Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 15, 2018




(Unicode Version)
မြစ်ကြီးနားမြို့နယ်၌ ကျောက်စိမ်းရိုင်းတုံး ၁၂ တန် ဖမ်းဆီးရမိမှု

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ၁၇၁၅ အချိန် မြစ်ကြီးနားမြို့နယ်၊ (၂၁)မိုင် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တာဝန်ကျ ရဲအုပ်နိုင်လင်းထွန်း ဦးစီးပူးပေါင်းအဖွဲ့သည် နမ္မတီးဘက်မှ မြစ်ကြီးနား ဘက်သို့ ဆန်းဝင်းလှိုင်(၂၄)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးထွန်းသိန်း၊ တပ်ကုန်းရပ်ကွက်၊ မြစ်ကြီးနား မြို့နေသူ မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ တူးခိုင်(ခ) ချက်ကြီး(၂၄)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ) ဦးဖိုးမုန်း လိုက်ပါလာသည့် ၂ဂ/xxxx (၁၂)ဘီးယာဉ်အား စစ်ဆေးရာ ယာဉ်၏ကြမ်းခင်းနှင့် ကိုယ်ထည်ကြားတွင် အံဝှက် ပြုလုပ်၍ သယ်လာသည့် ဆာလာအိတ် ၃၀၀ အိတ်ဖြင့် ထည့်ထား သည့် တရားမဝင်ကျောက်စိမ်း ရိုင်းတုံး ၁၂ တန်ခန့်(တန်ဖိုး-စိစစ်ဆဲ)အား ဖမ်းဆီးရမိခဲ့ပြီး အမှု ဖွင့်ရန် စီစဉ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
www.myanmarmoha.org


No comments:

Post a Comment