Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 19, 2018

ဖန္သားျပင္ထက္ကေန ေပ်ာက္ကြယ္ေနခဲ႔တဲ႔ ပရိသတ္တို႔ရဲ႕ အခ်စ္ေတာ္ က်န္ေက်ာင္း (သို႔မဟုတ္) Kenny Ho


လြန္ခဲ႔တဲ႔ အႏွစ္ ၂၀ ေက်ာ္ေလာက္တုန္းက ျမ၀တီရုပ္ျမင္သံၾကားကေန ထုတ္လႊင္႔ျပသခဲ႔တဲ႔ တရုတ္ဇာတ္လမ္းတြဲတစ္ခုရွိခဲ႔ပါတယ္။ အဲဒီဇာတ္လမ္းတြဲကေတာ႔ ၁၉၉၀ ခုႏွစ္ပတ္၀န္းက်င္ အခိ်န္ကာလမွာ ေမြးဖြားခဲ႔ၾကတဲ႔သူေတြအတြက္ ဒီေန႔အခ်ိန္ထိ္ေမ႔မရႏုိင္ေသးတဲ႔ “ျပည္သူ႔တရားရွင္” (ခ) ေပါင္ခိ်န္ ဇာတ္လမ္းတြဲပဲ ျဖစ္ပါတယ္။ ပညာရွိသုခမိန္ ေပါင္ခ်ိန္၊ ဆရာ ကုန္းစြန္း၊ ကိုယ္ရံေတာ္ က်န္ေက်ာင္း၊ ၀မ္ေခ်ာင္၊ မာဟန္႔၊ က်န္းလံုး၊ ေက်ာက္ဟူ အစရွိတဲ႔ ဇာတ္ေကာင္ရဲ႕ နာမည္ဟာဆိုရင္လည္း ဒီေန႔အထိ ပရိသတ္ေတြရဲ႕ ပါးစပ္ဖ်ားမွာ စြဲေနဆဲပါ။

ပရိသတ္တို႔ရဲ႕ ပါးစပ္ဖ်ားမွာ စြဲေနတာက ဇာတ္ေကာင္ေတြရဲ႕ နာမည္ေတြတင္ပဲ မဟုတ္ပါဘူး။ ခိုင္ဖုန္းတရားရံုး၊ ေခြးေခါင္းဓားစက္၊ နဂါးေခါင္းဓားစက္ အစရွိတဲ႔ အရာေတြလည္း ပါ၀င္ပါတယ္။ တရားစီရင္ရာမွာ မွ်မွ်တတနဲ႔ မည္သူကိုမွ ဘက္လိုက္မွုမရွိပဲ စီရင္ဆံုးျဖတ္တတ္တဲ႔ ပညာရွိသုခမိန္ ေပါင္လူၾကီးမင္း (သို႔မဟုတ္) ေပါင္ခ်ိန္ဟာ ထိုအခ်ိန္တုန္းက ကေလးေတြရဲ႕ အခ်စ္ေတာ္ဇာတ္ေကာင္တစ္ခုျဖစ္ခဲ႔သလို ေပါင္ခိ်န္ရဲ႕ အနားမွာအျမဲရွိေနတဲ႔ ကိုယ္ရံေတာ္ က်န္ေက်ာင္းဟာဆိုရင္လည္း ကေလးေတြရဲ႕ စိတ္ကူးအိပ္မက္ထဲက သူရဲေကာင္းတစ္ေယာက္ျဖစ္ခဲ႔သလို ပ်ိဳတိုင္းၾကိဳက္ႏွင္းဆီခိုင္ၾကီးလည္း ျဖစ္ခဲ႔ပါတယ္။
က်န္ေက်ာင္းဆိုတဲ႔ ဇာတ္ေကာင္ဟာ ဘယ္ေလာက္ေတာင္မ်ားလႊမ္းမိုးမွုေတြရွိခဲ႔သလဲဆိုရင္ ပြဲေစ်းတန္းေတြမွာ က်န္ေက်ာင္းဓား၊ က်န္ေက်ာင္းဦးထုပ္ဆိုျပီး ကေလးေတြအၾကိဳက္ ေရာင္းခ်ခဲ႔ၾကသလို ၾကြပ္ၾကြပ္အိတ္ေတြဆိုရင္လည္း က်န္ေက်ာင္းရဲ႕ ပံုေတြရုိိက္ႏွိပ္ျပီးေတာ႔ေတာင္ ထုတ္လုပ္ေရာင္းခ်ခဲ႔ပါတယ္။ အဲဒီၾကြပ္ၾကြပ္အိတ္ေတြကိုဆိုရင္ လူၾကီး၊ ကေလးေတြအားလံုးက က်န္ေက်ာင္းအိတ္လို႔ အမည္သတ္မွတ္ေခၚေ၀ၚခဲ႔ၾကျပီး ဒီေန႔အခ်ိန္ထိလည္း အဲဒီနာမည္ကို ေခၚတြင္ေနၾကဆဲပါ။
ဒီလုိမ်ိုး လႊမ္းမိုးမွဳေတြရွိခဲ႔တဲ႔ ဇာတ္ေကာင္ကို သရုပ္ေဆာင္ခဲ႔တဲ႔သူကေတာ႔ ေဟာင္ေကာင္သရုပ္ေဆာင္ Kenny Ho ျဖစ္ပါတယ္။ ေခ်ာေမာတဲ႔ရုပ္ရည္ကို ပိုင္ဆိုင္ထားတဲ႔ Kenny Ho ဟာ ထိုစဥ္တုန္းက မိန္းကေလးပရိသတ္ေတြရဲ႕ စိတ္ကူးထဲက သူရဲေကာင္းၾကီးျဖစ္ခဲ႔ျပီး ဒီေန႔ထိတိုင္ေအာင္လည္း ပရိသတ္ေတြရဲ႕ စိတ္၀င္တစားနဲ႔ အားေပးမွဳေတြကို ရရွိေနဆဲပါ။



