Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 24, 2018

သွားကြမလား Eritrea(အနည်းဆုံးမိန်းမနှစ်ယောက်မယူရင် ထောင်ချမယ့်နိုင်ငံ)


အွန်လိုင်းပေါ်မှာ လူအများဖြန့်ဝေနေကြတဲ့ထူးခြားတဲ့သတင်းက အနည်းဆုံးမိန်းမနှစ်ယောက်မယူရင်ထောင်ချမယ်ဆိုတဲ့အီရစ်ထရီးယားနိုင်ငံအကြောင်းပဲဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်ကနေ ၂၀၀၀အတွင်း
အီရစ်ထရီးယားနဲ့ အီသီအိုးပီးယားနိုင်ငံစစ်ဖြစ်ခဲ့တာကြောင့် စစ်ပွဲမှာ စစ်သားအများအပြားသေဆုံးခဲ့ပြီး ယောက်ျားဦးရေအချိုးနဲ့မိန်းမဦးရေအချိုးအလွန်ပဲကွာဟသွားတာကြောင့် ယခုလိုအမိန့်ထုတ်လိုက်ရတယ်ဆိုပါတယ်။
သတင်းတွေအရ မိန်းမအနည်းဆုံးနှစ်ယောက်မယူတဲ့အမျိုးသားကို အလုပ်ကြမ်းနဲ့ထောင်တစ်သက်ချမယ်လို့ဆိုပါတယ်။အီရစ်ထရီးယားက တာဝန်ရှိသူတွေကတော့ဒီသတင်းဟာမဟုတ်မှန်တဲ့သတင်းတစ်ပုဒ်ဖြစ်တယ်လို့ ဘီဘီစီသတင်းဌာနကိုပြောပြခဲ့ပါတယ်။
ဒီသတင်းစတင်ဖြစ်ပေါ်လာပုံက ကင်ညာနိုင်ငံက Crazy Monday ဆိုတဲ့ သတင်းဆိုဒ်တစ်ခုကနေစတင်တယ်လို့ဆိုပါတယ်။
အဲဒီကနေတွစ်တာပေါ်ရောက်သွားရာကစလို့  အီရစ်ထရီးယားမှာ မိန်းမသွားယူကြမယ်လို့ တွစ်တာပေါ်မှာရေးတင်ကြရာကဒီသတင်းကပျံ့နှံ့သွားခဲ့တာပါ။
Crazy Monday ဆိုတဲ့သတင်းဆိုက်က အတင်းအဖျင်းတွေနဲ့ပရိတ်သတ်ကိုဆွဲဆောင်တဲ့သတင်းဆိုက်တစ်ခုပဲဖြစ်ပါတယ်။
အီရစ်ထရီးယားရဲ့ပြန်ကြားဝန်ကြီးကိုယ်တိုင်က
ဒီသတင်းမဟုတ်မှန်ကြောင်းဖြေရှင်းခဲ့ပေမယ့် နိုင်ဂျီးရီယားကနေ တောင်အာဖရိကနိုင်ငံတွေကို တကယ့်သတင်းမှန်တစ်ခုအလားပျံ့သွားရာက
ယခုမြန်မာပြည်ကိုပါရောက်ရှိလာခဲ့တာပဲဖြစ်ပါတော့တယ်။
သတင်းစုံပျော်ဝင်အိုးကြီး

No comments:

Post a Comment