CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 25, 2018
မန္တလေးမြို့တွင် New Year ညတွင် ဗြောက်အိုး မီးရှူးမီးပန်းများဖောက်လျှင်အရေးယူမည်
မန္တလေး ၂၅ ဒီဇင်ဘာ
မန္တလေးမြို့ New Year ည၌ ဗြောက်အိုး၊မီးရှူးမီးပန်းများ ပစ်ဖောက်လျှင် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံကသိရသည် ။
မန္တလေးမြို့ ညပိုင်းအချိန်များတွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေမည့် ဗြောက်အိုး၊ မီးရှူး၊မီးပန်းများ ပစ်ဖောက်မှုမရှိစေရေး အတွက် မန္တလေးမြို့ရှိ ဈေးကြီးများတွင် ဗောက်အိုးနှင့်မီးရှူး၊ မီးပန်းရောင်းဝယ်မှုများကို စီမံ ချက်ဖြင့် လိုက်လံစစ်ဆေးနေကြောင်းသိရသည် ။
" ပြည်သူလူထုအထိတ်တလန့် ဖြစ်စေနိုင်တဲ့ ဗြောက်အိုး၊မီးရှူးမီးပန်းတွေကို မဖောက်စေဖို့တွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အသိပေးထားပါတယ် ။ ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေကိုလည်း လိုက်လံစစ်ဆေးနေပါတယ် ။ "ဟု မန္တလလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နှစ်သစ်ကူးညတွင် မန္တလေးမြို့၌ ဗြောက် အိုးနှင့်မီးရှူးမီးပန်းများကို ဈေးကြီးများတွင် ရောင်းချနေသည့် ဆိုင်များမှတစ်ဆင့် ရပ်ကွက်များအတွင်း ပျံ့နှံ့မှုမရှိစေရေး အတွက်လည်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ဈေးနှင့်သားသတ် ဌာန၊ ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့ များဖြင့် စစ်ဆေးကာ ဖမ်းဆီးအရေးယူမှု များပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗြောက်အိုး၊မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် ပြုလုပ်လာနိုင်ခြင်းကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများမပြုလုပ်ကြရန် ထုတ်ပြန်ကာ တားမြစ်ထားသည် ။
ဗြောက်အိုး ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများ တွေ့ရှိလျှင် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး အဆိုပါ ပုဒ်မကို ကျူးလွန်သူသည် အလုပ်မဲ့ထောင်ဒဏ် တစ်လဖြစ်စေ၊ ဒဏ်ငွေ နှစ်ရာကျပ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းသိရသည် ။
သူရိန်လင်း
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မန္တလေးမြို့တွင် New Year ညတွင် ဗြောက်အိုး မီးရှူးမီးပန်းများဖောက်လျှင်အရေးယူမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 25, 2018
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 25, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment