CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, January 1, 2019
လူသတ်ပြီး အလောင်းအား ကြိုးဖြင့်ချည်၍ ရေထဲချထားသူအား ဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်အတွင်း ဒီဇင်ဘာလ ၂၉ရက်နေ့ က လူသတ်ပြီး အလောင်းအား ကြိုးဖြင့်ချည်၍ ရေထဲချထားသူအား အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်၊ သံပရာဂုန်ရွာနေ ဦးတင်ရွှေ(၇၂)နှစ်သည် နေအိမ်၌ရှိနေစဉ် သားဖြစ်သူ ထွန်းထွန်း(၄၂)နှစ်နှင့် မြေးဖြစ်သူ ချစ်ဝေယံ(၁၀)နှစ်တို့(၂)ဦးသည် နိုင်ဝင်း၏ဈေးဆိုင်တွင် ဈေးဝယ်မည်ဟုပြောဆို၍ စက်လှေဖြင့် ထွက်သွားခဲ့ကြောင်း သိရသည်။
၎င်းဈေးဆိုင်၌ သဲကောဆည်ဘောင်နေ စိုးခိုင်(၄၉)နှစ်နှင့် တစ်ရွာ တည်းနေ အောင်ကြီးတို့နှင့်တွေ့ဆုံပြီး ၎င်းတို့နှင့်အတူ နေအိမ်သို့အပြန် ထွန်းထွန်း၏စက်လှေ ဘေးတွင် စိုးခိုင်၏လှေအား တွဲပြန်လာခဲ့ကြောင်း၊ လမ်းတစ်ဝက်ရှိ အောင်ကြီး၏နေအိမ်တွင် မြေး ဖြစ်သူ ချစ်ဝေယံနှင့် အောင်ကြီးတို့အား ပို့ပေးခဲ့ပြီး ထွန်းထွန်းသည် စိုးခိုင်နှင့် ၎င်း၏လှေအား ပို့ဆောင်ရန် ထွက်သွားခဲ့ရာက ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း သိရပါသည်။
ထွန်းထွန်း ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေစဉ် တစ်ရွာ တည်းနေ ဦးအုန်းမောင်(၆၂)နှစ်မှ ထွန်းထွန်းအား စိုးခိုင်မှ သတ်၍ ကြိုးဖြင့်ချည်ကာ နိုင်ကိုလွင်၏ တဲအနီးရှိ သစ်ငုတ်ဘေးရေထဲတွင် ချထားကြောင်း လာရောက်ပြောပြသိရှိရသဖြင့် သွားရောက် ကြည့်ရှုရာ ထွန်းထွန်းသည် အနက်(၅၂)ပေခန့်ရှိ ရေထဲတွင် ဒဏ်ရာများရရှိ၍ ရေပေါ်ပေါ်လျက် သေဆုံးနေသည်ကို တွေ့ရှိရသည်။
အဆိုပါလူသတ်မှုအား ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အရေးယူပေးရန်တိုင်တန်းချက်အရ စိုးခိုင်အား လက်ပံတန်းမြို့မရဲစခန်း(ပ)၁၂၄၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။
သစ်ထူးလွင်
လူသတ်ပြီး အလောင်းအား ကြိုးဖြင့်ချည်၍ ရေထဲချထားသူအား ဖမ်းဆီးရမိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 01, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 01, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment