Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 17, 2018

လင်မယားချင်းစကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူဓားဖြင့်ထိုး၍ ဇနီးဖြစ်သူ သေဆုံ


မိုင်းပန် ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ် ဝိုးလိုင်းကျေးရွာအုပ်စု နားကျိုင်းကျေးရွာ အမှတ် (၂၉၄) ခြေလျင်တပ်ရင်းတွင် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူမှ ဓားချွန်ဖြင့် ထိုး၍ ဇနီးဖြစ်သူ သေဆုံး ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက်ည ၁၁ နာရီခွဲခန့်တွင် အမှတ် (၂၉၄) ခြေလျင်တပ်ရင်းမှ တပ်ကြပ် သန်းလွင်(၅၄)နှစ်သည် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူ မစုစုဝင်း (၃၉) နှစ်၏ ဝဲဘက်ရင်အုံအထက် တွင် ဓါးဦးချွန်ဖြင့် ထိုးခဲ့ရာ ဓားဒဏ်ရာ တစ်ချက်ဖြင့် ဇနီးဖြစ်သူသေဆုံးခဲ့သည်။

အဆိုပါလူသတ်မှုအား တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီး မျိုးကျော်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မိုင်းပန်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ (၃ဝ၂) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း နှင့် အဆိုပါမိသားစုတွင် ၁၉ နှစ် နှင့် ၁၂ နှစ်အရွယ်သမီးမိန်းကလေး နှစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment