Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 7, 2018

ဘူးသီးတောင်မြို့နယ် သုံးဆယ်တစ်ဘုံအနီးတွင် ဗုံးကွဲ၍ နှစ်ဦးသေ


နိရဉ္စရာ၊ ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တစ်ဘုံ ပုထိုးတော်ကြီး၏ ၆ ဖာလုံခန့်အကွာ ရသေ့တောင်- ဘူးသီးတောင် ကားလမ်းပေါ်တွင် ယမန်နေ့ ည ၉ နာရီကျော်က ဗုံးပေါက်ကွဲ၍ ဆိုင်ကယ် စီးလာသူ နှစ်ဦး သေဆုံးသွားကြောင်း ဒေသအတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးများက အတည်ပြု ပြောကြားသည်။

“ ဖြစ်တာက ကျောက်ရန်အုပ်စု၊ ထိပ်ထူးပေါက်အနီးမှာ ဖြစ်ပါတယ်။ ဒီနေရာ သုံးဆယ်တစ်ဘုံက ဆိုရင် ၆ ဖာလုံလောက် ဝေးပါတယ်။ တောင်ကျော်လမ်းလေးမှာ ဖြစ်တာပါ။ ညဥ့် ၉ နာရီကျော်မှာ ဒိန်းဆိုပြီး အသံတစ်ချက်ကြားရပါတယ်။ လမ်းပေါ်မှာ ဆိုင်ကယ်စီးလာသူ နှစ်ဦးစလုံး ပွဲချင်းပီး သေဆုံးသွားပါတယ်” ဟု ဖုံညိုလိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

သေဆုံးသူမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရသေးကြောင်း၊ ယခု နံနက် ၇ နာရီ ကျော်ထိ အလောင်းများ ဗုံးပေါက်ကွဲရာတွင် ရှိနေသေးကြောင်း၊ စစ်တပ်-ရဲ- အပါအ၀င် တာဝန်ရှိသူများ ရောက်ရှိနေကြပြီ ဖြစ်ကြောင်း၊ မကွဲသေးသည့် ၀ါယာကြိုးဖြင့် ဗုံးနောက်ထပ် တစ်လုံးကျန်ရှိနေ၍ ဗုံးရှင်းလင်းရေး အဖွဲ့က လူများကို စောင့်နေကြောင်း ၎င်းက ပြောကြားသည်။

“ ဆိုင်ကယ်လည်း ကွဲသွားတယ်။ တစ်ယောက်က ဦးခေါင်းရော၊ ခန္ဓာကိုယ်တစ်ခုလုံးရော ကြေမွသွားတယ်။ တစ်ယောက်က ဦးခေါင်းမှာ ထိမှန်သွားတယ်။ ဆိုင်ကယ်စီးလာသူ နှစ်ယောက်လုံး သေတယ်” ဟု ဆက်လက် ပြောဆိုသည်။

ဗုံးပေါက်ကွဲမှုမှာ ပြင်းထန်သဖြင့် အသံကို ဖုန်ညိုလိပ်၊ ကျောက်ရန်၊ သုံးဆယ်တစ်ဘုံ ကျေးရွာများကပါ ကြားခဲ့ရသည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment