Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 18, 2018

ေရေဝးကုိ အသုဘလာပုိ႔တဲ့ ကားေတြကုိ ဂြင္ဆင္ၿပီး ျပႆနာရွာေနတဲ့ ဆုိင္ကယ္သမားေတြကုိ သတိထားၾကပါ။


ေရေဝးကုိ အသုဘလာပုိ႔တဲ့ ကားေတြကုိ ဂြင္ဆင္ၿပီး ျပႆနာရွာေနတဲ့ ဆုိင္ကယ္သမားေတြကုိ သတိထားၾကပါ။

ဒီဇင္ဘာ ၁၅ ရက္၊ ညေန ၄ နာရီ၊ ဒီေန႕ ညရပ္ကြက္က အသုဘခ်တာ ေရေဝးမွာ ဆုိင္ကယ္သမားက ကားကုိ ျပႆနာ ရွာတယ္။ ဝင္တုိက္တယ္ဆုိျပီး ကားက ရပ္ထားတာ အ့ဲဒါ ဆုိင္ကယ္သမားက ကားေပၚတက္ျပီး ကားသမားကုိ ျပႆနာရွာတယ္။

ကားေပၚပါလာတ့ဲ လူႀကီးတေယာက္က ေအးေအး ေဆးေဆး ဝင္ရွင္း ေပးတာကုိ အဲဒီဆုိင္ကယ္သမားက ခင္ဗ်ားနဲ႔ ဘာဆုိင္ လည္းဆုိျပီး ထိုးခ်လုိက္တယ္။ ဒါကုိ မခံႏုိင္တ့ဲ ကားေပၚပါလာတ့ဲ လူငယ္ေတြက ရုိက္ၾကတယ္။ ဆုိင္ကယ္ သမားက ဆင္းေျပးသြားျပီး သူ႕လူ ၅ ေယာက္ သြားေခၚခ်လာတယ္။
အသုဘပို႔တ့ဲ လူေတြက အမ်ားျကီး ထြက္လာၾက ၿပီး ေအးေအးေဆးေဆးေျပာျပတယ္။ ဒါလည္း မရဘူး မိုက္ရုိင္း ေစာ္ကား ၾကတယ္။
ဆုိင္ကယ္ကုိ ေလ်ာ္ေၾကး ၃၀၀၀၀ ေပးမွရမယ္ ဆုိျပီး မိုက္ေၾကးခြဲတယ္။ ခင္ဗ်ားတုိ႔ထဲက မိုက္တ့ဲလူ ထြက္လာခ့ဲၾကဆုိျပီး စိန္ေခၚတယ္။ ဘာေျပာေကာင္းမလဲ ဝုိင္းျပီး ဗ်င္းလိုက္တာ ၃ ေယာက္က ေမွာက္ျပီး ၂ ေယာက္ကထြက္ေျပးသြားတယ္။
ေနာက္မွ သိရတာက အ့ဲ ေရေဝးဝင္းထဲမွာ အသုဘကားေတြ လာရင္ အဲဒီလို ဂြင္ဆင္ျကတာတ့ဲ ဒီေကာင္ေတြက။ သတိထားႏုိင္ေအာင္တင္ျပလိုက္တာပါ။ သူတပါး အပူမီးဝုိင္းေနခ်ိန္မွာ ဒီလိုေကာင္မဴိးေတြ ဒီလုိလုပ္ၾကတာ အင္မတန္ ယုတ္ည့ံ လြန္းတယ္ဗ်ာ။ ဆုိင္ ကယ္နဲ႔ တုိက္မိသလိုလုပ္ တခ်ိဳ႕က ျပႆနာမျဖစ္ ခ်င္လို႔ ၅၀၀၀/ ၁၀၀၀၀ ေပးလိုက္ ၾကတယ္။

ရမွန္းသိလို႔ ပိုျပီးအတင့္ရဲလာၾကတယ္။ ရဲလည္း မသိ တာလား သိသိႀကီးလႊတ္ေပးထားတာလား ဆုိတာ သူတုိ႔ ဘာသာ သိပါလိမ့္မယ္။

