မနှစ်က ဂျာမန်လူမျိုး ဓာတုဗေဒပညာရှင်နဲ့ သူ့အမျိုးသမီးကို မင်းကွန်းဘက်လိုက်ပို့တုန်းက ဓာတ်ဆီထည့်ထားတဲ့ရေ သန့်ဗူးခွံလေးတွေ ထောင်ထားတာတွေ့တော့ သူတို့ကမေးတာ...
"ခိုင်ရေ ရေသန့်ဗူးထဲကဘာတွေလဲ""အော် ဒါ ဓာတ်ဆီတွေလေ ဆိုင်ကြီးတွေကိုမသွားချင်တဲ့လူတွေ ဆိုင်ကယ်သမားတွေအတွက်ပေါ့ အရင်တုန်းက အဲ့လိုဆိုင်လေးတွေဟာ တော်တော်အရေးပါခဲ့တာ ဓာတ်ဆီမှောင်ခိုခေတ်လေ အစိုးရကဓာတ်ဆီကိုရာရှင်စနစ်နဲ့ရောင်းတုန်းကပေါ့ အစိုးရဆီမှာဈေးသက်သာတယ် ဒါပေမဲ့လိုသလောက်ဝယ်လို့မရဘူး မှောင်ခိုဈေးကွက်မှာ လိုသလောက်ရတယ် ဈေးကြီးတယ် ပိုတဲ့လူတွေကပြန်ရောင်းကြ လိုတဲ့လူတွေကပြန်ဝယ်ကြပေါ့ ၂၀၀၇မှာ ပုဂ္ဂလိကပြောင်းလိုက်
တော့ ဈေးတွေလဲကြီးကုန် မှောင်ခိုဈေးကွက်လဲပျောက်ပေါ့ ဓာတ်ဆီဈေးတက်လို့အစစအရာရာ ဈေးတွေကြီးကုန်လို့ ရွှေဝါရောင်အရေးအခင်းတောင်ဖြစ်သေးတယ်"
"ဘာလဲ ရွှေဝါရောင်အရေးအခင်း"
"ဘုန်းဘုန်းတွေဆန္ဒပြတာလေ"
"အော် အေးအေး ငါတို့ကြားလိုက်သေးတယ် ဓာတ်ဆီဗူးတွေနားမှာလဲ ဆီပုလင်းတွေပါလား"
"ဟုတ်တယ် ဆိုင်ရှင်ကအိမ်ဆိုင်လေးပါတွဲထားတာတွေ့လား ဆန် ဆီ ဆားအကုန်ရောင်းတယ်လေ ဈေးမသွားချင်တဲ့လူ အလွယ်တကူနီးနီးနားနား ဝယ်လို့ ရတာပေါ့"
အဲ့တာကိုကြားတော့ ဓာတုဗေဒပညာရှင်အမျိုးသား ဟန်းစ်က...
"ခိုင် နင့်ကိုငါပြောပြမယ် ဓာတ်ဆီကအငွေ့ပျံတတ်တာ
သိလား"
"ဟုတ် ကြားဖူးတယ်"
"အေး ဓာတ်ဆီကအငွေ့ပျံပြီး အဲ့အငွေ့က ကော်ကိုဖောက် ထွက်နိုင်တယ် ဓာတ်ဆီအငွေ့ကရေမှာမပျော်ဝင်နိုင်ဘူး ဒါ
ပေမဲ့ဆီမှာကောင်းကောင်းပျော်ဝင်နိုင်တယ် အဲ့လိုဆီတွေ မဝယ်စားသင့်ဘူး ဓာတ်ဆီဗူးတွေနဲ့နီးနေတော့ သေချာပေါက်ဆီထဲရောက်မှာပဲ ကြာရင်ကင်ဆာဖြစ်မှာ နင်မဝယ်စားနဲ့
နော်"
"ကျေးဇူးပါ ငါတို့တွေအဲ့လောက်မသိကြဘူးဟယ် ငါတို့ဆီမှာ ကင်ဆာကလဲအဖြစ်များကြတယ်"
သူတို့နဲ့ မန်းလေးကနေ စစ်ကိုင်းကိုကန်ပတ်လမ်းအတိုင်း ကားနဲ့သွားတော့ဆီတင်သင်္ဘောတွေရပ်တဲ့ ဧရာဝတီဆိပ်တခုနားမှာ ကလေးတွေ ထိပ်မှာဖော့လေးတွေတပ်ထားတဲ့တုတ်တွေနဲ့ အလုပ်ရှုပ်နေကြတာမြင်တော့ ဟန်းစ်က...
"ခိုင်ရေ သူတို့တွေဘာလုပ်နေကြတာလဲ"
"သူတို့တွေ ဆင်းရဲတဲ့မိသားစုကပေါ့ ကျောင်းလဲမလိုက်ကြ
တော့ဘူးနဲ့တူပါတယ် သင်္ဘောနဲ့လာတဲ့ဓာတ်ဆီပီပါထဲက ဆီတွေကားပေါ်တင်ပြီး တိုင်ကီပီပါထဲက အကြွင်းအကျန်
တွေကို အဲ့ဖော့တုတ်လေးနဲ့စုပ်ယူ ပြီးရင် ကိုင်ထားတဲ့ပုံးလေးတွေတွေ့လား အဲ့ပုံးထဲညှစ်ချ တနေကုန်ရင် တဗူးနှစ်ဗူး
လောက်တော့ရမှာပေါ့"
"OMG လက်နဲ့ညှစ်တယ်ဟုတ်လား"
"အေး ဓာတ်ဆီစုပ်ထားတဲ့ဖော့တုံးတွေကိုညှစ်တာပေါ့"
"ဒုက္ခပဲ အဲ့ကလေးတွေဒုက္ခရောက်မှာ အသက်မရှည်နိုင်ဘူး ဓာတ်ဆီကအရေပြားကိုဖောက်ဝင်ပြီး သွေးကြောထဲရောက် နိုင်တယ် ကလေးတွေဆီမှာ ဆဲလ်တွေကအသစ်ဖြစ်တာမြန်တယ်လေ အဲ့ဒီဆဲလ်တွေကို ဒုက္ခပေးမယ် အချိန်တခုကြာလာရင် ကင်ဆာဖြစ်မှာ"
"ဟယ်"...
"ခိုင် နင့်ကိုငါပြောမယ် ငါဂျာမနီရောက်ရင်သူတို့အတွက် ရာဘာလက်အိတ်တွေရှာမယ် နင့်ကိုပို့ပေးရင်သူတို့လေးတွေ ကိုပေးပေးမလားဟင်"
"ရာဘာလက်အိတ်တွေလား နင်တကူးတကပို့စရာမလိုဘူး ဈေးကြီးတယ် ငါတို့ရန်ကုန်မှာဝယ်လို့ရတယ် ဈေးမကြီးဘူး ငါနောက်တခေါက်ဝယ်လာပြီး ပေးလိုက်မယ် ငါလဲလှူရတာပေါ့"
"နိုး နိုး သာမန်လက်အိတ်တွေနဲ့မရဘူး ဓာတ်ဆီကဖောက်ဝင်နိုင်တယ် အဲ့အတွက်အထူးထုတ်ထားတဲ့ လက်အိတ်တွေရှိတယ် ငါတောင်မနဲရှာရမှာ ငါတို့ဆီမှာအဲ့လို ဓာတ်ဆီ
ကိုလက်နဲ့ ကိုင်စရာအကြောင်းမရှိတော့ဘူးလေ"
"အဲ့ဒါဆိုရင်တော့ နင်အဆင်ပြေလို့ပို့ပေးရင် ငါဝေပေးမှာပေါ့ ငါကဒီအမြဲရောက်နေတာလေ"
ဟန်းစ်က သူ့ကတိအတိုင်းပို့ပေးလာတဲ့ ရာဘာလက်အိတ် တွေကို ခုတခေါက်လမ်းမကြုံကြုံအောင်သွားပြီး ဝေပေးခဲ့ပါ
တယ်...
ကလေးတွေရောလူကြီးတွေပါ သေချာနားလည်အောင်
ရှင်းပြရင်း သုံးဖြစ်အောင်သုံးဖို့အထပ်ထပ်မှာနေတုန်း
ခပ်ငယ်ငယ်အမျိုးသမီးလေးက...
"အမကြီး အမကြီး သမီးကိုလဲပေးပါနော်"
"နင်က ဓာတ်ဆီကိုင်ရလို့လား"
"မဟုတ်ဘူး သမီးယောက်ျားအတွက် သူကအခုအူမကြီး ကင်ဆာဖြစ်နေတာလေ ပိုက်ဆံမရှိလို့မကုနိုင်ဘူး သူလဲ
ဓာတ်ဆီစုပ်တာပဲ"
"ဟယ် ဆေးရုံကြီးသွားလေ ခုနောက်ပိုင်းအလကားကုပေးတယ်တဲ့"
"မန်းလေးဆေးရုံကြီး သွားပြီးပြီ ခွဲရမှာစိပ်ရမှာနဲ့ သိန်းနှစ်ဆယ်လောက်ကုန်မယ်တဲ့ လက်လုပ်လက်စားတွေဆိုတော့ ဘယ်ရှိမှာလဲအမကြီးရယ်"
ဟင်းးး သက်ပြင်းအရှည်ကြီးချလိုက်ရင်း ငယ်နုနေပေမဲ့
သောကတွေနဲ့သူ့မျက်နှာကိုကြည့်လို့ ကျမမှာပြောစရာစကားလဲမရှိတော့...
ကလေးတွေကိုသာ ဒီလက်အိတ်တွေကိုသုံးဖြစ်အောင်သုံးဖို့ သေချာလဲသိမ်းဖို့မှာရင်း လေးလံတဲ့ခြေလှမ်းတွေနဲ့ ကားဆီသို့...😢😢😢
Khai Wai
https://www.facebook.com/khai.wai.5/posts/2675683929116149
No comments:
Post a Comment