါတယ္။ အခ်စ္ေရးကေတာ့ အလြန္ေကာင္းပါသည္။ အိမ္ေထာင္ရွင္မ်ား ခြဲေနရတတ္ပါတယ္။ ပညာေရးေကာင္းပါသည္။ဝန္ထမ္းမ်ား ကံေကာင္းပါတယ္။ လက္နက္ကိုင္ဝန္ထမ္းမ်ား သတိႀကီးစြာထားသင့္ေသာအခ်ိန္ျဖစ္သည္။

အက်ိဳးေပးဂဏန္း – ၃ ၊ ၁ ၊ ၆။ ယၾတာ – ႏြမ္းပါးသူလာေရာက္ေတာင္းရမ္းပါက တတ္ႏိုင္သေလာက္လွဴပါ။



ဗုဒၶဟူး

ယခုအပတ္အတြင္း ဗုဒၶဟူးသားသမီးတို႔ကေတာ့ အလြန္အလုပ္မ်ားေသာကာလျဖစ္ၿပီး မအိပ္မစားလုပ္ေနရမည္။ သို႔ေသာ္ ထိုလုပ္ေနေသာ အလုပ္သည္ မိမိအတြက္အက်ိဳးမ်ားစြာမရဘဲျဖစ္ေနမည္။ လုပ္ငန္းပင္ပန္းသေလာက္ အက်ိဳးမရသည့္အျပင္ မိမိဘယ္ေလာက္လုပ္လုပ္ နာမည္ရသူက အျခားတစ္ေယာက္ျဖစ္တတ္သည္။ စပ္တူလုပ္ငန္းမ်ားျပန္လည္စတင္ႏိုင္ၿပီျဖစ္သည္။

က်န္းမာေရးအေနႏွင့္ ေသြးတိုး၊ဆီးခ်ိဳရိွပါက အထူးသတိထားပါ ၊မေတာ္တဆလည္း ထိခိုက္မိတတ္သည္။ ဒီတစ္ပတ္မွာေငြေခ်းငွါးျခင္း၊ ဘဏ္မွေခ်းေငြထုတ္ျခင္းမ်ားအတြက္ သတိထားရမယ့္ အခ်ိန္ပါ။ အခ်စ္ေရးကေတာ့ သံသယအခ်စ္တစ္ခု ျဖစ္တတ္ပါတယ္။ အိမ္ေထာင္ေရးကလည္း အလြန္ေအးစက္ေနပါတယ္။ ခရီးယာယီျဖင့္ ခြဲေနရလိမ့္မည္။ ပညာေရးေကာင္းပါသည္။ ဝန္ထမ္းမ်ား လုပ္ငန္းတြင္ သတိႀကီးႀကီးျဖင့္ လုပ္ပါ။

ရာဟု - ရာဟုသားသမီးတို႔ကေတာ့ စိတ္ခ်မ္းသာ ကိုယ္က်န္းမာရိွမည့္အခ်ိန္ပါ။ အခ်စ္ေရးေကာင္းေနၿပီး၊ အိမ္ေထာင္ေရးညံခ်ိန္ျဖစ္သည္။ သတိထားရမည္မွာ ယာဥ္အႏၱရာယ္ရိွျခင္းျဖစ္သည္။ အထူးသတိထားရမည္မွာ မိမိထံသို႔ ကားလာေရာင္းပါက သတိထားဝယ္ပါ။

အက်ိဳးေပးဂဏန္း – ၄ ၊ ၂ ၊ ၀။ ယၾတာ - ဗုဒၶဟူးေန႔တြင္ ရဟန္းတစ္ပါးအား ဆြမ္းေလာင္းပါ။

ၾကာသပေတး

ယခုအပတ္အတြင္း ၾကာသာပေတး သားသမီးတို႔အတြက္ စီးပြားေရးလုပ္ငန္းမ်ားသည္ ရန္သေဘာေဆာင္ေနတတ္သည္။ လုပ္ငန္းသစ္ေျပာင္းျခင္း၊ ေနရာသစ္ေျပာင္းျခင္းမ်ားျဖစ္တတ္ပါသည္။ စီးပြားေရးအတြက္ မိမိယံုၾကည္ရသူ၏ သံသယျဖစ္ျခင္းခံရမည္။ ေငြကိစၥမ်ား အဆင္မေျပႏိုင္ေသးပါ။ မိမိထံမွ ေငြေခ်းထားသူမ်ား ထြက္ေျပးလိမ့္မည္၊ ထိုအတြက္ကိစၥမ်ားမည္။

က်န္းမာေရးအေနႏွင့္ ေရာဂါေဟာင္း ျပန္ေဖာက္တတ္လို႔ အထူးသတိထားပါ။ ခ်စ္သူရည္းစားမ်ား မိဘတို႔ေၾကာင့္ အလြန္ စိတ္ညစ္ရမည္။ အိမ္ေထာင္ရွင္မ်ား မိဘမ်ားေၾကာင့္ အေျခအေန တင္းမာတတ္ပါတယ္။ ပညာေရးသမားမ်ား သင္တန္းတြင္ ရန္ေပၚတတ္သည္။ အစိုးရဝန္ထမ္းမ်ား အထက္လူႀကီးကို အေၾကာင္းျပဳၿပီး အလြန္စိတ္ညစ္ရမည္။ လက္နက္ကိုင္ဝန္ထမ္းမ်ား ကံေကာင္းပါသည္။

အက်ိဳးေပးဂဏန္း – ၅ ၊ ၃ ၊ ၁။ ယၾတာ – ငွက္ကေလးမ်ားကို အစာေကၽြးပါ။

ေသာၾကာ

ယခုအပတ္အတြင္း ေသာၾကာသားသမီးတို႔သည္ ေငြေၾကးႏွင့္ဆိုင္ေသာ လုပ္ငန္းမ်ားတြင္ ထင္သေလာက္မေပါက္ဘဲ ေျပာင္းလဲေနေသာ အေျခအေနမ်ားအရ စိတ္ဓာတ္က်တတ္သည္။ ေဆာက္လုပ္ေရးလုပ္ငန္း၊ စားေသာက္ဆိုင္လုပ္ငန္း၊ ေက်ာက္မ်က္ရတနာလုပ္ငန္းမ်ား ေကာင္းမြန္ၿပီး စက္ပစၥည္း၊ ကား စသည့္ပစၥည္း လုပ္ငန္းမ်ား၊ေရလုပ္ငန္း၊ ဆန္စပါးလုပ္ငန္းမ်ား ညံ့ပါသည္။

 ေငြေၾကးကိစၥ၊ အေဆာက္အဦကိစၥအတြက္ အလြန္စိတ္ပူရလိမ့္မည္။ က်န္းမာေရးကေတာ့ ေျခေထာက္တြင္ ဒဏ္ရာရတတ္သည္။ ႏွလံုးေရာဂါရွင္မ်ားႏွင့္ ဆီးေက်ာက္ကပ္ေဝဒနာရွင္မ်ား အေရးႀကီးပါသည္။ အခ်စ္ေရးကေတာ့ အထူးေကာင္းေနပါသည္။ အိမ္ေထာင္သည္မ်ားလည္း စိတ္ခ်မ္းသာရမည္။ ပညာေရးသမားမ်ား ႀကိဳးစားရမည္။ အစိုးရဝန္ထမ္းမ်ား အဆင္ေျပၿပီး သင္တန္းတက္ရတတ္သည္။

အက်ိဳးေပးဂဏန္း – ၆ ၊ ၄ ၊ ၂။ ယၾတာ – အိမ္ဘုရားတြင္ ေရခ်မ္း၊ ဆြမ္း ေသခ်ာကပ္လွဴပါ။

စေန

ယခုအပတ္အတြင္း စေနသားသမီးတို႔သည္ စီးပြားေရးလုပ္ငန္းမ်ား ကံျပန္ေကာင္းေနတတ္ပါသည္။ ေငြေၾကးကိစၥမ်ားအတြက္ ႏိုင္ငံျခားမွ မိတ္ေဆြတို႔၏အကူအညီျဖင့္ ေျဖရွင္းႏိုင္မည္။ စိတ္သက္သာရာရလာမည္္။ လုပ္ငန္းေဟာင္းက မထင္ထားေသာေငြမ်ားလည္း ျပန္ေပၚမည္။ လက္ေအာက္ငယ္သားမ်ား ျပန္ေတာ္လွန္သျဖင့္ အလြန္အလုပ္မ်ားမည္၊စိတ္ညစ္ရမည္၊ဝန္ထမ္းသစ္မ်ားရွာေဖြရမည္။

က်န္းမာေရးအေနႏွင့္ ေရာဂါေဟာင္းျပန္ထၿပီး ေဆးကုသခံရမည့္အခ်ိန္ျဖစ္သည္။ အခ်စ္ေရးတြင္ကံညံ့သြားၿပီး အေျဖရရန္ ေဝးေနပါေသးသည္။ အိမ္ေထာင္သည္မ်ား ေငြေၾကးကို အေၾကာင္းျပဳၿပီး စိတ္သေဘာထားကြဲေနတတ္သည္။ ပညာေရးသမားမ်ား အထူးေအာင္ျမင္ပါလိမ့္မည္။ ဝန္ထမ္းမ်ား အဆင္ေျပလာပါၿပီ။

အက်ိဳးေပးဂဏန္း – ၇ ၊ ၅ ၊၃။ ယၾတာ – စေနေန႔တြင္ ရဟန္းတစ္ပါးအား ထီး၊ ဖိနပ္ လွဴပါ။

 Yoyarlay

#Unicode Version#

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့ကတော့ စီးပွားရေးအခြေအနေမှာ နေကြတ်ခြင်းကဲ့သို့ မထင်မှတ်သော အခက်အခဲများနှင့် ရင်ဆိုင်ရပါလိမ့်မယ်။ လုပ်လက်စစီးပွားရေးလုပ်ငန်းများတွင် ပြဿနာများ စတင်ပေါ်ပေါက်နိုင်ပြီး စပ်တူလုပ်ငန်းများမှာလည်း တစ်ယောက်နှင့်တစ်ယောက်မယုံကြည်ဘဲ သံသယများဖြစ်လာပါမယ်။ အစုရှယ်ယာများ ပြန်လည်ထုတ်ယူခြင်းများရှိလိမ့်မယ်။

ကျန်းမာရေးအနေနဲ့ ဦးခေါင်းရောဂါဖြစ်တတ်ပြီး မျက်လုံးရောဂါ အခြေအနေဆိုးနေတတ်ပါတယ်။ ကျန်းမာရေးအထူးသတိထားရမည့်အချိန်ဖြစ်တယ်။ အချစ်ရေးမှာတော့ အချစ်စစ်ကို တွေ့ရှိပြီး အရူးအမူးခံစားရမယ့်အချိန်ပါ။ ပျော်နေရပါလိမ့်မယ်။ အိမ်ထောင်ရှင်တွေအနေနဲ့လည်း မိဘတွေရဲ့ ဝင်နှောက်ယှက် တာတွေဖြစ်တတ်ပါတယ်။ ဒီအတွက် အဆင်မပြေဖြစ်ရတတ်တယ်။ ပညာရေးကိုလိုက်စားတဲ့သူတွေကတော့ သင်တန်းမှား တက်မိလို့ စိတ်ညစ်နေရပါလိမ့်မယ်။ အစိုးရဝန်ထမ်းများ ကံကောင်းနေပါလိမ့်မယ်။

အကျိုးပေးဂဏန်းမှာ - ၁။၅။၃ ယတြာ - ကလေးများကို အုန်းသီးပါသောမုန့်ဝယ်ကျွေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ ယာယီဆိုင်းထားသင့်သည့်အချိန်ဖြစ်သည်။ မိမိလုပ်ငန်းများကို သေချာကိုင်တွယ်ရမည့်အချိန်ဖြစ်ပြီး စီးပွားရေးဉာဏ်ကစားနိုင်မှ တော်ကာကျမည့်အချိန်ဖြစ်သည်။ အခြားပြိုလဲသွားသော စီးပွားရေးလုပ်ငန်းများ အကျိုးသက်ရောက်မှုများ မိမိထံရောက်လာတတ်သည်။ ကျန်းမာရေးအနေနှင့်အသည်းရောဂါ ဝေဒနာရှင်များ ဒီတစ်ပတ်မှာ သတိထားရမည့်အချိန်ဖြစ်တယ်။ အချစ်ရေး ကံကောင်းနေပြီး ချစ်သူနှင့် ဘုရားဖူးခရီးသွားရတတ်ပါတယ်။

အိမ်ထောင်ရှင်များကတော့ နှစ်ဘက်ဆွေမျိုးများကို အထူး စိတ်ရှည်သိခံဖို့လိုပါတယ်၊ မိမိနေထိုင်ရာ အဆောက်အဦးကို အကြောင်းပြုပြီး စိတ်သောကရောက်ရတတ်ပါတယ်။ ပညာရေးသမားများကတော့ သင်တန်းတွေဆက်တက်ပါ။ ကား၊စက် ၊မြေယာ၊ ရေနံနှင့်ဆက်စပ်သောလုပ်ငန်းလုပ်ကိုင်သူများ ပိုသတိထားပါ။ အစိုးရဝန်ထမ်းလုပ်သူများကတော့ ဒီတစ်ပတ်အနည်းငယ် ညံ့ပါတယ်။

