Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 9, 2018

သတိ " ပညာတတ်လူယုတ်မာ "


 "ကျွန်မနစ်နာကြေးလည်း မလိုချင်ဘူး နောက်လူနာတွေကို ကျွန်မလိုမျိုး ဆက်မလုပ်ဖို့ တောင်းဆိုပါတယ် "

ထိုင်းနိုင်ငံ အူးဒေါင် ဌာနီက စီန၀ါဖွန် အသက် ၃၃ နှစ်အမျိုးသမီးရဲ့ ဖြစ်ရပ်ကို ထိုင်းနိုင်ငံသတင်းလောကမှာ အကျယ်တ၀င့်ဖေါ်ပြနေကြသလို ...ဒီဖြစ်ရပ်ကြောင့် ထိုင်းပြည်သူတွေရဲ့အကြားမှာ စိုးရိမ်ထိတ်လန့် မှုတွေလည်း ပိုတိုးလာနေကြပါတယ်။

စင်္ကပူနိုင်ငံသားနဲ့ လက်ထပ်တော့မယ့် သူမဟာ ဗိုက် အောင့်လို့ ဆေးရုံမှာ သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဆရာဝန်ကြီးက ပထမပိုင်း စားဆေးတွေပေးတော့ သက်သာလာနေပြီးနောက် ဆေးရုံရက်ချိန်းလာပြတဲ့အခါ သူမမှာ ကင်ဆာရောဂါ လက္ခဏာ တွေ့ ရတယ်။
၈၀ ရာကိုင်နှုန်းကြိမ်းသေလို့ ကင်ဆာကြိတ်မခွဲရင်သေနိုင်တယ်လို့  ပြောပါတယ်။

အမေနဲ့ နဲ့ တိုင်ပင်ပြီး ဆရာဝန်ကြီး မဟုတ်ပဲမပြောနိုင်ဘူးလို့ ဆုံးဖြတ်ပြီး သူမကိုယ်တွင်းကကင်ဆာအကြိတ်ရှိတဲ့နေရာတွေကို ဖြတ်တောက်ခွဲစိတ်ဖို့ သဘောတူလိုက်ပါတယ်။
(လူနာရှင်ကို ခွဲစိတ်ချိန်မှာ တရားခံဆရာဝန်နဲ့  အကူ ဆေးကျောင်းသားတဦးသာတွေ့ ရကြောင်း သိရ)

''ခွဲစိတ်ပြီးကတဲက ကျွန်မ ကျန်းမာရေးက ပုံမှန်မဟုတ် တော့ပါဘူး လမ်းလျှောက်တာနဲ့ မောတယ်၊ ဆီးအိမ်ကိုလည်းအပြင်မှာ အိပ်နဲ့ ထုတ်ထားရသေးတယ် ၊ လက်ထပ်မယ့်အမျိုးသားနဲ့ လည်းလဲကွဲခဲ့ပြီ။

နောက်ဆေးရုံးရက်ချိန်းမှာ သူမကိုခွဲစိတ်ပေးတဲ့ဆရာဝန်ခရီးသွားနေလို့  တခြားဆရာဝန်က စစ်ဆေး ပေးတဲ့အခါ.. ဆရာဝန်ကသတိပေးတယ်။ ကျန်းမာရေးသတိထားပြီး အလေးအပင်တွေ မ မဖို့  ကျောက်ကပ်က တဖက်ပဲရှိတော့ တာတဲ့။

သူမဖြစ်တဲ့နေရာနဲ့ ဖြတ်တောက်ထုတ်ခဲ့တဲ့ ကိုယ်တွင်းအစိတ်အပိုင်း စာရွတ်စာတမ်းမှာ ကျောက်ကပ်ဖြတ်ထုတ်တာမဖေါ်ပြ မပါခဲ့ပါဘူး။
တခြားဆေးရုံမှာ အသေးစိတ်ထပ်စစ်ကြည့်ခဲ့ပါတယ်၊ နဂိုကထဲကသူမမှာ ကင်ဆာအကြိတ်လည်းမရှိခဲ့ပါဘူး။သူမဟာ ရှေ့ နေငှားပြီးဆရာဝန်ကြီးကို တရားစွဲခဲ့ပါပြီ။

(ကျောက်ကပ်တစုံရဲ့  ဈေးဟာနိုင်ငံတကာမှာ ဒေါ်လာ ငါးသိန်းငါးသောင်းရှိပါတယ်၊ ကမ္ဘာ့ သန်းကြွယ်သူဌေး မိသားစုတွေ ငွေကြေးတတ်နိုင်တဲ့သူတွေ ကျောက်ကပ်လဲကြပါတယ် )

SAW
မူရင်းသတင်း
https://www.brighttv.co.th/latest-news/social/311951




No comments:

Post a Comment