တကယ္လို႔ ၿပီးၿပီးေရာ ေငြေပးလိုက္ရင္ ေနာင္ေတာက္ေလွ်ာက္ အဲဒီလို ေအာက္တန္းစားဆန္ဆန္ အလုပ္မ်ိဳးနဲ႔ ေငြရွာ ပါလိမ့္မယ္။ သြားသမွ် အသုဘယာဥ္တန္းမွာ သံပိုက္လံုးသာ မ်ားမ်ား ထည့္သြားပါေလ။ ဥပေဒသ – စည္းလံုးညီညာေအာင္ေၾကာင္းျဖာ

http://baganthar.com/

Ko Mg via Kyawthu Minaung

===============================

Unicode Version

ရေဝေးကို အသုဘလာပို့တဲ့ ကားတွေကို ဂွင်ဆင်ပြီး ပြဿနာရှာနေတဲ့ ဆိုင်ကယ်သမားတွေကို သတိထားကြပါ

ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၄ နာရီ၊ ဒီနေ့ ညရပ်ကွက်က အသုဘချတာ ရေဝေးမှာ ဆိုင်ကယ်သမားက ကားကို ပြဿနာ ရှာတယ်။ ဝင်တိုက်တယ်ဆိုပြီး ကားက ရပ်ထားတာ အဲ့ဒါ ဆိုင်ကယ်သမားက ကားပေါ်တက်ပြီး ကားသမားကို ပြဿနာရှာတယ်။

ကားပေါ်ပါလာတဲ့ လူကြီးတယောက်က အေးအေး ဆေးဆေး ဝင်ရှင်း ပေးတာကို အဲဒီဆိုင်ကယ်သမားက ခင်ဗျားနဲ့ ဘာဆိုင် လည်းဆိုပြီး ထိုးချလိုက်တယ်။ ဒါကို မခံနိုင်တဲ့ ကားပေါ်ပါလာတဲ့ လူငယ်တွေက ရိုက်ကြတယ်။ ဆိုင်ကယ် သမားက ဆင်းပြေးသွားပြီး သူ့လူ ၅ ယောက် သွားခေါ်ချလာတယ်။

အသုဘပို့တဲ့ လူတွေက အများကြီး ထွက်လာကြ ပြီး အေးအေးဆေးဆေးပြောပြတယ်။ ဒါလည်း မရဘူး မိုက်ရိုင်း စော်ကား ကြတယ်။

ဆိုင်ကယ်ကို လျော်ကြေး ၃၀၀၀၀ ပေးမှရမယ် ဆိုပြီး မိုက်ကြေးခွဲတယ်။ ခင်ဗျားတို့ထဲက မိုက်တဲ့လူ ထွက်လာခဲ့ကြဆိုပြီး စိန်ခေါ်တယ်။ ဘာပြောကောင်းမလဲ ဝိုင်းပြီး ဗျင်းလိုက်တာ ၃ ယောက်က မှောက်ပြီး ၂ ယောက်ကထွက်ပြေးသွားတယ်။

နောက်မှ သိရတာက အဲ့ ရေဝေးဝင်းထဲမှာ အသုဘကားတွေ လာရင် အဲဒီလို ဂွင်ဆင်ကြတာတဲ့ ဒီကောင်တွေက။ သတိထားနိုင်အောင်တင်ပြလိုက်တာပါ။ သူတပါး အပူမီးဝိုင်းနေချိန်မှာ ဒီလိုကောင်မိူးတွေ ဒီလိုလုပ်ကြတာ အင်မတန် ယုတ်ညံ့ လွန်းတယ်ဗျာ။ ဆိုင် ကယ်နဲ့ တိုက်မိသလိုလုပ် တချို့က ပြဿနာမဖြစ် ချင်လို့ ၅၀၀၀/ ၁၀၀၀၀ ပေးလိုက် ကြတယ်။

ရမှန်းသိလို့ ပိုပြီးအတင့်ရဲလာကြတယ်။ ရဲလည်း မသိ တာလား သိသိကြီးလွှတ်ပေးထားတာလား ဆိုတာ သူတို့ ဘာသာ သိပါလိမ့်မယ်။

တကယ်လို့ ပြီးပြီးရော ငွေပေးလိုက်ရင် နောင်တောက်လျှောက် အဲဒီလို အောက်တန်းစားဆန်ဆန် အလုပ်မျိုးနဲ့ ငွေရှာ ပါလိမ့်မယ်။ သွားသမျှ အသုဘယာဉ်တန်းမှာ သံပိုက်လုံးသာ များများ

ထည့်သွားပါလေ။ ဥပဒေသ – စည်းလုံးညီညာအောင်ကြောင်းဖြာ

Ko Mg via Kyawthu Minaung

No comments:

Post a Comment