Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 3, 2018

စကားၾကီးေလးခြန္း မေပါက္ၾကားေစနဲ႕(အရမ္းေကာင္းတဲ႔ဖဟုသုတေပါ ဖတ္ၾကည့္ေနာ္)


ေရွးတုန္းကတိုင္းျပည္တစ္ျပည္မွာမင္းလုပ္ အုပ္ခ်ဴ ပ္ေနတဲ့ဘုရင္ၾကီးတစ္ပါးဟာ တစ္ေန႔ မွာသူဆင္းရဲတစ္ေယာက္ အေယာင္ေဆာင္႐ုပ္ဖ် က္ျပီးတိုင္းျပည္အေျခအေနေလ့လာဖို႔ မင္းေနျပည္က တိတ္တဆိတ္ထြက္ခဲ့ပါတယ္။

သူ ပထမဆံုး ေရာက္ခဲ့တဲ့ေနရာက အလြန္ ဆင္းရဲတဲ့အဖိုးအိုလင္မယားေနတဲ့တဲအိမ္အ စုတ္ကေလးဆီကိုပါ။

အဖိုးအိုလင္မယားဟာပင္ပမ္းဆင္းရဲစြာနဲ႔ ယာခင္းထဲမွာ စိုက္ပ် ိဳ းလုပ္ကိုင္ စားေသာက္ ေနရတာအေယာင္ေဆာင္ဘုရင္ၾကီးေတြ႔ရပါ တယ္ ။

ဒီမွာတစ္ညအိပ္ တည္းဖို႔ခြင့္ေတာင္း ေတာ့အဖိုးအိုလင္မယားကခြင့္ျပဳ ျပီးလိုေလး မ႐ွိေအာင္လဲ႐ွိတာေလးနဲ႔ဧည့္ခံေက်ြးေမြးၾက ပါတယ္။

လူဆင္းရဲေပမယ့္ေစတနာမဆင္းရဲ တဲ့ အဖိုးအိုလင္မယားကို အေယာင္ေဆာင္ ဘုရင္ၾကီးစိတ္ထဲၾကိတ္ျပီး ေက် းဇူးတင္ေနမိ တာေပါ့။

ညက်ေတာ့အိပ္ယာမဝင္ခင္ အတူ ထိုင္စကားစျမီေျပာၾကတဲ့အခါဘုရင္ၾကီးက..

” အဖိုးတို႔မွာစားမယ့္ေသာက္မယ့္လူလဲမ႐ွိ ဘဲ ဘာလို႔ ဒီေလာက္ ပင္ပမ္းၾကီးစြာ အလုပ္ ေတြလုပ္ေနရတာလဲ..

ဒီအ႐ြယ္ဆိုတာသား ေထာက္သမီးခံအလုပ္လႊဲထားျပီးဘုရားသြား ေက် ာင္းတက္လုပ္ေနရမွာမဟုတ္ေလာ “..

ဟုေျပာပါတယ္။ဒီအခါအဖိုးအိုကဒီလိုျပန္ျပီး ေျပာပါတယ္… “အေမာင္ေျပာတာဟုတ္ေတာ့လဲဟုတ္ပါရဲ့ ဒါေပမယ့္သားသမီးဆိုတာလဲသူ႔မီးနဲ႔သူ႔ အပူ ျဖစ္ေနၾကတာကလား..

က် ဳပ္တို႔မွာလဲကိုယ္ စားဘို႔တင္မကခိုးမွဴ းၾကီးလဲေပးရေသးတယ္ အာဂႏၲဳ ဧည့္သည္ကိုလဲေက်ြးရတယ္..

သမုဒၵ ရာထဲလဲပစ္ခ် ေနရေသးတယ္ရန္သူကိုလဲရွာ ေဖြေက်ြ းေမြးေနရပါတယ္ ” အဖိုးအိုစကားကဘုရင္ၾကီးအတြက္ထူးဆန္း ေနပါတယ္။

အဓိပၸါယ္ကိုလဲသေဘာမေပါက္ တာေၾကာင့္အဖိုးအိုကိုျပန္ေမးမိေတာ့တယ္။ “အဖိုးစကားရဲ့အဓိပၸါယ္ကိုတဆိတ္ေလာက္ ႐ွင္းျပပါလားခင္ဗ် ာ..

” ဒီအခါအဖိုးအိုကအဓိပၸါယ္ကို႐ွင္းျပပါတယ္ “ဒီလိုပါအေမာင္.ခိုးမွဴ းၾကီးကိုေပးရတယ္ဆို တာကတိုင္းျပည္ကိုဓားျပသူခိုးရန္သူမ် ိဳးေတြ ရဲ့ရန္က

ကာကြယ္ေပးထားတဲ့ဘုရင္မင္းျမတ္ တို႔အားအခြန္ဘ႑ာ ဆက္သေပးေနရတယ္ လို႔ျဖစ္ပါတယ္ ”

“ဘုရင္ကိုဘာလို႔ခိုးမွဴးးၾကီးဆိုရပါသလဲအဖိုး”

“က် ဳပ္တို႔ေတြနဖူးကေခ်ြးေျခမက်ေအာင္႐ွာ ေဖြထားရတဲ့ဥစၥာေတြကိုသူခိုးဓားျပလက္မပါ

ရေအာင္ကာကြယ္ထိန္းသိမ္းေပးႏိုင္စြမ္းရွိလို႔ ခိုးသူတို႔ရဲ့အၾကီးအမွဴ းလို႔ဆိုလိုတာပါ ” ဘုရင္ၾကီးဟာ အဖိုးအိုရဲ့အေျဖကို သေဘာ က် သြားပါတယ္။ ဒါနဲ႔ေနာက္ထပ္စကားတစ္ ခြန္းကိုထပ္ေမးျပန္ပါတယ္။

“အာဂႏၲဳ ဧည့္သည္ကိုေက်ြ းေမြးရတယ္ဆို တာကေရာ ဘယ္လိုအဓိပၸါယ္ပါလိမ့္ဗ် ာ ”

“ေလာကမယ္မိဘကေက်ြ းေမြးေစာင့္ေ႐ွာက္ ခဲ့ရတဲ့ သားသမီးဆိုတာ တကယ္ေတာ ့ဧည့္ သည္ေတြပါဘဲအေမာင္..

အခ် ိန္တန္အ႐ြယ္ ေရာက္တဲ့အခါသူတို႔လမ္းသူတို႔ေလ်ွ ာက္ၾက တာဘဲ မဟုတ္လား ဒါေၾကာင့္သူတို႔ကို အာ ဂႏၲဳ ့လို႔ဆိုရတာပါေမာင္ ” ဒီစကားကိုလဲဘုရင္ၾကီးသေဘာက် ျပန္ပါ တယ္။

ေနာက္ထပ္စကားအဓိပၸါယ္ကိုလဲထပ္ ေမးလိုက္ျပန္တယ္..

“သမုဒၵရာထဲလဲခ် ရတယ္ဆိုတာကေရာဘာ အဓိပၸါယ္ပါလဲအဖိုး ”

“ဒါကဒီလိုပါ..ေခ် ာင္းျမစ္အသြယ္သြယ္တို႔ ကလာတဲ့ေရမွန္သမ်ွ ဟာပင္လယ္သမုဒၵရာ ထဲစီးဝင္ၾကေပမဲ့ျပည့္ရိုးထံုးစံမ႐ွိသလိုဘဲတ ေန႔တေန႔က် ဳပ္တို႔စားသမ်ွ အားလံုးဝမ္းေခါင္း ထဲမွာျပည့္တယ္လို႔မ႐ွိတာအေမာင္အသိဘဲ မဟုတ္လား..

ဒါေၾကာင့္သမုဒၵရာထဲပစ္ထဲ့ရ တယ္ဆိုတာ႐ွာေဖြရသမ်ွက် ဳပ္တို႔အသက္ရွင္ သန္ဖို႔ဒီဝမ္းေခါင္းထဲအစာစားျပီးျဖည့္ထဲ့ေနရ တယ္လို႔ဆိုလိုတာပါဘဲ ”

“ဒါဆိုေနာက္ဆံုးစကားရန္သူကို႐ွာေဖြေက်ြး ေမြးေနရတယ္ဆိုကေရာ..”

“ဒါက ပိုအေရးၾကီးပါတယ္ အေမာင္..ကိုယ္ ကခ်စ္ၾကင္လို႔ေပါင္းသင္းေနထိုင္ေနတဲ့ဇနီးမ ယားဟာကိုယ့္ရဲ့ရန္သူပါဘဲ..”

“အလို ဒီစကားကေတာ့အဆန္းပါလား ရွင္း ျပေပးပါဦးအဖိုးရဲ့ ”

“စိတ္တူကိုယ္တူဆိုျပီးကိုယ္ကခ် စ္ခင္ေပါင္း သင္းေနေပမဲ့ ကိုယ့္ရဲ့အသက္စည္းစိမ္ကိုအ မ်ားဆံုးဒုကၡေပးႏိုင္ေခ်႐ွိတာဒီဇနီးမယားပါဘဲ အေမာင္..

ဒီစကားကေတာ့အေရးၾကံဳ လာတဲ့ အခါမွအေမာင္သိပါလိမ့္မယ္.. အခုကေတာ့ ရန္သူကိုလဲရွာေဖြေက်ြးေမြးေနတယ္ဘဲ မွတ္ သားလိုက္ပါအေမာင္ ”

ေနာက္ဆံုးစကားကိုဘဝင္မက် ေပမယ့္မွတ္ သားေလာက္စရာ မို႔လက္ခံလိုက္ျပီး သူဟာ ဘုရင္ျဖစ္ေၾကာင္း ေျပာဆိုလိုက္ေတာ့ အဖိုး အိုလင္မယားဟာ ျပဴ းျပဴ းပ် ာပ် ာ ျဖစ္သြားပါ ေတာ့တယ္..။

“မေၾကာက္ၾကပါနဲ႔အဖိုး..တစ္ခုေတာ့ေျပာပါ ရေစအခုအဖိုးေျပာတဲ့စကားၾကီးေလးခြန္းကို ေတာ့ဘယ္သူကိုမွမေျပာမိေစဖို႔မွာခဲ့ပါရေစ.. တကယ္လို႔ေပါက္ၾကားခဲ့ရင္ေသဒဏ္သင့္မွာ ကိုသေဘာေပါက္ေစခ် င္တယ္..”

“မေပါက္ၾကားေစဖို႔ဂတိေပးပါတယ္မင္းၾကီး”

ဤသို႔ျဖင့္ဘုရင္ၾကီးလဲနန္းတြင္းျပန္သြားျပီး ေနာက္တစ္ေန႔ညီလာခံတြင္အဖိုးအိုေျပာဆို ခဲ့ေသာစကားၾကီးေလးခြန္းကိုမွဴးးမတ္ေတြကို ေျပာဆိုေမးခြန္းထုတ္ျပီးအဓိပၸါယ္ကိုေမးျမန္း ပါေတာ့တယ္ ။

မွဴ းမတ္ေတြအားလံုးမေျဖဆို ႏိုင္ၾကပါဘူး။ဒီေတာ့ဘုရင္ၾကီးကေျဖဆိုဖို႔ အ ခ်ိန္ ခုနစ္ရက္ေပးလိုက္ပါတယ္ ။

မွဴ းမတ္ေတြအားလံုး အၾကပ္႐ိုက္ေနခ် ိန္မွာ လူလည္အမတ္တစ္ေယာက္ကေတာ ့ဘုရင္ ႀကီး ခရီးထြက္ျပီးျပန္လာမွ ဒီစကားေလးခြန္း ကိုေမးတာဆိုေတာ့

အေၾကာင္းရ႐ွိရမယ္လို႔ စဥ္းစားျပီး ဘုရင္ၾကီးသြားခဲ့တဲ့ လမ္းေၾကာင္း ကိုစံုစမ္းျပီး ရွာေဖြရာက အဖိုးအိုလင္မယားရွိ ရာကို ေရာက္သြားပါေတာ့တယ္ ။

အမတ္လူ လည္ဟာ အဖိုးအိုကို တံစိုးလက္ေဆာင္ေပး ျပီးစကားေလးခြန္းကိုေမးေပမယ့္အဖိုးအိုဟာ လံုးဝမေျပာပါဘူး။

ေနာက္ဆံုးအဖိုးအိုရဲ့ဇနီးဖြားအိုကိုအသျပာ ေငြ ၁၀၀၀ ေပးျပီးေမးတဲ့အခါဖြားအိုကေငြကို ယူျပီးစကားေလးခြန္းအဓိပၸါယ္ကိုဖြင့္ဟေျပာ ၾကားလိုက္ပါတယ္ ။

ဒါနဲ႔ရက္ခ်ိန္းခုနစ္ရက္ျပည့္လို႔ညီလာခံျပန္ဝင္ တဲ့အခါ ဘုရင္ၾကီးကိုဘယ္သူမွ အေျဖမေပး ႏိုက္ၾကေပမယ့္ လူလည္အမတ္ကေတာ့ ခပ္ ၾကြားၾကြားေလးေျဖႏိုင္လိုက္ပါတယ္။

ဒါေပမယ့္ဘုရင္ၾကီးကသူ႔အစြမ္းအစနဲ႔ေျဖ ႏိုင္တာမဟုတ္ဘူးသိေနေတာ့ မွန္မွန္မေျပာ ေသဒဏ္ေပးမယ္.

ဘယ္လိုသိလာတာလဲဆို တာမွန္မွန္ေျပာဆိုျပီးအၾကပ္ကိုင္ေမးေတာ့မွ အဖိုးအိုလင္မယားဆီကသိလာတာလို႔အမွန္ အတိုင္းေျပာပါေတာ့တယ္။

ဘုရင္ၾကီးဟာအဖိုးအိုလင္မယားကိုအမ် က္ မာန္ရွျပီးေရွ႕ေတာ္ဆင့္ေခၚလိုက္ပါတယ္။ေရွ႔ ေတာ္ေရာက္တဲ့အခါ… “အဖိုး..ေပးခဲ့တဲ့ဂတိကိုဖ် က္ျပီးဘာလို႔တား ျမစ္ခ် က္ကိုလြန္ဆန္ရတာလဲ..ေသဒဏ္ေပး ခံရမွာကိုမေၾကာက္ဖူးလား ”

“မင္းၾကီး..က်ြန္ေတာ္မ် ိဳ းဟာဆင္းရဲႏံုျခာေပ မယ့္ဂတိတစ္လံုးကိုအသက္ထက္ကာကြယ္ ပါတယ္..

က်ြန္ေတာ္မ် ိဳး၏ဇနီးေျပာၾကားျခင္း သာျဖစ္ပါတယ္.အသျပာေငြ ၁၀၀၀ အတြက္ က်ြန္ေတာ္မ် ိဳ း၏အသက္ကို ေရာင္းစားသည့္

ဇနီးသည္ဟာအနီးဆံုးရန္သူျဖစ္ေၾကာင္းမင္း ႀကီး ဒီေလာက္ဆိုသေဘာေပါက္နားလည္ျပီ ယံုၾကည္ပါတယ္..”

ဒီေတာ့မွဘုရင္ႀကီးဟာစိတ္ထဲဘဝင္မက် ခဲ့ တဲ့ေနာက္ဆံုးစကားရဲ့အဓိပၸါယ္ကိုနားလည္ လက္ခံသြားျပီးသူဆင္းရဲအဖိုးအိုလင္မယား ကို ဆုလာဘ္မ် ား ေပးသနား လိုက္ပါေတာ့ တယ္ ။

lubo blog

#Unicode Version#
ရှေးတုန်းကတိုင်းပြည်တစ်ပြည်မှာမင်းလုပ် အုပ်ချ ုပ်နေတဲ့ဘုရင်ကြီးတစ်ပါးဟာ တစ်နေ့ မှာသူဆင်းရဲတစ်ယောက် အယောင်ဆောင်ရုပ်ဖျ က်ပြီးတိုင်းပြည်အခြေအနေလေ့လာဖို့ မင်းနေပြည်က တိတ်တဆိတ်ထွက်ခဲ့ပါတယ်။

သူ ပထမဆုံး ရောက်ခဲ့တဲ့နေရာက အလွန် ဆင်းရဲတဲ့အဖိုးအိုလင်မယားနေတဲ့တဲအိမ်အ စုတ်ကလေးဆီကိုပါ။

အဖိုးအိုလင်မယားဟာပင်ပမ်းဆင်းရဲစွာနဲ့ ယာခင်းထဲမှာ စိုက်ပျ ို းလုပ်ကိုင် စားသောက် နေရတာအယောင်ဆောင်ဘုရင်ကြီးတွေ့ရပါ တယ် ။

ဒီမှာတစ်ညအိပ် တည်းဖို့ခွင့်တောင်း တော့အဖိုးအိုလင်မယားကခွင့်ပြု ပြီးလိုလေး မရှိအောင်လဲရှိတာလေးနဲ့ဧည့်ခံကျွေးမွေးကြ ပါတယ်။

လူဆင်းရဲပေမယ့်စေတနာမဆင်းရဲ တဲ့ အဖိုးအိုလင်မယားကို အယောင်ဆောင် ဘုရင်ကြီးစိတ်ထဲကြိတ်ပြီး ကျေ းဇူးတင်နေမိ တာပေါ့။

ညကျတော့အိပ်ယာမဝင်ခင် အတူ ထိုင်စကားစမြီပြောကြတဲ့အခါဘုရင်ကြီးက..

” အဖိုးတို့မှာစားမယ့်သောက်မယ့်လူလဲမရှိ ဘဲ ဘာလို့ ဒီလောက် ပင်ပမ်းကြီးစွာ အလုပ် တွေလုပ်နေရတာလဲ..

ဒီအရွယ်ဆိုတာသား ထောက်သမီးခံအလုပ်လွှဲထားပြီးဘုရားသွား ကျေ ာင်းတက်လုပ်နေရမှာမဟုတ်လော “..

ဟုပြောပါတယ်။ဒီအခါအဖိုးအိုကဒီလိုပြန်ပြီး ပြောပါတယ်… “အမောင်ပြောတာဟုတ်တော့လဲဟုတ်ပါရဲ့ ဒါပေမယ့်သားသမီးဆိုတာလဲသူ့မီးနဲ့သူ့ အပူ ဖြစ်နေကြတာကလား..

ကျ ုပ်တို့မှာလဲကိုယ် စားဘို့တင်မကခိုးမှူ းကြီးလဲပေးရသေးတယ် အာဂန္တု ဧည့်သည်ကိုလဲကျွေးရတယ်..

သမုဒ္ဒ ရာထဲလဲပစ်ချ နေရသေးတယ်ရန်သူကိုလဲရှာ ဖွေကျွေ းမွေးနေရပါတယ် ” အဖိုးအိုစကားကဘုရင်ကြီးအတွက်ထူးဆန်း နေပါတယ်။

အဓိပ္ပါယ်ကိုလဲသဘောမပေါက် တာကြောင့်အဖိုးအိုကိုပြန်မေးမိတော့တယ်။ “အဖိုးစကားရဲ့အဓိပ္ပါယ်ကိုတဆိတ်လောက် ရှင်းပြပါလားခင်ဗျ ာ..

” ဒီအခါအဖိုးအိုကအဓိပ္ပါယ်ကိုရှင်းပြပါတယ် “ဒီလိုပါအမောင်.ခိုးမှူ းကြီးကိုပေးရတယ်ဆို တာကတိုင်းပြည်ကိုဓားပြသူခိုးရန်သူမျ ိုးတွေ ရဲ့ရန်က

ကာကွယ်ပေးထားတဲ့ဘုရင်မင်းမြတ် တို့အားအခွန်ဘဏ္ဍာ ဆက်သပေးနေရတယ် လို့ဖြစ်ပါတယ် ”

“ဘုရင်ကိုဘာလို့ခိုးမှူးးကြီးဆိုရပါသလဲအဖိုး”

“ကျ ုပ်တို့တွေနဖူးကချွေးခြေမကျအောင်ရှာ ဖွေထားရတဲ့ဥစ္စာတွေကိုသူခိုးဓားပြလက်မပါ

ရအောင်ကာကွယ်ထိန်းသိမ်းပေးနိုင်စွမ်းရှိလို့ ခိုးသူတို့ရဲ့အကြီးအမှူ းလို့ဆိုလိုတာပါ ” ဘုရင်ကြီးဟာ အဖိုးအိုရဲ့အဖြေကို သဘော ကျ သွားပါတယ်။ ဒါနဲ့နောက်ထပ်စကားတစ် ခွန်းကိုထပ်မေးပြန်ပါတယ်။

“အာဂန္တု ဧည့်သည်ကိုကျွေ းမွေးရတယ်ဆို တာကရော ဘယ်လိုအဓိပ္ပါယ်ပါလိမ့်ဗျ ာ ”

“လောကမယ်မိဘကကျွေ းမွေးစောင့်ရှောက် ခဲ့ရတဲ့ သားသမီးဆိုတာ တကယ်တော့ဧည့် သည်တွေပါဘဲအမောင်..

အချ ိန်တန်အရွယ် ရောက်တဲ့အခါသူတို့လမ်းသူတို့လျေှ ာက်ကြ တာဘဲ မဟုတ်လား ဒါကြောင့်သူတို့ကို အာ ဂန္တု့လို့ဆိုရတာပါမောင် ” ဒီစကားကိုလဲဘုရင်ကြီးသဘောကျ ပြန်ပါ တယ်။

နောက်ထပ်စကားအဓိပ္ပါယ်ကိုလဲထပ် မေးလိုက်ပြန်တယ်..

“သမုဒ္ဒရာထဲလဲချ ရတယ်ဆိုတာကရောဘာ အဓိပ္ပါယ်ပါလဲအဖိုး ”

“ဒါကဒီလိုပါ..ချေ ာင်းမြစ်အသွယ်သွယ်တို့ ကလာတဲ့ရေမှန်သမျှ ဟာပင်လယ်သမုဒ္ဒရာ ထဲစီးဝင်ကြပေမဲ့ပြည့်ရိုးထုံးစံမရှိသလိုဘဲတ နေ့တနေ့ကျ ုပ်တို့စားသမျှ အားလုံးဝမ်းခေါင်း ထဲမှာပြည့်တယ်လို့မရှိတာအမောင်အသိဘဲ မဟုတ်လား..

ဒါကြောင့်သမုဒ္ဒရာထဲပစ်ထဲ့ရ တယ်ဆိုတာရှာဖွေရသမျှကျ ုပ်တို့အသက်ရှင် သန်ဖို့ဒီဝမ်းခေါင်းထဲအစာစားပြီးဖြည့်ထဲ့နေရ တယ်လို့ဆိုလိုတာပါဘဲ ”

“ဒါဆိုနောက်ဆုံးစကားရန်သူကိုရှာဖွေကျွေး မွေးနေရတယ်ဆိုကရော..”

“ဒါက ပိုအရေးကြီးပါတယ် အမောင်..ကိုယ် ကချစ်ကြင်လို့ပေါင်းသင်းနေထိုင်နေတဲ့ဇနီးမ ယားဟာကိုယ့်ရဲ့ရန်သူပါဘဲ..”

“အလို ဒီစကားကတော့အဆန်းပါလား ရှင်း ပြပေးပါဦးအဖိုးရဲ့ ”

“စိတ်တူကိုယ်တူဆိုပြီးကိုယ်ကချ စ်ခင်ပေါင်း သင်းနေပေမဲ့ ကိုယ့်ရဲ့အသက်စည်းစိမ်ကိုအ များဆုံးဒုက္ခပေးနိုင်ချေရှိတာဒီဇနီးမယားပါဘဲ အမောင်..

ဒီစကားကတော့အရေးကြုံ လာတဲ့ အခါမှအမောင်သိပါလိမ့်မယ်.. အခုကတော့ ရန်သူကိုလဲရှာဖွေကျွေးမွေးနေတယ်ဘဲ မှတ် သားလိုက်ပါအမောင် ”

နောက်ဆုံးစကားကိုဘဝင်မကျ ပေမယ့်မှတ် သားလောက်စရာ မို့လက်ခံလိုက်ပြီး သူဟာ ဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့ အဖိုး အိုလင်မယားဟာ ပြူ းပြူ းပျ ာပျ ာ ဖြစ်သွားပါ တော့တယ်..။

“မကြောက်ကြပါနဲ့အဖိုး..တစ်ခုတော့ပြောပါ ရစေအခုအဖိုးပြောတဲ့စကားကြီးလေးခွန်းကို တော့ဘယ်သူကိုမှမပြောမိစေဖို့မှာခဲ့ပါရစေ.. တကယ်လို့ပေါက်ကြားခဲ့ရင်သေဒဏ်သင့်မှာ ကိုသဘောပေါက်စေချ င်တယ်..”

“မပေါက်ကြားစေဖို့ဂတိပေးပါတယ်မင်းကြီး”

ဤသို့ဖြင့်ဘုရင်ကြီးလဲနန်းတွင်းပြန်သွားပြီး နောက်တစ်နေ့ညီလာခံတွင်အဖိုးအိုပြောဆို ခဲ့သောစကားကြီးလေးခွန်းကိုမှူးးမတ်တွေကို ပြောဆိုမေးခွန်းထုတ်ပြီးအဓိပ္ပါယ်ကိုမေးမြန်း ပါတော့တယ် ။

မှူ းမတ်တွေအားလုံးမဖြေဆို နိုင်ကြပါဘူး။ဒီတော့ဘုရင်ကြီးကဖြေဆိုဖို့ အ ချိန် ခုနစ်ရက်ပေးလိုက်ပါတယ် ။

မှူ းမတ်တွေအားလုံး အကြပ်ရိုက်နေချ ိန်မှာ လူလည်အမတ်တစ်ယောက်ကတော့ဘုရင် ကြီး ခရီးထွက်ပြီးပြန်လာမှ ဒီစကားလေးခွန်း ကိုမေးတာဆိုတော့

အကြောင်းရရှိရမယ်လို့ စဉ်းစားပြီး ဘုရင်ကြီးသွားခဲ့တဲ့ လမ်းကြောင်း ကိုစုံစမ်းပြီး ရှာဖွေရာက အဖိုးအိုလင်မယားရှိ ရာကို ရောက်သွားပါတော့တယ် ။

အမတ်လူ လည်ဟာ အဖိုးအိုကို တံစိုးလက်ဆောင်ပေး ပြီးစကားလေးခွန်းကိုမေးပေမယ့်အဖိုးအိုဟာ လုံးဝမပြောပါဘူး။

နောက်ဆုံးအဖိုးအိုရဲ့ဇနီးဖွားအိုကိုအသပြာ ငွေ ၁၀၀၀ ပေးပြီးမေးတဲ့အခါဖွားအိုကငွေကို ယူပြီးစကားလေးခွန်းအဓိပ္ပါယ်ကိုဖွင့်ဟပြော ကြားလိုက်ပါတယ် ။

ဒါနဲ့ရက်ချိန်းခုနစ်ရက်ပြည့်လို့ညီလာခံပြန်ဝင် တဲ့အခါ ဘုရင်ကြီးကိုဘယ်သူမှ အဖြေမပေး နိုက်ကြပေမယ့် လူလည်အမတ်ကတော့ ခပ် ကြွားကြွားလေးဖြေနိုင်လိုက်ပါတယ်။

ဒါပေမယ့်ဘုရင်ကြီးကသူ့အစွမ်းအစနဲ့ဖြေ နိုင်တာမဟုတ်ဘူးသိနေတော့ မှန်မှန်မပြော သေဒဏ်ပေးမယ်.

ဘယ်လိုသိလာတာလဲဆို တာမှန်မှန်ပြောဆိုပြီးအကြပ်ကိုင်မေးတော့မှ အဖိုးအိုလင်မယားဆီကသိလာတာလို့အမှန် အတိုင်းပြောပါတော့တယ်။

ဘုရင်ကြီးဟာအဖိုးအိုလင်မယားကိုအမျ က် မာန်ရှပြီးရှေ့တော်ဆင့်ခေါ်လိုက်ပါတယ်။ရှေ့ တော်ရောက်တဲ့အခါ… “အဖိုး..ပေးခဲ့တဲ့ဂတိကိုဖျ က်ပြီးဘာလို့တား မြစ်ချ က်ကိုလွန်ဆန်ရတာလဲ..သေဒဏ်ပေး ခံရမှာကိုမကြောက်ဖူးလား ”

“မင်းကြီး..ကျွန်တော်မျ ို းဟာဆင်းရဲနုံခြာပေ မယ့်ဂတိတစ်လုံးကိုအသက်ထက်ကာကွယ် ပါတယ်..

ကျွန်တော်မျ ိုး၏ဇနီးပြောကြားခြင်း သာဖြစ်ပါတယ်.အသပြာငွေ ၁၀၀၀ အတွက် ကျွန်တော်မျ ို း၏အသက်ကို ရောင်းစားသည့်

ဇနီးသည်ဟာအနီးဆုံးရန်သူဖြစ်ကြောင်းမင်း ကြီး ဒီလောက်ဆိုသဘောပေါက်နားလည်ပြီ ယုံကြည်ပါတယ်..”

ဒီတော့မှဘုရင်ကြီးဟာစိတ်ထဲဘဝင်မကျ ခဲ့ တဲ့နောက်ဆုံးစကားရဲ့အဓိပ္ပါယ်ကိုနားလည် လက်ခံသွားပြီးသူဆင်းရဲအဖိုးအိုလင်မယား ကို ဆုလာဘ်မျ ား ပေးသနား လိုက်ပါတော့ တယ် ။
lubo blog

No comments:

Post a Comment