Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 5, 2019

ရခိုင်ပြည်နယ်တွင်တာဝန်ထမ်းဆောင်ရင်း AA နှင့်တိုက်ပွဲတွင် အသက်ပေးသွားရသောရဲတပ်ဖွဲ့ဝင်များ


4 1 2019 ရခိုင်ပြည်နယ်တွင်တာဝန်ထမ်းဆောင်ရင်း AA နှင့်တိုက်ပွဲတွင်
အသက်ပေးသွားရသောရဲတပ်ဖွဲ့ဝင်များ



ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား AA လက်နက်ကိုင်​​​အဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိ



နေပြည်တော် ဇန်န၀ါရီ ၎

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား ယနေ့ နံနက်ပိုင်းတွင် AAလက်နက်ကိုင်​​​အဖွဲ့က အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AA လက်နက်ကိုင်​​​အဖွဲ့ကလည်းကောင်း၊ ကျောင်းတောင်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AAလက်နက်ကိုင်​​​အဖွဲ့ ကလည်းကောင်း၊ ဂုပ္ပိ ရဲကင်း စခန်းအား ခန့်မှန်းအင်အား ၅၀ ခန့်ရှိ AAလက်နက်ကိုင်​​​အဖွဲ့ ကလည်းကောင်း၊ ခထီးလှ ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိ AA လက်နက်ကိုင်​​​အဖွဲ့ က လည်းကောင်း နံနက် ၆ နာရီ ၄၅ မိနစ်တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း။

ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း လှုပ်ရှားစစ်ကြောင်းများဖြစ်သော အမှတ် (၈) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ စစ်ကူအဖွဲ့များနှင့် တပ်မတော် မှ စစ်ကြောင်းများက စခန်းများသို့ စစ်ကူသွားရောက်ပူးပေါင်းခဲ့ရာ ငမြင်းဘော်စခန်းသို့ နံနက် ၉ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ကျောင်းတောင်စခန်းသို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ဂုပ္ပိစခန်းသို့ နံနက် ၉ နာရီ မိနစ် ၂၀ တွင်လည်းကောင်း၊ ခထီးလှ စခန်းသို့ နံနက် ၉ နာရီခွဲတွင် လည်းကောင်း ပူးပေါင်းနိုင်ခဲ့ကြောင်း သိရသည်။

ငမြင်းဘော်ရဲကင်းစခန်းနှင့် ကျောင်းတောင်ရဲကင်းစခန်းများသို့ စစ်ကူအဖွဲ့ မရောက်ရှိသေးမီ AA လက်နက်ကိုင်​​​အဖွဲ့က ဖိအားပေးတိုက်ခိုက်မှု ပိုမို ပြင်းထန်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ စခန်းနှစ်ခုအား စွန့်ခွာခဲ့ရကြောင်း၊ ဂုပ္ပိရဲကင်းစခန်း နှင့် ခထီးလှ ရဲကင်းစခန်းနှစ်ခုသည် နံနက် ၇ နာရီခွဲခန့်မှ စ၍ တပ်မတော်စစ်ကြောင်းများ၏ လက်နက်ကြီး ပစ်ကူရရှိခဲ့ပြီး ရဲကင်းစခန်းအတွင်းရှိ တပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံ စနစ်တကျ ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် AA လက်နက်ကိုင်​​​အဖွဲ့များက စခန်းနှစ်ခုအား သိမ်းပိုက်ရရှိရေး အင်အားအလုံးအရင်းဖြင့် ခြံစည်းရိုးကို အကြိမ်ကြိမ် ဖျက်ဆီးထိုးဖောက်သော်လည်း စခန်းအား သိမ်းပိုက်ရရှိမှုမရှိဘဲ ၀န်းရံပိတ်ဆို့ ထားခဲ့ကြောင်း၊ နံနက် ၈ နာရီ ၁၀ မိနစ်မှ စ၍ ၎င်းကင်းစခန်းများသို့ တပ်မတော် ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သဖြင့် လည်းကောင်း၊ တပ်မတော်စစ်ကူ စစ်ကြောင်းများက ၀ိုင်းပတ်ပိတ်ဆို့ထားသည့် AA လက်နက်ကိုင်အဖွဲ့များကို ပစ်အားသုံး၍ တရစပ်ထိုးစစ်ဆင် ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် လည်းကောင်း နံနက် ၉ နာရီခွဲ ခန့်တွင် စစ်ကူစစ်ကြောင်းများနှင့် ပူးပေါင်းမိသဖြင့် AAလက်နက်ကိုင်​​​​အဖွဲ့သည် အရှေ့ ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

AA လက်နက်ကိုင်​​​အဖွဲ့၏ ၀င်ရောက်တိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောင်းတောင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိပြီး ဂုပ္ပိရဲကင်းစခန်း မှ ၃ ဦး ဒဏ်ရာရရှိကာ ခထီးလှ ရဲကင်းစခန်းမှ ၂ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။

ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း၊ AA လက်နက်ကိုင်​​​အဖွဲ့ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့ များက ပိတ်ဆို့ ရှင်းလင်းလျက်ရှိပြီး ရဲကင်းစခန်းများရှိရာ ကျေးရွာ ၄ ရွာမှ တိုင်းရင်း သား၊ တိုင်းရင်းသူများသည် ကျေးရွာများသို့ စွန့်ခွာတိမ်းရှောင်သွားသဖြင့် အဆက် အသွယ်ရရှိရေး ရှာဖွေလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ AA လက်နက်ကိုင်​​​အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် အခြေအနေများကို ပိုမိုရှုပ် ထွေးစေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေကာ ရခိုင်ပြည်နယ် အတွင်း မတည်ငြိမ်မှုများ မြင့်တက်လာစေနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ AA လက်နက်ကိုင်​​​အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိရောက်စွာ တုန့်ပြန်ချေမှုန်း နှိမ်နင်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment