Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 18, 2018

ေရဘယ္ေလာက္ႀကီးႀကီး ေရမျမႈပ္တဲ့ ေခါင္းေဆးကြ်န္း နတ္ေရတြင္း


ေခါင္းေဆးကြ်န္းသည္ ေမာ္လၿမိဳင္ၿမိဳ႕ ႏွင့္ မုတၱမအၾကား
သံလြင္ျမစ္
အထၳရံျမစ္
ဂ်ဳိင္းျမစ္
ဒံုသမိျမစ္
ေဟာင္သေရာျမစ္ (စႏၵေရာျမစ္)

စသည့္ ျမစ္ ၅ ခုတို႔စီးဝင္ေပါင္းစံုရာ သို႔မဟုတ္သံလြင္ အထၳရံ ဂ်ဳိင္း ဒံုသမိ ျမစ္ ၄ စင္း မွ ပင္လယ္သို႔ စီးဝင္ ေပါင္းဆံုရာ ျမစ္ ၅ ပြင့္ဆိုင္တြင္ တည္ရွိေသာ ကြ်န္းတစ္ကြ်န္းျဖစ္သည္။

ေခါင္းေဆးကြ်န္းကို ေရွးအခါက
ေအာင္ေျမကြ်န္း
ပတၱျမားကြ်န္း
ရတနာကြ်န္း
ျမစ္ဦးခိုက္ကြ်န္း
ပေဒသာကြ်န္း
အဗႏၶရကြ်န္း
ေငြယားကြ်န္း
သိုက္ေပါင္းစံုကြ်န္း
သႀကၤန္ကြ်န္း
ပြန္စလိုင္
ေခါင္းေဆးကြ်န္း
က်ီးကြ်န္း (crow island)
ဟူ၍ အမည္အမ်ဳိးမ်ဳိးျဖင့္ေခၚခဲ႔ၾကသည္။

ေရွးအခါက မြန္ဘုရင္အဆက္ဆက္သည္ ေခါင္းေဆးကြ်န္း အေနာက္ေနာင္အရပ္ စေနေထာင့္ရွိ နတ္ေရတြင္းမွ ေရျဖင့္
နန္းတက္ဘိသိတ္မဂၤလာျပဳျခင္း ရန္အေပါင္းကို ေအာင္ျမင္ရန္ ဦးေခါင္းေဆးမဂၤလာျပဳျခင္း ဘုန္းတန္ခိုးတက္ေစရန္ ဦးေခါင္းေဆးမဂၤလာ ျပဳျခင္း မ်ားကိုေဆာင္ရြက္ခဲ႔ၾကသည္။

မြန္ဘုရင္မ်ားသာမက ျမန္မာဘုရင္ ယိုးဒယားဘုရင္ ခမာဘုရင္မ်ားသည္လည္း
ဤေခါင္းေဆးကြ်န္းနတ္ေရတြင္းမွေရျဖင့္ ဦးေခါင္းေဆးမဂၤလာျပဳခဲ႔ၾကသည္။

အေနာ္ရထာမင္းသည္ သထံုျပည္ကို လာေရာက္တိုက္ခိုက္စဥ္က ၿမိဳ႕ကို သိမ္းယူနိုင္စြမ္း မရွိခဲ႔ေပ။ ရာဇသႀကၤန္အမတ္၏ အႀကံေပးခ်က္အရ ပြန္စလိုင္ရွိနတ္ေရတြင္းမွ ေရကို ေဆာင္ယူေစ၍ ဦးေခါင္းေဆး ၿပီးမွသာလွ်င္ သထံုၿမိဳ႕ရွိ ၾကက္မတစ္ဝပ္စာ လြတ္ေနေသာ ေနရာရွိေၾကာင္းသိရၿပီး ၿမိဳ႕ကိုသိမ္းယူနိုင္ခဲ႔သည္။

ေကာဇာသကၠရာဇ္ ၄၆၁ ခုနွစ္တြင္ အေလာင္းစည္သူမင္းသည္ ပြန္စလိုင္ သို႔ေရာက္လာကာ ဦးေခါင္းေဆးမဂၤလာျပဳခဲ႔သည္။

သကၠရာဇ္ ၇၄၀ တြင္ မြန္ဘုရင္ ရာဇဓိရာဇ္ သည္ ပြန္စလိုင္နတ္ေရတြင္းေရျဖင့္ ေခါင္းေဆးဘိသိတ္မဂၤလာျပဳခဲ႔သည္။

ရာဇဓိရာဇ္မင္းသည္သားေတာ္ေဗာေလာက်န္ေဒါ မွေထာင္ထားျခားနားမည္ကိုစိုးရိမ္သျဖင့္ အဲေကာင္းဗိန္ ကို သားေတာ္အားကြပ္မ်က္ရန္ ေစလႊတ္လိုက္သည္။ ေဗာေလာက်န္ေဒါသည္ ေရႊေမာေဓာေစတီ၌မိမိ၏လက္ဝတ္ရတနာမ်ားလွဴဒါန္းၿပီးခမည္းေတာ္အား မသင့္ေသာအႀကံ မျပဳခဲ႔ပါက ေသလြန္ၿပီးေနာက္ ျမန္မာတို႔ဝယ္ ဝင္စားၿပီး ဟံသာဝတီကို အနိုင္ရပါေစေၾကာင္း ဆုေတာင္းခဲ႔သည္။ထို႔ေနာက္ ဖံုမသိန္ ၃ က်ပ္သားကို သံပုရာ နွင့္ ေရာေသာက္ကာသတ္ေသခဲ႔သည္။ ရာဇဓိရာဇ္လည္း ေရႊေမာေဓာေစတီေတာ္ကို ထီးေတာ္မွေျခရင္းအထိေရႊခ်ကာ သံဃာေတာ္မ်ားကိုဆြမ္းကပ္ၿပီး ဘယ္ရန္သူမွကြ်န္ုပ္အားစစ္ျပဳ၍မတိုက္ခိုက္နိုင္ေစရန္ ျပန္လည္ဆုေတာင္းခဲ႔သည္။

အင္းဝဘုရင္ မင္းေဆြ၏ မိဖုရားရွင္မိေနာက္ေခၚမိယာေနွာင္ သည္ ကိုယ္ဝန္ရွိလာေသာအခါ ဒလသရက္သီး မုတၱမေျမသင္းခဲ ႏွင့္ ပြန္စလိုင္နတ္ေရတြင္းေရ ကိုခ်ဥ္ခ်င္းတပ္သျဖင့္ လက္ေဆာင္ပ႑ာနွင့္တကြ လႊတ္၍ေတာင္းေစသည္။

ရာဇဓိရာဇ္လည္း အင္းဝဘုရင္ေတာင္းဆိုေသာ အရာမ်ား မေပးဘဲ အျခားေသာ ေဒသမ်ားမွ သာရွာေဖြေပးလိုက္ေၾကာင္း မြန္ရာဇဝင္မ်ားတြင္ေတြ႔ရသည္။

သကၠရာဇ္ ၈၁၆ ခနွစ္တြင္ မြန္ဘုရင္မႀကီး ရွင္ေစာပုသည္လည္း ပြန္စလိုင္နတ္ေရတြင္း မွေရကို မၾကာခဏ ေဆာင္ယူေစၿပီး မဂၤလာယူဖြယ္ အခမ္းအနားမ်ား နွင့္ ဦးေခါင္းေဆးရာတြင္ အသံုးျပဳခဲ႔သည္။

ဘုရင္မႀကီးရွင္ေစာပုသည္ က်ဳိက္မေရာၿမိဳ႕ ဘုရားႀကီးကို လာေရာက္ျပဳျပင္ တည္ထားစဥ္က လက္ေအာက္ခံၿမိဳ႕ျဖစ္ေသာ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ေရာက္ရွိစဥ္ က်ဳိက္သလႅံေစတီေတာ္ အစရွိေသာဘုရားမ်ားကိုလွည့္လည္ဖူးေမွ်ာ္ၿပီး ပြန္စလိုင္သို႔သြားကာ ဦးေဆာင္ေဆးမဂၤလာျပဳခဲ႔ေပမည္။

ေနာက္ပိုင္းတြင္ ပြန္စလိုင္ နတ္ေရတြင္းမွေရကို ေဆာင္ယူေစၿပီး ဟံသာဝတီတြင္ ေခါင္းေဆးေလ႔ ရွိေၾကာင္းသိရသည္။

ဓမၼေစတီမင္းႀကီးသည္လည္း ပြန္စလိုင္သို႔ လာေရာက္ကာ နတ္ေရတြင္းေရျဖင့္ ေခါင္းေဆးခဲ႔သည္။

သကၠရာဇ္ ၉၇၆ ခု တြင္ အေနာက္ဘက္လြန္မင္း သည္ ငဇင္ကာ ေခၚ ဒီဗရစ္တို ၏ သန္လ်င္ကို ေအာင္ေတာ္မူၿပီးေနာက္ မုတၱမစား ဗညားဒလ သည္ ေမာ္လၿမိဳင္အပါအဝင္ အရံၿမိဳ႕ ၃၂ ၿမိဳ႕မွ ၿမိဳ႕စားနယ္စားမ်ားနွင့္အတူ လက္ေဆာင္ပ႑ာ မ်ားပါ ယူေဆာင္၍အေနာက္ဘက္လြန္မင္းထံ ခိုဝင္၏။

အနာက္ဘက္လြန္မင္းသည္ ပြန္စလိုင္တြင္ ေရသဘင္ပြဲက်င္းပ သႀကၤန္ေတာ္ေခၚကာ ေခါင္းေဆးမဂၤလာျပဳၿပီးေနာက္ စစ္နွစ္ေၾကာင္းခ်ီကာ ထားဝယ္ တနသၤာရီ သာမက သုဝန္ခေလာက္ ေသာကၠတဲ ကမန္ပိုက္ ထိေအာင္သိမ္းယူနိုင္ခဲ႔သည္။

မင္းရဲဒိဗၺ ဧခ်င္းတြင္
” … …ေရႊစက္ရိပ္နိႈက္ ဦးေခါင္းဆိုက္၏
မကိုက္ထြတ္ထား မဖုရားလည္း
ဗညားဓမၼရာဇာ မည္သာတထပ္
ျဖဴလွပ္ထီးနန္း က်ယ္ဝန္းမြန္းရ မုတၱမကို
တကြနတ္ရွင္ ေပးၿပီးက်င္မွ ဆင္ကစသည္
ေျပာစည္အုပ္ၾကက္ အေရွ႕ဘက္သို႔
ေရႊစက္ေျပာင္ဝင္း ထိန္ထိန္လင္းမွ်င္
ျမစ္မင္းယွဥ္ၿပိဳင္ ပြန္စလိုင္ဟု ငါးဆိုင္ဆံုက်
ပင္လယ္ဝကို ဘဝေရွးလြန္ က်မ္းဂန္တြင္ပင္
ၾကားမထင္တည့္ မ်ားျဖင့္လႊံ႕ေက်ာ္
ႀကီးဘုန္းေတာ္ေၾကာင့္ မေျမာ္ဘူးေလ
ေျမာ္ရေပရွင့္ ကိုးေထြမ်က္ရွင္ ျခယ္မႊန္းဆင္သား
ေရႊစင္ေပါက္လွ ယည္နတ္သထက္ နရဖုန္းထူ
စီးေတာ္မူ၍ ေနကူေယာင္ျမဴး ေဖာင္နွင့္ကူး၍
ပ်ံ႕ပ်ဴးမင္းလိုက္ ေရႏႈိက္သဘင္ စံပယ္ရႊင္မွ
စစ္လ်င္နွစ္ေၾကာင္း ေထာင္းေထာင္းဒဝယ္
အလြယ္သိမ္းယူ … … … ” ဟုေရးသားထားသည္ကိုေတြ႔ရသည္။

သကၠရာဇ္ ၁၁၁၈ တြင္ အေလာင္းမင္းတရားသည္ သန္လ်င္ ကို တိုက္ခိုက္ရာ မေအာင္ျမင္သျဖင့္ ပြန္စလိုင္ေရျဖင့္ ေခါင္းေဆးၿပီးမွသာလွ်င္ အလိုျပည့္ေတာ္မူသည္။

သကၠရာဇ္ ၁၃၀၁ ခုနွစ္တြင္ မႏၲေလးေတာင္ရေသ႔ႀကီးဦးခႏၶီ သည္ သူ၏ေကာင္းမႈျဖစ္ေသာ လြန္ခဲ႔ေသာ ၃ နွစ္ခန္႔က တည္ထားခဲ႔သည့္ ေမာ္လၿမိဳင္ ေတာင္ရိုးတန္းရွိ ဦးခႏၶီမဟာျမတ္မုနိရုပ္ပုြါးေတာ္ကို လာေရာက္ ဖူးေျမာ္ရင္းေခါင္းေဆးကြ်န္း နတ္ေရတြင္းတြင္ ဦးေခါင္းေဆးခဲ႔သည္။

ယခုထက္တိုင္လည္း ေခါင္းေဆးကြ်န္းသို႔ လာေရာက္သူမ်ားသည္ နတ္ေရတြင္းမွေရကို ေဆာင္ယူကာ ေခါင္းေဆးေလ႔ရွိေၾကာင္းသိရသည္။

ကိုးကား
-ရာဇာဓိရာဇ္ အေရးေတာ္ပံုက်မ္း (ဗညားဒလ)
-တြင္းသင္းရာဇဝင္(တြင္းသင္းတိုက္ဝန္ဦးထြန္းညိဳ)
-မင္းရဲဒိဗၺဧခ်င္း
-ကိုယ္ပိုင္မွတ္စု

Unicode

ရေဘယ်လောက်ကြီးကြီး ရေမမြှုပ်တဲ့ ခေါင်းဆေးကျွန်း နတ်ရေတွင်း
============================

ခေါင်းဆေးကျွန်းသည် မော်လမြိုင်မြို့ နှင့် မုတ္တမအကြား
သံလွင်မြစ်
အထ္ထရံမြစ်
ဂျိုင်းမြစ်
ဒုံသမိမြစ်
ဟောင်သရောမြစ် (စန္ဒရောမြစ်)

စသည့် မြစ် ၅ ခုတို့စီးဝင်ပေါင်းစုံရာ သို့မဟုတ်
သံလွင် အထ္ထရံ ဂျိုင်း ဒုံသမိ မြစ် ၄ စင်း မှ ပင်လယ်သို့ စီးဝင် ပေါင်းဆုံရာ မြစ် ၅ ပွင့်ဆိုင်တွင် တည်ရှိသော ကျွန်းတစ်ကျွန်းဖြစ်သည်။

ခေါင်းဆေးကျွန်းကို ရှေးအခါက
အောင်မြေကျွန်း
ပတ္တမြားကျွန်း
ရတနာကျွန်း
မြစ်ဦးခိုက်ကျွန်း
ပဒေသာကျွန်း
အဗန္ဓရကျွန်း
ငွေယားကျွန်း
သိုက်ပေါင်းစုံကျွန်း
သင်္ကြန်ကျွန်း
ပွန်စလိုင်
ခေါင်းဆေးကျွန်း
ကျီးကျွန်း (crow island)
ဟူ၍ အမည်အမျိုးမျိုးဖြင့်ခေါ်ခဲ့ကြသည်။

ရှေးအခါက မွန်ဘုရင်အဆက်ဆက်သည် ခေါင်းဆေးကျွန်း အနောက်နောင်အရပ် စနေထောင့်ရှိ နတ်ရေတွင်းမှ ရေဖြင့်
နန်းတက်ဘိသိတ်မင်္ဂလာပြုခြင်း ရန်အပေါင်းကို အောင်မြင်ရန် ဦးခေါင်းဆေးမင်္ဂလာပြုခြင်း ဘုန်းတန်ခိုးတက်စေရန် ဦးခေါင်းဆေးမင်္ဂလာ ပြုခြင်း များကိုဆောင်ရွက်ခဲ့ကြသည်။

မွန်ဘုရင်များသာမက မြန်မာဘုရင် ယိုးဒယားဘုရင် ခမာဘုရင်များသည်လည်း
ဤခေါင်းဆေးကျွန်းနတ်ရေတွင်းမှရေဖြင့် ဦးခေါင်းဆေးမင်္ဂလာပြုခဲ့ကြသည်။

အနော်ရထာမင်းသည် သထုံပြည်ကို လာရောက်တိုက်ခိုက်စဉ်က မြို့ကို သိမ်းယူနိုင်စွမ်း မရှိခဲ့ပေ။ ရာဇသင်္ကြန်အမတ်၏ အကြံပေးချက်အရ ပွန်စလိုင်ရှိနတ်ရေတွင်းမှ ရေကို ဆောင်ယူစေ၍ ဦးခေါင်းဆေး ပြီးမှသာလျှင် သထုံမြို့ရှိ ကြက်မတစ်ဝပ်စာ လွတ်နေသော နေရာရှိကြောင်းသိရပြီး မြို့ကိုသိမ်းယူနိုင်ခဲ့သည်။

ကောဇာသက္ကရာဇ် ၄၆၁ ခုနှစ်တွင် အလောင်းစည်သူမင်းသည် ပွန်စလိုင် သို့ရောက်လာကာ ဦးခေါင်းဆေးမင်္ဂလာပြုခဲ့သည်။

သက္ကရာဇ် ရ၄၀ တွင် မွန်ဘုရင် ရာဇဓိရာဇ် သည် ပွန်စလိုင်နတ်ရေတွင်းရေဖြင့် ခေါင်းဆေးဘိသိတ်မင်္ဂလာပြုခဲ့သည်။

ရာဇဓိရာဇ်မင်းသည်သားတော်ဗောလောကျန်ဒေါ မှထောင်ထားခြားနားမည်ကိုစိုးရိမ်သဖြင့် အဲကောင်းဗိန် ကို သားတော်အားကွပ်မျက်ရန် စေလွှတ်လိုက်သည်။ ဗောလောကျန်ဒေါသည် ရွှေမောဓောစေတီ၌မိမိ၏လက်ဝတ်ရတနာများလှူဒါန်းပြီးခမည်းတော်အား မသင့်သောအကြံ မပြုခဲ့ပါက သေလွန်ပြီးနောက် မြန်မာတို့ဝယ် ဝင်စားပြီး ဟံသာဝတီကို အနိုင်ရပါစေကြောင်း ဆုတောင်းခဲ့သည်။ထို့နောက် ဖုံမသိန် ၃ ကျပ်သားကို သံပုရာ နှင့် ရောသောက်ကာသတ်သေခဲ့သည်။ ရာဇဓိရာဇ်လည်း ရွှေမောဓောစေတီတော်ကို ထီးတော်မှခြေရင်းအထိရွှေချကာ သံဃာတော်များကိုဆွမ်းကပ်ပြီး ဘယ်ရန်သူမှကျွန်ုပ်အားစစ်ပြု၍မတိုက်ခိုက်နိုင်စေရန် ပြန်လည်ဆုတောင်းခဲ့သည်။

အင်းဝဘုရင် မင်းဆွေ၏ မိဖုရားရှင်မိနောက်ခေါ်မိယာနှောင် သည် ကိုယ်ဝန်ရှိလာသောအခါ ဒလသရက်သီး မုတ္တမမြေသင်းခဲ နှင့် ပွန်စလိုင်နတ်ရေတွင်းရေ ကိုချဉ်ချင်းတပ်သဖြင့် လက်ဆောင်ပဏ္ဍာနှင့်တကွ လွှတ်၍တောင်းစေသည်။

ရာဇဓိရာဇ်လည်း အင်းဝဘုရင်တောင်းဆိုသော အရာများ မပေးဘဲ အခြားသော ဒေသများမှ သာရှာဖွေပေးလိုက်ကြောင်း မွန်ရာဇဝင်များတွင်တွေ့ရသည်။

သက္ကရာဇ် ၈၁၆ ခနှစ်တွင် မွန်ဘုရင်မကြီး ရှင်စောပုသည်လည်း ပွန်စလိုင်နတ်ရေတွင်း မှရေကို မကြာခဏ ဆောင်ယူစေပြီး မင်္ဂလာယူဖွယ် အခမ်းအနားများ နှင့် ဦးခေါင်းဆေးရာတွင် အသုံးပြုခဲ့သည်။

ဘုရင်မကြီးရှင်စောပုသည် ကျိုက်မရောမြို့ ဘုရားကြီးကို လာရောက်ပြုပြင် တည်ထားစဉ်က လက်အောက်ခံမြို့ဖြစ်သော မော်လမြိုင်မြို့သို့ ရောက်ရှိစဉ် ကျိုက်သလ္လံစေတီတော် အစရှိသောဘုရားများကိုလှည့်လည်ဖူးမျှော်ပြီး ပွန်စလိုင်သို့သွားကာ ဦးဆောင်ဆေးမင်္ဂလာပြုခဲ့ပေမည်။

နောက်ပိုင်းတွင် ပွန်စလိုင် နတ်ရေတွင်းမှရေကို ဆောင်ယူစေပြီး ဟံသာဝတီတွင် ခေါင်းဆေးလေ့ ရှိကြောင်းသိရသည်။

ဓမ္မစေတီမင်းကြီးသည်လည်း ပွန်စလိုင်သို့ လာရောက်ကာ နတ်ရေတွင်းရေဖြင့် ခေါင်းဆေးခဲ့သည်။

သက္ကရာဇ် ၉၇၆ ခု တွင် အနောက်ဘက်လွန်မင်း သည် ငဇင်ကာ ခေါ် ဒီဗရစ်တို ၏ သန်လျင်ကို အောင်တော်မူပြီးနောက် မုတ္တမစား ဗညားဒလ သည် မော်လမြိုင်အပါအဝင် အရံမြို့ ၃၂ မြို့မှ မြို့စားနယ်စားများနှင့်အတူ လက်ဆောင်ပဏ္ဍာ များပါ ယူဆောင်၍အနောက်ဘက်လွန်မင်းထံ ခိုဝင်၏။

အနာက်ဘက်လွန်မင်းသည် ပွန်စလိုင်တွင် ရေသဘင်ပွဲကျင်းပ သင်္ကြန်တော်ခေါ်ကာ ခေါင်းဆေးမင်္ဂလာပြုပြီးနောက် စစ်နှစ်ကြောင်းချီကာ ထားဝယ် တနင်္သာရီ သာမက သုဝန်ခလောက် သောက္ကတဲ ကမန်ပိုက် ထိအောင်သိမ်းယူနိုင်ခဲ့သည်။

မင်းရဲဒိဗ္ဗ ဧချင်းတွင်
” … …ရွှေစက်ရိပ်နှိုက် ဦးခေါင်းဆိုက်၏
မကိုက်ထွတ်ထား မဖုရားလည်း
ဗညားဓမ္မရာဇာ မည်သာတထပ်
ဖြူလှပ်ထီးနန်း ကျယ်ဝန်းမွန်းရ မုတ္တမကို
တကွနတ်ရှင် ပေးပြီးကျင်မှ ဆင်ကစသည်
ပြောစည်အုပ်ကြက် အရှေ့ဘက်သို့
ရွှေစက်ပြောင်ဝင်း ထိန်ထိန်လင်းမျှင်
မြစ်မင်းယှဉ်ပြိုင် ပွန်စလိုင်ဟု ငါးဆိုင်ဆုံကျ
ပင်လယ်ဝကို ဘဝရှေးလွန် ကျမ်းဂန်တွင်ပင်
ကြားမထင်တည့် များဖြင့်လွှံ့ကျော်
ကြီးဘုန်းတော်ကြောင့် မမြော်ဘူးလေ
မြော်ရပေရှင့် ကိုးထွေမျက်ရှင် ခြယ်မွှန်းဆင်သား
ရွှေစင်ပေါက်လှ ယည်နတ်သထက် နရဖုန်းထူ
စီးတော်မူ၍ နေကူယောင်မြူး ဖောင်နှင့်ကူး၍
ပျံ့ပျူးမင်းလိုက် ရေနှိုက်သဘင် စံပယ်ရွှင်မှ
စစ်လျင်နှစ်ကြောင်း ထောင်းထောင်းဒဝယ်
အလွယ်သိမ်းယူ … … … ” ဟုရေးသားထားသည်ကိုတွေ့ရသည်။

သက္ကရာဇ် ၁၁၁၈ တွင် အလောင်းမင်းတရားသည် သန်လျင် ကို တိုက်ခိုက်ရာ မအောင်မြင်သဖြင့် ပွန်စလိုင်ရေဖြင့် ခေါင်းဆေးပြီးမှသာလျှင် အလိုပြည့်တော်မူသည်။

သက္ကရာဇ် ၁၃၀၁ ခုနှစ်တွင် မန္တလေးတောင်ရသေ့ကြီးဦးခန္ဓီ သည် သူ၏ကောင်းမှုဖြစ်သော လွန်ခဲ့သော ၃ နှစ်ခန့်က တည်ထားခဲ့သည့် မော်လမြိုင် တောင်ရိုးတန်းရှိ ဦးခန္ဓီမဟာမြတ်မုနိရုပ်ပုွါးတော်ကို လာရောက် ဖူးမြော်ရင်းခေါင်းဆေးကျွန်း နတ်ရေတွင်းတွင် ဦးခေါင်းဆေးခဲ့သည်။

ယခုထက်တိုင်လည်း ခေါင်းဆေးကျွန်းသို့ လာရောက်သူများသည် နတ်ရေတွင်းမှရေကို ဆောင်ယူကာ ခေါင်းဆေးလေ့ရှိကြောင်းသိရသည်။

ကိုးကား
-ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း (ဗညားဒလ)
-တွင်းသင်းရာဇဝင်(တွင်းသင်းတိုက်ဝန်ဦးထွန်းညို)
-မင်းရဲဒိဗ္ဗဧချင်း
-ကိုယ်ပိုင်မှတ်စု

No comments:

Post a Comment