Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 17, 2018

ယူနီ​ဖောင်း​လေးနဲ့ ပစ်​ထိုးသွားတဲ့မျက်​​စောင်း​လေးကို ချစ်​တယ်


လိုင်​စင်​လဲ မပါဘူး
ဦးထုတ်​လဲ မပါခဲ့ဘူး
ဒဏ်​​ငွေ သုံး​သောင်း ဆိုလဲ
တခါ​လောက်​ပြုံးပြရင်​ တန်​တယ်

မုံရွာမှာ ​နေလာတာပဲ ကြာပြီ
စောက်​အ မှ မဟုတ်​တာ
ဘယ်​​နေရာ ဘာရှိတယ်​ သိတာ​ပေါ့
နှလုံးသားကိုဆီထည့်​ပြီ
တမင်​ကို ​​ဖြတ်​ ​မောင်းလာတာ

ဆိုင်​ကယ်​​သော့ကိုဖြုတ်​လိုက်​ပုံများ
လင်​​ယောင်္ကျား အလုပ်​က ပြန်​လာလို့
ပစ္စည်းကူသယ်​​ပေးတဲ့ ဇနီးတစ်​​ယောက်​လိုမျိုး

"ဒီမှာ လက်​မှတ်​ထိုး"
အပမ်းမကြီးရင်
ဖုန်းနံပါတ်​​လေး သိပါရ​စေ ...!
နူတ်​ခမ်း​လေးကို ကိုက်​သွားပုံများ
ချစ်​စရာ

ပြည်​သူလူထုကို တကယ်​ အကျိုးပြုပါတယ်
မောင်း​ပြေးရင်​ လွတ်​တယ်
သူ အပြုံးတချက်​က
ပြေးလို့ မလွတ်​​ဘူး
မရဘူး
သူ ဖမ်းတာပဲ ခံချင်​တာ

ကို​နေ စကားနဲ့ယူသုံးရရင်
ရှေ့မှာ ဆိုင်​ကယ်​ဖမ်း​နေ​တယ်​​နော်​ ​တဲ့
အ​ချော​လေး​တွေ စု ​နေတယ်​ ​ပြောလဲ ရတာပဲကို
ခက်​တယ်

အယ်​လင်း








No comments:

Post a Comment