Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 12, 2018

သရုပ်ဆောင် မိုးအောင်ရင်အား အရှေ့ပိုင်းခရိုင် တရားရုံးမှ မူးယစ်ဆေးဝါး ပုဒ်မ-၁၉(က) ဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်


သရုပ်ဆောင် မိုးအောင်ရင်အား အရှေ့ပိုင်းခရိုင် တရားရုံးမှ မူးယစ်ဆေးဝါး ပုဒ်မ-၁၉(က) ဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်
သရုပ်ဆောင် မိုးအောင်ရင်အား အရှေ့ပိုင်းခရိုင် တရားရုံးမှ မူးယစ်ဆေးဝါးပုဒ်မ-၁၉(က) ဖြင့် ဒီဇင်ဘာ ၁၂ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။

ထို့ပြင် မိုးအောင်ရင်နှင့်အတူ ဖမ်းဆီးခံထားရသည့် ဘုန်းမြင့်အောင်မှာ မူးယစ်ဆေးဝါး ဥပဒေပုဒ်မ-၁၉(က)/၁၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲရပြီး လူလူသန်းဦးမှာ မူးယစ်ဆေးဝါး ဥပဒေပုဒ်မ- ၁၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။

ယင်းအမှုမှာ ၂၀၁၆ ခုနှစ် သြဂုတ် ၂၉ ရက် နံနက် ၃ နာရီခန့်တွင် တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်ရှိ သရုပ်ဆောင် မိုးအောင်ရင် နေထိုင်သည် ဟုဆိုသည့် တိုက်ခန်းအား ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ မိုးအောင်ရင်အား မတွေ့ရပဲ ၄င်း၏သူငယ်ချင်း ဘုန်းမြင့်အောင်နှင့် လူလူသန်းဦးအား အဆိုပါ နေအိမ်အတွင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ နေအိမ်အား ရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးရာ သရုပ်ဆောင်မိုးအောင်ရင်၏ အိပ်ခန်းအတွင်းရှိ ခုတင်ပေါ်မှ ကော်ဘူးတစ်ဘူးအတွင်း ထည့်ထားသည့် ဆေးခြောက်ဟု ယူဆရသည့် အရိုး အရွက် အစေ့ပါ အရွက်ခြောက် ၃၄ ဒသမ ၃၃ ဂရမ်အား လည်းကောင်း ခုတင်အောက်မှ အရိုးအရွက် အစေ့ပါ အရွက်ခြောက် ၁၃၀၀ ဂရမ်ထည့်ထားသည့် ပလက်စတစ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် မိုးအောင်ရင်မှာ ပုဇွန်တောင်မြို့နယ်ရှိ ၄င်း၏ နေအိမ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မြို့နယ်တရားရုံးမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် မယပ(၆/၂၀၁၆) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၅/၁၆(ဂ)ဖြင့် ထောင်ငါးနှစ် ချမှတ်ခဲ့သည်။
Eleven Media

No comments:

Post a Comment