CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 17, 2018
ဆဒုံးမြို့နယ်အတွင်းမှ ခုနှစ်ရောင်စဉ်တံတားကျိုးကျသည့်ဖြစ်စဉ်တွင် ယာဉ်မောင်းအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အမှုဖွင့်
ဝိုင်းမော် ဒီဇင်ဘာ ၁၇
မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့နယ်၊ ဝိုင်းမော်- ချီဖွေ- ကန်ပိုင်တည်သွား ကားလမ်းပေါ်ရှိ ခုနှစ်ရောင်စဉ် တံတားကျိုးကျမှုဖြစ်စဉ်တွင် တံတားပေါ်သို့ သတ္တုမှုန်များတင်ဆောင်ကာ ဖြတ်သန်းမောင်းနှင်ခဲ့သည့် ယာဉ်မောင်းအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဒီဇင်ဘာလ (၁၆)ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းတိုင်ကြားချက်အပေါ် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်နေကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိပထမတန်း ဒုတိယရဲ မှူးကြီး မျိုးသူရနောင်က ပြောသည်။
"(ပ.ဆ.င) ကနေ တရားလိုလုပ်ပြီး တိုင်တာပါ။အခု ယာဉ်မောင်းကို အရေးယူထားပြီး စစ်ဆေးမှုတွေ ကိုတော့ ဥပဒေနဲ့အညီ ဆက်လုပ်သွားမှာပါ။ ကျိုးကျသွားတဲ့တံတားနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လက်ဆောင် ရွက် မယ်ဆိုတာကတော့ လမ်းဦးစီးဌာန/ တံတားဦးစီးဌာန အစရှိတဲ့ ဌာနတွေနဲ့ပဲ ဆိုင်ပါတယ်။လက်ရှိအခြေ အနေအရကတော့ တံတားကို စတင်ပြင်ဆင်နေပြီလို့ သိရပါတယ်"ဟု ဒုတိယရဲမှူးကြီးက ပြောသည်။
ခုနှစ်ရောင်စဉ်တံတားသည် ဆဒုံးဒေသ၊ ဆဒုံးရေ တံခွန်အနီးတွင် တည်ရှိသော အလျား(၁၆၀) ပေ - အနံ(၁၈)ပေရှိသော သံဘောင်ဘေလီတံ တားတစ်စင်းဖြစ်ပြီး ဒီဇင်ဘာလ (၁၄)ရက် နေ့ခင်းပိုင်းက တရုတ်နိုင် ငံသား ယာဉ်မောင်း ရွှေဟုန်ပင်း မောင်းနှင်လာသော သခင်စစ် သတ္တုတူးဖော်ရေးကုမ္ပဏီပိုင် ယာဉ်အမှတ် (E/ 32920)တပ်ဆင်ထားသော ဆယ့်နှစ်ဘီးမော်တော်ယာဉ် ဖြတ်သန်းမောင်းနှင်စဉ် ကျိုးကျပျက်စီးခဲ့ခြင်းဖြစ် သည်။
"ယာဉ်မောင်းကိုတော့ အခု ယာဉ်မောင်းကို လိုင်စင်၊ ပတ်(စ်)ပို့ ဒါတွေစစ်ဆေးနေတယ်။ကားကိုလည်း တရားဝင်မှတ်ပုံတင် လိုင်စင်ရှိ/မရှိ က.ည.န မှာမေးနေတယ်။စစ်ဆေးပေါ်ပေါက်ချက်တွေအရ အဆင့်လိုက် အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမှာပါ"ဟု ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ရှင်းပြသည်။
အဆိုပါ တံတားကျိုးကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆဒုံးနယ်မြေရဲစခန်းတွင် အငယ်တန်းအင်ဂျင်နီယာ ဦးမျိုးမြင့်နိုင်က တရားလိုအဖြစ် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး (ပ)၁၀/၂၀၁၈၊ ပပက- ၆(၁)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုမူ စိစစ်ဆဲနေဆဲဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ဝေဖြိုးအောင်
EPN
https://www.facebook.com/epngnews/
ဆဒုံးမြို့နယ်အတွင်းမှ ခုနှစ်ရောင်စဉ်တံတားကျိုးကျသည့်ဖြစ်စဉ်တွင် ယာဉ်မောင်းအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အမှုဖွင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2018
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 17, 2018
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment