Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 23, 2018

ပဲခူးတွင် ၃ နှစ်၎လ သမီးအား ဝမ်းကွဲဦးလေးတော်စပ်သူက အဓမ္မပြုကျင့် သဖြင့် အမှုဖွင့်ဖမ်းဆီး



ပဲခူး၊ ဒီဇင်ဘာ ၂၂။

ပဲခူးမြို့ ကမာနတ်ကျေးရွာနေ ၃ နှစ်နှင့် လေးလသမီးအား ဝမ်းကွဲ
ဦးလေးတ်ာစပ်သူက အဓမ္မပြုကျင့်ခဲ့သဖြင့် အမှုဖွင့်ဖမ်းဆီးထား
ကြောင်း ပဲခူးမြို့မရဲစခန်းထံမှ သတင်းရရှိသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က ပဲခူးမြို့ ကမာ
နတ်ကျေးရွာ အပိုင် ၈ နေ ဒေါ်----၏ မြေးဖြစ်သူ မ---- အသက် ၃
နှစ်နှင့် လေးလသည် နေအိမ်၌ တစ်ယေက်တည်းဆော့ကစားနေစဉ်
နေအိမ်သို့ နေ့စဉ်ဝင်ထွက်နေသူ တစ်ရွာတည်းနေ ဒေါ်---၏တူဝမ်းကွဲ ဝင်းကို ၃၀ နှစ် ရောက်ရှိလာပြီး မြေးဖြစ်သူ မ---- အား ထီးရိုးကန်
ဘုန်းတော်ကြီးဘုရား ထီးတင်ပွဲသွားမည်ဆိုကာ ခေါ်ဆောင်သွားခဲ့
ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

ထိုသို့ခေါ်ဆောင်သွားသည်မှာ ဒီဇင်ဘာလ ၂၂ ရက် နေ့လည် ၁ နာရီခွဲအချိန်ထိ မ----- အား နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခြင်းမရှိသဖြင့် ဒေါ်-----က ၎င်း၏သားလတ်ဖြစ်သူနှင့်ဇနီးသည်တို့ကို ဘုရားပွဲသို့လိုက် သွားစေရာ မ---- အား ဝင်းကိုဆိုသူ၏ပေါင်ပေါ်၌ ငိုယိုလျက်ထိုင်နေ
သည်ကိုတွေ့ခဲ့ရသည်ဟု ရဲမှတ်တမ်းက ဖော်ပြသည်။

ယနေ့နံနက်ပိုင်းတွင် ဒေါ်------- သည် ရွှေမော်ဓောဘုရား၌ ဥပုသ်သီလယူနေစဉ် ချွေးမဖြစ်သူက ဖုန်းဆက်၍ မြေးဖြစ်သူ မ----- ကို ဝင်းကိုဆိုသူက ယမန်နေ့ညပိုင်းက အဓမ္မပြုကျင့်ခဲ့သည့်အတွက် မိန်းမအင်္ဂါမှာ ကွဲပြဲပြီးသွေးများထွက်နေကြောင်းပြောဆိုသဖြင့် သီလယူရာမှ နေအိမ်သို့ပြန်၍ ဒေါ်----- က မြေးဖြစ်သူ၏ အင်္ဂါကိုစစ်ဆေးကြည့်ရာ မူလပကတိအတိုင်းရှိမနေဘဲ ကွဲပြဲနေသည်ကိုတွေ့ရသည့်အတွက် ရဲစခန်း ၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အဓမ္မပြုကျင့်ခဲ့သူ ဝင်းကို ၃၀ နှစ်အား ပဲခူးမြို့မရဲ
စခန်းမှ (ပ)၂၃၁၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၃ တို့ အရ အမှုရေးဖွင့်အရေးယူထာပြီကျူးလွန်ခံရသူ မ--- အား ပဲခူးဆေးရုံကြီးသို့ တင် ပို့ဆေးကုသမှုခံယူထားကြောင်း ယင်းစခန်းထံမှ သတင်းရရှိသည်။

သတင်းနှင့်ဓာတ်ပုံ- သန်းဝင်းနိုင်
BagoWeeklyJournal

No comments:

Post a Comment