Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 12, 2018

ထိမ်းမြားရန်နှင့်ကလေးမွေးဖွားပေးရန် တရုတ်နိုင်ငံသို့ အဓမ္မပို့ဆောင်ခံခဲ့ရသည့်မြန်မာအမျိုးသမီး ၇၅၀၀ခန့်ရှိ


လက်ထပ်ထိမ်းမြားရန်နှင့်ကလေးမွေးဖွားပေးရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် တရုတ်နိုင်ငံသို့ အတင်းအဓမ္မ မှောင်ခိုပို့ဆောင်လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များမှာ ၇၅၀၀ခန့်ရှိ ကြောင်း လေ့လာမှု့ စစ်တမ်းတစ်ရပ်အရ သိရသည်။

အဆိုပါအမျိုးသမီးများအနက် အများစုမှာ စစ်ဘေးဒဏ် ကြောင့် တည်ငြိမ်မှု့ မရှိဖြစ်နေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများမှ အမျိုးသမီး အများစုဖြစ်နေသည်။

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်ရှိ ဂျွန်ဟော့ဖ်ကင်း တက္ကသိုလ်၏ ဌာနခွဲတစ်ခုဖြစ်သည့် ပြည်သူ့ကျန်းမာရေးဌာနခွဲကမြန်မာနိုင်ငံအတွင်းနှင့်တရုတ်နိုင်ငံအတွင်းမှ အတင်းအဓမ္မလူကုန်ကူးပို့ဆောင်ခံခဲ့ရသည့်အမျိုးသမီး ၄၀၀ကျော်ကိုတွေ့ဆုံကာ စစ်တမ်းပြုစုခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ တရုတ်နိုင်ငံသို့ အတင်းအဓမ္မပို့ဆောင်ခံခဲ့ရသည့်အမျိုးသမီးပေါင်းမှာ ၂၀၁၃မှ ၂၀၁၇ အထိ ၇၀၀၀ ကျော်ခဲ့ကာ ၇၅၀၀အထိပင်ရှိနေသည်။ အသက်ငယ်လွန်းသည့် အမျိုးသမီးများဆိုပါက ၎င်းတို့၏တန်ကြေးမှာ ဒေါ်လာတစ်သောင်းခွဲ (ယူရိုတစ်သောင်းသုံးထောင်) အထိရှိသည်ဟုလည်း သိရသည်။

အများစု၏ထွက်ဆိုချက်များအရလက်ထပ်ထိမ်းမြားရန်
နှင့် ကလေးမွေးပေးရန် ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ပြီး အချို့ဆိုပါက တရုတ်အမျိုးသားတစ်ဦးထံမှ နောက်အမျိုးသားတစ်ဦးထံသို့ လက်ထပ်ထိမ်းမြားရန် လွှဲပြောင်းပို့ ဆောင်ခံရခြင်းပင်ရှိခဲ့သည်ဟုဆိုသည်။ အမျိုးသမီးတစ်ဦးကမူ တရုတ်နိုင်ငံသို့ သုံးကြိမ် လူမှောင်ခို ပို့ဆောင်ခံခဲ့ရကြောင်း၊အကြိမ်တိုင်းတွင် ကလေးမွေးဖွားပေးရန် ဖိအားပေးခံခဲ့ရသည်ဟု ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံတွင်အခြေစိုက်သည့်  ကချင်အမျိုးသမီးများအဖွဲ့မှ လှုပ်ရှားသူ မွန်းနေလီ၏အဆိုကို ကိုးကားပြီးဖော်ပြခဲ့သည်။

နှစ်ဖက်စလုံးကြောင့်ပင် ပြသာနာများ ရှိနေ
--------- ---------------
မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်
ကိုင်အင်အားစုများနှင့်အစိုးရတပ်များ၏ တိုက်ပွဲများ
ကြောင့် လူ့အခွင့်အရေးဆိုင်ရာချိုးဖောက် ထိခိုက်ခံရမှုများလည်းရှိနေသည်။ အဆိုပါအချက်များကြောင့်ပင် ဒေသတွင်းရှိ အမျိုးသမီးများနှင့်အမျိုးသမီးငယ်ထောင်ပေါင်းများစွာမှာ လူမှောင်ခိုများ၏ သားကောင်အဖြစ်သို့ ကျ
ရောက်သွားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးအရတည်ငြိမ်မှုမရှိတဲ့အတွက်ကြောင့်ပဋိပက္ခ တွေ၊နယ်မြေမအေးချမ်းမှုတွေ၊အမျိုးသမီးတွေအတွက် လုံခြုံရေးပိုင်းဆိုင်ရာတွေဆိုတာက ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပါတယ်”ဟု မွန်းနေလီက ဆိုသည်။

ထိုကဲ့သို့ အတင်းအကြပ် လက်ထပ်ထိမ်းမြားပေးခံရမှုများမှာ ကာယကံရှင်အမျိုးသမီး၏ မိသားစုဝင်များ၊ရွာလူ
ကြီးများ၏ ဦးစီးဆောင်ရွက်မှုများဖြင့် လုပ်ဆောင်မှုများလည်းရှိနေသည်။ အမျိုးသမီးများမှာမူ ငြင်းပယ်ရန်မစွမ်း သာပေ။ သမီးဖြစ်သူများကလည်း မိဘများကို ပြန်လှန် ပြောဆိုငြင်းဆန်နိုင်ခြင်းမရှိသည့်အတွက် လူမှောင်ခိုသမားများနှင့် လူပွဲစားအေးဂျင့်များမှ ရရှိသည့် ငွေကြေးများကို ရယူပြီး သူမတို့၏ မိဘဖြစ်သူများထံသို့ ပြန်လည် ပေးရန်သာရှိနေသည်။

တရုတ်နိုင်ငံတွင်ကလေးတစ်ဦးတည်းယူရမည့် မူဝါဒ
ကြောင့် အမျိုးသမီးများမှာ ရှားပါးလာပြီး ၃၄သန်းဝန်း
ကျင်သာရှိနေသည်။ ( ကမ္ဘ္ဘာ့ဘဏ်စစ်တမ်းအရ ၂၀၁၆ တွင် တရုတ်လူဦးရေ၏ ၄၈ ဒသာမ ၄၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများဟုဖော်ပြထားသည်-The Ladies News) အဆိုပါအချက်ကြောင့်ပင် ၎င်းတို့ ထိမ်းမြားရမည့် အမျိုးသမီးကောင်းများကို အိမ်နီးချင်းနိုင်ငံများမှ ရှာဖွေ စု
ဆောင်းလာရခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးများ လက်ထပ်ရသည့် တရုတ်အမျိုးသားများမှာ အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများ၊ ကိုယ်အင်္ဂါမပြည့်စုံသူများလည်း ဖြစ်
လေ့ရှိနေသည်။တရုတ်နိုင်ငံမှ ဟန်လူမျိုးအနွယ်ဝင် အမျိုးကောင်းသမီးများကို ရှာဖွေရန်ခက်ခဲသည့် တရုတ်အမျိုးသားများအတွက် မြန်မာတိုင်းရင်းသူအမျိုးသမီးများမှာ ပစ်မှတ်ဖြစ်လာခြင်းဖြစ်နေသည်။

အချို့ဆိုပါက ၎င်းတို့၏ ထိန်းချုပ်ခံထားရမှုမှ ရုန်းထွက်လွတ်မြောက်ရန်မလွယ်ကူပေ။တစ်ခါတရံတွင်မူတရုတ်အမျိုးသားများက ၎င်းတို့ဝယ်ယူခဲ့စဉ်က ငွေကြေးများကို ပြန်လည်ရရှိစေရန်အတွက်အခြားအမျိုးသားတစ်ဦးထံသို့ လက်လွှဲရောင်းချလိုက်ခြင်းပင်ရှိနေသည်။

ထိရောက်သည့် အရေးယူမှုကို တောင်းဆို
------- --------- --------- -------- ------
“အတင်းအဓမ္မထိမ်းမြား လက်ထပ် စေခြင်းဆိုတာက လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုပါပဲ၊ကာယပိုင်းသာမက စိတ်ဓါတ်ရေးရာပိုင်းအရပါ ပြစ်မှုကျူးလွန်လိုက်တာပါပဲ”ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကျန်းမာရေးဌာနခွဲမှ ပါမောက္ခကော့လန်းရော်ဘင်ဆင်က မှတ်ချက်ချခဲ့သည်။

အဆိုပါလေ့လာမှုစစ်တမ်းက ပြဿသာနာများ၏ ပကတိအခြေအနေကိုဖော်ပြနေသကဲ့သို့ အတင်းအကြပ်
ထိမ်းမြားပေးစားခံရသည့် အမျိုးသမီးငယ်များအတွက်လည်း လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို အမြန်ဆုံး လုပ်ဆောင်ပေးနိုင်ရန်လိုသည်ဟုလည်းပါမောက္ခကော့လန်းရော်ဘင်ဆင်က တောင်းဆိုခဲ့သည်။

အဆိုပါ စစ်တမ်းတွင် အတင်းအဓမ္မထိမ်းမြားပေးစားခံရသည့် အမျိုးသမီးများရှိနေသကဲ့သို့ တရုတ်အမျိုးသားများနှင့် ပျော်ရွှင်စွာထိမ်းမြားကြသည့် အမျိုးသမီးအချို့ရှိ
နေသည်ကိုလည်း သတိပြုရမည်ဟုလည်း ပါရှိခဲ့သည်။ သို့သော် မြန်မာအစိုးရအာဏာပိုင်များအနေဖြင့်မူ ပြည်တွင်း ပဋိပက္ခဖြစ်စဉ်များကိုအဆုံးသတ်ရန် လိုနေသလို အချို့သောအမျိုးသမီးများကို တရုတ်နိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်၍ နေထိုင်နိုင်ခွင့်ကို စိစစ်ခွင့်ပြုရန်လို
နေသည်။ထို့အတူလူမှောင်ခိုကုန်ကူးမှု့ ဆိုင်ရာတန်ပြန် ထိန်းချုပ်တိုက်ဖျက်ရေးအရာရှိများကို လေ့ကျင့်ပေးရန်လိုနေသကဲ့သို့  အမျိုးသမီးများကို မတရားမှု့ ကျူးလွန်ခံ
ရသည့် ဒုက္ခသည်များအဖြစ် ရှုမြင်ရန်လိုအပ်နေပေ
သည်။

Refး Chiangraitimes
The Ladies News

No comments:

Post a Comment