အကျိုးပေးဂဏန်း – ၂ ၊ ၀ ၊ ၅။ ယတြာ – ငှက်ကလေးများကို တတ်နိုင်သလောက်အစာကျွေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့ စီးပွားရေးလုပ်ငန်းတွင် ဆရာသမား၊ အထက်လူကြီး၊ ပြည်ပမှ မိတ်ဆွေ စသည်တို့၏ အကူအညီဖြင့် တိုးတက်ခြင်းများစတင်နိုင်ပါလိမ့်မည်။ မိမိလုပ်ငန်းတူအချို့ လုပ်ငန်းများ နားသွားကြမည်ဖြစ်ပြီး ထိုသူတို့၏ စီးပွားရေးဈေးကွက်ကို မိမိရရှိမည့်အချိန်ဖြစ်သည်။ လုပ်ငန်းတွင် အတိုက်အခိုက်တော့ ရင်ဆိုင်ရပါလိမ့်မယ်။ သတိနဲ့လုပ်ကိုင်ရမည်။

သတ္တုနှင့်ဆိုင်သော စီးပွားရေးသမားများ ကံကောင်းပြီး ဆောက်လုပ်ရေးနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲရှိပါလိမ့်မယ်။ ကျန်းမာရေးအနေနှင့်ကတော့ ခါးကိုက်တတ်ပြီး၊ အာရုံကြောညပ်တတ်သည်၊ အစာအိမ်ရောဂါခံစားနေရသူများ အထူးသတိထားသင့်ပါတယ်။ အချစ်ရေးကတော့ အလွန်ကောင်းပါသည်။ အိမ်ထောင်ရှင်များ ခွဲနေရတတ်ပါတယ်။ ပညာရေးကောင်းပါသည်။ဝန်ထမ်းများ ကံကောင်းပါတယ်။ လက်နက်ကိုင်ဝန်ထမ်းများ သတိကြီးစွာထားသင့်သောအချိန်ဖြစ်သည်။

အကျိုးပေးဂဏန်း – ၃ ၊ ၁ ၊ ၆။ ယတြာ – နွမ်းပါးသူလာရောက်တောင်းရမ်းပါက တတ်နိုင်သလောက်လှူပါ။



ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ကတော့ အလွန်အလုပ်များသောကာလဖြစ်ပြီး မအိပ်မစားလုပ်နေရမည်။ သို့သော် ထိုလုပ်နေသော အလုပ်သည် မိမိအတွက်အကျိုးများစွာမရဘဲဖြစ်နေမည်။ လုပ်ငန်းပင်ပန်းသလောက် အကျိုးမရသည့်အပြင် မိမိဘယ်လောက်လုပ်လုပ် နာမည်ရသူက အခြားတစ်ယောက်ဖြစ်တတ်သည်။ စပ်တူလုပ်ငန်းများပြန်လည်စတင်နိုင်ပြီဖြစ်သည်။

ကျန်းမာရေးအနေနှင့် သွေးတိုး၊ဆီးချိုရှိပါက အထူးသတိထားပါ ၊မတော်တဆလည်း ထိခိုက်မိတတ်သည်။ ဒီတစ်ပတ်မှာငွေချေးငှါးခြင်း၊ ဘဏ်မှချေးငွေထုတ်ခြင်းများအတွက် သတိထားရမယ့် အချိန်ပါ။ အချစ်ရေးကတော့ သံသယအချစ်တစ်ခု ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးကလည်း အလွန်အေးစက်နေပါတယ်။ ခရီးယာယီဖြင့် ခွဲနေရလိမ့်မည်။ ပညာရေးကောင်းပါသည်။ ဝန်ထမ်းများ လုပ်ငန်းတွင် သတိကြီးကြီးဖြင့် လုပ်ပါ။

ရာဟု - ရာဟုသားသမီးတို့ကတော့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိမည့်အချိန်ပါ။ အချစ်ရေးကောင်းနေပြီး၊ အိမ်ထောင်ရေးညံချိန်ဖြစ်သည်။ သတိထားရမည်မှာ ယာဉ်အန္တရာယ်ရှိခြင်းဖြစ်သည်။ အထူးသတိထားရမည်မှာ မိမိထံသို့ ကားလာရောင်းပါက သတိထားဝယ်ပါ။

အကျိုးပေးဂဏန်း – ၄ ၊ ၂ ၊ ဝ။ ယတြာ - ဗုဒ္ဓဟူးနေ့တွင် ရဟန်းတစ်ပါးအား ဆွမ်းလောင်းပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် စီးပွားရေးလုပ်ငန်းများသည် ရန်သဘောဆောင်နေတတ်သည်။ လုပ်ငန်းသစ်ပြောင်းခြင်း၊ နေရာသစ်ပြောင်းခြင်းများဖြစ်တတ်ပါသည်။ စီးပွားရေးအတွက် မိမိယုံကြည်ရသူ၏ သံသယဖြစ်ခြင်းခံရမည်။ ငွေကိစ္စများ အဆင်မပြေနိုင်သေးပါ။ မိမိထံမှ ငွေချေးထားသူများ ထွက်ပြေးလိမ့်မည်၊ ထိုအတွက်ကိစ္စများမည်။

ကျန်းမာရေးအနေနှင့် ရောဂါဟောင်း ပြန်ဖောက်တတ်လို့ အထူးသတိထားပါ။ ချစ်သူရည်းစားများ မိဘတို့ကြောင့် အလွန် စိတ်ညစ်ရမည်။ အိမ်ထောင်ရှင်များ မိဘများကြောင့် အခြေအနေ တင်းမာတတ်ပါတယ်။ ပညာရေးသမားများ သင်တန်းတွင် ရန်ပေါ်တတ်သည်။ အစိုးရဝန်ထမ်းများ အထက်လူကြီးကို အကြောင်းပြုပြီး အလွန်စိတ်ညစ်ရမည်။ လက်နက်ကိုင်ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၃ ၊ ၁။ ယတြာ – ငှက်ကလေးများကို အစာကျွေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် ငွေကြေးနှင့်ဆိုင်သော လုပ်ငန်းများတွင် ထင်သလောက်မပေါက်ဘဲ ပြောင်းလဲနေသော အခြေအနေများအရ စိတ်ဓာတ်ကျတတ်သည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်းများ ကောင်းမွန်ပြီး စက်ပစ္စည်း၊ ကား စသည့်ပစ္စည်း လုပ်ငန်းများ၊ရေလုပ်ငန်း၊ ဆန်စပါးလုပ်ငန်းများ ညံ့ပါသည်။

 ငွေကြေးကိစ္စ၊ အဆောက်အဦကိစ္စအတွက် အလွန်စိတ်ပူရလိမ့်မည်။ ကျန်းမာရေးကတော့ ခြေထောက်တွင် ဒဏ်ရာရတတ်သည်။ နှလုံးရောဂါရှင်များနှင့် ဆီးကျောက်ကပ်ဝေဒနာရှင်များ အရေးကြီးပါသည်။ အချစ်ရေးကတော့ အထူးကောင်းနေပါသည်။ အိမ်ထောင်သည်များလည်း စိတ်ချမ်းသာရမည်။ ပညာရေးသမားများ ကြိုးစားရမည်။ အစိုးရဝန်ထမ်းများ အဆင်ပြေပြီး သင်တန်းတက်ရတတ်သည်။

အကျိုးပေးဂဏန်း – ၆ ၊ ၄ ၊ ၂။ ယတြာ – အိမ်ဘုရားတွင် ရေချမ်း၊ ဆွမ်း သေချာကပ်လှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ ကံပြန်ကောင်းနေတတ်ပါသည်။ ငွေကြေးကိစ္စများအတွက် နိုင်ငံခြားမှ မိတ်ဆွေတို့၏အကူအညီဖြင့် ဖြေရှင်းနိုင်မည်။ စိတ်သက်သာရာရလာမည်။ လုပ်ငန်းဟောင်းက မထင်ထားသောငွေများလည်း ပြန်ပေါ်မည်။ လက်အောက်ငယ်သားများ ပြန်တော်လှန်သဖြင့် အလွန်အလုပ်များမည်၊စိတ်ညစ်ရမည်၊ဝန်ထမ်းသစ်များရှာဖွေရမည်။

ကျန်းမာရေးအနေနှင့် ရောဂါဟောင်းပြန်ထပြီး ဆေးကုသခံရမည့်အချိန်ဖြစ်သည်။ အချစ်ရေးတွင်ကံညံ့သွားပြီး အဖြေရရန် ဝေးနေပါသေးသည်။ အိမ်ထောင်သည်များ ငွေကြေးကို အကြောင်းပြုပြီး စိတ်သဘောထားကွဲနေတတ်သည်။ ပညာရေးသမားများ အထူးအောင်မြင်ပါလိမ့်မည်။ ဝန်ထမ်းများ အဆင်ပြေလာပါပြီ။

အကျိုးပေးဂဏန်း – ၇ ၊ ၅ ၊၃။ ယတြာ – စနေနေ့တွင် ရဟန်းတစ်ပါးအား ထီး၊ ဖိနပ် လှူပါ။

No comments:

Post a Comment