၁၉၅၉ ခုႏွစ္၊ ဒီဇင္ဘာလ၊ ၂၉ ရက္ေန႔မွာ ေမြးဖြားခဲ႔တဲ႔သူဟာ ျပည္သူ႕တရားရွင္လို႔ ပရိသတ္ေတြသိၾကတဲ႔ “Justice Bao” ဇာတ္လမ္းတြဲကို ပါ၀င္သရုပ္ေဆာင္စဥ္တုန္းက အသက္ ၃၄ ႏွစ္အရြယ္သာရွိေသးတာျဖစ္ျပီး အခုဆိုရင္ေတာ႔ အသက္ (၅၉) ႏွစ္ျပည္႔ဖို႔က ရက္ပိုင္းေလာက္မွ်သာလိုေတာ႔တာျဖစ္ပါတယ္။ ေနာက္ႏွစ္ ၂၀၁၉ ခုႏွစ္ဆိုရင္ေတာ႔ သူ႔ရဲ႕ အသက္ဟာ ၆၀ ျပည္႔ေတာ႔မွာဆိုေပမယ္႔ အခုသူေရာက္ရွိေနတဲ႔အသက္အရြယ္နဲ႔ သူ႕ရဲ႕ နုပ်ိုမွဳတို႔ကေတာ႔ တကယ္ကို အ႔ံၾသေလာက္စရာပါပဲ။



မသိတဲ႔သူူေတြၾကည္႔လိုက္ရင္ အသက္ ၃၀ ေက်ာ္ ၄၀ ပတ္၀န္းက်င္ အမ်ိဳးသားတစ္ေယာက္လို႔ပဲ ထင္မွတ္ရတဲ႔ Kenny Ho ဟာ ရိုက္ကူးေရးေတြကို ၂၀၁၂ ခုႏွစ္ပိုင္းေလာက္ကတည္းက ရပ္နားထားခဲ႔သူ ျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ ျမင္ကြင္းအေရွ႕ကိုလည္း ထြက္ေပၚလာခဲတဲ႔ သူဟာ ဒီေန႔အခ်ိန္ထိ လူပ်ိဳၾကီးတစ္ေယာက္လည္း ျဖစ္ပါတယ္။ လူပ်ိဳ၊ လူလြတ္တစ္ဦးအေနနဲ႔ ဒီေန႔အခ်ိန္ထိရွိေနရတဲ႔ အေၾကာင္းအရင္းကေတာ႔ ေဟာင္ေကာင္သရုပ္ေဆာင္မင္းသမီးအျဖစ္နဲ႔ေရာ ႏိုင္ငံေရးသမားအျဖစ္နဲ႔ေရာ လွဳပ္ရွားေနတဲ႔ May Chin နဲ႔ ထားရွိထားခဲ႔တဲ႔ သေဘာတူညီမွုတစ္ခုေၾကာင္႔ ျဖစ္တယ္လို႔ သိရပါတယ္။



သူတို႔ ၂ ဦးဟာ ၁၉၈၉ ခုႏွစ္ကရိုက္ကူုးခဲ႔တဲ႔ ထိုင္၀မ္ဇာတ္လမ္းတြဲ Endless Love မွာ ပါ၀င္သရုပ္ေဆာင္ျပီးေနာက္ခ်စ္ၾကိဳက္ခဲ႔ၾကပါတယ္။ ၁၉၉၃ ခုႏွစ္အထိ ခ်စ္သူေတြအျဖစ္နဲ႔ ခ်စ္ၾကိဳက္ျပီးတဲ႔အခါမွာေတာ႔ လမ္းခြဲျပတ္စဲခဲ႔ၾကျပီး သူငယ္ခ်င္းေတြအျဖစ္နဲ႔သာ ဆက္လက္ခင္မင္ခဲ႔ၾကပါတယ္။ ဒါေပမယ္႔ သူတို႔ ၂ ဦးဟာ အသက္ ၆၀ ျပည္႔တဲ႔အခ်ိန္ ၂ ဦးစလံုး လူလြတ္ေတြအျဖစ္နဲ႔ပဲ ရွိေနၾကမယ္ဆိုရင္ က်န္ရွိတဲ႔ဘ၀သက္တမ္းတစ္ေလွ်ာက္ကို ၂ ေယာက္အတူတူ ျဖတ္သန္းၾကမယ္လို႔ သေဘာတူထားၾကတာ ျဖစ္ပါတယ္။



Kenny Ho ဟာ May Chin နဲ႔ လမ္းခြဲျပီးတဲ႔ေနာက္မွာ မင္းသမီး Anita Lee နဲ႔ ခ်စ္ၾကိဳက္ခဲ႕ေပမယ္႔လည္း ၄ ႏွစ္ၾကာျပီးတဲဲ႔ေနာက္မွေတာ႔ လမ္းခြဲခဲ႔ျပီး အဲဒီေနာက္မွာေတာ႔ တျခားဘယ္သူနဲ႔မွ ဒိတ္မလုပ္ေတာ႔ပဲ ဒီေန႔အခိ်န္ထိ လူလြတ္တစ္ေယာက္အေနနဲ႔ ရွိေနခဲ႔တာျဖစ္ပါတယ္။ သူနဲ႔ သေဘာတူညီမွုထားရွိခဲ႔တဲ႔ May Chin ဟာဆိုရင္လည္း ဒီေန႔အခ်ိန္ထိ လူလြတ္တစ္ဦးအျဖစ္နဲ႔ပဲ ရွိေနဆဲလို႔ သိရပါတယ္။



Kenny Ho ဟာ အနုပညာအလုပ္ေတြကို ရပ္နားထားျပီးတဲ႔ေနာက္ပိုင္းမွာေတာ႔ စားေသာက္ကုန္လုပ္ငန္းကို လုပ္ေဆာင္တဲ႔ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္အျဖစ္နဲ႔ ရပ္တည္ေနခဲ႔ပါတယ္။ စီးပြားေရးကို အာရံုစိုက္ေနတုန္းမွာ ရိုက္ကူးေရးေတြကို ရပ္နားထားခဲ႔တယ္ဆိုေပမယ္႔လည္း Justice Bao (ျပည္သူ႕႔တရားရွင္) နဲ႔ ပတ္သတ္တာေတြဆိုရင္ေတာ႔ ရိုက္ကူးေပးခဲ႔တယ္လို႔ သိရပါတယ္။



credit – Zue Zue (Momolay)

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်တုန်းက မြဝတီရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသခဲ့တဲ့ တရုတ်ဇာတ်လမ်းတွဲတစ်ခုရှိခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲကတော့ ၁၉၉၀ ခုနှစ်ပတ်ဝန်းကျင် အချိန်ကာလမှာ မွေးဖွားခဲ့ကြတဲ့သူတွေအတွက် ဒီနေ့အချိန်ထိမေ့မရနိုင်သေးတဲ့ “ပြည်သူ့တရားရှင်” (ခ) ပေါင်ချိန် ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ပညာရှိသုခမိန် ပေါင်ချိန်၊ ဆရာ ကုန်းစွန်း၊ ကိုယ်ရံတော် ကျန်ကျောင်း၊ ဝမ်ချောင်၊ မာဟန့်၊ ကျန်းလုံး၊ ကျောက်ဟူ အစရှိတဲ့ ဇာတ်ကောင်ရဲ့ နာမည်ဟာဆိုရင်လည်း ဒီနေ့အထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေဆဲပါ။

ပရိသတ်တို့ရဲ့ ပါးစပ်ဖျားမှာ စွဲနေတာက ဇာတ်ကောင်တွေရဲ့ နာမည်တွေတင်ပဲ မဟုတ်ပါဘူး။ ခိုင်ဖုန်းတရားရုံး၊ ခွေးခေါင်းဓားစက်၊ နဂါးခေါင်းဓားစက် အစရှိတဲ့ အရာတွေလည်း ပါဝင်ပါတယ်။ တရားစီရင်ရာမှာ မျှမျှတတနဲ့ မည်သူကိုမှ ဘက်လိုက်မှုမရှိပဲ စီရင်ဆုံးဖြတ်တတ်တဲ့ ပညာရှိသုခမိန် ပေါင်လူကြီးမင်း (သို့မဟုတ်) ပေါင်ချိန်ဟာ ထိုအချိန်တုန်းက ကလေးတွေရဲ့ အချစ်တော်ဇာတ်ကောင်တစ်ခုဖြစ်ခဲ့သလို ပေါင်ချိန်ရဲ့ အနားမှာအမြဲရှိနေတဲ့ ကိုယ်ရံတော် ကျန်ကျောင်းဟာဆိုရင်လည်း ကလေးတွေရဲ့ စိတ်ကူးအိပ်မက်ထဲက သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့သလို ပျိုတိုင်းကြိုက်နှင်းဆီခိုင်ကြီးလည်း ဖြစ်ခဲ့ပါတယ်။

ကျန်ကျောင်းဆိုတဲ့ ဇာတ်ကောင်ဟာ ဘယ်လောက်တောင်များလွှမ်းမိုးမှုတွေရှိခဲ့သလဲဆိုရင် ပွဲဈေးတန်းတွေမှာ ကျန်ကျောင်းဓား၊ ကျန်ကျောင်းဦးထုပ်ဆိုပြီး ကလေးတွေအကြိုက် ရောင်းချခဲ့ကြသလို ကြွပ်ကြွပ်အိတ်တွေဆိုရင်လည်း ကျန်ကျောင်းရဲ့ ပုံတွေရိုက်နှိပ်ပြီးတော့တောင် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အဲဒီကြွပ်ကြွပ်အိတ်တွေကိုဆိုရင် လူကြီး၊ ကလေးတွေအားလုံးက ကျန်ကျောင်းအိတ်လို့ အမည်သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပြီး ဒီနေ့အချိန်ထိလည်း အဲဒီနာမည်ကို ခေါ်တွင်နေကြဆဲပါ။

ဒီလိုမျိုး လွှမ်းမိုးမှုတွေရှိခဲ့တဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့သူကတော့ ဟောင်ကောင်သရုပ်ဆောင် Kenny Ho ဖြစ်ပါတယ်။ ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ Kenny Ho ဟာ ထိုစဉ်တုန်းက မိန်းကလေးပရိသတ်တွေရဲ့ စိတ်ကူးထဲက သူရဲကောင်းကြီးဖြစ်ခဲ့ပြီး ဒီနေ့ထိတိုင်အောင်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်တစားနဲ့ အားပေးမှုတွေကို ရရှိနေဆဲပါ။

၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၉ ရက်နေ့မှာ မွေးဖွားခဲ့တဲ့သူဟာ ပြည်သူ့တရားရှင်လို့ ပရိသတ်တွေသိကြတဲ့ “Justice Bao” ဇာတ်လမ်းတွဲကို ပါဝင်သရုပ်ဆောင်စဉ်တုန်းက အသက် ၃၄ နှစ်အရွယ်သာရှိသေးတာဖြစ်ပြီး အခုဆိုရင်တော့ အသက် (၅၉) နှစ်ပြည့်ဖို့က ရက်ပိုင်းလောက်မျှသာလိုတော့တာဖြစ်ပါတယ်။ နောက်နှစ် ၂၀၁၉ ခုနှစ်ဆိုရင်တော့ သူ့ရဲ့ အသက်ဟာ ၆၀ ပြည့်တော့မှာဆိုပေမယ့် အခုသူရောက်ရှိနေတဲ့အသက်အရွယ်နဲ့ သူ့ရဲ့ နုပျိုမှုတို့ကတော့ တကယ်ကို အံ့သြလောက်စရာပါပဲ။

မသိတဲ့သူူတွေကြည့်လိုက်ရင် အသက် ၃၀ ကျော် ၄၀ ပတ်ဝန်းကျင် အမျိုးသားတစ်ယောက်လို့ပဲ ထင်မှတ်ရတဲ့ Kenny Ho ဟာ ရိုက်ကူးရေးတွေကို ၂၀၁၂ ခုနှစ်ပိုင်းလောက်ကတည်းက ရပ်နားထားခဲ့သူ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ မြင်ကွင်းအရှေ့ကိုလည်း ထွက်ပေါ်လာခဲတဲ့ သူဟာ ဒီနေ့အချိန်ထိ လူပျိုကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။ လူပျို၊ လူလွတ်တစ်ဦးအနေနဲ့ ဒီနေ့အချိန်ထိရှိနေရတဲ့ အကြောင်းအရင်းကတော့ ဟောင်ကောင်သရုပ်ဆောင်မင်းသမီးအဖြစ်နဲ့ရော နိုင်ငံရေးသမားအဖြစ်နဲ့ရော လှုပ်ရှားနေတဲ့ May Chin နဲ့ ထားရှိထားခဲ့တဲ့ သဘောတူညီမှုတစ်ခုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ၂ ဦးဟာ ၁၉၈၉ ခုနှစ်ကရိုက်ကူုးခဲ့တဲ့ ထိုင်ဝမ်ဇာတ်လမ်းတွဲ Endless Love မှာ ပါဝင်သရုပ်ဆောင်ပြီးနောက်ချစ်ကြိုက်ခဲ့ကြပါတယ်။ ၁၉၉၃ ခုနှစ်အထိ ချစ်သူတွေအဖြစ်နဲ့ ချစ်ကြိုက်ပြီးတဲ့အခါမှာတော့ လမ်းခွဲပြတ်စဲခဲ့ကြပြီး သူငယ်ချင်းတွေအဖြစ်နဲ့သာ ဆက်လက်ခင်မင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ ၂ ဦးဟာ အသက် ၆၀ ပြည့်တဲ့အချိန် ၂ ဦးစလုံး လူလွတ်တွေအဖြစ်နဲ့ပဲ ရှိနေကြမယ်ဆိုရင် ကျန်ရှိတဲ့ဘဝသက်တမ်းတစ်လျှောက်ကို ၂ ယောက်အတူတူ ဖြတ်သန်းကြမယ်လို့ သဘောတူထားကြတာ ဖြစ်ပါတယ်။

Kenny Ho ဟာ May Chin နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ မင်းသမီး Anita Lee နဲ့ ချစ်ကြိုက်ခဲ့ပေမယ့်လည်း ၄ နှစ်ကြာပြီးတဲ့နောက်မှတော့ လမ်းခွဲခဲ့ပြီး အဲဒီနောက်မှာတော့ တခြားဘယ်သူနဲ့မှ ဒိတ်မလုပ်တော့ပဲ ဒီနေ့အချိန်ထိ လူလွတ်တစ်ယောက်အနေနဲ့ ရှိနေခဲ့တာဖြစ်ပါတယ်။ သူနဲ့ သဘောတူညီမှုထားရှိခဲ့တဲ့ May Chin ဟာဆိုရင်လည်း ဒီနေ့အချိန်ထိ လူလွတ်တစ်ဦးအဖြစ်နဲ့ပဲ ရှိနေဆဲလို့ သိရပါတယ်။

Kenny Ho ဟာ အနုပညာအလုပ်တွေကို ရပ်နားထားပြီးတဲ့နောက်ပိုင်းမှာတော့ စားသောက်ကုန်လုပ်ငန်းကို လုပ်ဆောင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေခဲ့ပါတယ်။ စီးပွားရေးကို အာရုံစိုက်နေတုန်းမှာ ရိုက်ကူးရေးတွေကို ရပ်နားထားခဲ့တယ်ဆိုပေမယ့်လည်း Justice Bao (ပြည်သူ့တရားရှင်) နဲ့ ပတ်သတ်တာတွေဆိုရင်တော့ ရိုက်ကူးပေးခဲ့တယ်လို့ သိရပါတယ်။

credit – Zue Zue (Momolay)

No comments:

Post a Comment