Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 8, 2019

ရန္သူ႕ေခါင္း ကုိ ျဖတ္လာႏုိင္ရင္ ဆုေငြခ်ီးျမွင့္တဲ့ ဓေလ့ ရွိေသးတဲ့ ျမန္မာနုိင္ငံက နာဂမ်ဳိးႏြယ္စု


အိႏၵိယ ျမန္မာ နယ္စပ္မွာ ေနထုိင္ၾကတဲ့ နာဂ ေခါင္းျဖတ္သမားေတြဟာ သူတုိ႕ရဲ႕ အေသးစိတ္က်တဲ့ ေဆးမွင္ေၾကာင္မ်ားနဲ႕ ရန္သူ႕ေခါင္းကို တုိက္ပြဲမွာ ျဖတ္လာနိုင္ခဲ့ရင္ ဆုေငြခ်ီးျမွင့္တဲ့ ဓေလ့ ကုိ က်င့္သုံးခဲ့တာကုိ ဓာတ္ပုံဆရာ တစ္ေယာက္က မွတ္တမ္းတင္ႏုိင္ခဲ့ပါတယ္။ဒါ့အျပင္ လူေခါင္းခြံ မ်ား နဲ႕ ကၽြဲခ်ဳိမ်ား ကုိ ဆုတံဆိပ္မ်ားကဲ့ သုိ႕ခ်ိတ္ဆြဲထားျပီး ဒီ ဦးေခါင္းခြံ မ်ားဟာ သူတုိ႕ရဲ႕ ရဲစြမ္းသတၱိနဲ႕ ခ်မ္းသာ ၾကြယ္၀မႈကုိေဖာ္ျပတယ္ လုိ႕ နာဂေခါင္းျဖတ္ မ်ဳိးႏြယ္စုက ခံယူထားၾကပါတယ္။ ဒီလုိရွားပါးတဲ့ ဓာတ္ပုံ ေတြကိုေတာ့ အိႏၵိယ ႏုိင္ငံ နာဂ ျပည္နယ္မွာ အဂၤလန္ ဓာတ္ပုံဆရာ ပီတီေအာက္ဖုိ႕က ရုိက္ကူးခဲ့တာ ျဖစ္ပါတယ္။

” ကၽြန္ေတာ္ တကယ္ နာဂမ်ဳိးႏြယ္စု ရဲ႕ ဓာတ္ပုံေတြကုိ ရုိက္ကူးႏုိင္ခဲ့တယ္။မ်ဳိးႏြယ္စု မွာ စစ္တုိက္သူ ေယာကၤ်ားမ်ားက တုိက္ပြဲ အျပန္မွာ ရန္သူ ရဲ႕ ဦးေခါင္း မ်ားကုိ ျဖတ္ျပီး ျပန္သယ္လာၾကတယ္။နာဂ ေခါင္းျဖတ္မ်ဳိးႏြယ္စုဟာ လူသားစားတဲ့ လူရုိင္းမ်ားမဟုတ္ၾကေပမဲ့ တုိက္ပြဲက ျပန္လာျပီဆုိ ရန္သူဦးေခါင္းေတြကုိ ျခင္းတစ္လုံးထဲ ထည့္ျပီး ထုိဦးေခါင္းခြံေတြကုိ ဆုတံဆိပ္မ်ားကဲ့သုိ႕ အိမ္မွာ ခင္းက်င္းထားတယ္။ဒါ့အျပင္ သတ္ႏုိင္ခဲ့တဲ့ ဦးေခါင္းခြံမ်ားလာရင္ ေခါင္းျဖတ္နာဂ စစ္သားကုိ ဂုဏ္ျပဳတဲ့ အေနနဲ႕ ရင္ဘတ္နဲ႕ မ်က္နွာမွာ ေဆးမွင္ေၾကာင္မ်ားကုိ ထုိးေပးၾကတယ္ ” လုိ႕ဆုိပါတယ္။

ေခါင္းျဖတ္ နာဂမ်ဳိးႏြယ္စု ဟာ ျမန္မာ ႏုိင္ငံနဲ႕ အိႏၵိယ ႏုိင္ငံ ထိစပ္ေနတဲ့ နယ္စပ္အတြင္းမွာ ေနထုိင္ၾကေပမဲ့ သူတုိ႕ဟာ ျမန္မာ ႏုိင္ငံမွ လူမ်ဳိးမ်ားနဲ႕ ပုိရင္းႏွီးတယ္ လုိ႕ခံယူထားၾကတယ္ လုိ႕သိရပါတယ္။လူသတ္ေခါင္းျဖတ္ခဲ့တာဟာ ၁၉၇၀ ေလာက္မွာ ရပ္တန္႕ခဲ့ေပမဲ့ ေခါင္းျဖတ္ နာဂေတြဟာ ဒီဓေလ့ကုိ ရုိးရာ အေမြ အျဖစ္ထိန္္းသိမ္းထားတုန္းပဲလုိ႕သိရပါတယ္။ေခါင္းျဖတ္နာဂေတြဟာ အိႏၵိယ ပုိင္နက္မွာ ေနထုိင္ၾကေပမဲ့ အိႏၵိယ ယဥ္ေက်းမႈေတြနဲ႕ မေရာေနွာၾကသလုိ႕ ေဒ၀ါလီပြဲေတာ္ေန႔ေတြမွာေတာင္ ၀င္ေရာက္ဆင္ႏႊဲေလ့မရွိၾကပါဘူး။

ေခါင္းျဖတ္ နာဂ မ်ဳိးႏြယ္စု ဟာ ဓားမ်ားကုိ ကုိင္ေဆာင္ျပီးအမဲလုိက္ေလ့ရွိၾကသလို ကၽြဲႏြားမ်ားေမြးျမဴေလ့ရွိၾကတယ္ လုိ႕သိရပါတယ္။

နာဂမ်ဳိးႏြယ္စုဟာ အိႏၵိယ ႏုိင္ငံ အေရွ႕ေျမာက္ဘက္ပုိင္းနဲ႕ ျမန္မာႏုိင္ငံ အေနာက္ေျမာက္ဘက္ပုိင္းမွာ အမ်ားစု အေျခခ်ေနထုိင္ျပီး အိႏိၵယ ႏုိင္ငံ နာဂ ျပည္နယ္မွာ လူဦးေရ အမ်ားဆုံး ျဖစ္ျပီး မဏိပူရနဲ႕ အာသံတုိ႕မွာလည္း အနည္းငယ္ေနထုိင္ၾကတယ္လုိ႕သိရပါတယ္။နာဂ မ်ဳိးႏြယ္စုအတြက္ တုိက္ပြဲမွာ ရန္သူကုိ ေခါင္းျဖတ္ျပီး သယ္လာႏုိင္တာထက္ ဂုဏ္ယူဖုိ႕ေကာင္းတာ ဘာမွမရွိသလုိ ၁၉ ရာစု ေတာက္ေလွ်ာက္မွာ နာဂ လူမ်ဳိးမ်ား ေခါင္းျဖတ္တဲ့ အေလ့အထကုိ က်င့္သုံးခဲ့ျပီး ၁၉၇၀ တစ္၀ုိက္မွာေတာ့ ေပ်ာက္ကြယ္သြားခဲ့တယ္ လုိ႕သိရပါတယ္။
OP

Unicode

အိန္ဒိယ မြန်မာ နယ်စပ်မှာ နေထိုင်ကြတဲ့ နာဂ ခေါင်းဖြတ်သမားတွေဟာ သူတို့ရဲ့ အသေးစိတ်ကျတဲ့ ဆေးမှင်ကြောင်များနဲ့ ရန်သူ့ခေါင်းကို တိုက်ပွဲမှာ ဖြတ်လာနိုင်ခဲ့ရင် ဆုငွေချီးမြှင့်တဲ့ ဓလေ့ ကို ကျင့်သုံးခဲ့တာကို ဓာတ်ပုံဆရာ တစ်ယောက်က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒါ့အပြင် လူခေါင်းခွံ များ နဲ့ ကျွဲချိုများ ကို ဆုတံဆိပ်များကဲ့ သို့ချိတ်ဆွဲထားပြီး ဒီ ဦးခေါင်းခွံ များဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ချမ်းသာ ကြွယ်ဝမှုကိုဖော်ပြတယ် လို့ နာဂခေါင်းဖြတ် မျိုးနွယ်စုက ခံယူထားကြပါတယ်။
ဒီလိုရှားပါးတဲ့ ဓာတ်ပုံ တွေကိုတော့ အိန္ဒိယ နိုင်ငံ နာဂ ပြည်နယ်မှာ အင်္ဂလန် ဓာတ်ပုံဆရာ ပီတီအောက်ဖို့က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

” ကျွန်တော် တကယ် နာဂမျိုးနွယ်စု ရဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ခဲ့တယ်။မျိုးနွယ်စု မှာ စစ်တိုက်သူ ယောင်္ကျားများက တိုက်ပွဲ အပြန်မှာ ရန်သူ ရဲ့ ဦးခေါင်း များကို ဖြတ်ပြီး ပြန်သယ်လာကြတယ်။နာဂ ခေါင်းဖြတ်မျိုးနွယ်စုဟာ လူသားစားတဲ့ လူရိုင်းများမဟုတ်ကြပေမဲ့ တိုက်ပွဲက ပြန်လာပြီဆို ရန်သူဦးခေါင်းတွေကို ခြင်းတစ်လုံးထဲ ထည့်ပြီး ထိုဦးခေါင်းခွံတွေကို ဆုတံဆိပ်များကဲ့သို့ အိမ်မှာ ခင်းကျင်းထားတယ်။ဒါ့အပြင် သတ်နိုင်ခဲ့တဲ့ ဦးခေါင်းခွံများလာရင် ခေါင်းဖြတ်နာဂ စစ်သားကို ဂုဏ်ပြုတဲ့ အနေနဲ့ ရင်ဘတ်နဲ့ မျက်နှာမှာ ဆေးမှင်ကြောင်များကို ထိုးပေးကြတယ် ” လို့ဆိုပါတယ်။

ခေါင်းဖြတ် နာဂမျိုးနွယ်စု ဟာ မြန်မာ နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံ ထိစပ်နေတဲ့ နယ်စပ်အတွင်းမှာ နေထိုင်ကြပေမဲ့ သူတို့ဟာ မြန်မာ နိုင်ငံမှ လူမျိုးများနဲ့ ပိုရင်းနှီးတယ် လို့ခံယူထားကြတယ် လို့သိရပါတယ်။လူသတ်ခေါင်းဖြတ်ခဲ့တာဟာ ၁၉၇၀ လောက်မှာ ရပ်တန့်ခဲ့ပေမဲ့ ခေါင်းဖြတ် နာဂတွေဟာ ဒီဓလေ့ကို ရိုးရာ အမွေ အဖြစ်ထိန််းသိမ်းထားတုန်းပဲလို့သိရပါတယ်။ခေါင်းဖြတ်နာဂတွေဟာ အိန္ဒိယ ပိုင်နက်မှာ နေထိုင်ကြပေမဲ့ အိန္ဒိယ ယဉ်ကျေးမှုတွေနဲ့ မရောနှောကြသလို့ ဒေဝါလီပွဲတော်နေ့တွေမှာတောင် ၀င်ရောက်ဆင်နွှဲလေ့မရှိကြပါဘူး။

ခေါင်းဖြတ် နာဂ မျိုးနွယ်စု ဟာ ဓားများကို ကိုင်ဆောင်ပြီးအမဲလိုက်လေ့ရှိကြသလို ကျွဲနွားများမွေးမြူလေ့ရှိကြတယ် လို့သိရပါတယ်။

နာဂမျိုးနွယ်စုဟာ အိန္ဒိယ နိုင်ငံ အရှေ့မြောက်ဘက်ပိုင်းနဲ့ မြန်မာနိုင်ငံ အနောက်မြောက်ဘက်ပိုင်းမှာ အများစု အခြေချနေထိုင်ပြီး အိန္ဒိယ နိုင်ငံ နာဂ ပြည်နယ်မှာ လူဦးရေ အများဆုံး ဖြစ်ပြီး မဏိပူရနဲ့ အာသံတို့မှာလည်း အနည်းငယ်နေထိုင်ကြတယ်လို့သိရပါတယ်။နာဂ မျိုးနွယ်စုအတွက် တိုက်ပွဲမှာ ရန်သူကို ခေါင်းဖြတ်ပြီး သယ်လာနိုင်တာထက် ဂုဏ်ယူဖို့ကောင်းတာ ဘာမှမရှိသလို ၁၉ ရာစု တောက်လျှောက်မှာ နာဂ လူမျိုးများ ခေါင်းဖြတ်တဲ့ အလေ့အထကို ကျင့်သုံးခဲ့ပြီး ၁၉၇၀ တစ်ဝိုက်မှာတော့ ပျောက်ကွယ်သွားခဲ့တယ် လို့သိရပါတယ်။

Credit : OP

No comments:

Post a Comment