Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 20, 2018

ရှေ့တန်းပြန် တပ်မ ၈၈ ယာဉ်တန်းအား အမည်မသိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့၍ တပ်မတော်သား ၂ဦး ကျဆုံးခဲ့မှု

၂၀ ရက်​ ဒီဇင်​ဘာ လ ၂၀၁၈ ခုနှစ်

ယ​နေ့ နံနက်​ ၀၂၃၀ ချိန်​ ​မူဆယ်​ဘက်​မှ​မောင်းနှင်​လာ​သော ​ရှေ့တန်းပြန်​တပ်​မ ၈၈ ယာဉ်​တန်းအား နမ့်​​မွှေး
ရေစင်​ရွာနှင့်​ နမ့်​ဖတ်​ကာအကြား ပန်​ဂျ​လော့​​တောင်အ​တက်​တွင်​ အမည်​မသိ တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့မှ ခြုံခိုတိုက်​ခိုက်​ခြင်း ခံရ၍ ကျဆုံးစစ်​သည်​ ဒုတကနေစိုး​အောင်​နှင့်​ တပ်​သား ​ကျော်​မျိုးရင်​ တို့၏ ရုပ်​အ​လောင်းအား နံနက်​ ၀၅၀၀ ချိန်​တွင်​ မိမိတို့​မေတ္တာရှင်​ လူမှုကူညီ​ရေးအသင်းမှ သွား​ရောက်​သယ်​​ဆောင်​ကာ နမ့်​ဖတ်​ကာတိုက်​နယ်​​ဆေးရုံ ရင်​ခွဲရုံသို့ ပို့​ဆောင်​​ခဲ့ပါသည်​။

နံနက်​ ၀၈၀၀ ချိန်​တွင်​ အဆိုပါရုပ်​အ​လောင်းနှစ်​​လောင်းအား ဘာသာ​ပေါင်းစုံသချို င်္င်းတွင်​ မီးရှို့သဂြို င်္လ်​ခြင်းကို ကူညီ​ဆောင်​ရွက်​​ပေးခဲ့ပြီး နာ​ရေးရှင်​မှ အသင်းအတွက်​ ၁၁၅၀၀၀ ကျပ်​ လှူဒါန်းခဲ့သည်ဟု သိရပါသည်။

သတင်းဓါတ်ပုံ -
မေတ္တာရှင်​ လူမှုကူညီ​ရေးအသင်း
နမ့်​ဖတ်​ကာ ကွတ်​ခိုင်​ ရှမ်း​မြောက်
၂၀ ရက်​ ဒီဇင်​ဘာ လ ၂၀၁၈ ခုနှစ်








No comments:

Post a Comment