Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 4, 2019

AA က အင္အား ၃၀၀ ခန္ ့ျဖင့္ ဝင္တိုက္ ၊ ရဲမႉးစိုင္းဘိုဟန္ အပါအ၀င္ ရဲ ၁၃ ဦးႏွင့္ ရဲစခန္းတစ္ခု က်ဆံုး


ယေန႔ (လြတ္လပ္ေရးေန ့တြင္) ဘူးသီးေတာင္ရွိ ရဲစခန္း ၄ ခုကို AA ဝင္တိုက္
ရဲ ၁၃ ဦးႏွင့္ စခန္းတစ္ခု က်ဆံုးကာ လက္နက္မ်ားပါဝင္သြားဟု သိရွိရ
အမ်ိဳးသမီး ၈ဦးကို ဖမ္းဆီးသြားေၾကာင္း ကနဦးသတင္း ထြက္ေပၚ

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ျမိဳ ့နယ္အတြင္းရွိ ကထိလွ၊ ေက်ာင္းေတာင္၊ ငျမင္းေဘာ္၊ ဂုတ္ပိ ရဲကင္းစခန္း ၄ခုကို AA က ယေန ့ (ဇန္နဝါရီ ၄ ) လြတ္လပ္ေရးေန ့တြင္ ဝင္တိုက္ခိုက္ခဲ့၍ ရဲ ၁၃ ဦးႏွင့္ ရဲစခန္းတစ္ခု က်ဆံုးသြားခဲ့ကာ လက္နက္မ်ားလည္း ပါဝင္သြားေၾကာင္း ကနဦးသတင္းမ်ားအရ သိရသည္။

ယေန ့ နံနက္ ၄ နာရီခြဲခန္ ့ကဝင္တိုက္ခဲ့ျခင္းျဖစ္ျပီး တပ္မေတာ္ကစစ္ကူေပးေနရေၾကာင္း တပ္မေတာ္မွ အဆင္ျ့မင့္အရာရွိၾကီးတစ္ဦးျဖစ္သည့္ ဗိုလ္မွူးခ်ဳပ္ေဇာ္မင္းထြန္းက The Ladies News သို ့ အတည္ျပဳေျပာဆိုထားသည္။

ရကၡိဳင့္တပ္မေတာ္ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကမူ ဘူးသီးေတာင္ရွိ နယ္ျခားေစာင့္ရဲစခန္း ေလးခုကို နံနက္ ၆ နာရီတြင္ AA ကတိုက္ခိုက္ခဲ့ေၾကာင္း ရခိုင္ျပည္နယ္အေျခစိုက္ သတင္းမီဒီယာတစ္ခုသို ့ ေျပာၾကားထားသည္။ အတည္ျပဳႏိုင္ေရးအတြက္ The Ladies News က ဆက္သြယ္ေနေသာ္လည္း ဆက္သြယ္၍ မရေသးေပ။

အတည္မျပဳႏိုင္ေသးသည့္သတင္းမ်ားအရ အဆိုပါ ရဲစခန္းမ်ားကို AA က အင္အား ၃၀၀ ခန္ ့ျဖင့္ ဝင္တိုက္ခဲ့ျခင္းျဖစ္ျပီး အရပ္သူ အမ်ိဳး သမီး ၅ဦး၊ ေက်ာင္းဆရာမ ၂ ဦးႏွင့္ သူနာျပဳ ၁ ဦ၊း စုစုေပါင္း အမ်ိဳးသမီး ၈ ဦးကိုဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ကနဦး သတင္းမ်ားထြက္ေပၚေနသည္။( အတည္ျပဳ သတင္းအျပည့္အစံုကို ဆက္လက္ ေဖာ္ျပေပးပါမည္)
Photo း Credit / The Ladies News
.............
ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ နယ္ျခားေစာင့္ရဲကင္းစခန္းမ်ားအား AA ေသာင္းက်န္းသူမ်ားမွ ဝင္ေရာက္တိုက္ခိုက္မႈသတင္း ။ ၄-၁-၂၀၁၉ ရက္ေန႔( ၀၆:၀၀ ) အခ်ိန္ခန္႔တြင္ နစခ-၃ လက္ေအာက္ခံ ေက်ာင္းေတာင္ရဲကင္းစခန္း၊ ဂုပၸီရဲကင္းစခန္း၊ ခထီးလွရဲကင္းစခန္း၊ ငျမင္းေဘာ္ရဲကင္းစခန္း၊ (၄) ခုအား AAေသာင္းက်န္းသူအဖြဲ႕မွ လာေရာက္ပစ္ခတ္၍ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ

အဆိုပါေနရာမ်ားသို႔ ( ၀၈:၂၀ ) အခ်ိန္တြင္ စကခ (၁၅) မွ ရဟတ္ယာဥ္ႏွစ္စီးျဖင့္ ပစ္ကူေပးလ်က္ရွိေၾကာင္း၊ အဆိုပါတိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ဂုပၸီရဲကင္းစခန္းမွ တပ္ဖြဲ႕ဝင္(၁) ဦးက်ဆံုးခဲ့ေၾကာင္း၊ ခထီးလွရဲကင္းစခန္းမွ တပ္ဖြဲ႕ဝင္ (၁၀)ဦးက်ဆံုးခဲ့ၿပီး က်န္တပ္ဖြဲ႕ဝင္ (၁၀) ဦးအား ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း၊ ငျမင္းေဘာ္ရဲကင္းစခန္းက်ဆံုးခဲ့ၿပီး တပ္ဖြဲ႕ဝင္ (၈) ဦးအားဖမ္းဆီးေခၚေဆာ္သြားေၾကာင္း၊
ေက်ာင္းေတာင္ရဲကင္းစခန္းမွ ရဲမႉးစိုင္းဘိုဟန္က်ဆံုးခဲ့ၿပီး တပ္ဖြဲ႕ဝင္မ်ားႏွင့္ သူတို႔၏မိသားစုမ်ား၊ လဝကဝန္ထမ္း အမ်ားအျပားအား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း (၀၉:၃၀) အခ်ိန္တြင္ တိုက္ပြဲျဖစ္ပြားရာေနရာသို႔ တပ္မေတာ္စစ္ေၾကာင္းမ်ားေရာက္ရွိလာခဲ့ၿပီး နယ္ေျမရွင္းလင္းေရးေဆာင္ရြက္လ်က္ရွိပါသည္။
ကိုခိုင္ေဇာ္၀၄-၁-၂၀၁၉ (၁၁:၅၉) နာရီ

Unicode

ယနေ့ (လွတ်လပ်ရေးနေ ့တွင်) ဘူးသီးတောင်ရှိ ရဲစခန်း ၄ ခုကို AA ဝင်တိုက်

ရဲ ၁၃ ဦးနှင့် စခန်းတစ်ခု ကျဆုံးကာ လက်နက်များပါဝင်သွားဟု သိရှိရ

အမျိုးသမီး ၈ဦးကို ဖမ်းဆီးသွားကြောင်း ကနဦးသတင်း ထွက်ပေါ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို ့နယ်အတွင်းရှိ ကထိလှ၊ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုတ်ပိ ရဲကင်းစခန်း ၄ခုကို AA က ယနေ ့ (ဇန်နဝါရီ ၄ ) လွတ်လပ်ရေးနေ ့တွင် ဝင်တိုက်ခိုက်ခဲ့၍ ရဲ ၁၃ ဦးနှင့် ရဲစခန်းတစ်ခု ကျဆုံးသွားခဲ့ကာ လက်နက်များလည်း ပါဝင်သွားကြောင်း ကနဦးသတင်းများအရ သိရသည်။

ယနေ ့ နံနက် ၄ နာရီခွဲခန် ့ကဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကစစ်ကူပေးနေရကြောင်း တပ်မတော်မှ အဆငြ့်မင့်အရာရှိကြီးတစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက The Ladies News သို ့ အတည်ပြုပြောဆိုထားသည်။

ရက္ခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ ဘူးသီးတောင်ရှိ နယ်ခြားစောင့်ရဲစခန်း လေးခုကို နံနက် ၆ နာရီတွင် AA ကတိုက်ခိုက်ခဲ့ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတစ်ခုသို ့ ပြောကြားထားသည်။ အတည်ပြုနိုင်ရေးအတွက် The Ladies News က ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။

အတည်မပြုနိုင်သေးသည့်သတင်းများအရ အဆိုပါ ရဲစခန်းများကို AA က အင်အား ၃၀ဝ ခန် ့ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သူ အမျိုး သမီး ၅ဦး၊ ကျောင်းဆရာမ ၂ ဦးနှင့် သူနာပြု ၁ ဦ၊း စုစုပေါင်း အမျိုးသမီး ၈ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနဦး သတင်းများထွက်ပေါ်နေသည်။( အတည်ပြု သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြပေးပါမည်)Photo း Credit / The Ladies News

ဘူးသီးတောင်မြို့နယ်တွင် နယ်ခြားစောင့်ရဲကင်းစခန်းများအား AA သောင်းကျန်းသူများမှ ဝင်ရောက်တိုက်ခိုက်မှုသတင်း ။ ၄-၁-၂၀၁၉ ရက်နေ့( ဝ၆:ဝ၀ ) အချိန်ခန့်တွင် နစခ-၃ လက်အောက်ခံ ကျောင်းတောင်ရဲကင်းစခန်း၊ ဂုပ္ပီရဲကင်းစခန်း၊ ခထီးလှရဲကင်းစခန်း၊ ငမြင်းဘော်ရဲကင်းစခန်း၊ (၄) ခုအား AAသောင်းကျန်းသူအဖွဲ့မှ လာရောက်ပစ်ခတ်၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ

အဆိုပါနေရာများသို့ ( ဝ၈:၂၀ ) အချိန်တွင် စကခ (၁၅) မှ ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ကူပေးလျက်ရှိကြောင်း၊ အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ဂုပ္ပီရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်(၁) ဦးကျဆုံးခဲ့ကြောင်း၊ ခထီးလှရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် (၁၀)ဦးကျဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင် (၁၀) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ငမြင်းဘော်ရဲကင်းစခန်းကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် (၈) ဦးအားဖမ်းဆီးခေါ်ဆော်သွားကြောင်း၊

ကျောင်းတောင်ရဲကင်းစခန်းမှ ရဲမှူးစိုင်းဘိုဟန်ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်များနှင့် သူတို့၏မိသားစုများ၊ လဝကဝန်ထမ်း အများအပြားအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း (ဝ၉:၃၀) အချိန်တွင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ တပ်မတော်စစ်ကြောင်းများရောက်ရှိလာခဲ့ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိပါသည်။
ကိုခိုင်ဇော်ဝ၄-၁-၂၀၁၉ (၁၁:၅၉) နာရီ

No comments:

Post a Comment