Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 16, 2018

မီမောင်နှံ မင်္ဂလာပွဲအတွက်ပြင်ဆင်နေကြပြီ....



ခီမောင်နှံလို့အများကခေါ်ကြတဲ့ မင်းသားဇဏ်ခီနဲ့ခရစ္စတီးနားခီတို့အနုပညာရှင်စုံတွဲလိုပဲ မီမောင်နှံလို့ တင်စားရမယ့် ပိုင်ဖြိုးသုနဲ့ဒါရိုက်တာဏကြီးတို့ရဲ့မင်္ဂလာပွဲကိုမကြာခင်ကျင်းပပါတော့မယ်။ စာရေးဆရာမကြီးကြည်အေးရဲ့ နာမည်ကျော် မီ ၀တ္တုကို ရုပ်ရှင်အဖြစ်ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ အကယ်ဒမီပိုင်ဖြိုးသုတို့စုံတွဲရဲ့ အနုပညာအရည်အသွေးကိုပရိတ်သတ်များက အသိအမှတ်ပြုခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ချစ်သူသက်တမ်းက ၄နှစ်ကျော်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟို တယ်မှာစေ့စပ်ခဲ့ကြပါတယ်။ ဒါရိုက်တာနဲ့အကယ်ဒမီမင်းသမီးတို့ရဲ့ လက်ထပ်ထိမ်းမြားမင်္ဂလာပွဲကို ဇန်န၀ါရီလထဲမှာကျင်းပတော့မှာဖြစ်ပါတယ်။

မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ပိုင်ဖြိုးသုက
"အားတုန်းလေးမင်္ဂလာဆောင်ကိစ္စလိုက်ကူညီချင်ယောင်ဆောင်နေတဲ့ သုသုမ ." ခပ်ရွှင်ရွှင်လေးရေးတင်ထားပြီး မင်္ဂလာပွဲစီစဉ်သူနဲ့ ပြောဆိုတိုင်ပင်နေတဲ့စကားလေးတွေကိုပါscreen shotရိုက်ပြီး ဖော်ပြခဲ့ပါတယ်။
 မင်္ဂလာပွဲစီစဉ်သူ- အနည်းဆုံးတော့ မိုးရွာခဲ့ရင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ plan Bလိုတယ်။တကယ်လို့များ မိုးရွာခဲ့ရင်...???မနေ့ကတောင်ဒီဇင်ဘာလကြီးထဲမိုးရွာခဲ့သေးတယ်။ ဇန်န၀ါရီလထဲမိုးမရွာဘူးလို့ ၁၀၀ရာနှုန်းတွက်ထားလို့မရဘူး။
ဏကြီး- ဒီလိုဆိုရင်လည်း မိုးရွာထဲမှာ မင်္ဂလာဆောင်ကြတာပေါ့။ မိုးရွာရွာ..နေပူပူ ဘာပဲဖြစ်ဖြစ်နေဖြစ်နေ.....သုသုကိုကျနော်လက်ထပ်မယ်.....
သတို့သမီးသုသုစိတ်ထဲမှာ လုံးဝကျေနပ်ပီတိဖြစ်သွားစေမယ့် ဒါရိုက်တာဏကြီးရဲ့ ချစ်ခြင်းကိုဖော်ပြတဲ့စကားတွေပါပဲ...






No comments:

Post a Comment